ဗီတာမင် ၁၀ ဆ ပိုပြီး ကျန်းမာရေးအကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ..

ဗီတာမင် ၁၀ ဆ ပိုပြီး ကျန်းမာရေးအကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ.. - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2022 12:44 pm တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့် နဲ့ အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တဲ့ ဂေါ်ဖီထုပ်အနီ ”

“ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတဲ့ တောင်ဥရောပမူရင်း ဂေါ်ဖီထုပ်အနီ ”

“ သူက စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အို (မျိုးဗီဇပြောင်းထားတဲ့အစားအစာ) လည်း မဟုတ်ပါဘူး”

ဆိုတော့ ဒီဂေါ်ဖီထုပ်အနီကို ဘယ်လိုစိုက်သလဲ..? အရောင်မပြောင်း..အာနိသင်တွေ မပြောင်းဖို့ ဘယ်လို လှီးဖြတ် ချက်ပြုတ်ကြမလဲ..?

တကယ်က ခရမ်းရင့်ရောင်ရှိပေမယ့် လူအများစုကတော့ သူ့ကို ဂေါ်ဖီထုပ်အနီလို့ပဲ ခေါ်ကြပါတယ်။

Savoy Cabbage ၊ Asian Cabbage ၊ Ornamental Cabbage ၊ Ruby Cabbage ဆိုပြီး ဂေါ်ဖီထုပ်အမျိုးမျိုးရှိတဲ့အထဲမှာ ဂေါ်ဖီထုပ်အနီက Ruby Cabbage ထဲမှာပါဝင်တာပါ။

သူက အရောင်ပြောင်းလွယ်တယ်..။ စိုက်ချိန်ကတည်းက မြေချဉ်ငံဓာတ်ပေါ်မူတည်ပြီး အနီရောင်၊ ခရမ်းရောင်ကနေ စိမ်းဝါရောင်ထိ ပြောင်းတတ်တယ်လို့ဆိုပါတယ်..။ အလှီးအဖြတ်၊ အချက်အပြုတ် မတတ်ရင်လည်း အရောင်ပြောင်းပြန်ကောတဲ့..။ ရှာလကာရည်လို အက်ဆစ်ဓာတ်ပါတဲ့ အရာတစ်ခုနဲ့ ရောချက်ပြုတ်တဲ့အခါ မီးခိုးပြာရောင်ကို ပြောင်းသွားတတ်တယ်။ လှီးဖြတ်မယ်ဆိုရင်လည်း အစွန်းအထင်းမရှိ ထက်တဲ့ စတီးဓားနဲ့ပဲ အမြဲလှီးဖြတ်သင့်ပါတယ်။ အဲ့လိုမှပဲ အရောင်မပြောင်းလဲနိုင်မှာပါတဲ့..။

မူရင်းဒေသက တောင်ဥရောပဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးတီးမတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အိုလည်းမဟုတ်ပါဘူး။ ပုံမှန်တွေ့နေကြတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ယှဉ်ရင် ဗီတာမင် ၁၀ ဆ ပိုမိုပါဝင်ပြီး ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါလို့ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုကြတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာထဲမှာလည်းပါဝင်နေပါတယ်။

ဒါပေမဲ့ အလွန်အကျွံကြီးတော့ မစားနဲ့ပေါ့..။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အများကြီးစားမယ် ဆိုရင်တော့ လေပွတာ၊ ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်တာအပြင် လည်ပင်းအကြိတ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။

ကဲ အဲ့ဒီလို ကျန်းမာရေးအတွက် အရမ်းအကျိုးများတဲ့ ဂေါ်ဖီထုပ်နီကို စားကြည့်ကြရအောင်..။ ဘယ်လိုစားလို့ရလဲဆိုတော့ သုပ်စား၊ ကြော်စားတာအပြင် ဖျော်ရည်အဖြစ်ပါ လုပ်သောက်နိုင်ပါတယ်လို့ ဆိုပါကြောင်း..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service