အိမ်မှာထုတ်ထား စည်းကမ်းကောင်းလေးများ.....

အိမ်မှာထုတ်ထား စည်းကမ်းကောင်းလေးများ..... - Property Knowledge in Myanmar from iMyanmarHouse.com
26 Aug 2022 1:53 pm တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

သင်ဟာ မိဘတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်သားလေး၊ သမီးလေးတွေကို အကောင်းဆုံးပြုစု ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်မှာပါပဲ။ အထူးသဖြင့် အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်အိမ်မှာရှိတဲ့သူတွေ အထူးသဖြင့် ကလေးတွေရဲ့ အပြုအမူအပေါ်မှာ မျှော်လင့်ထားတာမျိုး ရှိမှာပါ။

အိမ်တွင်းစည်းကမ်းထုတ်လိုက်ခြင်းကြောင့် သင့်ကလေးအတွက်ရော၊ သင့်အတွက်ပါ ပိုအဆင်ပြေသွားစေနိုင်ပါတယ်။ စည်းကမ်းများ သတ်မှတ်လိုက်ခြင်းကြောင့် သင့်ကလေးအနေနဲ့ အန္တရာယ်ကင်း လုံခြုံသွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ အိမ်တွင်းစည်းကမ်းထုတ်ခြင်းဖြင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ပါတယ်။

အိမ်တွင်းစည်းကမ်းမထုတ်ခင် ဒါတွေကိုတော့ အရင်စဉ်းစားပါ။

စည်းကမ်းတွေအကုန်လုံးကို အိမ်သားအကုန်လုံးက လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ည(၉)နာရီ အိမ်ရာဝင်ရမည်လို့ စည်းကမ်းထုတ်ထားပါက သင်ကိုယ်တိုင်လည်း (၉)နာရီအိပ်ပါ။ သင်ကိုယ်တိုင် မလိုက်နာနိုင်ရင်တော့ အဲ့ဒီအချက်ကို မထည့်သွင်းပါနဲ့။ တစ်အိမ်နဲ့တစ်အိမ်တော့ စည်းကမ်းတွေက တူမှာမဟုတ်ပါဘူး။

ရှုပ်ထွေးပြီး နားမလည်နိုင်တဲ့ စည်းကမ်းများကို မထုတ်ပါနဲ့။ ရိုးရှင်းပြီး နားလည်ရလွယ်ကူ တဲ့ အချက်များကိုသာ ထည့်သွင်းရေးသားပါ။ အောက်ပါအချက်များကတော့ အိမ်တွင်းစည်းကမ်း နမူနာအချို့ပါ။

(၁) အခန်းထဲမဝင်လာခင် ဦးစွာပထမ တံခါးခေါက်ပြီး ခွင့်တောင်းပါ။

အတွင်းရေးကိစ္စများ၊ ကိုယ်ရေးကိုယ်တာကိစ္စများအပေါ် အလေးထားတတ်ခြင်း (Privacy)ကို သင်ကြားပေးပါ။ မဝင်ခင် အခန်းတံခါး အရင်ခေါက်ရမယ်ဆိုတဲ့ စည်းကမ်းကို ထုတ်ခြင်းအားဖြင့် သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလေးထားတတ်သွားစေရန် သွယ်ဝိုက်ပြီး သတိပေးလိုက်သလိုပါပဲ။

(၂) ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အစအနမကျန်အောင် ကောက်သိမ်းပါ။

ထမင်းစားပြီးရင် ကိုယ်စားထားတဲ့ ပန်းကန်ကို ကိုယ်ကိုယ်တိုင် ပြန်ဆေးကြောသန့်ရှင်းပါ။ ကစားစရာအရုပ်လေးများကို ဆော့ကစားပြီးရင်လည်း ကိုယ်တိုင်ပြန်လည် သိမ်းဆည်းတတ်တဲ့ အကျင့်ကို မွေးမြူပေးပါ။ ဒီစည်းမျဉ်းဟာ အိမ်တွင်းသပ်ရပ်သန့်ရှင်းစွာ နေတတ်စေရန်နဲ့ အိမ်အတွက် လုံခြုံစိတ်ချရစေရန် ဖြစ်ပါတယ်။ မိဘကို မမှီခိုတော့ဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်လာတဲ့ အလေ့အကျင့်ကောင်းကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

(၃) လျှပ်စစ်ပစ္စည်းသုံးစွဲချိန်ကို ကန့်သတ်လိုက်ပါ။

မိသားစုတော်တော်များများမှာ ဒီလိုစည်းကမ်းကို လိုက်နာကျင့်သုံးနေကြပါပြီ။ တချို့မိသားစု တွေမှာဆိုရင်တော့ တစ်နေ့မှာ ဖုန်း၊ ကွန်ပြူတာ၊ ဂိမ်း စတာတွေကို ဘယ်နှနာရီပဲပြုလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားကြပါတယ်။ ဘယ်လိုအချိန်မှာတော့ ဖုန်းမကြည့်ရဘူး၊ ကွန်ပျူတာမနှိပ်ရဘူး စသဖြင့်ပါ။ ထမင်းလက်ဆုံစားချိန်တွေမှာ ဖုန်းကိုလုံးဝမကိုင်ပါနဲ့။ မအိပ်စက်ခင်မှာလည်း ဖုန်းမကြည့်မိပါစေနဲ့။ အိပ်ချိန်မတိုင်ခင် ဖုန်းမကိုင်ခြင်းဟာ ကလေးတွေရော မိဘတွေအတွက် အလွန်ကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စောစောအိပ်စက်သွားနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေ နိုင်မှာပါ။

(၄) တစ်ဦးတစ်ယောက်ကို နာကျင်အောင်လုပ်မိပါက တာဝန်ပြန်ယူခိုင်းပါ။

ကလေးအချင်းချင်း ဆော့ကစားကြတဲ့အခါ အမှတ်မထင် ထိမိခိုက်မိအောင် ပြုလုပ်မိလိုက်တာမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာတော့ အမှားကျူးလွန်သူကို ပြန်လည်တောင်းပန်ခိုင်းသင့်ပါတယ်။ တချို့သော အခြေအနေတွေမှာ လျော်ကြေးအနေနဲ့ ပေးဆပ်ခိုင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ဥပမာ မုန့်ဖိုးလျှော့ပေးလိုက်တာမျိုးပါ။ ဒီလိုအချက်ကြောင့် ကလေးဟာ မိမိအမှားအတွက် အပြည့်အဝ တာဝန်ယူတတ်သူ တစ်ယောက်အဖြစ် ကြီးပြင်းလာမှာပါ။

(၅) အမှန်တရားကိုသာ ပြောဆိုခိုင်းပါ။ လိမ်မပြောရဘူးဆိုတဲ့အချက်ကို ထုတ်ဖြစ်အောင် ထုတ်ပါ။

ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးကို လိမ်မပြောမိပါစေနဲ့။ သင်ကိုယ်တိုင်စံပြ ပုဂ္ဂိုလ် ဖြစ်အောင်နေပါ။ သင်ဟာ ကလေးအတွက် လက်ဦးဆရာပါ။ သင့်ကလေးကိုလည်း လိမ်မပြောတတ်အောင် သင်ကြားထားပါ။ အခန့်မသင့်ဘဲ ကလေးလိမ်ပြောတာကို မိသွားခဲ့ရင်လည်း စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်တည့်မတ်ပေးပါ။

ဒီစည်းမျဉ်းစည်းကမ်းဟာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံကျလှတဲ့ အချက်ပါပဲ။

(၆) တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ခံတွင်းသန့်ရှင်းမှုကို မပျက်မကွက် ပြုလုပ်ခိုင်းပါ။

လက်ကို ပုံစံစနစ်တကျဆေးကြောခြင်း၊ သွားတိုက်ခြင်း (မနက်တစ်ခါ၊ ညတစ်ခါ) ရေချိုးခြင်း စတာတွေဟာ ကျန်းမာရေးကောင်းဖို့ အတွက် အခြေခံကျတဲ့ အချက်တွေပါပဲ။ အကျင့်ကောင်းတွေ ကို မွေးမြူပေးပါ။ သင်ကိုယ်တိုင်လည်း မပျက်မကွက် ပြုလုပ်ပေးပါ။

(၇) မိသားစုအစည်းအဝေးတွေ့ဆုံပွဲကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး မဖြစ်မနေ တက်ရောက် ခိုင်းပါ။

မိသားစု စုံစုံလင်လင်တွေ့ဆုံမှုလေးကို တစ်ပတ်တစ်ခါတော့ အနည်းဆုံးအချိန်ပေးပြီး ပြုလုပ် ပေးပါ။ အစည်းအဝေးမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုအပ်သလို ညှိနှိုင်းပြီး အလျှော့အတင်း ပြုလုပ် နိုင်ပါတယ်။ မိမိသဘောကျတဲ့ အချက်၊ မကျတဲ့အချက်တွေကိုလည်း ထုတ်ဖော်ပြောကြားနိုင်သလို အနာဂတ် အစီအစဉ်တွေကိုလည်း အပြန်အလှန် ပြောကြားနိုင်ပါတယ်။ တစ်ပတ်တစ်ခါ မပြုလုပ်နိုင်လည်း တစ်လတစ်ခါတော့ ပြုလုပ်သင့်ပါတယ်နော်။

(၈) မိသားစုဝင်အချင်းချင်း အပြန်အလှန်လေးစားမှုရှိပါစေ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာ ချက်တွေကိုလည်း လေးစားသမှုရှိပါ။

မောင်နှမအချင်းချင်း စိတ်ခံစားမှုကို မနောက်ပြောင်ပါစေနဲ့ (အော်ဟစ်တာမျိုး၊ ရုပ်ရည်သွင်ပြင်ကို လှောင်ရယ်တာမျိုး၊ နှိမ့်ချဆက်ဆံတာမျိုး၊ မကြိုက်တဲ့နာမည်ပြောင် ခေါ်တာမျိုးတွေကို လုံးဝ (လုံးဝ) ပေးမလုပ်ပါနဲ့)။ မနာကျင်ပါစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် မရိုက်ပါနဲ့။ ကစားနေရင်းပဲဖြစ်ဖြစ် မတွန်းပါနဲ့။ မကန်ပါစေနဲ့။

မွေးချင်းဖြစ်နေပါစေ၊ တစ်ယောက်ယောက်ရဲ့ ပစ္စည်းကိုယူတော့မယ်ဆိုရင် ခွင့်ပြုချက် တောင်းခံခိုင်းပါ။

အပြစ်ပြုလုပ်ခဲ့ရင် ပညာသားပါပါ ချက်ချင်း အပြစ်ပေးပါ။ အငယ်ဆုံးမို့ သက်ညှာအလို လိုက်တာမျိုး မလုပ်ပါနဲ့။

ဒီလိုလုပ်ခြင်းအားဖြင့် အနာဂတ်မှာ သင့်ကလေးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်နေမှာပါ။ မိမိအိမ်မှာလည်း စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ရင်း သင့်ကလေးကို အနာဂတ်လှလှ ပိုင်ဆိုင် လိုက်ပါစေနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon (ဒေါက်တာမှူးခင်)

 

[Zawgyi]

အိမ္မွာထုတ္ထား စည္းကမ္းေကာင္းေလးမ်ား.....

 

သင္ဟာ မိဘတစ္ေယာက္ျဖစ္ေနၿပီဆိုရင္ သင့္သားေလး၊ သမီးေလးေတြကို အေကာင္းဆုံးျပဳစု ပ်ိဳးေထာင္ဖို႔ လိုအပ္ပါတယ္။ အေကာင္းဆုံးလည္း ျဖစ္ေစခ်င္မွာပါပဲ။ အထူးသျဖင့္ အိမ္႐ွင္မ တစ္ေယာက္ ျဖစ္ေနၿပီဆိုရင္ေတာ့ သင့္အိမ္မွာ႐ွိတဲ့သူေတြ အထူးသျဖင့္ ကေလးေတြရဲ႕ အျပဳအမူအေပၚမွာ ေမွ်ာ္လင့္ထားတာမ်ိဳး ႐ွိမွာပါ။

အိမ္တြင္းစည္းကမ္းထုတ္လိုက္ျခင္းေၾကာင့္ သင့္ကေလးအတြက္ေရာ၊ သင့္အတြက္ပါ ပိုအဆင္ေျပသြားေစႏိုင္ပါတယ္။ စည္းကမ္းမ်ား သတ္မွတ္လိုက္ျခင္းေၾကာင့္ သင့္ကေလးအေနနဲ႔ အႏၲရာယ္ကင္း လုံျခဳံသြားပါလိမ့္မယ္။ ဒါတင္မကေသးပါဘူး။ အိမ္တြင္းစည္းကမ္းထုတ္ျခင္းျဖင့္ သင့္ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ ေကာင္းမြန္စြာ ဖြံ႕ၿဖိဳးလာႏိုင္ပါတယ္။

အိမ္တြင္းစည္းကမ္းမထုတ္ခင္ ဒါေတြကိုေတာ့ အရင္စဥ္းစားပါ။

စည္းကမ္းေတြအကုန္လုံးကို အိမ္သားအကုန္လုံးက လိုက္နာဖို႔ လိုအပ္ပါလိမ့္မယ္။ ဥပမာ ည(၉)နာရီ အိမ္ရာဝင္ရမည္လို႔ စည္းကမ္းထုတ္ထားပါက သင္ကိုယ္တိုင္လည္း (၉)နာရီအိပ္ပါ။ သင္ကိုယ္တိုင္ မလိုက္နာႏိုင္ရင္ေတာ့ အဲ့ဒီအခ်က္ကို မထည့္သြင္းပါနဲ႔။ တစ္အိမ္နဲ႔တစ္အိမ္ေတာ့ စည္းကမ္းေတြက တူမွာမဟုတ္ပါဘူး။

႐ႈပ္ေထြးၿပီး နားမလည္ႏိုင္တဲ့ စည္းကမ္းမ်ားကို မထုတ္ပါနဲ႔။ ႐ိုး႐ွင္းၿပီး နားလည္ရလြယ္ကူ တဲ့ အခ်က္မ်ားကိုသာ ထည့္သြင္းေရးသားပါ။ ေအာက္ပါအခ်က္မ်ားကေတာ့ အိမ္တြင္းစည္းကမ္း နမူနာအခ်ိဳ႕ပါ။

(၁) အခန္းထဲမဝင္လာခင္ ဦးစြာပထမ တံခါးေခါက္ၿပီး ခြင့္ေတာင္းပါ။

အတြင္းေရးကိစၥမ်ား၊ ကိုယ္ေရးကိုယ္တာကိစၥမ်ားအေပၚ အေလးထားတတ္ျခင္း (Privacy)ကို သင္ၾကားေပးပါ။ မဝင္ခင္ အခန္းတံခါး အရင္ေခါက္ရမယ္ဆိုတဲ့ စည္းကမ္းကို ထုတ္ျခင္းအားျဖင့္ သူတစ္ပါးရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြကို အေလးထားတတ္သြားေစရန္ သြယ္ဝိုက္ၿပီး သတိေပးလိုက္သလိုပါပဲ။

(၂) ကိုယ္လုပ္ခဲ့တဲ့အရာေတြကို အစအနမက်န္ေအာင္ ေကာက္သိမ္းပါ။

ထမင္းစားၿပီးရင္ ကိုယ္စားထားတဲ့ ပန္းကန္ကို ကိုယ္ကိုယ္တိုင္ ျပန္ေဆးေၾကာသန္႔႐ွင္းပါ။ ကစားစရာအ႐ုပ္ေလးမ်ားကို ေဆာ့ကစားၿပီးရင္လည္း ကိုယ္တိုင္ျပန္လည္ သိမ္းဆည္းတတ္တဲ့ အက်င့္ကို ေမြးျမဴေပးပါ။ ဒီစည္းမ်ဥ္းဟာ အိမ္တြင္းသပ္ရပ္သန္႔႐ွင္းစြာ ေနတတ္ေစရန္နဲ႔ အိမ္အတြက္ လုံျခဳံစိတ္ခ်ရေစရန္ ျဖစ္ပါတယ္။ မိဘကို မမွီခိုေတာ့ဘဲ မိမိေျခေထာက္ေပၚ မိမိရပ္တည္ႏိုင္လာတဲ့ အေလ့အက်င့္ေကာင္းကိုလည္း ရ႐ွိႏိုင္မွာျဖစ္ပါတယ္။

(၃) လွ်ပ္စစ္ပစၥည္းသုံးစြဲခ်ိန္ကို ကန္႔သတ္လိုက္ပါ။

မိသားစုေတာ္ေတာ္မ်ားမ်ားမွာ ဒီလိုစည္းကမ္းကို လိုက္နာက်င့္သုံးေနၾကပါၿပီ။ တခ်ိဳ႕မိသားစု ေတြမွာဆိုရင္ေတာ့ တစ္ေန႔မွာ ဖုန္း၊ ကြန္ျပဴတာ၊ ဂိမ္း စတာေတြကို ဘယ္ႏွနာရီပဲျပဳလုပ္ရမယ္ဆိုၿပီး ကန္႔သတ္ထားၾကပါတယ္။ ဘယ္လိုအခ်ိန္မွာေတာ့ ဖုန္းမၾကည့္ရဘူး၊ ကြန္ပ်ဴတာမႏွိပ္ရဘူး စသျဖင့္ပါ။ ထမင္းလက္ဆုံစားခ်ိန္ေတြမွာ ဖုန္းကိုလုံးဝမကိုင္ပါနဲ႔။ မအိပ္စက္ခင္မွာလည္း ဖုန္းမၾကည့္မိပါေစနဲ႔။ အိပ္ခ်ိန္မတိုင္ခင္ ဖုန္းမကိုင္ျခင္းဟာ ကေလးေတြေရာ မိဘေတြအတြက္ အလြန္ေကာင္းပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္စြာ ေစာေစာအိပ္စက္သြားႏိုင္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္ေပ်ာ္ေစ ႏိုင္မွာပါ။

(၄) တစ္ဦးတစ္ေယာက္ကို နာက်င္ေအာင္လုပ္မိပါက တာဝန္ျပန္ယူခိုင္းပါ။

ကေလးအခ်င္းခ်င္း ေဆာ့ကစားၾကတဲ့အခါ အမွတ္မထင္ ထိမိခိုက္မိေအာင္ ျပဳလုပ္မိလိုက္တာမ်ိဳး ႐ွိတတ္ပါတယ္။ ဒီအခါမွာေတာ့ အမွားက်ဴးလြန္သူကို ျပန္လည္ေတာင္းပန္ခိုင္းသင့္ပါတယ္။ တခ်ိဳ႕ေသာ အေျခအေနေတြမွာ ေလ်ာ္ေၾကးအေနနဲ႔ ေပးဆပ္ခိုင္းတာမ်ိဳး ျပဳလုပ္သင့္ပါတယ္။ ဥပမာ မုန္႔ဖိုးေလွ်ာ့ေပးလိုက္တာမ်ိဳးပါ။ ဒီလိုအခ်က္ေၾကာင့္ ကေလးဟာ မိမိအမွားအတြက္ အျပည့္အဝ တာဝန္ယူတတ္သူ တစ္ေယာက္အျဖစ္ ႀကီးျပင္းလာမွာပါ။

(၅) အမွန္တရားကိုသာ ေျပာဆိုခိုင္းပါ။ လိမ္မေျပာရဘူးဆိုတဲ့အခ်က္ကို ထုတ္ျဖစ္ေအာင္ ထုတ္ပါ။

ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ကေလးကို လိမ္မေျပာမိပါေစနဲ႔။ သင္ကိုယ္တိုင္စံျပ ပုဂၢိဳလ္ ျဖစ္ေအာင္ေနပါ။ သင္ဟာ ကေလးအတြက္ လက္ဦးဆရာပါ။ သင့္ကေလးကိုလည္း လိမ္မေျပာတတ္ေအာင္ သင္ၾကားထားပါ။ အခန္႔မသင့္ဘဲ ကေလးလိမ္ေျပာတာကို မိသြားခဲ့ရင္လည္း စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္လည္တည့္မတ္ေပးပါ။

ဒီစည္းမ်ဥ္းစည္းကမ္းဟာ ႐ိုးသားတဲ့လူတစ္ေယာက္ျဖစ္ဖို႔ အေျခခံက်လွတဲ့ အခ်က္ပါပဲ။

(၆) တစ္ကိုယ္ေရသန္႔႐ွင္းမႈနဲ႔ ခံတြင္းသန္႔႐ွင္းမႈကို မပ်က္မကြက္ ျပဳလုပ္ခိုင္းပါ။

လက္ကို ပုံစံစနစ္တက်ေဆးေၾကာျခင္း၊ သြားတိုက္ျခင္း (မနက္တစ္ခါ၊ ညတစ္ခါ) ေရခ်ိဳးျခင္း စတာေတြဟာ က်န္းမာေရးေကာင္းဖို႔ အတြက္ အေျခခံက်တဲ့ အခ်က္ေတြပါပဲ။ အက်င့္ေကာင္းေတြ ကို ေမြးျမဴေပးပါ။ သင္ကိုယ္တိုင္လည္း မပ်က္မကြက္ ျပဳလုပ္ေပးပါ။

(၇) မိသားစုအစည္းအေဝးေတြ႕ဆုံပြဲကို တစ္ပတ္တစ္ႀကိမ္ အနည္းဆုံး မျဖစ္မေန တက္ေရာက္ ခိုင္းပါ။

မိသားစု စုံစုံလင္လင္ေတြ႕ဆုံမႈေလးကို တစ္ပတ္တစ္ခါေတာ့ အနည္းဆုံးအခ်ိန္ေပးၿပီး ျပဳလုပ္ ေပးပါ။ အစည္းအေဝးမွာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုအပ္သလို ညႇိႏိႈင္းၿပီး အေလွ်ာ့အတင္း ျပဳလုပ္ ႏိုင္ပါတယ္။ မိမိသေဘာက်တဲ့ အခ်က္၊ မက်တဲ့အခ်က္ေတြကိုလည္း ထုတ္ေဖာ္ေျပာၾကားႏိုင္သလို အနာဂတ္ အစီအစဥ္ေတြကိုလည္း အျပန္အလွန္ ေျပာၾကားႏိုင္ပါတယ္။ တစ္ပတ္တစ္ခါ မျပဳလုပ္ႏိုင္လည္း တစ္လတစ္ခါေတာ့ ျပဳလုပ္သင့္ပါတယ္ေနာ္။

(၈) မိသားစုဝင္အခ်င္းခ်င္း အျပန္အလွန္ေလးစားမႈ႐ွိပါေစ။ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ အားသာ ခ်က္ေတြကိုလည္း ေလးစားသမႈ႐ွိပါ။

ေမာင္ႏွမအခ်င္းခ်င္း စိတ္ခံစားမႈကို မေနာက္ေျပာင္ပါေစနဲ႔ (ေအာ္ဟစ္တာမ်ိဳး၊ ႐ုပ္ရည္သြင္ျပင္ကို ေလွာင္ရယ္တာမ်ိဳး၊ ႏွိမ့္ခ်ဆက္ဆံတာမ်ိဳး၊ မႀကိဳက္တဲ့နာမည္ေျပာင္ ေခၚတာမ်ိဳးေတြကို လုံးဝ (လုံးဝ) ေပးမလုပ္ပါနဲ႔)။ မနာက်င္ပါေစနဲ႔။ တစ္ေယာက္နဲ႔တစ္ေယာက္ မ႐ိုက္ပါနဲ႔။ ကစားေနရင္းပဲျဖစ္ျဖစ္ မတြန္းပါနဲ႔။ မကန္ပါေစနဲ႔။

ေမြးခ်င္းျဖစ္ေနပါေစ၊ တစ္ေယာက္ေယာက္ရဲ႕ ပစၥည္းကိုယူေတာ့မယ္ဆိုရင္ ခြင့္ျပဳခ်က္ ေတာင္းခံခိုင္းပါ။

အျပစ္ျပဳလုပ္ခဲ့ရင္ ပညာသားပါပါ ခ်က္ခ်င္း အျပစ္ေပးပါ။ အငယ္ဆုံးမို႔ သက္ညႇာအလို လိုက္တာမ်ိဳး မလုပ္ပါနဲ႔။

ဒီလိုလုပ္ျခင္းအားျဖင့္ အနာဂတ္မွာ သင့္ကေလးရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ မွန္ကန္ေနမွာပါ။ မိမိအိမ္မွာလည္း စည္းမ်ဥ္းစည္းကမ္းေလးေတြ ခ်မွတ္ရင္း သင့္ကေလးကို အနာဂတ္လွလွ ပိုင္ဆိုင္ လိုက္ပါေစေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon (ေဒါက္တာမႉးခင္)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
Ponnami Estate
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service