ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အလုပ်ဆိုတာက ဖိအားမများရင် အလုပ်လုပ်ရတာ စိတ်လက်ပေါ့ပေါ့ပါးပါးဖြစ်တာပေါ့။ဖိအားများလာရင် စိတ်ရှုပ်ပြီး အလုပ်မှာမပျော်ရွှင်တော့ပါဘူး။လူတော်တော်များများဟာ ကိုယ်မလုပ်ချင်ဘဲလုပ်နေရတဲ့ အလုပ်တွေကို ဖိအားများများနဲ့ လုပ်နေကြရလို့ မပျော်ရွှင်ဘဲဖြစ်နေကြရတယ်။ပိုက်ဆံရနေလို့သာ ကြိတ်မှိတ်လုပ်နေရတာ တယ်ပြီးပျော်လှတယ်မရှိပါဘူး။
ကိုယ်ဝါသနာပါတဲ့အလုပ်တောင် တစ်ခါတစ်ခါ ထင်သလောက်မအောင်မြင်တဲ့အခါ မပျော်ရွှင်ဘူး ဖြစ်တတ်တယ်။ ဝါသနာပါတော့ သည်းခံနိုင်ကြတယ်။ပင်ပန်းတာကို စာမဖွဲ့တော့ဘူး။
ပိုက်ဆံရသော်လည်း မပျော်ရွှင်ဘဲလုပ်နေရတဲ့ အလုပ်တွေဟာ ကိုယ့်ရဲ့စိတ်နဲ့ရုပ်ကို အလွန်အလျှင်မြန်ကို အိုစာစေပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ ပိုက်ဆံရလို့ပဲလုပ်လုပ်၊ဝါသနာပါတဲ့အလုပ်ပဲလုပ်လုပ် အလုပ်လုပ်ရမဲ့အရွယ်မှာ ကျွန်တော်တို့ မဖြစ်မနေ အလုပ်လုပ်ကြရပါလိမ့်မယ်။အလုပ်ဆိုတာပျော်လို့လုပ်နေရတာက နဲနဲပါ။ရာခိုင်နှုန်း အတော်များများက မပျော်ဘဲ ပိုက်ဆံရလို့ လုပ်နေကြတာက များပါတယ်။
တချို့က ဒီပညာကိုသင်ထားရင် ပိုက်ဆံများများရနိုင်တယ်ဆိုပြီး ဝါသနာပါပါ မပါပါ လုပ်ကိုင်စားနိုင်အောင် သင်ထားကြတယ်။သင်ထားတော့အဲဒီပညာနဲ့ဆိုင်တဲ့ အလုပ်ကိုရှာဖွေလုပ်ကိုင်တယ်။ပျော်ခြင်းမပျော်ခြင်းက သူ့အတွက်အရေးမကြီးတော့ဘူး။ စားဝတ်နေရေး ပြေလည်ရင်ပြီးပြီ။ အကုသိုလ်မရှိပါဘူး။ သူတတ်တဲ့ပညာနဲ့ လုပ်စားတာပဲလေ။
ကုမ္ပဏီဝန်ထမ်းတွေကိုတော့ ချီးမွမ်းဖို့ကောင်းတယ်။သူတို့မှ လခနဲ့အချိန်ပိုကြေးသာရှိပြီး အခြားသော ငွေကြေးဆိုတာက မမျှော်မှန်းသာပေ။မျှော်မှန်းပြီးရှာကြံလျှင် အပြစ်ဖြစ်မှာပေါ့။
ဝန်ထမ်းအလုပ်မှာ မှန်ကန်စွာရတဲ့ အခွင့်အရေးထက် ပိုခွင့်မရှိ။ရှိခဲ့လျှင် ဘာညာပေါ့ဗျာ။စဉ်းစားကြည့်မိတယ်။ တစ်ခါတစ်ရံ ဝန်ထမ်းဖြစ်ပြီး ကားစီးတိုက်ဆောက်နဲ့ လူ့အဆောင်အယောက်တွေကို ဟီးနေအောင် သုံးနေကြတဲ့သူတွေကို တွေ့ရတယ်။အားလည်းကျမိတာပေါ့…သို့သော်။ထားပါလေသူ့ကုသိုလ်ကံပဲပေါ့။
ဝန်ထမ်းအလုပ်က ရာထူးအဆင့်အတန်းကောင်းပါမှာ စားဝတ်နေရေး အဆင်ပြေလောက်တဲ့ ဝင်ငွေရမှာပါ။ အောက်ခြေဝန်ထမ်းတွေက တစ်လလုံး အသုံးလောက်ဖို့ ရက်ပျက်မရှိရလေအောင် နေမကောင်းရင်တောင် ခွင့်ယူဖို့မကြိုးစားဘူး။မဖြစ်သာလွန်းမှသာ ရက်ပျက်ခံကြပါတယ်။
တကယ်တော့ ဝန်ထမ်းဆိုတာ အချိန်တွေကို ရောင်းစားနေကြရပြီး မချမ်းသာတဲ့သူတွေကိုခေါ်တာလို့ပဲ ပြောရမလိုပါဘဲ။
တဖြည်းဖြည်းနဲ့ အရွယ်တွေကရလာတယ်။အခြေအနေက မပြောင်းလဲသေးဘူး။တစ်လတစ်လ ချင့်ချိန်သုံးစွဲနေရပြီး ပူပန်စိတ်တွေနဲ့ ရက်တွေ၊လတွေ၊နှစ်တွေကို ဖြတ်သန်းနေရပါတယ်။
လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ဟာ ဝါသနာအရလည်းမဟုတ်ဘူး။အပြောင်းအလဲလည်း တစ်စုံတစ်ရာ မရှိတော့ဘူးဆိုရင် ဒီအလုပ်ကို စွန့်သင့်ကြပါပြီ။ကိုယ်ပိုင်အလုပ်တွေ ဖန်တီးသင့်ကြပါပြီ။
ဘဝမှာ တွေးတောပူပန်ပြီးစိုးရိမ်နေကြလို့ပါ။လက်ရှိအခြေအနေထက် ဆိုးသွားမလား ဆိုတဲ့စိတ်ကြောင့် မစွန့်ရဲကြေတော့ ဘဝကမပြောင်းလဲဘူးဖြစ်နေတာပါ။
လူတိုင်းစဉ်းစားကြည့်သင့်တယ်။စွဲမက် ဖက်တွယ်ထားတဲ့အရာတွေကို ကျွန်တော်တို့ မသိမသာရော၊ သိသိကြီးနဲ့ရော စွန်ခဲ့ကြပြီးပါပြီ။
တစ်သက်လုံး အတူနေရမယ်လို့ထင်ခဲ့တဲ့ မိဖတွေကိုရော၊ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေကိုရော ကျွန်တော်တို့ စွန်ခဲ့ပြီးပြီ။စွန်လည်း စွန့်ခဲ့ကြရဦးမှာပါ။ဒီလိုစွန်ခဲ့ ခွဲခွာခဲ့ပြီးပါမှာ ဘာကိုမစွန့်စားရဲဖြစ်နေကြတာလဲ။
ကိုယ်ပိုင်လုပ်ငန်းဆိုတာ ချက်ချင်းအောင်မြင်ချင်မှအောင်မြင်မယ်။သူတစ်ပါး ဝန်ထမ်းထက်တော့ မအောင်မြင်စရာ မရှိပါဘူး။အနှေးနဲ့အမြန် ဒါပဲကွာမှာပါ။
ကွမ်းယာရောင်းတဲ့သူ၊ရခိုင်မုန့်တီရောင်းတဲ့သူတွေတောင် ကိုယ်လုပ်တဲ့လုပ်ငန်းအပေါ် စွဲစွဲမြဲမြဲနဲ့ စေတနာထားလုပ်ကြတော့ အချိန်ကာလတစ်ခုရောက်လာတော့ ကိုယ်ပိုင်တိုက်တာအဆောက်အအုံတွေ ဝယ်နိုင်ပြီး ရွှေငွေရတနာတွေနဲ့ မိသားစုတင့်တောင်း တင့်တယ်နေနိုင်ကြတာကို တွေ့ရပါတယ်။
ဒါဟာ စွန့်သင့်လို့ စွန့်ခဲ့ပြီး စွန့်စားခြင်းရဲ့ရလဒ်တွေပါပဲ။လောကီအကျိုးစီးပွားတွေကိုတောင် စွန့်သင့်တာကိုစွန့်မှ ရနိုင်သလို၊လောကုတ္တရာဆိုတဲ့ ဘဝသံသရာရဲ့ ပြတ်စဲအဆုံးသတ်မှုကို အလိုရှိသူတွေ အဖို့ကလည်း မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်မှုအတိုင်းစွန့်သင့်တာကိုစွန့်ပြီးသွားကြဖို့ပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စြန္႔ခဲ့သင့္ၿပီ
အလုပ္ဆိုတာက ဖိအားမမ်ားရင္ အလုပ္လုပ္ရတာ စိတ္လက္ေပါ့ေပါ့ပါးပါးျဖစ္တာေပါ့။ဖိအားမ်ားလာရင္ စိတ္ရႈပ္ၿပီး အလုပ္မွာမေပ်ာ္ရႊင္ေတာ့ပါဘူး။လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္မလုပ္ခ်င္ဘဲလုပ္ေနရတဲ့ အလုပ္ေတြကို ဖိအားမ်ားမ်ားနဲ႔ လုပ္ေနၾကရလို႔ မေပ်ာ္ရႊင္ဘဲျဖစ္ေနၾကရတယ္။ပိုက္ဆံရေနလို႔သာ ႀကိတ္မွိတ္လုပ္ေနရတာ တယ္ၿပီးေပ်ာ္လွတယ္မရွိပါဘူး။
ကိုယ္ဝါသနာပါတဲ့အလုပ္ေတာင္္ တစ္ခါတစ္ခါ ထင္သေလာက္မေအာင္ျမင္တဲ့အခါ မေပ်ာ္ရႊင္ဘူး ျဖစ္တတ္တယ္။ ဝါသနာပါေတာ့ သည္းခံႏိုင္ၾကတယ္။ပင္ပန္းတာကို စာမဖဲြ႔ေတာ့ဘူး။
ပိုက္ဆံရေသာ္လည္း မေပ်ာ္ရႊင္ဘဲလုပ္ေနရတဲ့ အလုပ္ေတြဟာ ကိုယ့္ရဲ႕စိတ္နဲ႔ရုပ္ကို အလြန္အလွ်င္ျမန္ကို အိုစာေစပါတယ္။
ဒီေတာ့ ကၽြန္ေတာ္တို႔ဟာ ပိုက္ဆံရလို႔ပဲလုပ္လုပ္၊ဝါသနာပါတဲ့အလုပ္ပဲလုပ္လုပ္ အလုပ္လုပ္ရမဲ႔အရြယ္မွာ ကၽြန္ေတာ္တို႔ မျဖစ္မေန အလုပ္လုပ္ၾကရပါလိမ့္မယ္။အလုပ္ဆိုတာေပ်ာ္လို႔လုပ္ေနရတာက နဲနဲပါ။ရာခိုင္ႏႈန္း အေတာ္မ်ားမ်ားက မေပ်ာ္ဘဲ ပိုက္ဆံရလို႔ လုပ္ေနၾကတာက မ်ားပါတယ္။
တခ်ိဳ႕က ဒီပညာကိုသင္ထားရင္ ပိုက္ဆံမ်ားမ်ားရနိုင္တယ္ဆိုၿပီး ဝါသနာပါပါ မပါပါ လုပ္ကိုင္စားႏိုင္ေအာင္ သင္ထားၾကတယ္။သင္ထားေတာ့အဲဒီပညာနဲ႔ဆိုင္တဲ့ အလုပ္ကိုရွာေဖြလုပ္ကိုင္တယ္။ေပ်ာ္ျခင္းမေပ်ာ္ျခင္းက သူ႔အတြက္အေရးမႀကီးေတာ့ဘူး။ စားဝတ္ေနေရး ေျပလည္ရင္ၿပီးၿပီ။ အကုသိုလ္မရွိပါဘူး။ သူတတ္တဲ့ပညာနဲ႔ လုပ္စားတာပဲေလ။
ကုမၸဏီဝန္ထမ္းေတြကိုေတာ့ ခ်ီးမြမ္းဖို႔ေကာင္းတယ္။သူတို႔မွ လခနဲ႔အခ်ိန္ပိုေၾကးသာရွိၿပီး အျခားေသာ ေငြေၾကးဆိုတာက မေမွ်ာ္မွန္းသာေပ။ေမွ်ာ္မွန္းၿပီးရွာၾကံလွ်င္ အျပစ္ျဖစ္မွာေပါ့။
ဝန္ထမ္းအလုပ္မွာ မွန္ကန္စြာရတဲ့ အခြင့္အေရးထက္ ပိုခြင့္မရွိ။ရွိခဲ့လွ်င္ ဘာညာေပါ့ဗ်ာ။စဥ္းစားၾကည့္မိတယ္။ တစ္ခါတစ္ရံ ဝန္ထမ္းျဖစ္ၿပီး ကားစီးတိုက္ေဆာက္နဲ႔ လူ႔အေဆာင္အေယာက္ေတြကို ဟီးေနေအာင္ သုံးေနၾကတဲ့သူေတြကို ေတြ႔ရတယ္။အားလည္းက်မိတာေပါ့…သို႔ေသာ္။ထားပါေလသူ႔ကုသိုလ္ကံပဲေပါ့။
ဝန္ထမ္းအလုပ္က ရာထူးအဆင့္အတန္းေကာင္းပါမွာ စားဝတ္ေနေရး အဆင္ေျပေလာက္တဲ့ ဝင္ေငြရမွာပါ။ ေအာက္ေျခဝန္ထမ္းေတြက တစ္လလုံး အသုံးေလာက္ဖို႔ ရက္ပ်က္မရွိရေလေအာင္ ေနမေကာင္းရင္ေတာင္ ခြင့္ယူဖို႔မႀကိဳးစားဘူး။မျဖစ္သာလြန္းမွသာ ရက္ပ်က္ခံၾကပါတယ္။
တကယ္ေတာ့ ဝန္ထမ္းဆိုတာ အခ်ိန္ေတြကို ေရာင္းစားေနၾကရၿပီး မခ်မ္းသာတဲ့သူေတြကိုေခၚတာလို႔ပဲ ေျပာရမလိုပါဘဲ။
တျဖည္းျဖည္းနဲ႔ အရြယ္ေတြကရလာတယ္။အေျခအေနက မေျပာင္းလဲေသးဘူး။တစ္လတစ္လ ခ်င့္ခ်ိန္သုံးစြဲေနရၿပီး ပူပန္စိတ္ေတြနဲ႔ ရက္ေတြ၊လေတြ၊ႏွစ္ေတြကို ျဖတ္သန္းေနရပါတယ္။
လက္ရွိလုပ္ကိုင္ေနတဲ့အလုပ္ဟာ ဝါသနာအရလည္းမဟုတ္ဘူး။အေျပာင္းအလဲလည္း တစ္စုံတစ္ရာ မရွိေတာ့ဘူးဆိုရင္ ဒီအလုပ္ကို စြန္႔သင့္ၾကပါၿပီ။ကိုယ္ပိုင္အလုပ္ေတြ ဖန္တီးသင့္ၾကပါၿပီ။
ဘဝမွာ ေတြးေတာပူပန္ၿပီးစိုးရိမ္ေနၾကလို႔ပါ။လက္ရွိအေျခအေနထက္ ဆိုးသြားမလား ဆိုတဲ့စိတ္ေၾကာင့္ မစြန္႔ရဲေၾကေတာ့ ဘဝကမေျပာင္းလဲဘူးျဖစ္ေနတာပါ။
လူတိုင္းစဥ္းစားၾကည့္သင့္တယ္။စြဲမက္ ဖက္တြယ္ထားတဲ့အရာေတြကို ကၽြန္ေတာ္တို႔ မသိမသာေရာ၊ သိသိႀကီးနဲ႔ေရာ စြန္ခဲ့ၾကၿပီးပါၿပီ။
တစ္သက္လုံး အတူေနရမယ္လို႔ထင္ခဲ့တဲ့ မိဖေတြကိုေရာ၊ညီအစ္ကိုေမာင္ႏွမေတြ၊ သူငယ္ခ်င္းေတြကိုေရာ ကၽြန္ေတာ္တို႔ စြန္ခဲ့ၿပီးၿပီ။စြန္လည္း စြန္႔ခဲ့ၾကရဦးမွာပါ။ဒီလိုစြန္ခဲ့ ခြဲခြာခဲ့ၿပီးပါမွာ ဘာကိုမစြန္႔စားရဲျဖစ္ေနၾကတာလဲ။
ကိုယ္ပိုင္လုပ္ငန္းဆိုတာ ခ်က္ခ်င္းေအာင္ျမင္ခ်င္မွေအာင္ျမင္မယ္။သူတစ္ပါး ဝန္ထမ္းထက္ေတာ့ မေအာင္ျမင္စရာ မရွိပါဘူး။အေႏွးနဲ႔အျမန္ ဒါပဲကြာမွာပါ။
ကြမ္းယာေရာင္းတဲ့သူ၊ရခိုင္မုန္႔တီေရာင္းတဲ့သူေတြေတာင္ ကိုယ္လုပ္တဲ့လုပ္ငန္းအေပၚ စြဲစြဲျမဲျမဲနဲ႔ ေစတနာထားလုပ္ၾကေတာ့ အခ်ိန္ကာလတစ္ခုေရာက္လာေတာ့ ကိုယ္ပိုင္တိုက္တာအေဆာက္အအုံေတြ ဝယ္ႏိုင္ၿပီး ေရႊေငြရတနာေတြနဲ႔ မိသားစုတင့္ေတာင္း တင့္တယ္ေနႏိုင္ၾကတာကို ေတြ႔ရပါတယ္။
ဒါဟာ စြန္႔သင့္လို႔ စြန္႔ခဲ႔ၿပီး စြန္႔စားျခင္းရဲ႕ရလဒ္ေတြပါပဲ။ေလာကီအက်ိဳးစီးပြားေတြကိုေတာင္ စြန္႔သင့္တာကိုစြန္႔မွ ရႏိုင္သလို၊ေလာကုတၱရာဆိုတဲ့ ဘဝသံသရာရဲ႕ ျပတ္စဲအဆုံးသတ္မႈကို အလိုရွိသူေတြ အဖို႔ကလည္း ျမတ္ဗုဒၶရဲ႕ လမ္းညႊန္မႈအတိုင္းစြန္႔သင့္တာကိုစြန္႔ၿပီးသြားၾကဖို႔ပါပဲ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com