ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ ??

ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ ?? - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2022 11:45 am တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဘတ်တီးရီးယားတွေက ဖိနပ်တွေမှာ ကပ်ညှိနိုင်တယ်ဆိုတာ သိထားကြပြီး ဗိုင်းရပ်စ်တွေကလည်း ဖိနပ်မှာရှိရင်ရှိနိုင်ပါတယ်။ အပြင်သွားတဲ့အခါ ဖိနပ်ကနေ အိမ်ကို ဗိုင်းရပ်စ်တွေ ပါလာမှာဆိုးရပါတယ်။ ဒါကြောင့် ဖိနပ်တွေကို သန့်စင်ပိုးသတ်ပေးသင့်ပါတယ်။ သန့်စင်တာက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့အချက်ပါပဲ။ ပေါ့ပေါ့ပါးပါးဖိနပ်နဲ့ ဖိနပ်အပါးတွေက သန့်စင်ရတာလွယ်ကူပေးမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ သန့်စင်ဖို့ နည်းနည်းတော့သတိထားရပါတယ်။ သန့်စင်တာမှားသွားရင် ဖိနပ်တွေပျက်စီးသွားမှာစိုးရပါတယ်။

ရေနွေးပူနဲ့ဆပ်ပြာကို အသုံးပြုပြီး သန့်စင်လို့ရတဲ့ပစ္စည်းတွေရှိပေမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ အဲဒီလိုလုပ်လို့မရပါဘူး။ အိမ်မှာ ဖိနပ်တွေကို သန့်စင်ပိုးသတ်ချင်ရင် အောက်မှာဖော်ပြပေးထားတဲ့လွယ်ကူတဲ့နည်းလမ်းတွေကို လိုက်နာကြည့်သင့်ပါတယ်။ ဖိနပ်တွေကို သန့်စင်တဲ့အခါ တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုဖို့မမေ့နဲ့နော်။

သေသေချာချာ သန့်စင်ပါ

ဖိနပ်တွေကို ပိုးမသတ်ခင်မှာ သန့်စင်ပေးဖို့ အမြဲတမ်းသတိရပါ။ တချို့ဖိနပ်တွေက ဆပ်ပြာ၊ ရေတို့နဲ့ သန့်ရှင်းပေးလိုက်ရုံနဲ့ရပါတယ်။ တချို့ဖိနပ်တွေကကျတော့ ရေအများကြီးစိုလို့မရတဲ့အတွက်ဖိနပ်မှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားချင်ရင် ဘရက်ရှ်ကို အသုံးပြုလို့ရသလို အဝတ်စိုစိုနဲ့ သန်စင်လို့လည်း ရပါတယ်။

ပိုးသတ်ဆေးဖျန်းပါ

ဖိနပ်ကို ပိုးသတ်ဖို့ဆိုရင် အထည်အတွက် ပြုလုပ်ထားတဲ့ပိုးသတ်ဆေးကို အသုံးပြုလို့ရပါတယ်။ အဲဒီပိုးသတ်ဆေးက ချည်ထည်တွေကို ပျက်စီး၊ စွန်းထင်းစေတဲ့ ဓာတုဓာတ်ပါဝင်မှုနည်းပါတယ်။ ဖိနပ်တစ်ခုလုံးကိုဖျန်းဖို့ဆိုရင် areosol စပရေးကို အသုံးပြုတာအကောင်းဆုံးပါပဲ။

ဖိနပ်တွေ ခြောက်အောင်ထားပါ

ပိုးသတ်ဆေးသုံးပြီးတဲ့နောက် အခန်းတွင်းအပူချိန်နဲ့ဖိနပ်တွေကို ခြောက်အောင်ထားလို့ရပါတယ်။ နေရောင်အောက်မှာ မထားပါနဲ့။ ဖိနပ်အသုံးမပြုခင် ဖိနပ်သေချာခြောက်အောင်စောင့်သင့်ပါတယ်။

သားရေဖိနပ်တွေကို ဘယ်လိုသန့်စင်မလဲ

သားရေဖိနပ်တွေကို သန့်စင်ချင်ရင် Suede eraser (သားရေသန့်စင်တဲ့ခဲဖျက်) ကို အသုံးပြုလို့ရပါတယ်။ အဲဒါကို သားရေမှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ အစွန်းအထင်းတွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုလို့ရပြီး သားရေအမျိုးအစားဖိနပ်တွေအတွက် သီးသန့်ထုတ်ထားတာဖြစ်ပါတယ်။

ဖိနပ်တွေကို စိုအောင်မထားပါနဲ့

စိုစွတ်တဲ့ဖိနပ်တွေကို ဘတ်တီးရီးယားတွေ ပိုပြီးကပ်ညှိပါတယ်။ ဒါကြောင့် ဖိနပ်တွေ စိုနေရင် ပျက်စီးတာတွေမဖြစ်အောင်၊ ဘတ်တီးရီးယားတွေ မခိုအောင်းအောင် ခြောက်သွေ့သွားအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်းခြောက်အောင်ထားတာပါပဲ။ ဖိနပ်ခြောက်အောင်တစ်ရှုး၊ သတင်းစာတို့ကို အသုံးပြုလို့ရပါတယ်။ သတင်းစာအသုံးပြုတဲ့အခါ မင်အနက်နဲ့ ပုံတွေပါတဲ့စာရွက်တွေကိုတော့ သတိထားသင့်ပါတယ်။ အဲဒါတွေက ဖိနပ်တွေကိုအစွန်းအထင်းဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

Ref: How to clean and disinfect expensive shoes at home

[Zawgyi]

ေဈးႀကီးတန္ဖိနပ္ေတြကို အိမ္မွာ ဘယ္လိုပိုးသတ္သန္႔စင္မလဲ ??

ဘတ္တီးရီးယားေတြက ဖိနပ္ေတြမွာ ကပ္ညႇိႏိုင္တယ္ဆိုတာ သိထားၾကၿပီး ဗိုင္းရပ္စ္ေတြကလည္း ဖိနပ္မွာ႐ွိရင္႐ွိႏိုင္ပါတယ္။ အျပင္သြားတဲ့အခါ ဖိနပ္ကေန အိမ္ကို ဗိုင္းရပ္စ္ေတြ ပါလာမွာဆိုးရပါတယ္။ ဒါေၾကာင့္ ဖိနပ္ေတြကို သန္႔စင္ပိုးသတ္ေပးသင့္ပါတယ္။ သန္႔စင္တာက ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ကာကြယ္ဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ပါပဲ။ ေပါ့ေပါ့ပါးပါးဖိနပ္နဲ႔ ဖိနပ္အပါးေတြက သန္႔စင္ရတာလြယ္ကူေပးမယ့္ ေဈးႀကီးတန္ဖိနပ္ေတြကေတာ့ သန္႔စင္ဖို႔ နည္းနည္းေတာ့သတိထားရပါတယ္။ သန္႔စင္တာမွားသြားရင္ ဖိနပ္ေတြပ်က္စီးသြားမွာစိုးရပါတယ္။

ေရေႏြးပူနဲ႔ဆပ္ျပာကို အသုံးျပဳၿပီး သန္႔စင္လို႔ရတဲ့ပစၥည္းေတြ႐ွိေပမယ့္ ေဈးႀကီးတန္ဖိနပ္ေတြကေတာ့ အဲဒီလိုလုပ္လို႔မရပါဘူး။ အိမ္မွာ ဖိနပ္ေတြကို သန္႔စင္ပိုးသတ္ခ်င္ရင္ ေအာက္မွာေဖာ္ျပေပးထားတဲ့လြယ္ကူတဲ့နည္းလမ္းေတြကို လိုက္နာၾကည့္သင့္ပါတယ္။ ဖိနပ္ေတြကို သန္႔စင္တဲ့အခါ တစ္ခါသုံးလက္အိတ္ေတြကို အသုံးျပဳဖို႔မေမ့နဲ႔ေနာ္။

ေသေသခ်ာခ်ာ သန္႔စင္ပါ

ဖိနပ္ေတြကို ပိုးမသတ္ခင္မွာ သန္႔စင္ေပးဖို႔ အၿမဲတမ္းသတိရပါ။ တခ်ိဳ႕ဖိနပ္ေတြက ဆပ္ျပာ၊ ေရတို႔နဲ႔ သန္႔႐ွင္းေပးလိုက္႐ုံနဲ႔ရပါတယ္။ တခ်ိဳ႕ဖိနပ္ေတြကက်ေတာ့ ေရအမ်ားႀကီးစိုလို႔မရတဲ့အတြက္ဖိနပ္မွာ႐ွိတဲ့ အညစ္အေၾကး၊ ဖုန္မႈန္႔ေတြကို ဖယ္႐ွားခ်င္ရင္ ဘရက္႐ွ္ကို အသုံးျပဳလို႔ရသလို အဝတ္စိုစိုနဲ႔ သန္စင္လို႔လည္း ရပါတယ္။

ပိုးသတ္ေဆးဖ်န္းပါ

ဖိနပ္ကို ပိုးသတ္ဖို႔ဆိုရင္ အထည္အတြက္ ျပဳလုပ္ထားတဲ့ပိုးသတ္ေဆးကို အသုံးျပဳလို႔ရပါတယ္။ အဲဒီပိုးသတ္ေဆးက ခ်ည္ထည္ေတြကို ပ်က္စီး၊ စြန္းထင္းေစတဲ့ ဓာတုဓာတ္ပါဝင္မႈနည္းပါတယ္။ ဖိနပ္တစ္ခုလုံးကိုဖ်န္းဖို႔ဆိုရင္ areosol စပေရးကို အသုံးျပဳတာအေကာင္းဆုံးပါပဲ။

ဖိနပ္ေတြ ေျခာက္ေအာင္ထားပါ

ပိုးသတ္ေဆးသုံးၿပီးတဲ့ေနာက္ အခန္းတြင္းအပူခ်ိန္နဲ႔ဖိနပ္ေတြကို ေျခာက္ေအာင္ထားလို႔ရပါတယ္။ ေနေရာင္ေအာက္မွာ မထားပါနဲ႔။ ဖိနပ္အသုံးမျပဳခင္ ဖိနပ္ေသခ်ာေျခာက္ေအာင္ေစာင့္သင့္ပါတယ္။

သားေရဖိနပ္ေတြကို ဘယ္လိုသန္႔စင္မလဲ

သားေရဖိနပ္ေတြကို သန္႔စင္ခ်င္ရင္ Suede eraser (သားေရသန္႔စင္တဲ့ခဲဖ်က္) ကို အသုံးျပဳလို႔ရပါတယ္။ အဲဒါကို သားေရမွာ႐ွိတဲ့ ဖုန္မႈန္႔၊ အညစ္အေၾကး၊ အစြန္းအထင္းေတြကို ဖယ္႐ွားတဲ့ေနရာမွာ အသုံးျပဳလို႔ရၿပီး သားေရအမ်ိဳးအစားဖိနပ္ေတြအတြက္ သီးသန္႔ထုတ္ထားတာျဖစ္ပါတယ္။

ဖိနပ္ေတြကို စိုေအာင္မထားပါနဲ႔

စိုစြတ္တဲ့ဖိနပ္ေတြကို ဘတ္တီးရီးယားေတြ ပိုၿပီးကပ္ညႇိပါတယ္။ ဒါေၾကာင့္ ဖိနပ္ေတြ စိုေနရင္ ပ်က္စီးတာေတြမျဖစ္ေအာင္၊ ဘတ္တီးရီးယားေတြ မခိုေအာင္းေအာင္ ေျခာက္ေသြ႕သြားေအာင္ လုပ္ဖို႔ အေရးႀကီးပါတယ္။ အေကာင္းဆုံးကေတာ့ သဘာဝအတိုင္းေျခာက္ေအာင္ထားတာပါပဲ။ ဖိနပ္ေျခာက္ေအာင္တစ္႐ႈး၊ သတင္းစာတို႔ကို အသုံးျပဳလို႔ရပါတယ္။ သတင္းစာအသုံးျပဳတဲ့အခါ မင္အနက္နဲ႔ ပုံေတြပါတဲ့စာ႐ြက္ေတြကိုေတာ့ သတိထားသင့္ပါတယ္။ အဲဒါေတြက ဖိနပ္ေတြကိုအစြန္းအထင္းျဖစ္ေစႏိုင္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: yoyarlay

Ref: How to clean and disinfect expensive shoes at home

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service