ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကျွန်တော်တွင် အပေါင်းအသင်းအများအပြား ရှိပါသည်။ထိုအထဲမှ နှစ်ယောက်၏ အကြောင်းကို သီးခြားထုတ်လို့ပြောလိုပါသည်။ထိုနှစ်ယောက်တွင် စရိုက်တို့မှာ လွန်စွာပင်ကွဲပြားသည့် အမူအကျင့်တို့ ရှိကြ၏။
တစ်ယောက်က ချင်းတွင်းမြစ်ကမ်းက ကျွန်တော်အဖေ၏ မွေးရပ်မြေမှဖြစ်သည်။ကျွန်တော့် အစ်ကိုအကြီးဆုံးနှင့် မှ သက်တူရွယ်တူ ဖြစ်သည်။ သူ့ထက်ကြီးသူတွေနှင့်ရွယ်တူတွေက သူ့အား မောင်တုတ်ဟု ခေါ်ကြသည်။ ကျွန်တော်တို့ကမူ ကိုမောင်တုတ်ဟုခေါ်ပါသည်။
အညာက တောရွာသားဖြစ်သော်လည်း ယဉ်ကျေးသိမ့်မွေ့လွန်းလှသူတစ်ဦးဖြစ်သည်။အပြောအဆို အနေအထိုင်တို့သည် ထူးထူးခြားခြားပင် ကွဲပြားသည့်ဟန်ပန်တို့ သူတွင်ရှိနေပါသည်။
နွေကျောင်းပိတ်ရက်တို့တွင် ဖေဖေ့မွေရပ်မြေ အဖွား၊ဦးလေးနှင့်အရီးတို့ရှိရာ ထိုရွာကြီးသို့ ကျွန်တော် သွားရောက်လည်ပတ်တတ်ပါသည်။ထိုသို့သွားရောက်လည်ပတ်လျှင် ကိုမောင်တုတ်နှင့်တွေ့ရသည်။ ရွယ်တူသူငယ်ချင်းများရှိသော်လည်း သူတို့နှင့် တစ်ခါတစ်ရံမှသာဆော့ဖြစ်သည်။
ကျွန်တော် ရွာရောက်လျှင်ကိုမောင်တုတ်သွားရာနောက်သို့သာ အများအားဖြင့် လျှောက်လိုက်နေသည်က များသည်။ သူ့အပြောအဆိုနှင့် လုပ်ပုံကိုင်ပုံများကို ကျွန်တော်စိတ်မှာ နှစ်သက်အားကျမှုရှိ၍ထင်သည်။
ကျွန်တော် အိပ်ရာနိုးလို့ ကိုမောင်တုတ်နှင့် တောလိုက်ချင်သဖြင့် သူတို့အိမ်ကိုသွားမေးလျှင် ဒုတိယအခေါက်ပင် ပြန်လာတော့မည်ဖြစ်ကြောင်း လူကြီးတွေက ပြောတတ်သည်။
ကိုမောင်တုတ်၏ ဝီရိယမှာ ထိုသို့ကောင်းလှ၏။သူများတွေ တောသွားမည့်အချိန်တွင် လှည်းနှစ်စီးတိုက်တော့ အိမ်ကို သယ်ပြီးနေပေပြီ။
ရွာထဲသွားလို့ လူကြီးသူမတို့နှင့် စကားပြောသည့်အခါ ဦးကြီးအရွယ်ဦးကြီး၊အဒေါ်အရွယ်အဒေါ် တန်သည့်စကားတို့ကို ဆိုတတ်သည်။ “ဟုတ်ကဲ့ခင်ဗျ…ဟုတ်ကဲ့ပါခင်ဗျ”စသဖြင့် ယဉ်ကျေးစွာဆိုတတ်၏။ သာကြောင်းမာကြောင်း၊စားပြီး မပြီးကြောင်းတို့ကို သူကပင် ဦးစွာ နူတ်ဆက်မေးမြန်တတ်၏။
သူ့နောက်က လိုက်နေမိသည့်ကျွန်တော် သူ့အမူအကျင့်တို့ တဖြည်းဖြည်း ကူးစက်လာပါတော့သည်။ ကျွန်တော်ကိုယ်တိုင်ပင် သူလိုပြောဆိုလာမိ၏။
တောသို့ လှည်းဖြင့်သွားသည့်အခါ နွားတို့ကိုမရိုက် နကန်နှင့်တို့ပြီးသာ ခိုင်းတတ်၏။နွားတို့ကို အတင်းပြေးစေလိုသဖြင့် ကျွန်တော်ကရိုက်သည့်အခါ မရိုက်ဖို့ပြောပါသည်။ခဏတိုင်းရိုက်လျှင် နွားများသည် နကန်ကို မကြောက်တော့ကြောင်း ပြောပါသည်။ထိုစကားသည်မှန်လှပါသည်။
ဦးလေး၏နွားများကို လှည်းတပ်၍ တောသို့မောင်းသွားရာတွင် မြန်လိုသည့်အတွက် ရိုက်မောင်းမောင်း သည့်အခါ နောက်ပိုင်းတွင် ရိုက်တာတောင် သိပ်မသွားချင်တော့။နကန်ဖြင့်ရိုက်သော ခဏသာ မြန်မြန်သွားသည်။နကန်လွှတ်လိုက်လျှင် အေးဆေးပြန်ဖြစ်သွားတော့သည်။
ကိုမောင်တုတ်သည် ရွာတွင် ထူးခြားကွဲပြာသော အနေအထိုင် အပြောအဆိုရှိသူတစ်ဦးဖြစ်ပြီး လူစိတ်ရှိသူတစ်ဦးဟုပင် ပြောရမည်ထင်ပါသည်။
နောက်တစ်ဦးမှာ ကျွန်တော်တို့နှင့် မတိမ်းမယိမ်းအရွယ်ရှိသည့် သူငယ်ချင်း။သူ့နာမည်ကို ကျွန်တော်တို့က “ငတူး” ဟုခေါ်ပါသည်။
ငတူးက စရိုက်တစ်မျိုးရှိသည်။မိဘဆီကဆက်ခံလာသည့် စရိုက်ဟုပင်ခေါ်ရပါလိမ့်မည်ထင်သည်။
ငတူး၏ အဖေနှင့်အမေသည် စရိုက်ဆိုးရှိသူများဟုပင်ဆိုရပါလိမ့်မည်။အတိုအလျှို၊အချိုအချောင် ဘယ်လိုရမလဲ ချောင်းနေသည့်သူများလည်းဖြစ်သည်။သားသမီးကို ဆုံးမရာတွင်လည်း ခွေးရိုက်နွားရိုက် ရိုက်တတ်သူများ ဖြစ်သည်။ အယုတ္တ၊အနတ္တလည်း ဆဲဆိုတတ်ကြပါသည်။တစ်ခါက ငတူးကိုသူ့အဖေရိုက်ရာတွင် အငိုမတိတ်နိုင်သဖြင့် ရုံးဝင်းထဲကနေ သဲချောင်းထဲ လွှင့်ပစ်၏။ကျသည့်အရှိန်ကြောင့် ခဏငြိမ်နေ၏။ ပြီးမှထပြေးပါတော့သည်။သူ့ဘဝက အဲဒီလိုကြီးပြင်းခဲ့၏။
သူ့အမေဖြစ်သူသည် အုပ်စုဖွဲ့၍ မန္တလေးလိုမြို့ကြီးများထိတက်ပြီး ခိုးကြသည်ကိုတွေ့ရသည်။သူတို့ပြန်လာလျှင် အထည်အလိပ်တို့ အများအပြားပင်ပါလာကြသည်။လူကြီးများပြောသံအရ တိုလျှိုလာသောပစ္စည်းများဟု သိရသည်။ထိုပစ္စည်းများအား ကျွန်တော်တို့နေထိုင်ရာ ရုံးထဲရှိ ဝန်ထမ်းလိုင်းခန်းနေသူများနှင့် နီးစပ်ရာ ရပ်ကွက်အတွင်းရှိသူများကို လပေးဖြင့် ပြန်ရောင်းချသည်ကို ထိုစဉ်က တွေ့ရပါသည်။
ထိုအကျင့်စေတနာတို့ မိဘထံမှ ငတူးရခဲ့သည်ထင်၏။ဈေးထဲသွားလျှင် ရွက်လှေတံဆိပ် ရာဘာဖိနပ်တစ်ရံ လောက်တော့ ရအောင်ခိုးလာတတ်သည်။သူနှင့် အတူသွားခဲ့သည့် ကျွန်တော်လည်း သူဘယ်လိုခိုးလိုက်မှန်း မသိခဲ့ရပေ။ ဈေးအပြင်ရောက်တော့မှသိရသည်။
ကျွန်တော်တို့ ငယ်စဉ်က ကျောက်ဒိုးပစ်ကြသည်။ကျောက်ဒိုးနှင့် ဖန်းလုံးလေးများကို ပရဆေးဆိုင်တို့တွင် ရောင်းတတ်၏။ ကျောက်ဒိုးဟုသာခေါ်သည်။အမှန်က ကြွေဂေါ်လီများဖြစ်သည်။ထိုကျောက်ဒိုး ကြွေဂေါ်လီများဖြင့် ပိုက်ဆံကြေး ကျင်းစိမ်ခြင်း၊အခြားသူဂေါ်လီကို မိမိဂေါ်လီဖြင့်ပစ်ပြီး အနိုင်ယူခြင်း စသည်ဖြင့် ကစားကြသည်။ထို့ပြင် သူ့ဂေါ်လီမာသည် ကိုယ့်ဂေါ်လီမာသည်ဆိုပြီး ကျောက်ဒိုးဂေါ်လီအချင်းချင်း ထုခွဲဆော့ကြသေးသည်။
ကျောက်ဒိုးများကွဲကုန်လျှင် ဈေးသို့ပြေးဝယ်ကြသည်။ဈေးသို့ သွားလျှင် ငတူးက အပေါ်အင်္ကျီ အနွေးထည်ကြီး ဝတ်လာတတ်သည်။ဈေးသွားတိုင်း ဝတ်ခြင်းဖြစ်သည်။
ထိုစဉ်က ကျောက်ဒိုးဂေါ်လီတစ်လုံးမှာ တစ်လုံးမှငါးပြားဟုထင်သည်။ကျွန်တော်က ငါးပြားပေးပြီး တစ်လုံးဝယ်သည်။ငတူးက ဘယ်ညာနှစ်ဖက်တွင် တစ်လုံးစီပြပြီး နှစ်လုံးဝယ်သည်။ဆိုင်ရှင်ကိုပြပြီး အနွေးထည်အိတ်ထဲသို့ ဂေါ်လီထည့်ပြီးမှ ပိုက်ဆံပေးသည်။
အိမ်ရောက်လို့ ကစားသည့်အခါ သူထုတ်ကစားသည့် ဂေါ်လီမှာ လေးငါးခြောက်လုံးမျှ ဖြစ်နေတတ်သည်ကို တွေ့ရ၏။ထိုဂေါ်လီများကုန်လျှင် ကျွန်တော်ကိုခေါ်ပြီး သွားဝယ်ကြပြန်သည်။ကျွန်တော်က မဝယ်ဘဲ သူဂေါ်လီရွေးသည်ကိုသာ ကြည့်နေမိ၏။သူကတော့ ဂေါ်လီကို မကြည့်။ဆိုင်ရှင်၏ အခြေအနေကိုသာ ကြည့်နေ၏။ဆိုင်ရှင် တခြားဘက် လှည့်သွားသည့်အခါမျိုးတွင် အကွယ်ဘက်ကျသည့် လက်ထဲရှိဂေါ်လီတို့ကို အပေါ်ကုတ်အင်္ကျီ အိတ်ထဲထည့်လိုက်သည်ကိုတွေ့ရ၏။ဆက်ရွေးနေသော လက်ထဲတွင်လည်း ဂေါ်လီသုံးကိုကိုင်ထားပြီး တစ်လုံးကိုသာ ဆိုင်ရှင်မြင်နိုင်အောင်ပြပြီး ကျန်နှစ်လုံးကို လက်ဖဝါးအတွင်း ကွယ်ဝှက်ဆုပ်ကိုင်ထား၏။
ထိုနည်းဖြင့် ယူခဲ့သည်ကို လက်ပူလက်ကြပ် ကျွန်တော်မြင်ခဲ့ရပြီးသည့်နောက် ငတူးနှင့်အတူ ဈေးမသွားတော့ပေ။ ကျွန်တော့်စိတ်တွင် မလုံမလဲခံစားနေရသည်က နေရထိုင်ရခက်လှသည်။
ခိုးမှုတွင်လက်သားကျသူ အနေနှင့် အေးဆေးတည်ငြိမ်သလောက် ကြားကမြင်နေရသူက စိုးရိမ်ထိတ်လန့်နေရသည်။
အိမ်နီးချင်းဖြစ်၍သာ ကစားခဲ့ကြသော်လည်း စိတ်အခြေခံ စရိုက်လက္ခဏာခြင်းမတူသဖြင့် အမူအကျင့်တို့ ကူးစက်မှုကို လက်မခံခဲ့ပေ။
နောက်ပိုင်း ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စုဆောင်းရေးထဲပါသွားသည်။ငယ်မူငယ်ကျင့်တို့ ပြင်တန်ကောင်းပါရဲ့ဟု တွေးမိသည်။မပြင်ဘဲ ကျားကို အတောင်နှင့် ဂျိုသာ တက်ပေးသည့် ပမာသာဖြစ်ခဲ့ပါလျှင်…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လူစိတ္ရွိသူမ်ားနဲ႔သာေပါင္းပါမည္
ကၽြန္ေတာ္တြင္ အေပါင္းအသင္းအမ်ားအျပား ရွိပါသည္။ထိုအထဲမွ ႏွစ္ေယာက္၏ အေၾကာင္းကို သီးျခားထုတ္လို႔ေျပာလိုပါသည္။ထိုႏွစ္ေယာက္တြင္ စရိုက္တို႔မွာ လြန္စြာပင္ကြဲျပားသည့္ အမူအက်င္႔တို႔ ရွိၾက၏။
တစ္ေယာက္က ခ်င္းတြင္းျမစ္ကမ္းက ကၽြန္ေတာ္အေဖ၏ ေမြးရပ္ေျမမွျဖစ္သည္။ကၽြန္ေတာ့္ အစ္ကိုအႀကီးဆုံးႏွင့္ မွ သက္တူရြယ္တူ ျဖစ္သည္။ သူ႔ထက္ႀကီးသူေတြႏွင့္ရြယ္တူေတြက သူ႔အား ေမာင္တုတ္ဟု ေခၚၾကသည္။ ကၽြန္ေတာ္တို႔ကမူ ကိုေမာင္တုတ္ဟုေခၚပါသည္။
အညာက ေတာရြာသားျဖစ္ေသာ္လည္း ယဥ္ေက်းသိမ့္ေမြ႔လြန္းလွသူတစ္ဦးျဖစ္သည္။အေျပာအဆို အေနအထိုင္တို႔သည္ ထူးထူးျခားျခားပင္ ကြဲျပားသည့္ဟန္ပန္တို႔ သူတြင္ရွိေနပါသည္။
ေႏြေက်ာင္းပိတ္ရက္တို႔တြင္ ေဖေဖ့ေမြရပ္ေျမ အဖြား၊ဦးေလးႏွင့္အရီးတို႔ရွိရာ ထိုရြာႀကီးသို႔ ကၽြန္ေတာ္ သြားေရာက္လည္ပတ္တတ္ပါသည္။ထိုသို႔သြားေရာက္လည္ပတ္လွ်င္ ကိုေမာင္တုတ္ႏွင့္ေတြ႔ရသည္။ ရြယ္တူသူငယ္ခ်င္းမ်ားရွိေသာ္လည္း သူတို႔ႏွင့္ တစ္ခါတစ္ရံမွသာေဆာ့ျဖစ္သည္။
ကၽြန္ေတာ္ ရြာေရာက္လွ်င္ကိုေမာင္တုတ္သြားရာေနာက္သို႔သာ အမ်ားအားျဖင့္ ေလွ်ာက္လိုက္ေနသည္က မ်ားသည္။ သူ႔အေျပာအဆိုႏွင့္ လုပ္ပုံကိုင္ပုံမ်ားကို ကၽြန္ေတာ္စိတ္မွာ ႏွစ္သက္အားက်မႈရွိ၍ထင္သည္။
ကၽြန္ေတာ္ အိပ္ရာႏိုးလို႔ ကိုေမာင္တုတ္ႏွင့္ ေတာလိုက္ခ်င္သျဖင့္ သူတို႔အိမ္ကိုသြားေမးလွ်င္ ဒုတိယအေခါက္ပင္ ျပန္လာေတာ့မည္ျဖစ္ေၾကာင္း လူႀကီးေတြက ေျပာတတ္သည္။
ကိုေမာင္တုတ္၏ ဝီရိယမွာ ထိုသို႔ေကာင္းလွ၏။သူမ်ားေတြ ေတာသြားမည့္အခ်ိန္တြင္ လွည္းႏွစ္စီးတိုက္ေတာ့ အိမ္ကို သယ္ၿပီးေနေပၿပီ။
ရြာထဲသြားလို႔ လူႀကီးသူမတို႔ႏွင့္ စကားေျပာသည့္အခါ ဦးႀကီးအရြယ္ဦးႀကီး၊အေဒၚအရြယ္အေဒၚ တန္သည့္စကားတို႔ကို ဆိုတတ္သည္။ “ဟုတ္ကဲ့ခင္ဗ်…ဟုတ္ကဲ့ပါခင္ဗ်”စသျဖင့္ ယဥ္ေက်းစြာဆိုတတ္၏။ သာေၾကာင္းမာေၾကာင္း၊စားၿပီး မၿပီးေၾကာင္းတို႔ကို သူကပင္ ဦးစြာ ႏူတ္ဆက္ေမးျမန္တတ္၏။
သူ႔ေနာက္က လိုက္ေနမိသည့္ကၽြန္ေတာ္ သူ႔အမူအက်င့္တို႔ တျဖည္းျဖည္း ကူးစက္လာပါေတာ့သည္။ ကၽြန္ေတာ္ကိုယ္တိုင္ပင္ သူလိုေျပာဆိုလာမိ၏။
ေတာသို႔ လွည္းျဖင့္သြားသည့္အခါ ႏြားတို႔ကိုမရိုက္ နကန္ႏွင့္တို႔ၿပီးသာ ခိုင္းတတ္၏။ႏြားတို႔ကို အတင္းေျပးေစလိုသျဖင့္ ကၽြန္ေတာ္ကရိုက္သည့္အခါ မရိုက္ဖို႔ေျပာပါသည္။ခဏတိုင္းရိုက္လွ်င္ ႏြားမ်ားသည္ နကန္ကို မေၾကာက္ေတာ့ေၾကာင္း ေျပာပါသည္။ထိုစကားသည္မွန္လွပါသည္။
ဦးေလး၏ႏြားမ်ားကို လွည္းတပ္၍ ေတာသို႔ေမာင္းသြားရာတြင္ ျမန္လိုသည့္အတြက္ ရုိက္ေမာင္းေမာင္း သည့္အခါ ေနာက္ပိုင္းတြင္ ရိုက္တာေတာင္ သိပ္မသြားခ်င္ေတာ့။နကန္ျဖင့္ရိုက္ေသာ ခဏသာ ျမန္ျမန္သြားသည္။နကန္လႊတ္လိုက္လွ်င္ ေအးေဆးျပန္ျဖစ္သြားေတာ့သည္။
ကိုေမာင္တုတ္သည္ ရြာတြင္ ထူးျခားကြဲျပာေသာ အေနအထိုင္ အေျပာအဆိုရွိသူတစ္ဦးျဖစ္ၿပီး လူစိတ္ရွိသူတစ္ဦးဟုပင္ ေျပာရမည္ထင္ပါသည္။
ေနာက္တစ္ဦးမွာ ကၽြန္ေတာ္တို႔ႏွင့္ မတိမ္းမယိမ္းအရြယ္ရွိသည့္ သူငယ္ခ်င္း။သူ႔နာမည္ကို ကၽြန္ေတာ္တို႔က “ငတူး” ဟုေခၚပါသည္။
ငတူးက စရိုက္တစ္မ်ိဳးရွိသည္။မိဘဆီကဆက္ခံလာသည့္ စရိုက္ဟုပင္ေခၚရပါလိမ့္မည္ထင္သည္။
ငတူး၏ အေဖႏွင့္အေမသည္ စရိုက္ဆိုးရွိသူမ်ားဟုပင္ဆိုရပါလိမ့္မည္။အတိုအလွ်ိဳ၊အခ်ိဳအေခ်ာင္ ဘယ္လုိရမလဲ ေခ်ာင္းေနသည့္သူမ်ားလည္းျဖစ္သည္။သားသမီးကို ဆုံးမရာတြင္လည္း ေခြးရိုက္ႏြားရိုက္ ရိုက္တတ္သူမ်ား ျဖစ္သည္။ အယုတၱ၊အနတၱလည္း ဆဲဆိုတတ္ၾကပါသည္။တစ္ခါက ငတူးကိုသူ႔အေဖရိုက္ရာတြင္ အငိုမတိတ္ႏိုင္သျဖင့္ ရုံးဝင္းထဲကေန သဲေခ်ာင္းထဲ လႊင့္ပစ္၏။က်သည့္အရွိန္ေၾကာင့္ ခဏၿငိမ္ေန၏။ ၿပီးမွထေျပးပါေတာ့သည္။သူ႔ဘဝက အဲဒီလိုႀကီးျပင္းခဲ့၏။
သူ႔အေမျဖစ္သူသည္ အုပ္စုဖြဲ႔၍ မႏၱေလးလိုၿမိဳ႕ႀကီးမ်ားထိတက္ၿပီး ခိုးၾကသည္ကိုေတြ႔ရသည္။သူတို႔ျပန္လာလွ်င္ အထည္အလိပ္တို႔ အမ်ားအျပားပင္ပါလာၾကသည္။လူႀကီးမ်ားေျပာသံအရ တိုလွ်ိဳလာေသာပစၥည္းမ်ားဟု သိရသည္။ထိုပစၥည္းမ်ားအား ကၽြန္ေတာ္တို႔ေနထိုင္ရာ ရုံးထဲရွိ ဝန္ထမ္းလိုင္းခန္းေနသူမ်ားႏွင့္ နီးစပ္ရာ ရပ္ကြက္အတြင္းရွိသူမ်ားကို လေပးျဖင့္ ျပန္ေရာင္းခ်သည္ကို ထိုစဥ္က ေတြ႔ရပါသည္။
ထိုအက်င့္ေစတနာတို႔ မိဘထံမွ ငတူးရခဲ့သည္ထင္၏။ေဈးထဲသြားလွ်င္ ရြက္ေလွတံဆိပ္ ရာဘာဖိနပ္တစ္ရံ ေလာက္ေတာ့ ရေအာင္ခိုးလာတတ္သည္။သူႏွင့္ အတူသြားခဲ့သည့္ ကၽြန္ေတာ္လည္း သူဘယ္လိုခိုးလိုက္မွန္း မသိခဲ့ရေပ။ ေဈးအျပင္ေရာက္ေတာ့မွသိရသည္။
ကၽြန္ေတာ္တို႔ ငယ္စဥ္က ေက်ာက္ဒိုးပစ္ၾကသည္။ေက်ာက္ဒိုးႏွင့္ ဖန္းလုံးေလးမ်ားကို ပရေဆးဆိုင္တို႔တြင္ ေရာင္းတတ္၏။ ေက်ာက္ဒိုးဟုသာေခၚသည္။အမွန္က ေၾကြေဂၚလီမ်ားျဖစ္သည္။ထိုေက်ာက္ဒိုး ေၾကြေဂၚလီမ်ားျဖင့္ ပိုက္ဆံေၾကး က်င္းစိမ္ျခင္း၊အျခားသူေဂၚလီကို မိမိေဂၚလီျဖင့္ပစ္ၿပီး အႏိုင္ယူျခင္း စသည္ျဖင့္ ကစားၾကသည္။ထို႔ျပင္ သူ႔ေဂၚလီမာသည္ ကိုယ့္ေဂၚလီမာသည္ဆိုၿပီး ေက်ာက္ဒိုးေဂၚလီအခ်င္းခ်င္း ထုခြဲေဆာ့ၾကေသးသည္။
ေက်ာက္ဒိုးမ်ားကြဲကုန္လွ်င္ ေဈးသို႔ေျပးဝယ္ၾကသည္။ေဈးသို႔ သြားလွ်င္ ငတူးက အေပၚအက်ႌ အေႏြးထည္ႀကီး ဝတ္လာတတ္သည္။ေဈးသြားတိုင္း ဝတ္ျခင္းျဖစ္သည္။
ထိုစဥ္က ေက်ာက္ဒိုးေဂၚလီတစ္လုံးမွာ တစ္လုံးမွငါးျပားဟုထင္သည္။ကၽြန္ေတာ္က ငါးျပားေပးၿပီး တစ္လုံးဝယ္သည္။ငတူးက ဘယ္ညာႏွစ္ဖက္တြင္ တစ္လုံးစီျပၿပီး ႏွစ္လုံးဝယ္သည္။ဆိုင္ရွင္ကိုျပၿပီး အေႏြးထည္အိတ္ထဲသို႔ ေဂၚလီထည့္ၿပီးမွ ပိုက္ဆံေပးသည္။
အိမ္ေရာက္လို႔ ကစားသည့္အခါ သူထုတ္ကစားသည့္ ေဂၚလီမွာ ေလးငါးေျခာက္လုံးမွ် ျဖစ္ေနတတ္သည္ကို ေတြ႔ရ၏။ထိုေဂၚလီမ်ားကုန္လွ်င္ ကၽြန္ေတာ္ကိုေခၚၿပီး သြားဝယ္ၾကျပန္သည္။ကၽြန္ေတာ္က မဝယ္ဘဲ သူေဂၚလီေရြးသည္ကိုသာ ၾကည့္ေနမိ၏။သူကေတာ့ ေဂၚလီကို မၾကည့္။ဆိုင္ရွင္၏ အေျခအေနကိုသာ ၾကည့္ေန၏။ဆိုင္ရွင္ တျခားဘက္ လွည့္သြားသည့္အခါမ်ိဳးတြင္ အကြယ္ဘက္က်သည့္ လက္ထဲရွိေဂၚလီတို႔ကို အေပၚကုတ္အက်ႌ အိတ္ထဲထည့္လိုက္သည္ကိုေတြ႔ရ၏။ဆက္ေရြးေနေသာ လက္ထဲတြင္လည္း ေဂၚလီသုံးကိုကိုင္ထားၿပီး တစ္လုံးကိုသာ ဆိုင္ရွင္ျမင္ႏိုင္ေအာင္ျပၿပီး က်န္ႏွစ္လုံးကို လက္ဖဝါးအတြင္း ကြယ္ဝွက္ဆုပ္ကိုင္ထား၏။
ထိုနည္းျဖင့္ ယူခဲ့သည္ကို လက္ပူလက္ၾကပ္ ကၽြန္ေတာ္ျမင္ခဲ့ရၿပီးသည့္ေနာက္ ငတူးႏွင့္အတူ ေဈးမသြားေတာ့ေပ။ ကၽြန္ေတာ့္စိတ္တြင္ မလုံမလဲခံစားေနရသည္က ေနရထိုင္ရခက္လွသည္။
ခိုးမႈတြင္လက္သားက်သူ အေနႏွင့္ ေအးေဆးတည္ၿငိမ္သေလာက္ ၾကားကျမင္ေနရသူက စိုးရိမ္ထိတ္လန္႔ေနရသည္။
အိမ္နီးခ်င္းျဖစ္၍သာ ကစားခဲ့ၾကေသာ္လည္း စိတ္အေျခခံ စရိုက္လကၡဏာျခင္းမတူသျဖင့္ အမူအက်င့္တို႔ ကူးစက္မႈကို လက္မခံခဲ့ေပ။
ေနာက္ပိုင္း ငယ္ငယ္ရြယ္ရြယ္ႏွင့္ပင္ စုေဆာင္းေရးထဲပါသြားသည္။ငယ္မူငယ္က်င့္တို႔ ျပင္တန္ေကာင္းပါရဲ႕ဟု ေတြးမိသည္။မျပင္ဘဲ က်ားကို အေတာင္ႏွင့္ ဂ်ိဳသာ တက္ေပးသည့္ ပမာသာျဖစ္ခဲ့ပါလွ်င္…။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com