“ပန်းမဟုတ်ပါသော်လည်း….”

“ပန်းမဟုတ်ပါသော်လည်း….” - Property Knowledge in Myanmar from iMyanmarHouse.com
21 Oct 2022 2:06 pm တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ရနံ့မရှိလို့ မမွှေးပါဘူး၊အဖူးမရှိလို့မပွင့်ပါဘူး။ဒါပေမဲ့ အရောင်အသွေးတွေက ပန်းတွေလို သဘာဝက ဆေးခြယ်ပေးထားတော့ ပန်းသွေးတွေဝင်လို့ လှနေကြတာပေါ့။

သူတို့တွေကလည်း လောကကြီးကို အလှဆင်ကြတာပါလားလို့ ခံစားရတယ်။မခံစားတတ်သူအတွက်တော့ ထူးပြီးမပြောလိုပါဘူး။

အမှတ်သတိနဲ့ လောကကြီးရဲ့ သဘာဝအလှတွေကို ကြည့်တတ် မြင်တတ်တဲ့သူတွေအနေနဲ့က နေရာတိုင်းမှာ အလှတွေကို ရှာလို့တွေ့ရလိမ့်မယ် ထင်ပါတယ်။ရာသီတိုင်းမှာ ရာသီအလိုက် အလှအပတွေရှိနေပါတယ်။

ပန်းတွေဟာ ရနံ့လည်းပေးတယ်။အလှလည်းပေးတယ်။ပန်းတွေကို မြင်ရတွေ့ရသူတွေအနေနဲ့ ကြည်နူးနှစ်သက်မှုကို ခံစားရပါလိမ့်မယ်။အမြတ်တနိုးနဲ့ တန်ဖိုးထားခြင်းလည်းခံရတယ်။

ဒီလိုပါပဲပန်းမဟုတ်တဲ့သစ်ရွက်တွေက ရောင်စုံအလှတွေနဲ့ ရာသီအလိုက် လောကကြီးကိုအလှတွေ ဆင်နေကြပြန်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ သစ်ပင်တွေဟာ အဆင်တန်ဆာ အရောင်အသွေးစုံစုံနဲ့ ကျယ်ကျယ်ပြောပြော ပြန့်ပြန့်ကားကား လှချင်တိုင်းလှနေကြတာဟာ သဘာဝကပေးတဲ့ အလှထူးတွေပါပဲ။

သူတို့ဆီရဲ့ဆောင်းဦးရာသီမှာလို့ထင်ပါရဲ့။မေဘယ်ပင်တွေ၊ဝက်သစ်ချပင်တွေနဲ့အတူ အခြားကိုယ်မသိသေးတဲ့ အပင်တွေဟာ ရွက်ဟောင်းခြွေစွန့်ကာနီး အစွမ်းကုန်လှပြကြတာလားမသိပါဘူး။ဒီအပင်တွေရဲ့ တောဂနိုင် မြိုင်အဆုံး အပင်မှာလည်းဝေလို့၊ပင်ခြေမှာလည်းကြွေလို့ လှချင်တိုင်းလှနေတာကို မြင်ရတိုင်း ရင်ထဲမှာနှစ်သက်ကြည်နူးမိတယ်။

အေးမြတဲ့ သူတို့နိုင်ငံရဲ့ရာသီမှာ အဲဒီအပင်တွေဟာ သူတို့ဖြစ်တည်ရာနယ်မြေကို အလှတွေဆင်ကြတယ်လို့ ကျွန်တော်ရင်မှာခံစားရတယ်။

ဒီလိုပါပဲ ပူပြင်းခြောက်သွေ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာလည်း သစ်ရွက်တွေက ပန်းပမာ လောကကို အလှဆင်ကြတာ သတိထားမိသူတို့ ရှိကောင်းရှိပါလိမ့်မယ်။အနီးစပ်ဆုံးကတော့ ဗာဒံပင်တွေပါပဲ။

ကျွန်တော်ကတော့ ဗာဒံပင်တွေရဲ့ လောကကိုယ်အလှဆင်တာကို မြင်မိသလို တရားသဘောတွေကိုလည်း တွေ့ရှိခံစားမိပါရဲ့လို့ပြောချင်ပါတယ်။

ဗာဒံပင်တွေဟာ ရွက်ကြွေတွေစွန့်ကြတော့မယ်ဆိုရင် အရွက်တွေဟာ စိမ်းနေရာကနေ အဖြည်းဖြည်း အရောင်အမျိုးမျိုးပြောင်းလာကြတာကိုတွေ့ရပါလိမ့်မယ်။သူတို့အရောင်ပြောင်းပုံက အစွမ်းကုန်လှပပြီး နောက်လာမဲ့ ရွက်နုသစ်တွေအတွက် ကျေကျေနပ်နပ်ကြီး သူတို့အပင်ကို စွန့်ခွာကြသလိုပါပဲ။

စိမ်းရာကနေနီ၊နီရာကနေညို။တစ်ချို့က အဝါလိုလို၊အနီလိုလို၊လိမ္မော်ရောင်လိုလို ရောစပ်အရောင်တွေနဲ့ပေါ့။ လမ်းတစ်လျှောက်မှာ စိုက်ထားတဲ့ ဒီအပင်တွေက တစ်ပြိုင်တည်းအရွက်တွေပြောင်းကြရင် ပန်တောကြီးတွေမှာ ပန်းတွေအစွမ်းကုန်ပွင့်အာနေကြတဲ့အတိုင်းပါပဲ။

တချို့အပင်တွေမှာ ကြွေတဲ့အကိုင်းက အရင်ကြွေပြီး ပုရစ်ညွန့်သစ် ရွက်နုသစ်လေးတွေက အားမာန်အပြည့်နဲ့ ပေါ်လာပြီ။ နောက်ဆုံးအချိန်မှာ လှချင်တိုင်းလှနေတဲ့ သစ်ရွက်အိုကြီးတွေကလည်း မြေပြင်ရော ဝေဟင်မှာပါ လောကကိုအလှဆင်လို့ပေါ့။

အသိစိတ်မရှိတဲ့ ဒီအပင်တွေဟာ သူ့ရာသီရောက်လာရင် လူတွေထက်တောင်သိကြပါလား။ လောကကို အကောင်းဆုံး အလှဆင်ပေးကြပါလားလို့ခံစားမိတယ်။

ရာသီသိတဲ့သစ်ပင်တွေလိုပဲ ကျွန်တော်တို့လူတွေလည်း အရွယ်သုံးပါးစလုံး လောကကြီးကို သစ်ပင်တွေပမာ အလှဆင်နိုင်ကြပါစေဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 [Zawgyi]

“ပန္းမဟုတ္ပါေသာ္လည္း….”

ရနံ႔မရွိလို႔ မေမႊးပါဘူး၊အဖူးမရွိလို႔မပြင့္ပါဘူး။ဒါေပမဲ့ အေရာင္အေသြးေတြက ပန္းေတြလို သဘာဝက ေဆးျခယ္ေပးထားေတာ့ ပန္းေသြးေတြဝင္လို႔ လွေနၾကတာေပါ့။

သူတို႔ေတြကလည္း ေလာကႀကီးကို အလွဆင္ၾကတာပါလားလို႔ ခံစားရတယ္။မခံစားတတ္သူအတြက္ေတာ့ ထူးၿပီးမေျပာလိုပါဘူး။

အမွတ္သတိနဲ႔ ေလာကႀကီးရဲ႕ သဘာဝအလွေတြကို ၾကည့္တတ္ ျမင္တတ္တဲ့သူေတြအေနနဲ႔က ေနရာတိုင္းမွာ အလွေတြကို ရွာလို႔ေတြ႔ရလိမ့္မယ္ ထင္ပါတယ္။ရာသီတိုင္းမွာ ရာသီအလိုက္ အလွအပေတြရွိေနပါတယ္။

ပန္းေတြဟာ ရနံ႔လည္းေပးတယ္။အလွလည္းေပးတယ္။ပန္းေတြကို ျမင္ရေတြ႔ရသူေတြအေနနဲ႔ ၾကည္ႏူးႏွစ္သက္မႈကို ခံစားရပါလိမ့္မယ္။အျမတ္တႏိုးနဲ႔ တန္ဖိုးထားျခင္းလည္းခံရတယ္။

ဒီလိုပါပဲပန္းမဟုတ္တဲ့သစ္ရြက္ေတြက ေရာင္စုံအလွေတြနဲ႔ ရာသီအလိုက္ ေလာကႀကီးကိုအလွေတြ ဆင္ေနၾကျပန္ပါတယ္။ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ သစ္ပင္ေတြဟာ အဆင္တန္ဆာ အေရာင္အေသြးစုံစုံနဲ႔ က်ယ္က်ယ္ေျပာေျပာ ျပန္႔ျပန္႔ကားကား လွခ်င္တိုင္းလွေနၾကတာဟာ သဘာဝကေပးတဲ့ အလွထူးေတြပါပဲ။

သူတို႔ဆီရဲ႕ေဆာင္းဦးရာသီမွာလို႔ထင္ပါရဲ႕။ေမဘယ္ပင္ေတြ၊ဝက္သစ္ခ်ပင္ေတြနဲ႔အတူ အျခားကိုယ္မသိေသးတဲ့ အပင္ေတြဟာ ရြက္ေဟာင္းေျခြစြန္႔ကာနီး အစြမ္းကုန္လွျပၾကတာလားမသိပါဘူး။ဒီအပင္ေတြရဲ႕ ေတာဂႏိုင္ ၿမိဳင္အဆုံး အပင္မွာလည္းေဝလို႔၊ပင္ေျခမွာလည္းေၾကြလို႔ လွခ်င္တိုင္းလွေနတာကို ျမင္ရတိုင္း ရင္ထဲမွာႏွစ္သက္ၾကည္ႏူးမိတယ္။

ေအးျမတဲ့ သူတို႔ႏိုင္ငံရဲ႕ရာသီမွာ အဲဒီအပင္ေတြဟာ သူတို႔ျဖစ္တည္ရာနယ္ေျမကို အလွေတြဆင္ၾကတယ္လို႔ ကၽြန္ေတာ္ရင္မွာခံစားရတယ္။

ဒီလိုပါပဲ ပူျပင္းေျခာက္ေသြ႔တဲ့ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာလည္း သစ္ရြက္ေတြက ပန္းပမာ ေလာကကို အလွဆင္ၾကတာ သတိထားမိသူတို႔ ရွိေကာင္းရွိပါလိမ့္မယ္။အနီးစပ္ဆုံးကေတာ့ ဗာဒံပင္ေတြပါပဲ။

ကၽြန္ေတာ္ကေတာ့ ဗာဒံပင္ေတြရဲ႕ ေလာကကိုယ္အလွဆင္တာကို ျမင္မိသလို တရားသေဘာေတြကိုလည္း ေတြ႔ရွိခံစားမိပါရဲ႕လို႔ေျပာခ်င္ပါတယ္။

ဗာဒံပင္ေတြဟာ ရြက္ေၾကြေတြစြန္႔ၾကေတာ့မယ္ဆိုရင္ အရြက္ေတြဟာ စိမ္းေနရာကေန အျဖည္းျဖည္း အေရာင္အမ်ိဳးမ်ိဳးေျပာင္းလာၾကတာကိုေတြ႔ရပါလိမ့္မယ္။သူတို႔အေရာင္ေျပာင္းပုံက အစြမ္းကုန္လွပၿပီး ေနာက္လာမဲ့ ရြက္ႏုသစ္ေတြအတြက္ ေက်ေက်နပ္နပ္ႀကီး သူတို႔အပင္ကို စြန္႔ခြာၾကသလိုပါပဲ။

စိမ္းရာကေနနီ၊နီရာကေနညိဳ။တစ္ခ်ိဳ႕က အဝါလိုလို၊အနီလိုလို၊လိေမၼာ္ေရာင္လိုလို ေရာစပ္အေရာင္ေတြနဲ႔ေပါ့။ လမ္းတစ္ေလွ်ာက္မွာ စိုက္ထားတဲ့ ဒီအပင္ေတြက တစ္ၿပိဳင္တည္းအရြက္ေတြေျပာင္းၾကရင္ ပန္ေတာႀကီးေတြမွာ ပန္းေတြအစြမ္းကုန္ပြင့္အာေနၾကတဲ့အတိုင္းပါပဲ။

တခ်ိဳ႕အပင္ေတြမွာ ေၾကြတဲ့အကိုင္းက အရင္ေၾကြၿပီး ပုရစ္ညြန္႔သစ္ ရြက္ႏုသစ္ေလးေတြက အားမာန္အျပည့္နဲ႔ ေပၚလာၿပီ။ ေနာက္ဆုံးအခ်ိန္မွာ လွခ်င္တိုင္းလွေနတဲ့ သစ္ရြက္အိုႀကီးေတြကလည္း ေျမျပင္ေရာ ေဝဟင္မွာပါ ေလာကကိုအလွဆင္လို႔ေပါ့။

အသိစိတ္မရွိတဲ့ ဒီအပင္ေတြဟာ သူ႕ရာသီေရာက္လာရင္ လူေတြထက္ေတာင္သိၾကပါလား။ ေလာကကို အေကာင္းဆုံး အလွဆင္ေပးၾကပါလားလို႔ခံစားမိတယ္။

ရာသီသိတဲ့သစ္ပင္ေတြလိုပဲ ကၽြန္ေတာ္တို႔လူေတြလည္း အရြယ္သုံးပါးစလုံး ေလာကႀကီးကို သစ္ပင္ေတြပမာ အလွဆင္ႏိုင္ၾကပါေစဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service