မြို့မြေပေါ်တွင် အိုးအိမ်တိုက်တာ အခိုင်အမာဆောက်ပါ “နှစ်ရှည်မြေငှါးဂရန်” ရဖို့ သေချာ

မြို့မြေပေါ်တွင် အိုးအိမ်တိုက်တာ အခိုင်အမာဆောက်ပါ “နှစ်ရှည်မြေငှါးဂရန်” ရဖို့ သေချာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2022 12:38 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ကိစ္စများအတွက် မြို့ကွက်သစ်များ ဖော်ထုတ်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနက မြေအမျိုးအစားခွဲခြား၍ မြေနေရာချထားပေးသည်ကိုတွေ့ရပါသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စည်ပင်သာယာနယ်နိမိတ်မှလွဲ၍ နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲချထားပိုင်ခွင့်ရှိသောမြေများနှင့် မူလပိုင်ဆိုင်သူထံမှ ဥပဒေနှင့် အညီ လွှဲပြောင်းရယူနိုင်သည့်အခွင့်အရေးများ မြေရှင်အခွင့်အရေး ရရှိနိုင်သူများအား ဘာသာရေးအတွက် ရရှိသည်။ ဂရန်များတွင် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ပုံများ အိုးအိမ်တိုက်တာ အခိုင်အမာဆောက်ထားပါက နှစ်ရှည် ဂရန်ရရှိနိုင်ပုံများနင့် ဂရန်သက်တမ်းကုန်ပါက ဂရန်သစ်လျှောက်ထားနိုင်ပုံ အဆင့်ဆင့်ကို မောင်ကောင်းဖေ လေ့လာတင်ပြလိုက်ပါသည်။

ထို့အတူ ဂရန်ချထားပေးသည့် မြေငှါးခွန်း ထွက်ချက်ရာတွင် လိုက်နာရမည့် ဥပဒေ နည်းဥပဒေများကိုလည်း မောင်ကောင်းဖေ ကိုယ်တိုင်လေ့လာပြီး ဖော်ပြပေးလိုက်ပါသည်။

နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲချထားပိုင်ခွင့်ရှိသောမြေများ

အောက်မြန်မာပြည် မြို့မြေ၊ ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ ၂၊ ၃၊ ၄ တို့တွင် ဖော်ပြထားချက်များအရ မြို့မြေ၊ ရွာမြေအဖြစ် သတ်မှတ်ထားသောဧရိယာအတွင်း တစ်စုံတစ်ဦးအားပေးအပ်ထားခြင်း မရှိသည့် မြေ ဦးပိုင်အမည်ပေါက် ပိုင်ဆိုင်ထားခြင်းမရှိသည့် မြေ မည်သူမှ လက်ဝယ်ထားရှိပိုင်ခွင့်မရှိသေးသော မြေများကို နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲချထားပိုင်ခွင့်ရှိပါသည်။

မူလပိုင်ဆိုင်သူထံမှ ဥပဒေနှင့်အညီ လွှဲပြောင်းရယူနိုင်သည့် အခွင့်အရေးများ

 

၁၈၉၈ ခုနှစ် အောက်မြန်မာပြည်  မြို့နှင့်ကျေးရွာ  မြေများ အက်ဥပဒေတွင် မြို့မြေနေထိုင်ပိုင်ခွင့် ပတ်သက်၍ ပုဒ်မ ၇ တွင် မြေပိုင်ဆိုင်ခွင့် အခွင့်အရေး များမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရက ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန် အရ ရှိသည့်ပိုင်ဆိုင်ခွင့်

(ခ) ကာလစည်ကမ်းသတ်အက်ဥပဒေအရ ပိုင်ဆိုင်သော အခွင့်အရေး

(ဂ) ပုဒ်မ ၈ ၊ ၉ ၊ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်

(ဃ) ပုဒ်မ ၇ ပုဒ်မခွဲ (က)(ခ)(ဂ) တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့် အညီ လွှဲပြောင်းရယူခွင့်ရှိပါသည်။

 

မြေရှင်အခွင့်အရေး ရရှိနိုင်သူများ

ယင်းဥပဒေပုဒ်မ ၈ တွင် စာရင်းဝင် မြို့များနှင့် နိုင်ငံတော်အစိုးရအမိန့် ထုတ်ပြန်ကင်းလွန်ခွင့်ပြုထားသော မြေများမှ အပ (က) မြို့နှင့်ကျေးရွာမြေများ အဖြစ် ပြဌာန်းခြင်းမပြုမီ (၁၂)နှစ် မှ (၉.၉.၁၈၉၉) ရက်နေ့အထိ မြေကိုတစ်ဆက်တည်းပိုင်ဆိုင်လက်ရှိထားခဲ့သူ။

(ခ) သို့တည်မဟုတ် (၉.၉.၁၈၉၉) ရက်နေ့မတိုင်မီ အချို့သော ကာလနှင့် ယင်းနေ့နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလနှစ်ရပ်ပေါင်း (၁၂) နှစ်ပြည့်အောင် မြေကို လက်ရှိထားပိုင်ဆိုင်ခဲ့သူ။

(ဂ) သို့တည်မဟုတ် (၉.၉.၁၈၉၉) ရက်နေ့မှစ၍ နောက်ပိုင်း (၁၂)နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားခဲ့ပြီးယင်းကာလများ၌ ထိုမြေနှင့် သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ နိုင်ငံတော်အစိုးရ သို့ ပေးသွင်းရမည့် အခွန်အခများကိုထမ်းဆောင်လာသူ မည်သူမဆို မြေရှင် ဆိုင်ရာ အခွင့်အရေးများရရှိစေမည်ဖြစ်ပါသည်။

ဘာသာရေးအတွက်ရရှိသည့်မြေအပိုင် ဂရန်၊ အခွန်ကင်းလွတ်ခွင့်ရှိ

မြို့မြေအဖြစ် သတ်မှတ်ထားသော မြေများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး (ကောလိပ်တော်အရာရှိ) မှ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် အများပြည်သူများ၏ အကျိုးရှေးရှုဆောင်ရွက်နိုင်စေရန်အတွက် မြေအမျိုးအစားခွဲ၍ ချထားပေးပါသည်။ အများပြည်သူအကျိုးအတွက် ဘာသာရေးကိစ္စအတွက် အနိုင် ဂရန်ရရှိပြီး အသုံးပြုနေသည့်ကာလတစ်လျှောက်လုံးတွင် မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ရရှိကာ သက်တမ်းမှာ သတ်မှတ်ချက်မရှိပါ။ အပိုင် ဂရန်ရရှိပြီးနောက် ဆက်လက်အသုံးမပြုဘဲထားရှိလျင် ထိုမြေကို နိုင်ငံတော်မှ ရမှ ပြန်လည်သိမ်းဆည်းနိုင်သည်။

အိုးအိမ်တိုက်တာ အခိုင်အမာဆောက်ပါ နှစ်ရှည်ဂရန်ရဖို့ သေချာ

မြို့မြေပေါ်တွင် အိုးအိမ်တိုက်တာများ ခိုင်ခံ့စွာဆောက်လုပ်ပါက နှစ်ရှည်ဂရန်ချထားပေးပြီး ဂရန်သက်တမ်းမှာ တစ်ကြိမ်လျင် အနှစ် (၃၀) ဖြစ်သည်။ ထိုသက်တမ်းကုန်ဆုံးပါက အသစ်လဲလှယ်ခွင့်ရရှိသည်။ နှစ်(၉၀) ပြည့်မီအောင် နှစ်ကြိမ်တိုင် လျှောက်ထားလဲလှယ်ပိုင်ခွင့် ရှိသည်။ ၎င်းအပြင် နှစ်(၃၀) ပြည့်သော်လည်း ထပ်မံလဲလှယ်ပိုင်ခွင့်မရှိသော နှစ်ရှည် အငှါးဂရန်တစ်မျိုးလည်းရှိသည်။ အဆိုပါ  ဂရန်အား အနှစ် (၃၀) ပြည့်မြောက်ပါက အသစ်တဖန် လဲလှယ်လျှောက်ထားနိုင်သော်လည်း မလွှဲမသွေ အငှါးချထားပေးမည် မဟုတ်ပါ။

 

 

ဂရန်သက်တမ်း ကုန်ပါက ဂရန်သစ်လျှောက်ထားနိုင်

မြို့မြေအပေါ်တွင် ခိုင်မာသော အဆောက်အဦးဆောက်လုပ်သူများအား ခွင့်ပြုကာလ (၁၀) နှစ် မှ (၁၂) နှစ် အထိ နှစ်တိုင်း အငှါးဂရန်ချထားပေးပြီး ဂရန်သက်တမ်းကုန်ဆုံးပါက အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၈ နှင့် ၂၉ တို့အရ အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကျရောက်ပြီး မြို့မြေတိုးချဲ့နေထိုင်ခွင့်ကို ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန် သက်တမ်ဒ (၃) နှစ်ဖြင့် အထက်ပါ နည်းဥပဒေ ၃၀ နှင့် ၃၄ အရ ခွင့်ပြုနိုင်ပါသည်။ မြို့ ကွက်အသစ်များ ဖော်ထုတ်ရာတွင် အကွက်ရိုက်၍ ချထားပေးသော မြေကို ပါမစ်မြေ ဟုခေါ်ဆိုပါသည်။

 

မြေငှါးခွန်ထွက်ချက်နည်း

အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ လက်စွဲနည်းဥပဒေ အပိုဒ် ၁၇(က)အရ မြေအငှါးခွန်ကိုတွက်ချက်ရာတွင် လျှောက်ထားသည့် မြေနှင့် ပုဂ္ဂလိကပိုင်မြေများ၏ ကာလပေါက်ဈေး၏ တန်ဖိုးပေါ်တွင် မြို့မြေငှါးအဖြစ် အနည်းဆုံး ၆% ရာခိုင်နှုန်း ဖြင့်တွက်ချက်ရသည်။ နည်းဥပဒေအပိုဒ် ၁၇(၁) အရ မြေငှါးခွန်တွက်ချက်ရာတွင် မြေငှါးရမ်းခ၏ ၇၅% ရာခိုင်နှုန်း အထက်မနည်းသည့် မြေခွန်အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

ဂရန် ချထားပေးသော မြေငှါးခွန်တွက်ချက်ရာတွင် လိုက်နာရမည့် ဥပေဒ

မြေငှါးခွန်များတွက်ချက်ရာတွင် ဂရန်ချထားပေးသော မြေငှားခွန် အတွက် အထက်မြန်မာပြည် မြေနှင် အခွန်နည်းဥပဒေ ၅၁ (ဃ) နှင့် အောက်မြန်မာပြည် ကျေးရွာမြေများက လက်စွဲဥပဒေ နည်းဥပဒေ ၁၇(၂) အရ လည်းကောင်း၊ ဂရန်ရရှိထားသော မြေငှါးခွန်အတွက် အထက်မြန်မာပြည် မြေခွန်နှင့် အခွန်နည်းဥပဒေ ၆၈ နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ ၃၆ အရ ဆောင်ရွက်ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ျမိဳ႕ေျမေပၚတြင္ အိုးအိမ္တိုက္တာ အခိုင္အမာေဆာက္ပါ “နွစ္ရွည္ေျမငွါးဂရန္” ရဖို႕ ေသခ်ာ

 

ျပည္သူမ်ား၏ လူမႈေရး၊ စီးပြားေရး၊ ဘာသာေရး ကိစၥမ်ားအတြက္ ျမိဳ႕ကြက္သစ္မ်ား ေဖာ္ထုတ္ရာတြင္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစီးဌာနက ေျမအမ်ိဳးအစားခြဲျခား၍ ေျမေနရာခ်ထားေပးသည္ကိုေတြ႕ရပါသည္။

ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ စည္ပင္သာယာနယ္နိမိတ္မွလြဲ၍ ႏိုင္ငံေတာ္အစိုးရမွ စီမံခန္႔ခြဲခ်ထားပိုင္ခြင့္ရွိေသာေျမမ်ားနွင့္ မူလပိုင္ဆိုင္သူထံမွ ဥပေဒနွင့္ အညီ လႊဲေျပာင္းရယူႏိုင္သည့္အခြင့္အေရးမ်ား ေျမရွင္အခြင့္အေရး ရရွိႏိုင္သူမ်ားအား ဘာသာေရးအတြက္ ရရွိသည္။ ဂရန္မ်ားတြင္ အခြန္ကင္းလြတ္ခြင့္ရရွိႏိုင္ပံုမ်ား အိုးအိမ္တိုက္တာ အခိုင္အမာေဆာက္ထားပါက နွစ္ရွည္ ဂရန္ရရွိႏိုင္ပံုမ်ားနင့္ ဂရန္သက္တမ္းကုန္ပါက ဂရန္သစ္ေလွ်ာက္ထားႏိုင္ပံု အဆင့္ဆင့္ကို ေမာင္ေကာင္းေဖ ေလ့လာတင္ျပလိုက္ပါသည္။

ထို႕အတူ ဂရန္ခ်ထားေပးသည့္ ေျမငွါးခြန္း ထြက္ခ်က္ရာတြင္ လိုက္နာရမည့္ ဥပေဒ နည္းဥပေဒမ်ားကိုလည္း ေမာင္ေကာင္းေဖ ကိုယ္တိုင္ေလ့လာျပီး ေဖာ္ျပေပးလိုက္ပါသည္။

ႏိုင္ငံေတာ္အစိုးရမွ စီမံခန္႔ခြဲခ်ထားပိုင္ခြင့္ရွိေသာေျမမ်ား

ေအာက္ျမန္မာျပည္ ျမိဳ႕ေျမ၊ ေက်းရြာေျမမ်ား အက္ဥပေဒ ပုဒ္မ ၂၊ ၃၊ ၄ တို႕တြင္ ေဖာ္ျပထားခ်က္မ်ားအရ ျမိဳ႕ေျမ၊ ရြာေျမအျဖစ္ သတ္မွတ္ထားေသာဧရိယာအတြင္း တစ္စံုတစ္ဦးအားေပးအပ္ထားျခင္း မရွိသည့္ ေျမ ဦးပိုင္အမည္ေပါက္ ပိုင္ဆိုင္ထားျခင္းမရွိသည့္ ေျမ မည္သူမွ လက္ဝယ္ထားရွိပိုင္ခြင့္မရွိေသးေသာ ေျမမ်ားကို ႏိုင္ငံေတာ္အစိုးရမွ စီမံခန္႕ခြဲခ်ထားပိုင္ခြင့္ရွိပါသည္။

မူလပိုင္ဆိုင္သူထံမွ ဥပေဒနွင့္အညီ လႊဲေျပာင္းရယူႏိုင္သည့္ အခြင့္အေရးမ်ား

၁၈၉၈ ခုႏွစ္ ေအာက္ျမန္မာျပည္  ျမိဳ႕နွင့္ေက်းရြာ  ေျမမ်ား အက္ဥပေဒတြင္ ၿမိဳ႕ေျမေနထိုင္ပိုင္ခြင့္ ပတ္သက္၍ ပုဒ္မ ၇ တြင္ ေျမပိုင္ဆိုင္ခြင့္ အခြင့္အေရး မ်ားမွအပ အျခားမည္သည့္ ဆိုင္ရာဆိုင္ခြင့္ကိုမွ် ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားတြင္ မ႐ွိေစရ။

(က) အစိုးရက ခ်ထားသည့္ အပိုင္ဂရန္၊ အငွါးဂရန္ အရ ရွိသည့္ပိုင္ဆိုင္ခြင့္ (ခ) ကာလစည္ကမ္းသတ္အက္ဥပေဒအရ ပိုင္ဆိုင္ေသာ အခြင့္အေရး

(ဂ) ပုဒ္မ ၈ ၊ ၉ ၊ ၁၀ တို႕တြင္ သတ္မွတ္ေဖာ္ျပထားေသာ ပုိင္ဆိုင္ခြင့္

(ဃ) ပုဒ္မ ၇ ပုဒ္မခြဲ (က)(ခ)(ဂ) တို႕ပါ အခြင့္အေရးကို မူလပိုင္ဆိုင္သူထံမွ တရားဥပေဒနွင့္ အညီ လႊဲေျပာင္းရယူခြင့္ရွိပါသည္။

ေျမရွင္အခြင့္အေရး ရရွိႏိုင္သူမ်ား

ယင္းဥပေဒပုဒ္မ ၈ တြင္ စာရင္းဝင္ ျမိဳ႕မ်ားနွင့္ ႏိုင္ငံေတာ္အစိုးရအမိန္႕ ထုတ္ျပန္ကင္းလြန္ခြင့္ျပဳထားေသာ ေျမမ်ားမွ အပ (က) ျမိဳ႕နွင့္ေက်းရြာေျမမ်ား အျဖစ္ ျပဌာန္းျခင္းမျပဳမီ (၁၂)နွစ္ မွ (၉.၉.၁၈၉၉) ရက္ေန႔အထိ ေျမကိုတစ္ဆက္တည္းပိုင္ဆိုင္လက္ရွိထားခဲ့သူ။

(ခ) သို႕တည္မဟုတ္ (၉.၉.၁၈၉၉) ရက္ေန႔မတိုင္မီ အခ်ိဳ႕ေသာ ကာလနွင့္ ယင္းေန႔ေနာက္ပိုင္း လက္ရွိျဖစ္ေနေသာ ကာလနွစ္ရပ္ေပါင္း (၁၂) နွစ္ျပည့္ေအာင္ ေျမကို လက္ရွိထားပိုင္ဆိုင္ခဲ့သူ။

(ဂ) သို႕တည္မဟုတ္ (၉.၉.၁၈၉၉) ရက္ေန႕မွစ၍ ေနာက္ပိုင္း (၁၂)နွစ္ကာလတိုင္ တဆက္တည္း ေျမကို ပိုင္ဆိုင္လက္ရွိထားခဲ့ျပီးယင္းကာလမ်ား၌ ထိုေျမနွင့္ သက္ဆိုင္သည့္ အရပ္ရပ္ေျမခြန္ေတာ္မ်ား ႏိုင္ငံေတာ္အစိုးရ သို႔ ေပးသြင္းရမည့္ အခြန္အခမ်ားကိုထမ္းေဆာင္လာသူ မည္သူမဆို ေျမရွင္ ဆိုင္ရာ အခြင့္အေရးမ်ားရရွိေစမည္ျဖစ္ပါသည္။

ဘာသာေရးအတြက္ရရွိသည့္ေျမအပိုင္ ဂရန္၊ အခြန္ကင္းလြတ္ခြင့္ရွိ

ျမိဳ႕ေျမအျဖစ္ သတ္မွတ္ထားေသာ ေျမမ်ားကို ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး (ေကာလိပ္ေတာ္အရာရွိ) မွ လူမႈေရး၊ စီးပြားေရး၊ ဘာသာေရးနွင့္ အမ်ားျပည္သူမ်ား၏ အက်ိဳးေရွးရႈေဆာင္ရြက္ႏိုင္ေစရန္အတြက္ ေျမအမ်ိဳးအစားခြဲ၍ ခ်ထားေပးပါသည္။ အမ်ားျပည္သူအက်ိဳးအတြက္ ဘာသာေရးကိစၥအတြက္ အနိုင္ ဂရန္ရရွိျပီး အသံုးျပဳေနသည့္ကာလတစ္ေလွ်ာက္လံုးတြင္ ေျမခြန္စည္းၾကပ္ျခင္းမွ ကင္းလြတ္ခြင့္ရရွိကာ သက္တမ္းမွာ သတ္မွတ္ခ်က္မရွိပါ။ အပိုင္ ဂရန္ရရွိျပီးေနာက္ ဆက္လက္အသံုးမျပဳဘဲထားရွိလ်င္ ထိုေျမကို ႏိုင္ငံေတာ္မွ ရမွ ျပန္လည္သိမ္းဆည္းႏိုင္သည္။

အိုးအိမ္တိုက္တာ အခိုင္အမာေဆာက္ပါ နွစ္ရွည္ဂရန္ရဖို႕ေသခ်ာ

ျမိဳ႕ေျမေပၚတြင္ အိုးအိမ္တိုက္တာမ်ား ခိုင္ခံ့စြာေဆာက္လုပ္ပါက နွစ္ရွည္ဂရန္ခ်ထားေပးျပီး ဂရန္သက္တမ္းမွာ တစ္ၾကိမ္လ်င္ အနွစ္ (၃၀) ျဖစ္သည္။ ထိုသက္တမ္းကုန္ဆံုးပါက အသစ္လဲလွယ္ခြင့္ရရွိသည္။ နွစ္(၉၀) ျပည့္မီေအာင္ နွစ္ၾကိမ္တိုင္ ေလွ်ာက္ထားလဲလွယ္ပိုင္ခြင့္ ရွိသည္။ ၄င္းအျပင္ နွစ္(၃၀) ျပည့္ေသာ္လည္း ထပ္မံလဲလွယ္ပိုင္ခြင့္မရွိေသာ နွစ္ရွည္ အငွါးဂရန္တစ္မ်ိဳးလည္းရွိသည္။ အဆိုပါ  ဂရန္အား အနွစ္ (၃၀) ျပည့္ေျမာက္ပါက အသစ္တဖန္ လဲလွယ္ေလွ်ာက္ထားႏိုင္ေသာ္လည္း မလႊဲမေသြ အငွါးခ်ထားေပးမည္ မဟုတ္ပါ။

 

ဂရန္သက္တမ္း ကုန္ပါက ဂရန္သစ္ေလွ်ာက္ထားႏိုင္

ျမိဳ႕ေျမအေပၚတြင္ ခိုင္မာေသာ အေဆာက္အဦးေဆာက္လုပ္သူမ်ားအား ခြင့္ျပဳကာလ (၁၀) နွစ္ မွ (၁၂) နွစ္ အထိ နွစ္တိုင္း အငွါးဂရန္ခ်ထားေပးျပီး ဂရန္သက္တမ္းကုန္ဆံုးပါက ေအာက္ျမန္မာျပည္ ျမိဳ႕နွင့္ ေက်းရြာေျမမ်ား နည္းဥပေဒ ၈ နွင့္ ၂၉ တို႕အရ အသစ္ျပန္လည္ေလွ်ာက္ထားရမည္ျဖစ္သည္။ သဘာဝေဘးအႏၱရာယ္မ်ားက်ေရာက္ျပီး ျမိဳ႕ေျမတိုးခ်ဲ႕ေနထိုင္ခြင့္ကို ယာယီအားျဖင့္ ေျမေခတၱအသံုးျပဳႏိုင္ရန္ သက္တမ္ဒ (၃) နွစ္ျဖင့္ အထက္ပါ နည္းဥပေဒ ၃၀ နွင့္ ၃၄ အရ ခြင့္ျပဳႏိုင္ပါသည္။ ျမိဳ႕ ကြက္အသစ္မ်ား ေဖာ္ထုတ္ရာတြင္ အကြက္ရုိက္၍ ခ်ထားေပးေသာ ေျမကို ပါမစ္ေျမ ဟုေခၚဆိုပါသည္။

 

ေျမငွါးခြန္ထြက္ခ်က္နည္း

ေအာက္ျမန္မာျပည္ ျမိဳ႕နွင့္ေက်းရြာ ေျမမ်ား လက္စြဲနည္းဥပေဒ အပိုဒ္ ၁၇(က)အရ ေျမအငွါးခြန္ကိုတြက္ခ်က္ရာတြင္ ေလွ်ာက္ထားသည့္ ေျမနွင့္ ပုဂၢလိကပိုင္ေျမမ်ား၏ ကာလေပါက္ေဈး၏ တန္ဖိုးေပၚတြင္ ျမိဳ႕ေျမငွါးအျဖစ္ အနည္းဆံုး ၆% ရာခိုင္ႏႈန္း ျဖင့္တြက္ခ်က္ရသည္။ နည္းဥပေဒအပိုဒ္ ၁၇(၁) အရ ေျမငွါးခြန္တြက္ခ်က္ရာတြင္ ေျမငွါးရမ္းခ၏ ၇၅% ရာခိုင္ႏႈန္း အထက္မနည္းသည့္ ေျမခြန္အျဖစ္ သတ္မွတ္ရမည္ ျဖစ္သည္။

ဂရန္ ခ်ထားေပးေသာ ေျမငွါးခြန္တြက္ခ်က္ရာတြင္ လိုက္နာရမည့္ ဥေပဒ

ေျမငွါးခြန္မ်ားတြက္ခ်က္ရာတြင္ ဂရန္ခ်ထားေပးေသာ ေျမငွားခြန္ အတြက္ အထက္ျမန္မာျပည္ ေျမနွင္ အခြန္နည္းဥပေဒ ၅၁ (ဃ) နွင့္ ေအာက္ျမန္မာျပည္ ေက်းရြာေျမမ်ားက လက္စြဲဥပေဒ နည္းဥပေဒ ၁၇(၂) အရ လည္းေကာင္း၊ ဂရန္ရရွိထားေသာ ေျမငွါးခြန္အတြက္ အထက္ျမန္မာျပည္ ေျမခြန္ႏွင့္ အခြန္နည္းဥပေဒ ၆၈ နွင့္ ေအာက္ျမန္မာျပည္ ျမိဳ႕နွင့္ေက်းရြာေျမမ်ား နည္းဥပေဒ ၃၆ အရ ေဆာင္ရြက္ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service