ငရုတ်ကောင်းနဲ့ နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး

ငရုတ်ကောင်းနဲ့ နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2022 11:42 am တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဟင်းချက်တဲ့အခါ ဆီပူလာရင် နနွင်းမှုန့်လေးထည့်ပြီး ဆီသတ်လို့ ဟင်းအိုးချခါနီးရင် မွှေးမွှေးလေးဖြစ်နေစေဖို့ဆိုပြီး ငရုတ်ကောင်းမှုန့်လေး ထည့်ချက်တတ်တဲ့ အိမ်ရှင်မလေးတွေရှိလား။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်ရော သင့်မိသားစုကပါ အနံ့အရသာပြည့်စုံတဲ့ဟင်းတွေကိုစားရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုရနေပါတယ်နော်။

ငရုတ်ကောင်းနဲ့နနွင်းအတွဲအစပ်ကပေးတဲ့ ကျန်းမာရေး

ဒီဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးက တစ်မျိုးချင်းအလိုက်လည်း ကျန်းမာရေး အာနိသင်တွေပေးသလို နှစ်မျိုးတွဲစပ်လိုက်တဲ့အခါမှာလည်း တစ်ခုနဲ့တစ်ခုဖေးမပေးရင်း ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသတဲ့။ ဒီအတွဲအစပ်ကပေးတဲ့ ကျန်းမာရေးတွေကဘာများလဲ သိချင်ရင် တူတူဆက်ကြည့်လိုက်ရအောင်နော်။

နာကျင်မှုကိုသက်သာစေနိုင်ပါတယ်

နနွင်းက ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ဟိုးအရင်ကတည်းက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်စေဖို့ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့နဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း အိမ်းတွင်းဆေးတစ်လက်ပေါ့။

ဒီလိုအာနိသင်များတဲ့ နနွင်းကို ငရုတ်ကောင်းနဲ့တွဲဖက်လိုက်တဲ့အခါ နာတာရှည်နာကျင်မှုတွေကိုပါ သက်သာအောင်လုပ်ဆောင်ပေးပါတော့တယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ကနာကျင်မှုကိုသက်သာစေပြီး အာရုံ​ကြောနာကျင်မှုတွေကိုရော ခန္ဓာကိုယ်ကြွက်သားနဲ့အရိုးတွေမှာဖြစ်နေတဲ့ နာကျင်မှုတွေကိုပါ သိသိသာသာသက်သာစေပါတော့တယ်။

အဝလွန်တာကို သက်သာစေနိုင်တယ်

ကိုယ်အလေးချိန်များနေလို့ ဝိတ်ချချင်နေပြီလား။ ဒါဆိုရင်တော့ နနွင်းနဲ့ ငရုတ်ကောင်းပါတဲ့ ဟင်းလေးတွေစားပေးပါ။ နနွင်းစစ်စစ်နဲ့ ငရုတ်ကောင်း၊ ချင်း တို့က ခန္ဓာကိုယ်က အဆီပိုတွေကို အကောင်းဆုံးဖျော်ချပေးနိုင်ပါတယ်။ မနက်ခင်းမှာ ဒီပစ္စည်း ၃ မျိုးကို ရေနွေးဆူဆူထဲထည့်ပြီး သောက်ပေးရင်ကို အဆီတွေပျော်ပြီး ကိုယ်အလေးချိန်ကို လျော့ကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ဆီးချိုရောဂါက ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးတစ်မျိုးပါ။ ဆီးချိုက သွေးကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နနွင်းနဲ့ငရုတ်ကောင်းမှာပါတဲ့ဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပြီး သွေးချိုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

နနွင်းနဲ့ငရုတ်ကောင်းက အဆစ်ရောင်တာလိုမျိုး အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုတွေဖြစ်နေရင် ဒီနှစ်မျိုးကိုရောပြီး အသုံးပြုပေးလို့ရပါတယ်။ အနှစ်ဖျော်ပြီးလိမ်းပေးလို့ရသလို ရေနွေးနဲ့ရောစပ်ပြီး သောက်ပေးလို့လည်းရပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

နနွင်းနဲ့ငရုတ်ကောင်းက ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ သွေးကင်ဆာ၊ အစာရေမျိုကင်ဆာ၊အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာဆဲလ်တွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီအတွဲအစပ်ကို ပုံမှန်စားသုံးပေးတာက ကင်ဆာကာကွယ်ရာလည်းရောက်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ရော ကုသတဲ့အနေနဲ့ပါ စားသုံးပေးသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]


 













ကင်ဆာကာကွယ်ပေးတယ်





Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service