ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“ပုံပြင်ကြိုက်လား” (ဆိုးပေပုံပြင်)
ပုံပြင်ကြိုက်လားဆိုတော့ ကြိုက်တာပေါ့။ပုံပြင်ကို မကြိုက်တဲ့သူ ရှိမယ်လို့တောင် မထင်ပါဘူး။ အကုန်လုံးနီးပါး ကြိုက်ကြမယ်လို့လည်း ထင်ပါတယ်။တစ်ခါတစ်ရံ တကယ် အဖြစ်အပျက်တွေဟာ ပုံပြင်တွေလိုတောင် နားထောင်ခဲ့ရဖူးတော့ ပုံပြင်လို့တောင် ထင်ခဲ့ဖူးပါရဲ့။
ကျွန်တော်တို့ အိမ်အဖီရဲ့ ဝင်ပေါက်ဘေးနားက စားကုက္ကိုပင်အခြေမှာ ကွပ်ပျစ်ကြီးရှိတယ်လို့ ရှေ့မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီကွပ်ပျစ်မှာ ညနေ နေဝင်ပြီးတဲ့နောက်မှာ လူတွေက စုရပ်တစ်ခုလို ရောက်လာကြပြီး စကားတွေ လာပြောတတ်ကြတယ်။
ရည်ရွယ်ချက်မရှိဘဲ ပြောတဲ့စကားဆိုမှတော့ တောရောက်တောင်ရောက်ပေါ့။ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ဆွေးနွေးကြတာ မဟုတ်တော့ ဒီစကားပြောနေရင်းနဲ့ စကားထဲက အကြောင်းအရာသစ်တစ်ခု ပေါ်လာပြီး ချက်ခြင်း နောက်အကြောင်းအရာတစ်ခု ရောက်သွားတတ်ကြတယ်မို့လား။
ဒီလိုစကားဝိုင်းလေးတွေကို ကျွန်တော်ကြိုက်တယ်။အဓိပ္ပါယ်ရှိတာတွေလည်း ပါရင်ပါမယ်။ ပျော်စရာတွေ ပါရင်လည်းပါမယ်။ ရုန့်ရင်းကြမ်းတမ်းသွားတဲ့စကားတွေလည်းပါတဲ့အခါ ပါသွားတာပေါ့။
ခင်မင်မှုနဲ့ပြောကြတဲ့ စကားဝိုင်းဆိုတော့ ပြောမနာဆိုမနာ စကားတွေကတော့ ပါတတ်တာပေါ့။ အဲဒီမှာ လုပ်ငန်းအကြောင်းအရာတွေနဲ့ စကားတွေစကောင်းစကြပေမယ့် ဖြစ်ခဲ့တဲ့ အဖြစ်လေးတွေ သူတို့ကြုံတွေ့ သိမှတ်ဖူးတဲ အတိတ်က အကြောင်းအရာတွေကို ဖလှယ်ကြတာပေါ့။
အဲဒီအကြောင်းအရာထဲက အိပ်ရာဝင်ပုံပြင်တွေလို အကြောင်းအရာတွေလည်းပါတာပေါ့။ သရဲ၊သစေ(တစ္ဆေ) အကြောင်းတွေရောပေါ့။
စိတ်ဝင်စားစရာကောင်းတဲ့ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေရောပေါ့။
ဒီလိုပြောကြဆိုကြတဲ့ထဲက ကျွန်တော်နားထောင်ချင်တဲ့ အကြောင်းကို အကြိမ်ကြိမ်ပြောခိုင်းလို့ ဖေဖေကပြန်ပြောပြတဲ့ “ဦးဆိုးပေ”ရဲ့ အကြောင်းက ကျွန်တော်အတွက် ပုံပြင်တစ်ပုဒ်ပါပဲ။
ဆရာကြီးဇဝနရဲ့ဆိုးပေရှိသလို ကျွန်တော့မှာလည်း ဦးဆိုးပေရှိပါရဲ့။ဦးဆိုးပေက တကယ့်လူရွတ် လူနောက်လို့ လူလည်တစ်ယောက်လို့ ပြောရပါလိမ့်မယ်။ သူ့အကြောင်းနားထောင်ရတာက အကွက်ကျကျစီမံထားတဲ့ ဝတ္ထုတစ်ပုဒ်လိုပါပဲ။ ပြောတတ်တဲ့ သူကြောင့်လည်း သူ့ရဲ့ဖြစ်စဉ်တွေက ရုပ်လုံးပေါ်လာတယ်ထင်ပါရဲ့။
အဲဒီလိုစရိုက်ရှိတဲ့သူတွေအတွက်ကလည်း ကုသိုလ်၊အကုသိုလ်တွေ စဉ်းစားမနေပါဘူး။ ဒီလိုကြုံရင် ဒီလိုလုပ်မယ်ဆိုတဲ့ ဖြတ်ထိုးဉာဏ်လေးတွေကို ကျွန်တော်ကလည်း ကြိုက်ခဲ့တာပါ။
ကျွန်တော့်အဖေငယ်စဉ်ကဆိုတော့ ဦးဆိုးပေက ဖေဖေ့အဖေ ကျွန်တော့်အဖိုးတို့အရွယ် ဖြစ်လိမ့်မယ် ထင်ပါတယ်။
ကောင်းခြင်း ဆိုးခြင်း၊တရားခြင်း မတရားခြင်းဆိုတာထက် သူသွားလာနေရင်း လုပ်သွားတဲ့ လုပ်ကွက်လေးတစ်ခုက တစ်ဖက်သားတော့ နစ်နာသွားတာပေါ့လေ။ မကောင်းတဲ့ ညဉ်လို့ဆိုရမှာပေါ့။ သူ့ရဲ့ လျှပ်တစ်ပြတ်အတွင်း ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အတွေးလေးကို သဘောကျလို့ပါ။
တစ်ရက်မှာပေါ့ ဦးဆိုးပေဟာ အခြားရွာကနေ သူငယ်ချင်းတွေနဲ့ အတူ လှည်းတစ်စီးကို စီးပြီး ရွာကိုပြန်လာပါတယ်တဲ့။
ပြန်လာတဲ့ လမ်းမှာ ငှက်ပျောသီးသည်တစ်ယောက်ကို တွေ့ပါရောတဲ့။ ငှက်ပျောသီးသည်က အမျိုးသမီးပါ။ ငှက်ပျောဖီးတွေအများကြီးကို ခံတောင်းထဲထည့်ပြီး ရွက်လာပါသတဲ့။
ဒါကို ဦးဆိုးပေက မြင်တော့ သူ့သူငယ်ချင်းတွေကို
“မင်းတို့ ငှက်ပျောသီး မစားချင်ဘူးလားလို့မေးပါတယ်”
သူ့သူငယ်ချင်းတွေက “စားချင်တာပေါ့ကွ”လို့ ဖြေပါသတဲ့။
“အေးဒါဆို ငါသွားပြီး..ဈေးမေးလိုက်ဦးမယ်…ငါလှမ်းခေါ်ရင်လည်း မင်းတို့ ငါ့ကို မကြည့်ကြနဲ့ လှည်းကိုပဲ ဖြည်းဖြည်းလေး ဆက်မောင်းသွား”လို့ သူ့သူငယ်ချင်းတွေကို ပြောပြီး လှည်းပေါ်ကဆင်းလို့ ငှက်ပျောသီးသည်ထံကို သွားသတဲ့။
ငှက်ပျောသီးသည်နား ရောက်လို့ ငှက်ပျောသီးတစ်ဖီးကို ဘယ်လောက် ဘယ်ဈေးလဲဆိုပြီးမေးတာပေါ့။ ငှက်ပျောသီးသည်က ငှက်ပျောသီး ခံတောင်းကြီး ရွက်ပြီးမတ်တတ်ကြီးပြောနေရတာပေါ့။
“ကဲဗျာ ခင်ဗျားကလည်း…မတ်တတ်ကြီးဗျာ…ခံတောင်းလေးလဲ ချပါဦး.. လှတဲ့ အဖီးလေး ဘာလေးရွေး ကြရအောင်ပါ..” ဆိုပြီး ခံတောင်းကြီး ချခိုင်းတာပေါ့။
ပစ္စည်းအပြည့်နဲ့ ခံတောင်းက တစ်ဦးတည်း အချအတင်လုပ်ရတာ လွယ်လှတာ မဟုတ်ဘူး။ဈေးသည်က ဒူးလေးကွေးလို့ ခံတောင်းကို နှိမ့်ပေးထားပြီး ကြိုက်တဲ့ အဖီးယူဖို့ဆိုပါသေးသတဲ့။
အကြံသမားဦးဆိုးပေက ....
“ကဲဗျာ ခင်ဗျားကလဲ..ကျုပ်လည်း ရွေးဦးမှာပေါ့ဗျ..”ဆိုပြီး ခံတောင်းကြီးကို အတင်းချတော့တာပါပဲတဲ့။
ဈေးသည်မိန်းမကြီးလည်း မတတ်သာတော့ ခံတောင်းကြီးကိုချလိုက်ရပါသတဲ့။
ဦးဆိုးပေက ခံတောင်းထဲက ငှက်ပျောဖီးတွေကို တောင်လှန် မြောက်လှန်လုပ်ပြီး မြေပြင်ကို ချထားတဲ့ အဖီးတွေလည်းချလို့လုပ်ပြီး အကောင်းဆုံးတစ်ဖီးကို ယူလိုက်ပြီးတော့ ခပ်လှမ်းလှမ်းကိုရောက်နေတဲ့ သူ့လှည်းဆီကို လှမ်းပြီးအော်ပြောသတဲ့။
“ဟေ့ကောင်တွေ ဒီအဖီးကြိုက်လားကွ”ဆိုပြီး ငှက်ပျောဖီးကို သူ့သူငယ်ချင်းတွေ မြင်အောင် မြှောက်ပြပါသတဲ့။
သူမှာထားတဲ့အတိုင်း သူ့သူငယ်ချင်းတွေကလည်း သူကို မကြည့်ကြပါဘူးတဲ့။ဒါနဲ့ ဦးဆိုးပေက ရှေ့ နှစ်လှမ်းသုံးလှမ်းလောက်တိုးပြီး ဒီကောင်တွေကလည်း ဒီလောက်အော်တာတောင် မကြားကြဘူးလားဆိုပြီး
“ဟေ့ကောင်တွေ ဒီအဖီးကြိုက်လားကွ..”ထပ်အော်ပြန်ပါတယ်။
သူ့သူငယ်ချင်းတွေကလည်း မကြည့်ကြပြန်ပါဘူးတဲ့။ဒါနဲ့ သူကရှေ့ကို တိုးလိုက်ပြန်ပြီး အော်ပြန်ပါသတဲ့။ အဲဒီလိုနှစ်ကြိမ်သုံးကြိမလောက်လုပ်လိုက်တော့ ငှက်ပျောသီးနဲ့ အလှမ်းဝေးသွားတာပေါ့။ အဲဒီတော့မှ လှည်းဆီခပ်သုတ်သုတ်လေးပြေးသွားပြီး လှည်းပေါ်လည်းရောက်ရော “ဟေ့ကောင်တွေ မောင်းမောင်း.. မြန်မြန်မောင်း..”ဆိုပြီး လှည်းကိုမောင်းပြေးတော့တာပဲတဲ့။
ကျန်ခဲ့တဲ့ ငှက်ပျောသီးသည်ခမျာ ငှက်ပျောသီးလေးတစ်ဖီးအတွက် သူ့ခံတောင်းကိုထားခဲ့ပြီး ပြေးလိုက်ဖို့လည်း ခက်ပြန်တော့ မလိုက်တော့ဘဲ ဗျစ်တောက်ဗျစ်တောက်အော်ဆဲရင်းကျန်ခဲ့ပါသတဲ့။ ခရီးသွားတစ်ယောက်ယောက် လာကာမှ သူ့ခံတောင်းကြီးရွက်နိုင်တော့မှာလေ။
ငှက်ပျောတစ်ဖီးရသွားတဲ့ ဦးဆိုးပေကတော့ သူလည်းမစားပါဘဲနဲ့ “ရော့ဟေ့ကောင်တွေ မျိုကြဆို့ကြတော့” ဆိုပြီး သူ့သူငယ်ချင်းတွေကို အကုန်ကြွေးလိုက်ပါရောတဲ့။
သူ့အကြောင်းတွေကလည်း များပါတယ်။ မယုံရင်လည်း ပုံပြင်လို့သာမှတ်ကြပါရော့။ ဒီပုံပြင်မျိုးလေးတွေ မှတ်မိသမျှတွေတော့ ရေးကြသေးတာပေါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၂)
“ပုံျပင္ႀကိဳက္လား” (ဆိုးေပပုံျပင္)
ပုံျပင္ႀကိဳက္လားဆိုေတာ့ ႀကိဳက္တာေပါ့။ပုံျပင္ကို မႀကိဳက္တဲ့သူ ႐ွိမယ္လို႔ေတာင္ မထင္ပါဘူး။ အကုန္လုံးနီးပါး ႀကိဳက္ၾကမယ္လို႔လည္း ထင္ပါတယ္။တစ္ခါတစ္ရံ တကယ္ အျဖစ္အပ်က္ေတြဟာ ပုံျပင္ေတြလိုေတာင္ နားေထာင္ခဲ့ရဖူးေတာ့ ပုံျပင္လို႔ေတာင္ ထင္ခဲ့ဖူးပါရဲ႕။
ကြၽန္ေတာ္တို႔ အိမ္အဖီရဲ႕ ဝင္ေပါက္ေဘးနားက စားကုကၠိဳပင္အေျခမွာ ကြပ္ပ်စ္ႀကီး႐ွိတယ္လို႔ ေ႐ွ႕မွာ ေျပာခဲ့ဖူးပါတယ္။ အဲဒီကြပ္ပ်စ္မွာ ညေန ေနဝင္ၿပီးတဲ့ေနာက္မွာ လူေတြက စုရပ္တစ္ခုလို ေရာက္လာၾကၿပီး စကားေတြ လာေျပာတတ္ၾကတယ္။
ရည္႐ြယ္ခ်က္မ႐ွိဘဲ ေျပာတဲ့စကားဆိုမွေတာ့ ေတာေရာက္ေတာင္ေရာက္ေပါ့။ အေၾကာင္းအရာတစ္ခုကို ဦးတည္ၿပီး ေဆြးေႏြးၾကတာ မဟုတ္ေတာ့ ဒီစကားေျပာေနရင္းနဲ႔ စကားထဲက အေၾကာင္းအရာသစ္တစ္ခု ေပၚလာၿပီး ခ်က္ျခင္း ေနာက္အေၾကာင္းအရာတစ္ခု ေရာက္သြားတတ္ၾကတယ္မို႔လား။
ဒီလိုစကားဝိုင္းေလးေတြကို ကြၽန္ေတာ္ႀကိဳက္တယ္။အဓိပၸါယ္႐ွိတာေတြလည္း ပါရင္ပါမယ္။ ေပ်ာ္စရာေတြ ပါရင္လည္းပါမယ္။ ႐ုန္႔ရင္းၾကမ္းတမ္းသြားတဲ့စကားေတြလည္းပါတဲ့အခါ ပါသြားတာေပါ့။
ခင္မင္မႈနဲ႔ေျပာၾကတဲ့ စကားဝိုင္းဆိုေတာ့ ေျပာမနာဆိုမနာ စကားေတြကေတာ့ ပါတတ္တာေပါ့။ အဲဒီမွာ လုပ္ငန္းအေၾကာင္းအရာေတြနဲ႔ စကားေတြစေကာင္းစၾကေပမယ့္ ျဖစ္ခဲ့တဲ့ အျဖစ္ေလးေတြ သူတို႔ၾကဳံေတြ႕ သိမွတ္ဖူးတဲ အတိတ္က အေၾကာင္းအရာေတြကို ဖလွယ္ၾကတာေပါ့။
အဲဒီအေၾကာင္းအရာထဲက အိပ္ရာဝင္ပုံျပင္ေတြလို အေၾကာင္းအရာေတြလည္းပါတာေပါ့။ သရဲ၊သေစ(တေစၧ) အေၾကာင္းေတြေရာေပါ့။
စိတ္ဝင္စားစရာေကာင္းတဲ့ လူပုဂၢိဳလ္ေတြရဲ႕အေၾကာင္းေတြေရာေပါ့။
ဒီလိုေျပာၾကဆိုၾကတဲ့ထဲက ကြၽန္ေတာ္နားေထာင္ခ်င္တဲ့ အေၾကာင္းကို အႀကိမ္ႀကိမ္ေျပာခိုင္းလို႔ ေဖေဖကျပန္ေျပာျပတဲ့ “ဦးဆိုးေပ”ရဲ႕ အေၾကာင္းက ကြၽန္ေတာ္အတြက္ ပုံျပင္တစ္ပုဒ္ပါပဲ။
ဆရာႀကီးဇဝနရဲ႕ဆိုးေပ႐ွိသလို ကြၽန္ေတာ့မွာလည္း ဦးဆိုးေပ႐ွိပါရဲ႕။ဦးဆိုးေပက တကယ့္လူ႐ြတ္ လူေနာက္လို႔ လူလည္တစ္ေယာက္လို႔ ေျပာရပါလိမ့္မယ္။ သူ႕အေၾကာင္းနားေထာင္ရတာက အကြက္က်က်စီမံထားတဲ့ ဝတၳဳတစ္ပုဒ္လိုပါပဲ။ ေျပာတတ္တဲ့ သူေၾကာင့္လည္း သူ႕ရဲ႕ျဖစ္စဥ္ေတြက ႐ုပ္လုံးေပၚလာတယ္ထင္ပါရဲ႕။
အဲဒီလိုစ႐ိုက္႐ွိတဲ့သူေတြအတြက္ကလည္း ကုသိုလ္၊အကုသိုလ္ေတြ စဥ္းစားမေနပါဘူး။ ဒီလိုၾကဳံရင္ ဒီလိုလုပ္မယ္ဆိုတဲ့ ျဖတ္ထိုးဉာဏ္ေလးေတြကို ကြၽန္ေတာ္ကလည္း ႀကိဳက္ခဲ့တာပါ။
ကြၽန္ေတာ္႕အေဖငယ္စဥ္ကဆိုေတာ့ ဦးဆိုးေပက ေဖေဖ့အေဖ ကြၽန္ေတာ့္အဖိုးတို႔အ႐ြယ္ ျဖစ္လိမ့္မယ္ ထင္ပါတယ္။
ေကာင္းျခင္း ဆိုးျခင္း၊တရားျခင္း မတရားျခင္းဆိုတာထက္ သူသြားလာေနရင္း လုပ္သြားတဲ့ လုပ္ကြက္ေလးတစ္ခုက တစ္ဖက္သားေတာ့ နစ္နာသြားတာေပါ့ေလ။ မေကာင္းတဲ့ ညဥ္လို႔ဆိုရမွာေပါ့။ သူ႕ရဲ႕ လွ်ပ္တစ္ျပတ္အတြင္း ဘယ္လိုလုပ္ရမလဲ ဆိုတဲ့အေတြးေလးကို သေဘာက်လို႔ပါ။
တစ္ရက္မွာေပါ့ ဦးဆိုးေပဟာ အျခား႐ြာကေန သူငယ္ခ်င္းေတြနဲ႔ အတူ လွည္းတစ္စီးကို စီးၿပီး ႐ြာကိုျပန္လာပါတယ္တဲ့။
ျပန္လာတဲ့ လမ္းမွာ ငွက္ေပ်ာသီးသည္တစ္ေယာက္ကို ေတြ႕ပါေရာတဲ့။ ငွက္ေပ်ာသီးသည္က အမ်ိဳးသမီးပါ။ ငွက္ေပ်ာဖီးေတြအမ်ားႀကီးကို ခံေတာင္းထဲထည့္ၿပီး ႐ြက္လာပါသတဲ့။
ဒါကို ဦးဆိုးေပက ျမင္ေတာ့ သူ႕သူငယ္ခ်င္းေတြကို
“မင္းတို႔ ငွက္ေပ်ာသီး မစားခ်င္ဘူးလားလို႔ေမးပါတယ္”
သူ႕သူငယ္ခ်င္းေတြက “စားခ်င္တာေပါ့ကြ”လို႔ ေျဖပါသတဲ့။
“ေအးဒါဆို ငါသြားၿပီး..ေဈးေမးလိုက္ဦးမယ္…ငါလွမ္းေခၚရင္လည္း မင္းတို႔ ငါ့ကို မၾကည့္ၾကနဲ႔ လွည္းကိုပဲ ျဖည္းျဖည္းေလး ဆက္ေမာင္းသြား”လို႔ သူ႕သူငယ္ခ်င္းေတြကို ေျပာၿပီး လွည္းေပၚကဆင္းလို႔ ငွက္ေပ်ာသီးသည္ထံကို သြားသတဲ့။
ငွက္ေပ်ာသီးသည္နား ေရာက္လို႔ ငွက္ေပ်ာသီးတစ္ဖီးကို ဘယ္ေလာက္ ဘယ္ေဈးလဲဆိုၿပီးေမးတာေပါ့။ ငွက္ေပ်ာသီးသည္က ငွက္ေပ်ာသီး ခံေတာင္းႀကီး ႐ြက္ၿပီးမတ္တတ္ႀကီးေျပာေနရတာေပါ့။
“ကဲဗ်ာ ခင္ဗ်ားကလည္း…မတ္တတ္ႀကီးဗ်ာ…ခံေတာင္းေလးလဲ ခ်ပါဦး.. လွတဲ့ အဖီးေလး ဘာေလးေ႐ြး ၾကရေအာင္ပါ..” ဆိုၿပီး ခံေတာင္းႀကီး ခ်ခိုင္းတာေပါ့။
ပစၥည္းအျပည့္နဲ႔ ခံေတာင္းက တစ္ဦးတည္း အခ်အတင္လုပ္ရတာ လြယ္လွတာ မဟုတ္ဘူး။ေဈးသည္က ဒူးေလးေကြးလို႔ ခံေတာင္းကို ႏွိမ့္ေပးထားၿပီး ႀကိဳက္တဲ့ အဖီးယူဖို႔ဆိုပါေသးသတဲ့။
အၾကံသမားဦးဆိုးေပက ....
“ကဲဗ်ာ ခင္ဗ်ားကလဲ..က်ဳပ္လည္း ေ႐ြးဦးမွာေပါ့ဗ်..”ဆိုၿပီး ခံေတာင္းႀကီးကို အတင္းခ်ေတာ့တာပါပဲတဲ့။
ေဈးသည္မိန္းမႀကီးလည္း မတတ္သာေတာ့ ခံေတာင္းႀကီးကိုခ်လိုက္ရပါသတဲ့။
ဦးဆိုးေပက ခံေတာင္းထဲက ငွက္ေပ်ာဖီးေတြကို ေတာင္လွန္ ေျမာက္လွန္လုပ္ၿပီး ေျမျပင္ကို ခ်ထားတဲ့ အဖီးေတြလည္းခ်လို႔လုပ္ၿပီး အေကာင္းဆုံးတစ္ဖီးကို ယူလိုက္ၿပီးေတာ့ ခပ္လွမ္းလွမ္းကိုေရာက္ေနတဲ့ သူ႕လွည္းဆီကို လွမ္းၿပီးေအာ္ေျပာသတဲ့။
“ေဟ့ေကာင္ေတြ ဒီအဖီးႀကိဳက္လားကြ”ဆိုၿပီး ငွက္ေပ်ာဖီးကို သူ႕သူငယ္ခ်င္းေတြ ျမင္ေအာင္ ေျမႇာက္ျပပါသတဲ့။
သူမွာထားတဲ့အတိုင္း သူ႕သူငယ္ခ်င္းေတြကလည္း သူကို မၾကည့္ၾကပါဘူးတဲ့။ဒါနဲ႔ ဦးဆိုးေပက ေ႐ွ႕ ႏွစ္လွမ္းသုံးလွမ္းေလာက္တိုးၿပီး ဒီေကာင္ေတြကလည္း ဒီေလာက္ေအာ္တာေတာင္ မၾကားၾကဘူးလားဆိုၿပီး
“ေဟ့ေကာင္ေတြ ဒီအဖီးႀကိဳက္လားကြ..”ထပ္ေအာ္ျပန္ပါတယ္။
သူ႕သူငယ္ခ်င္းေတြကလည္း မၾကည့္ၾကျပန္ပါဘူးတဲ့။ဒါနဲ႔ သူကေ႐ွ႕ကို တိုးလိုက္ျပန္ၿပီး ေအာ္ျပန္ပါသတဲ့။ အဲဒီလိုႏွစ္ႀကိမ္သုံးႀကိမေလာက္လုပ္လိုက္ေတာ့ ငွက္ေပ်ာသီးနဲ႔ အလွမ္းေဝးသြားတာေပါ့။ အဲဒီေတာ့မွ လွည္းဆီခပ္သုတ္သုတ္ေလးေျပးသြားၿပီး လွည္းေပၚလည္းေရာက္ေရာ “ေဟ့ေကာင္ေတြ ေမာင္းေမာင္း.. ျမန္ျမန္ေမာင္း..”ဆိုၿပီး လွည္းကိုေမာင္းေျပးေတာ့တာပဲတဲ့။
က်န္ခဲ့တဲ့ ငွက္ေပ်ာသီးသည္ခမ်ာ ငွက္ေပ်ာသီးေလးတစ္ဖီးအတြက္ သူ႕ခံေတာင္းကိုထားခဲ့ၿပီး ေျပးလိုက္ဖို႔လည္း ခက္ျပန္ေတာ့ မလိုက္ေတာ့ဘဲ ဗ်စ္ေတာက္ဗ်စ္ေတာက္ေအာ္ဆဲရင္းက်န္ခဲ့ပါသတဲ့။ ခရီးသြားတစ္ေယာက္ေယာက္ လာကာမွ သူ႕ခံေတာင္းႀကီး႐ြက္ႏိုင္ေတာ့မွာေလ။
ငွက္ေပ်ာတစ္ဖီးရသြားတဲ့ ဦးဆိုးေပကေတာ့ သူလည္းမစားပါဘဲနဲ႔ “ေရာ့ေဟ့ေကာင္ေတြ မ်ိဳၾကဆို႔ၾကေတာ့” ဆိုၿပီး သူ႕သူငယ္ခ်င္းေတြကို အကုန္ေႂကြးလိုက္ပါေရာတဲ့။
သူ႕အေၾကာင္းေတြကလည္း မ်ားပါတယ္။ မယုံရင္လည္း ပုံျပင္လို႔သာမွတ္ၾကပါေရာ့။ ဒီပုံျပင္မ်ိဳးေလးေတြ မွတ္မိသမွ်ေတြေတာ့ ေရးၾကေသးတာေပါ့။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com