ကျန်းမာရေးအတွက် ဘယ်ဘက်စောင်းအိပ်ပါ။

ကျန်းမာရေးအတွက် ဘယ်ဘက်စောင်းအိပ်ပါ။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2022 12:48 pm တွင် တင်ခဲ့သည်
1730 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိပ်ရာဝင်တဲ့အခါမှာ သင်က ပက်လက်အိပ်တတ်သူလား။ ဘေးစောင်းအိပ် တတ်သူလား။ မှောက်ရက်အိပ်တတ် သူလား။ လေ့လာမှုတွေအရ ကျန်းမာရေး ကောင်းမွန်ဖို့ ဘယ်ဘက် စောင်းအိပ်တာက အကောင်းဆုံးလို့ သိရပါတယ်။

ဘယ်ဘက်စောင်းအိပ်တာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အစာခြေစနစ်ကောင်းမွန်နိုင်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာကြောင့် အူမကြီးက အစာဟောင်းတွေ စအိုကို ရွေ့လျားဖို့ဘလွယ်ကူသွားတဲ့ အတွက် မနက်အိပ်ရာထခါစမှာ ဝမ်းသွားချင်စိတ် ဖြစ်ပေါ်နိုင်ပါတယ်။ အစာအိမ်နဲ့ မုန့်ချိုအိတ်တွေက ကမ္ဘာ့ဆွဲငင်အားနဲ့နီးရာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိတဲ့အတွက် အစာခြေရည်နဲ့ အင်ဇိုင်းတွေထွက်ရှိဖို့ လွယ်ကူတာကြောင့် အစာကြေလွယ် နိုင်ပါတယ်။

အဆိပ်အတောက်စွန့်ပစ်စနစ်ကောင်းမွန်နိုင်ခြင်း။

အဆိပ်အတောက်တွေကို စွန့်ပစ်တဲ့ ပြန်ရည်ကြောစနစ်ကလည်း ကိုယ်ရဲ့ဘယ်ဘက်ခြမ်း မှာရှိတာကြောင့် ဘယ်ဘက်စောင်းအိပ်တာက သူတို့ရဲ့ လုပ်ငန်းစဉ်ကို ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာက နှလုံးအပေါ် ဖိအားသက်ရောက်မှု နည်းနိုင် ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။

ရင်ပူဝေဒနာသက်သာနိုင်ခြင်း။

ဘယ်ဘက်စောင်းအိပ်တဲ့ အခါမှာအစာအိမ်က အက်စစ်တွေက အစာမျိုပြွန်ကို ဆန်တက်ဖို့ ခက်ခဲနိုင်တဲ့ အတွက် ရင်ပူဝေဒနာ မဖြစ်နိုင်တော့ပါ။

ခါးနောက်ကျောနာကျင်မှုသက်သာနိုင်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာက ခါးနောက်ကျောရိုးပေါ် ဖိအားသက်ရောက်မှု လျော့နည်းနိုင်တာကြောင့် ခါးနာဝေဒနာ သက်သာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်သင့်လျော်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာကြောင့် သန္ဓေသားကိုလံယ်ထားရတဲ့ သားအိမ်က အသည်းကို ဖိအား မပေးနိုင်တော့ပါဘူး။ သားအိမ်၊ကျောက်ကပ်နဲ့ သန္ဓေသားဆီလည်း သွေးပိုမို ရောက်ရှိ နိုင်ပါတယ်။

နှလုံးရောဂါ၊မျက်စိရေတိမ်ရှိသူ၊အသက်ရှုမဝလို့လန့်နိုးတတ်သူနဲ့လက်ကောက်ဝတ်နာကျင်တဲ့လက္ခဏာစု ရှိသူတွေကတော့ မိမိသဘောနဲ့မိမိဘယ်ဘက်စောင်းမအိပ်သင့်ပါဘူး။

ပခုံးနာကျင်နေရင်

ခြေထောက်ကွေးကာ မနာကျင်တဲ့ဘက်ကိုစောင်းပြီးအိပ်ပါ။

ခေါင်းကိုက်တတ်ရင်

သင့်ခေါင်းကို ခေါင်းအုံးနှစ်ဖက်နဲ့ ညှပ်ပြီး ပက်လက်အိပ်ပါ။

နှာခေါင်းပြဿနာရှိရင်

ခေါင်းအုံးမြင့် မြင့် နဲ့ပက်လက်အိပ်ပါ။

သွေးတိုးရောဂါရှိရင်

မှောက်လျက်အိပ်ပါ။

ဓမ္မတာလာစဉ်ကိုက်ခဲနေရင် ဒူးခေါင်းအောက် ခေါင်းအုံးခံပြီး ပက်လက်အိပ်ပါ။

ဇက်ကြောတက်တတ်ရင် မျက်နှာသုတ်ပုဝါကိုလိပ်ပြီး လည်ပင်းအောက်ထားကာ ပက်လက်အိပ်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာခင်မိုးမိုး

[Zawgyi]

















ပခုံးနာကျင်နေရင်


ခေါင်းကိုက်တတ်ရင်




သွေးတိုးရောဂါရှိရင်

မှောက်လျက်အိပ်ပါ။







နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service