အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.....

အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ..... - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2023 2:28 pm တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

 

အိမ်ခြံမြေဥပဒေအမေးအဖြေလေးများကို ပုံမှန်တင်ဆက်ပေးနေတဲ့ iMyanmarHouse.com ရဲ့ အိမ်ခြံမြေဥပဒေညချမ်းအခါလေး ရောက်ရှိလာပါပြီ။ ဒီကနေ့ညမှာတော့ iMyanmarHouse ကို မေးမြန်းလာတဲ့ ဥပဒေမေးခွန်းတွေထဲကမှ ပါမစ်မြေနဲ့ပတ်သတ်တဲ့ ဥပဒေ အမေးအဖြေလေးများကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - ပါမစ်မြေပေါ်တွင် အိမ်ဆောက်လုပ်ခွင့်ရှိပါသလား။

 

အဖြေ (၁) - ပါမစ်မြေဆိုသည်မှာမြို့သစ်များဖော်ထုတ်အကွက်ချရာတွင်အိုးအိမ်ဦးစီးဌာနမှဦးစွာလူနေအိမ်ဆောက်လုပ်ရန် ခွင့်ပြုသည့်အမိန့်သာလျှင်ဖြစ်ပါသည်။ ပါမစ်မြေချထားရာတွင် မိသားစုနေထိုင်ရန်အတွက် ဓာတ်ပုံများထည့်သွင်းကာ ခွင့်ပြုချက်ချပေးထားပြီး စာရွက်စာတမ်းများပြည့်စုံမှသာ ဝယ်ယူသင့်ပါသည်။

ပါမစ်မြေသည် မြေစီမံခန့်ခွဲမှုဌာနတွင် အစိုးရပိုင်သာမှတ်တမ်းတည်ရှိနေသဖြင့် ဦးပိုင်နံပါတ်မထွက်သေးပေ။ယခင်က ပါမစ်အမည်ပေါက်များသာ ဂရန်ချထားပေးသော်လည်း နောက်ပိုင်းဖြေလျော့သည့်အနေဖြင့်အဆင့်ဆင့် ဝယ်ယူသူများကပါ ဂရန်လျှောက်ထားခွင့်ရရှိလာပါသည်။ ထို့ကြောင့် ပါမစ်မြေတွင် အိမ်ဆောက်လုပ်ခွင့်ရှိပြီး စာရွက်စာတမ်းများပြည့်စုံပါက ဂရန်အမည်ပေါက်လျှောက်ထားနိုင်ပါသည်။ အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်တင်ပါက (၃)ထပ်နှင့်အောက်ဆိုပါကအောက်ပါ စာရွက်စာတမ်းများလိုအပ်ပါသည်။

(၁)-ဌာနမှ သတ်မှတ်လျှောက်လွှာ

(၂)တစ်နှစ်အတွင်းထုတ်ထားသော မြေပုံ/မြေရာဇဝင်မူရင်း

(၃)ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာမြေပုံ

(၄)လျှောက်ထားသူ၏ မှတ်ပုံတင်မိတူ

(၅) GP,SP လက်မှတ်ရေးထိုးပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်း ဝန်ခံချက်အပြင်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်

(၆)ဘေး ဝဲ/ယာမြေချန်လျော့နည်းနေပါက ဘေးအိမ်ကန့်ကွက်ရန်မရှိကြောင်းနှင့်အုပ်ချုပ်ရေးမှူးထောက်ခံချက်

(၇)အိမ်ရှင်/အိမ်ငှား အရှုပ်အရှင်းကင်းရှင်းကြောင်း အုပ်ချုပ်ရေးမှူးထောက်ခံချက်

(၈)ဆောက်လုပ်မည့်အဆောက်အဦပုံစံ(၃)စုံ

(၉)ကော်မတီမှ အခါအားလျှော်စွာ သတ်မှတ်ချက်ထုတ်ပြီး တင်ပြရန်တောင်းဆိုသည့် စာရွက်စာတမ်းများဖြင့် အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်တင်နိုင်ပါသည်။

 

မေးခွန်း (၂) - ပါမစ်မြေကိုခွဲခြမ်းထားတဲ့ (၂၀×၆၀)မြေကွက်ကို ဝယ်မိရင် ဂရန်လျှောက်ရင် ပြသနာရှိနိုင်ပါသလား။

 

အဖြေ (၂) - ပါမစ်မြေမှာတစ်ကွက်လျှင် (၄၀×၆၀)မြေကွက်ဖြစ်ပြီး ထိုမြေကွက်အား နှစ်ဦးနှစ်ဖက်ပိုင်ဆိုင်နေပါကဂရန် လျှောက်ထားလျှင် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့နှစ်ဦးအမည်ပေါက်ဂရန်လျှောက်ထားနိုင်ပါသည်။

ဂရန်လျှောက်ထားမည်ဆိုပါကလျှောက်လွှာပြည့်စုံစွာဖြည့်စွက်ရပြီး၊ပါမစ်မိတ္တူ၊နိုင်ငံသားစိစစ်ရေးကဒ်ပြား၊အမည်ပေါက်မဟုတ်ပါက ကျိမ်းကျိန်လွှာ၊သေစာရင်း၊အိမ်ထောင်စုစာရင်းများလဲ လိုအပ်ကာပိုင်ဆိုင်မှု လွှဲပြောင်း ထားသောကတိစာချုပ်များ၊တရားရုံးအမိန့်ဒီဂရီ မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ အခွန်စည်းကြပ်မှုမှတ်ပုံစာရင်းတင်ပြရပါသည်။ ထို့ပြင် ကန့်ကွက်ရန်ကြေညာစာ၊ ကွင်းဆင်းတိုင်းတာစစ်ဆေးချက်၊ သတင်းစာကြေညာ၊ ကန့်ကွက်ရန်ရှိမရှိ၊ မြေပုံမြေရာဇဝင်တို့လဲ လိုအပ်ပြီး ဌာနမှ ပြည့်စုံမှုရှိမရှိ စိစစ်ကာမြေငှားဂရန်ချထားပေးပါသည်။ အကယ်၍ ပူးတွဲပိုင်ဆိုင်သူ တစ်ဦးတစ်ယောက်ထဲမှသာ ဂရန်လျှောက်ထားပြီး ပိုင်ဆိုင်မူအတွက်ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေညာသည့်အခါ ပူးတွဲ ပိုင်ဆိုင်သူအခြားတစ်ဦးက မသိရှိပါလိုက်ပါကလျှောက်ထားသူ တစ်ဦးထဲအမည်ဖြင့်သာ ဂရန်ရရှိသွားနိုင်ပါတယ်။ ထို့ကြောင့် အရောင်းအဝယ်စာချုပ်များချုပ်ဆိုသည့်အခါအုပ်ချုပ်ရေးမှူးရှေမှောက်တွင် ချုပ်ဆိုရပြီးဂရန် လျှောက်ထားပါက ပူးတွဲဂရန်လျှောက်ထားကြရန် ရောင်းချသူမှ တာဝန်ယူမည်ဖြစ်ကာပူးတွဲပိုင်ဆိုင်သူမှလဲ လက်ခံကြောင်း စာချုပ်မှာထည့်သွင်းကာ အသိသက်သေအဖြစ်ပါ ပူးတွဲပိုင်ဆိုင်သူအား စာချုပ်တွင် လက်မှတ် ရေးထိုးစေလျှင်ပိုမိုအဆင်ပြေမည်ဖြစ်ပါသည်။တချို့ပါမစ်မြေပူးတွဲပိုင်ဆိုင်သူများမှာ စာရွက်စာ တမ်းများအား ခွဲဝေ၍သိမ်းဆည်းထားခြင်းများလဲရှိပါသည်။ပူးတွဲပိုင်ဆိုင်သူ နှစ်ဦးစလုံးဂရန်လျှောက်ထားပါက နှစ်ဦးအမည်ဖြင့် ဂရန်ထွက်ရှိမည်ဖြစ်ကာမြေကွက်အား ခွဲစိတ်မည်ဆိုပါကလဲ စာချုပ်စာတမ်းရုံးတွင် အပြန်အလှန်စွန့်လွှတ်စာချုပ်ချုပ်ဆိုပြီးမြေကွက်ခွဲစိတ် (ဂရန်)လျှောက်ထားကာ ဂရန်မြေတိုင်းတာပြည့်မှီပါက ဂရန်သစ်ရရှိမည်ဖြစ်ပါသည်။

 

မေးခွန်း (၃) - ဂရန်၊ပါမစ်၊စလစ်တို့ မဝယ်ခင် ရှေ့တွင် ရောင်းထားသလား။ပေါင်ထားသလား၊မေတ္တာဖြင့် ပေးထားသလား ကို မည်သို့သိနိုင်ပါသနည်း။

အဖြေ (၃) - -ဂရန်မြေကို ဝယ်ယူပါ စည်ပင်/ထွေအုပ်ရုံးများတွင် စာရွက်စာတမ်းများ မှန်မမှန်စစ်ဆေးရပြီးဂရန်မူရင်းအားပြသည့်အခါမှ စရန်ငွေချထားရပြီး၊နိုင်ငံပိုင်သတင်းစာတွင် သတင်းစာကြေညာရပါမည်။ အမည် ပေါက်မဟုတ်ပါက စာချုပ်စာတမ်းအဆက်အစပ်များ၊အမည်ပေါက်သူ၏Spများ၊ မြေပုံမြေရာဇဝင်မူရင်းများလဲ တောင်းယူစစ်ဆေးရပါသည်။စာရွက်စာတမ်းများ မှန်ကန်ပါကလဲ

မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုကာ အခွန် ဆောင်၍ ဂရန်အမည်ပြောင်းသင့်ပါသည်။ -ပါမစ်မြေကိုဝယ်ယူမည်ဆိုပါက(၁)လအတွင်းအိမ်ဆောက်လုပ်ရမည်ဖြစ်ပြီး ဂရန်ပြောင်းလဲ လျှောက်ထား လိုပါက မြို့တော်စည်ပင်သာယာရေးကော်မတီတွင် အမည်ပေါက်ပိုင်ရှင်နှင့် ဂရန်အမည်ပေါက် လျှောက်ထား မည်သူတို့ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်ပြသရန်လိုအပ်ပါသည်။ အိုးအိမ်မှ ထုတ်ပေးထားသော ပါမစ်ဆိုပါက အိုးအိမ်ရုံးတွင်စာရွက်စာတမ်းသွားရောက်စစ်ဆေးနိုင်ပြီး စည်ပင်ရုံးတွင် ပြောင်းထားသော ပါမစ်ဖြစ်ပါကစည်ပင်ရုံးတွင် သွားရောက်စစ်ဆေးရပါသည်။

- စလစ်မြေဆိုသည်မှာ သက်ဆိုင်ရာမြေစာရင်းဌာနများက အကွက်ချကာ မြေချစလစ်ချပေးသောမြေကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာမြေစာရင်းဌာနသို့သွားရောက်စစ်ဆေးရကာ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး အိမ်ဆောက်လုပ်နေထိုင်ခွင့်ရှိလဲ ပါသည်။အမည်ပေါက်ပြောင်းလဲခြင်းမရဘဲပါမစ်မြေအဖြစ် ပြောင်းလဲပြီးမှ ဂရန်အမည်ပေါက်လျှောက်ထားနိုင်ပါသည်။ ပါမစ်မြေ၊စလစ်မြေတို့မှာ အိမ်ဆောက်လုပ်နေထိုင်ရန်အတွက်ချပေးထားသော မြေအမျိုးအစားဖြစ်ကာမြေသစ်မြေကွက်များ ချပေးသည့်အခါ ထုတ်ပေးလေ့ရှိပြီး သက်ဆိုင်ရာမြေစာရင်းရုံးများတွင် သွားရောက်ကာ စစ်ဆေးရန် အထူးလိုအပ်ပါသည်။ ပါမစ်မြေအား ယခင်က ပါမစ်အမည်ပေါက်များသာ ဂရန်ချထားပေးသော်လည်း နောက်ပိုင်း ဖြေလျော့သည့် အနေဖြင့်အဆင့်ဆင့် ဝယ်ယူသူများကပါ ဂရန်လျှောက်ထားခွင့်ရရှိသဖြင့် ဂရန်အမည်ပေါက်ရရှိအောင် လျှောက်ထားသင့်ပါသည်။ ဂရန်မြေအား အရောင်းအဝယ်ပြုလုပ်သည့်အခါ စစ်ဆေးရသည်မှာ လွယ်ကူသော်လည်း ပါမစ်၊စလစ်မြေများအား ဝယ်ယူသည့်အခါ ရောင်းမှားဝယ်မှားမဖြစ်စေရန်အတွက် မြေကွက်နှင့်ပတ်သတ်၍ ရောင်းချသူမှ တာဝန်ခံကြောင်း ဝယ်ယူသူမှာ ပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်၍ ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ရောင်းချသူမှ ရောင်းဈေးတန်ဖိုးနှင့် လျော်ကြေးများ ပြန်လည်ပေးလျော်ပါမည် ဝယ်ယူသူများ ဘက်မှ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုသင့်ပါသည်။ ပါမစ်မြေများအား ဂရန်လျှောက်ထားသည့်အခါများတွင် တချို့မှာ ပါမစ်ပျောက်ဖြင့်ဂရန်လျှောက်ထားခြင်းများရှိပြီး ဂရန်အသစ်ထုတ်ယူခြင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ယောက်မှ ပါမစ်မူရင်းတင်ပြကာ ကန့်ကွက်လာ ပါက ထုတ်ပေးသောဂရန်မူရင်းအား ပယ်ဖျက်မည်ကိုသိရှိကြောင်း စာသားပါတံဆိပ်တုံးရိုက်နှက်ကာ ဌာနမှ မြေငှားစာချုပ်(ဂရန်)စာအုပ်တွင် လျှောက်ထားသူအား လက်မှတ်ရေးထိုးစေခြင်းများလဲ ဆောင်ရွက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အပတ္စဥ္အိမ္ၿခံေျမဥပေဒအေရး ေဆြးေႏြးအေျဖရွာ.....

အိမ္ၿခံေျမဥပေဒအေမးအေျဖေလးမ်ားကို ပုံမွန္တင္ဆက္ေပးေနတဲ့ iMyanmarHouse.com ရဲ႕ အိမ္ၿခံေျမဥပေဒညခ်မ္းအခါေလး ေရာက္ရွိလာပါၿပီ။ ဒီကေန႔ညမွာေတာ့ iMyanmarHouse ကို ေမးျမန္းလာတဲ့ ဥပေဒေမးခြန္းေတြထဲကမွ ပါမစ္ေျမနဲ႔ပတ္သတ္တဲ့ ဥပေဒ အေမးအေျဖေလးမ်ားကို တင္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။

 

ေမးခြန္း (၁) - ပါမစ္ေျမေပၚတြင္ အိမ္ေဆာက္လုပ္ခြင့္ရွိပါသလား။

 

အေျဖ (၁) - ပါမစ္ေျမဆိုသည္မွာၿမိဳ႕သစ္မ်ားေဖာ္ထုတ္အကြက္ခ်ရာတြင္အိုးအိမ္ဦးစီးဌာနမွဦးစြာလူေနအိမ္ေဆာက္လုပ္ရန္ ခြင့္ျပဳသည့္အမိန႔္သာလွ်င္ျဖစ္ပါသည္။ ပါမစ္ေျမခ်ထားရာတြင္ မိသားစုေနထိုင္ရန္အတြက္ ဓာတ္ပုံမ်ားထည့္သြင္းကာ ခြင့္ျပဳခ်က္ခ်ေပးထားၿပီး စာ႐ြက္စာတမ္းမ်ားျပည့္စုံမွသာ ဝယ္ယူသင့္ပါသည္။

ပါမစ္ေျမသည္ ေျမစီမံခန႔္ခြဲမႈဌာနတြင္ အစိုးရပိုင္သာမွတ္တမ္းတည္ရွိေနသျဖင့္ ဦးပိုင္နံပါတ္မထြက္ေသးေပ။ယခင္က ပါမစ္အမည္ေပါက္မ်ားသာ ဂရန္ခ်ထားေပးေသာ္လည္း ေနာက္ပိုင္းေျဖေလ်ာ့သည့္အေနျဖင့္အဆင့္ဆင့္ ဝယ္ယူသူမ်ားကပါ ဂရန္ေလွ်ာက္ထားခြင့္ရရွိလာပါသည္။ ထို႔ေၾကာင့္ ပါမစ္ေျမတြင္ အိမ္ေဆာက္လုပ္ခြင့္ရွိၿပီး စာ႐ြက္စာတမ္းမ်ားျပည့္စုံပါက ဂရန္အမည္ေပါက္ေလွ်ာက္ထားႏိုင္ပါသည္။ အေဆာက္အဦေဆာက္လုပ္ခြင့္ပါမစ္တင္ပါက (၃)ထပ္ႏွင့္ေအာက္ဆိုပါကေအာက္ပါ စာ႐ြက္စာတမ္းမ်ားလိုအပ္ပါသည္။

(၁)-ဌာနမွ သတ္မွတ္ေလွ်ာက္လႊာ

(၂)တစ္ႏွစ္အတြင္းထုတ္ထားေသာ ေျမပုံ/ေျမရာဇဝင္မူရင္း

(၃)ဂရန္မိတၱဴႏွင့္နယ္နိမိတ္တိုင္းတာေျမပုံ

(၄)ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတူ

(၅) GP,SP လက္မွတ္ေရးထိုးပါက ေျမရွင္သက္ရွိထင္ရွားရွိေၾကာင္း ဝန္ခံခ်က္အျပင္အုပ္ခ်ဳပ္ေရးမႉး၏ ထပ္ဆင့္ေထာက္ခံခ်က္

(၆)ေဘး ဝဲ/ယာေျမခ်န္ေလ်ာ့နည္းေနပါက ေဘးအိမ္ကန႔္ကြက္ရန္မရွိေၾကာင္းႏွင့္အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္

(၇)အိမ္ရွင္/အိမ္ငွား အရႈပ္အရွင္းကင္းရွင္းေၾကာင္း အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္

(၈)ေဆာက္လုပ္မည့္အေဆာက္အဦပုံစံ(၃)စုံ

(၉)ေကာ္မတီမွ အခါအားေလွ်ာ္စြာ သတ္မွတ္ခ်က္ထုတ္ၿပီး တင္ျပရန္ေတာင္းဆိုသည့္ စာ႐ြက္စာတမ္းမ်ားျဖင့္ အေဆာက္အဦေဆာက္လုပ္ခြင့္ပါမစ္တင္ႏိုင္ပါသည္။

 

ေမးခြန္း (၂) - ပါမစ္ေျမကိုခြဲျခမ္းထားတဲ့ (၂၀×၆၀)ေျမကြက္ကို ဝယ္မိရင္ ဂရန္ေလွ်ာက္ရင္ ျပသနာရွိႏိုင္ပါသလား။

 

အေျဖ (၂) - ပါမစ္ေျမမွာတစ္ကြက္လွ်င္ (၄၀×၆၀)ေျမကြက္ျဖစ္ၿပီး ထိုေျမကြက္အား ႏွစ္ဦးႏွစ္ဖက္ပိုင္ဆိုင္ေနပါကဂရန္ ေလွ်ာက္ထားလွ်င္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈနဲ႔ႏွစ္ဦးအမည္ေပါက္ဂရန္ေလွ်ာက္ထားႏိုင္ပါသည္။

ဂရန္ေလွ်ာက္ထားမည္ဆိုပါကေလွ်ာက္လႊာျပည့္စုံစြာျဖည့္စြက္ရၿပီး၊ပါမစ္မိတၱဴ၊ႏိုင္ငံသားစိစစ္ေရးကဒ္ျပား၊အမည္ေပါက္မဟုတ္ပါက က်ိမ္းက်ိန္လႊာ၊ေသစာရင္း၊အိမ္ေထာင္စုစာရင္းမ်ားလဲ လိုအပ္ကာပိုင္ဆိုင္မႈ လႊဲေျပာင္း ထားေသာကတိစာခ်ဳပ္မ်ား၊တရား႐ုံးအမိန႔္ဒီဂရီ ေျမငွားခေႂကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊ အခြန္စည္းၾကပ္မႈမွတ္ပုံစာရင္းတင္ျပရပါသည္။ ထို႔ျပင္ ကန႔္ကြက္ရန္ေၾကညာစာ၊ ကြင္းဆင္းတိုင္းတာစစ္ေဆးခ်က္၊ သတင္းစာေၾကညာ၊ ကန႔္ကြက္ရန္ရွိမရွိ၊ ေျမပုံေျမရာဇဝင္တို႔လဲ လိုအပ္ၿပီး ဌာနမွ ျပည့္စုံမႈရွိမရွိ စိစစ္ကာေျမငွားဂရန္ခ်ထားေပးပါသည္။ အကယ္၍ ပူးတြဲပိုင္ဆိုင္သူ တစ္ဦးတစ္ေယာက္ထဲမွသာ ဂရန္ေလွ်ာက္ထားၿပီး ပိုင္ဆိုင္မူအတြက္ကန႔္ကြက္ရန္ရွိမရွိ သတင္းစာေၾကညာသည့္အခါ ပူးတြဲ ပိုင္ဆိုင္သူအျခားတစ္ဦးက မသိရွိပါလိုက္ပါကေလွ်ာက္ထားသူ တစ္ဦးထဲအမည္ျဖင့္သာ ဂရန္ရရွိသြားႏိုင္ပါတယ္။ ထို႔ေၾကာင့္ အေရာင္းအဝယ္စာခ်ဳပ္မ်ားခ်ဳပ္ဆိုသည့္အခါအုပ္ခ်ဳပ္ေရးမႉးေရွေမွာက္တြင္ ခ်ဳပ္ဆိုရၿပီးဂရန္ ေလွ်ာက္ထားပါက ပူးတြဲဂရန္ေလွ်ာက္ထားၾကရန္ ေရာင္းခ်သူမွ တာဝန္ယူမည္ျဖစ္ကာပူးတြဲပိုင္ဆိုင္သူမွလဲ လက္ခံေၾကာင္း စာခ်ဳပ္မွာထည့္သြင္းကာ အသိသက္ေသအျဖစ္ပါ ပူးတြဲပိုင္ဆိုင္သူအား စာခ်ဳပ္တြင္ လက္မွတ္ ေရးထိုးေစလွ်င္ပိုမိုအဆင္ေျပမည္ျဖစ္ပါသည္။တခ်ိဳ႕ပါမစ္ေျမပူးတြဲပိုင္ဆိုင္သူမ်ားမွာ စာ႐ြက္စာ တမ္းမ်ားအား ခြဲေဝ၍သိမ္းဆည္းထားျခင္းမ်ားလဲရွိပါသည္။ပူးတြဲပိုင္ဆိုင္သူ ႏွစ္ဦးစလုံးဂရန္ေလွ်ာက္ထားပါက ႏွစ္ဦးအမည္ျဖင့္ ဂရန္ထြက္ရွိမည္ျဖစ္ကာေျမကြက္အား ခြဲစိတ္မည္ဆိုပါကလဲ စာခ်ဳပ္စာတမ္း႐ုံးတြင္ အျပန္အလွန္စြန႔္လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေျမကြက္ခြဲစိတ္ (ဂရန္)ေလွ်ာက္ထားကာ ဂရန္ေျမတိုင္းတာျပည့္မွီပါက ဂရန္သစ္ရရွိမည္ျဖစ္ပါသည္။

 

ေမးခြန္း (၃) - ဂရန္၊ပါမစ္၊စလစ္တို႔ မဝယ္ခင္ ေရွ႕တြင္ ေရာင္းထားသလား။ေပါင္ထားသလား၊ေမတၱာျဖင့္ ေပးထားသလား ကို မည္သို႔သိႏိုင္ပါသနည္း။

အေျဖ (၃) - -ဂရန္ေျမကို ဝယ္ယူပါ စည္ပင္/ေထြအုပ္႐ုံးမ်ားတြင္ စာ႐ြက္စာတမ္းမ်ား မွန္မမွန္စစ္ေဆးရၿပီးဂရန္မူရင္းအားျပသည့္အခါမွ စရန္ေငြခ်ထားရၿပီး၊ႏိုင္ငံပိုင္သတင္းစာတြင္ သတင္းစာေၾကညာရပါမည္။ အမည္ ေပါက္မဟုတ္ပါက စာခ်ဳပ္စာတမ္းအဆက္အစပ္မ်ား၊အမည္ေပါက္သူ၏Spမ်ား၊ ေျမပုံေျမရာဇဝင္မူရင္းမ်ားလဲ ေတာင္းယူစစ္ေဆးရပါသည္။စာ႐ြက္စာတမ္းမ်ား မွန္ကန္ပါကလဲ မွတ္ပုံတင္စာခ်ဳပ္ႀကီး ခ်ဳပ္ဆိုကာ အခြန္ ေဆာင္၍ ဂရန္အမည္ေျပာင္းသင့္ပါသည္။ -ပါမစ္ေျမကိုဝယ္ယူမည္ဆိုပါက(၁)လအတြင္းအိမ္ေဆာက္လုပ္ရမည္ျဖစ္ၿပီး ဂရန္ေျပာင္းလဲ ေလွ်ာက္ထား လိုပါက ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္ အမည္ေပါက္ပိုင္ရွင္ႏွင့္ ဂရန္အမည္ေပါက္ ေလွ်ာက္ထား မည္သူတို႔ခ်ဳပ္ဆိုထားေသာ အေရာင္းအဝယ္စာခ်ဳပ္ျပသရန္လိုအပ္ပါသည္။ အိုးအိမ္မွ ထုတ္ေပးထားေသာ ပါမစ္ဆိုပါက အိုးအိမ္႐ုံးတြင္စာ႐ြက္စာတမ္းသြားေရာက္စစ္ေဆးႏိုင္ၿပီး စည္ပင္႐ုံးတြင္ ေျပာင္းထားေသာ ပါမစ္ျဖစ္ပါကစည္ပင္႐ုံးတြင္ သြားေရာက္စစ္ေဆးရပါသည္။

- စလစ္ေျမဆိုသည္မွာ သက္ဆိုင္ရာေျမစာရင္းဌာနမ်ားက အကြက္ခ်ကာ ေျမခ်စလစ္ခ်ေပးေသာေျမကိုေခၚဆိုျခင္းျဖစ္ပါသည္။ သက္ဆိုင္ရာေျမစာရင္းဌာနသို႔သြားေရာက္စစ္ေဆးရကာ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အိမ္ေဆာက္လုပ္ေနထိုင္ခြင့္ရွိလဲ ပါသည္။အမည္ေပါက္ေျပာင္းလဲျခင္းမရဘဲပါမစ္ေျမအျဖစ္ ေျပာင္းလဲၿပီးမွ ဂရန္အမည္ေပါက္ေလွ်ာက္ထားႏိုင္ပါသည္။ ပါမစ္ေျမ၊စလစ္ေျမတို႔မွာ အိမ္ေဆာက္လုပ္ေနထိုင္ရန္အတြက္ခ်ေပးထားေသာ ေျမအမ်ိဳးအစားျဖစ္ကာေျမသစ္ေျမကြက္မ်ား ခ်ေပးသည့္အခါ ထုတ္ေပးေလ့ရွိၿပီး သက္ဆိုင္ရာေျမစာရင္း႐ုံးမ်ားတြင္ သြားေရာက္ကာ စစ္ေဆးရန္ အထူးလိုအပ္ပါသည္။ ပါမစ္ေျမအား ယခင္က ပါမစ္အမည္ေပါက္မ်ားသာ ဂရန္ခ်ထားေပးေသာ္လည္း ေနာက္ပိုင္း ေျဖေလ်ာ့သည့္ အေနျဖင့္အဆင့္ဆင့္ ဝယ္ယူသူမ်ားကပါ ဂရန္ေလွ်ာက္ထားခြင့္ရရွိသျဖင့္ ဂရန္အမည္ေပါက္ရရွိေအာင္ ေလွ်ာက္ထားသင့္ပါသည္။ ဂရန္ေျမအား အေရာင္းအဝယ္ျပဳလုပ္သည့္အခါ စစ္ေဆးရသည္မွာ လြယ္ကူေသာ္လည္း ပါမစ္၊စလစ္ေျမမ်ားအား ဝယ္ယူသည့္အခါ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္အတြက္ ေျမကြက္ႏွင့္ပတ္သတ္၍ ေရာင္းခ်သူမွ တာဝန္ခံေၾကာင္း ဝယ္ယူသူမွာ ပိုင္ဆိုင္ခြင့္ႏွင့္ပတ္သတ္၍ ဆုံးရႈံးနစ္နာမႈတစ္စုံတစ္ရာေပၚေပါက္ပါက ေရာင္းခ်သူမွ ေရာင္းေဈးတန္ဖိုးႏွင့္ ေလ်ာ္ေၾကးမ်ား ျပန္လည္ေပးေလ်ာ္ပါမည္ ဝယ္ယူသူမ်ား ဘက္မွ စာခ်ဳပ္တြင္ထည့္သြင္းခ်ဳပ္ဆိုသင့္ပါသည္။ ပါမစ္ေျမမ်ားအား ဂရန္ေလွ်ာက္ထားသည့္အခါမ်ားတြင္ တခ်ိဳ႕မွာ ပါမစ္ေပ်ာက္ျဖင့္ဂရန္ေလွ်ာက္ထားျခင္းမ်ားရွိၿပီး ဂရန္အသစ္ထုတ္ယူျခင္းႏွင့္ပတ္သတ္၍ တစ္စုံတစ္ေယာက္မွ ပါမစ္မူရင္းတင္ျပကာ ကန႔္ကြက္လာ ပါက ထုတ္ေပးေသာဂရန္မူရင္းအား ပယ္ဖ်က္မည္ကိုသိရွိေၾကာင္း စာသားပါတံဆိပ္တုံး႐ိုက္ႏွက္ကာ ဌာနမွ ေျမငွားစာခ်ဳပ္(ဂရန္)စာအုပ္တြင္ ေလွ်ာက္ထားသူအား လက္မွတ္ေရးထိုးေစျခင္းမ်ားလဲ ေဆာင္႐ြက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ၿခံေျမဥပေဒအႀကံေပးေရွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service