ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အညာကနေအောက်ပြည်ဆင်းလာတော့ သံသေတ္တာလေးတစ်လုံးသာပါသည်။ ဘဝကဘာဖြစ်မယ်မှန်း မသိသေးပါဘူး။
ဘာဖြစ်မယ်မှန်းမသိပေမယ့် သုံညရှေ့တော့ ဂဏန်းတွေရောက်လာရစေမယ်ဆိုတဲ့ စိတ်လေးနဲ့ ရှေ့တိုးခဲ့သည်။
သူတစ်ပါးကခေါ်လို့ ရန်ကုန်မြို့ကြီးကိုရောက်လာရသည်။ကျောင်းတက်လိုသူအတွက် ကျောင်းထားပေးမည် ဆိုတော့ လိုက်ခဲ့သည်။
လူတစ်ယောက်ရဲ့တာဝန်ကိုယူဖို့ဆိုတာ လွယ်သည်မဟုတ်။ကိုယ့်ကိုခေါ်လာသည့် ဆရာကလည်း ဝန်ထမ်း တစ်ယောက်သာ ဖြစ်သည်။ကိုယ့်အတွက် ရေရှည်တာဝန်ယူဖို့ဆိုသည်က မလွယ်ကူကြောင်း ဆရာလည်း တွက်ဆမိပါလိမ့်မည်။
ကိုယ့်အတွက် ကျောချစရာ နေရာတစ်ခုရရင်ဖြစ်သည်။ရှာဖွေစားသောက်ဖို့နဲ့ကျောင်းတက်ဖို့ကတော့ ကိုယ့်ဟာကိုယ်ကြံမည်။ သုံညထက်တော့ ဘဝကဆိုးစရာမရှိ။အကောင်းဘက်သို့ ပိုပြီးပြောင်းလဲရမည်။
ဒီအတွေးကပဲ ဘဝခရီးလမ်းအတွက် ခွန်အားတွေဖြစ်စေခဲ့သည်။ဘဝမှာ စိတ်ဓာတ်ကျလောက်စရာတွေ၊ ဆက်လက်ရုန်းကန်ချင်စိတ် မရှိလောက်အောင်ဖြစ်ရပ်တွေကို ဒီစိတ်၊ဒီအတွေးလေးနဲ့ဖြတ်ကျော်ခဲ့ရသည်။။
အထက်တန်းပညာကို သင်ယူနိုင်ဖို့ ငွေတန်ဖိုးနဲ့ အချိန်တန်ဖိုးကိုသိဖို့ ကိုယ့်ကိုခေါ်လာသည့် ဆရာက ဆိုက်ကားတစ်စီးထောင်ပေးသည်။ကျောင်းမသွားခင် မနက်စောစောစောထပြီး ဆိုက်ကားနင်းရသည်။ ကျောင်းကပြန်လာတော့လည်း ခရီးသည်ရှိနိုင်သည့် ညအချိန်ထိဆိုက်ကားနင်းရသည်။ဆိုက်ကားဂိတ်မှာက ကိုယ်တစ်စီးတည်းမဟုတ်ပါ။အလှည့်ကျစောင့်ရသည်။ကိုယ့်အလှည့်မရောက်ခင် ကျောင်းစာလုပ်ရင်း စောင့်သည်။ဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့သည်။
တက္ကသိုလ်ကိုလည်း ဒီနည်းနှင့်ဖြတ်ကျော်ခဲ့ရသည်။ဒါပေမယ့် တက္ကသိုလ်က အချိန်ပြည့်တက်ရသည့် ကျောင်းမဟုတ်။ညကျောင်းအနေနှင့် တက်ခဲ့ရ၍ အချိန်တို့ပိုရခဲ့သည်။ဒါကြောင့်လည်း ဆိုက်ကားနင်းရင်း ရသည့်အချိန်တွင် ဝါသနာပါရာ ဝါယာရိန်းအတက်ကို သင်ယူခဲ့သည်။
ထိုအတက်ပညာကပင် မိမိအတွက် ထမင်းစားပညာဖြစ်ခဲ့ရသည်။တက္ကသိုလ်ပညာအနေနှင့်လည်း တော်ရိလျော်ရိမဟုတ် မဟာတန်းထိ ဆက်လက်သင်ယူနိုင်ခွင့်ရှိသည်အထိ အောင်မြင်ခဲ့သည်။ဒါပေမယ့် ဘဝမှာဝါသနာပါသည့် အတက်ပညာဖြင့် အသက်မွေးဖို့ဆုံးဖြတ်ခဲ့သည်။
အဲဒီဆုံးဖြတ်ချက်အပေါ် ကိုယ့်အနေနှင့် သံသယ ရှိမနေခဲ့ပါ။အကောင်းအဆိုးရလဒ်ကို ကျေကျေနပ်နပ် ခံယူသွားဖို့လည်းဆုံးဖြတ်ထားခဲ့သည်။
အဲဒီဝါယာရိန်းပညာဖြင့် အချိန်အတော်ကြာလုပ်နေခဲ့သော်လည်း ကိုယ့်အတွက် မြိုးမြိုးမြတ်မြတ် မကျန်ခဲ့ပေ။ ဒီအတွက် စိတ်မပျက်။လက်လျော့မယ်ဆိုတဲ့အတွေး မရှိခဲ့ပေ။အချိန်မတန်သေး၍သာ မအောင်မြင်သေးခြင်းလို့ တွက်ထားလိုက်သည်။ကြိုးစားသူအတွက်ပန်းတိုင်ဆိုတာ ရောက်ရမည်ပေါ့။
လူပျို လူလွတ်တစ်ယောက်ဖြစ်သောဆရာသည် တစ်ချိန်မှာ အိမ်ထောင်ပြုပါလိမ့်မည်။ဆရာက ဘယ်လောက် သဘောကောင်းကောင်း သူ့အရိပ်အာဝသကို တစ်သက်လုံးခိုလှုံလို့မဖြစ်ပါ။ကိုယ့်လမ်းကြောင်းကို ကိုယ့်ဟာကိုယ်ဖောက်ပြီး ကိုယ့်ခရီးကို ကိုယ့်ဟာကိုယ်လျှောက်ရမည်။
ကြိုးစားသူအတွက် ကံကြမ္မာဟာမျက်နှာသာပေးရသည်။နှစ်ထပ်တိုက်အိမ်တစ်လုံးကို မီးဆင်ခွင့်ရခဲ့သည်။ အဲဒီဆိုက်ပြီးတော့ ငွေငါးသိန်းလောက်ကိုယ့်အတွက်ကျန်သည်။လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော်ကဆိုတော့ သူ့ခေတ်အရ ငွေကတန်ဖိုးရှိနေသည်။တစ်လုံးတစ်ခဲ ဒီလောက်ငွေပမာဏကို မိမိတစ်ခါမှမကိုင်ဘူးပေ။ ပျော်လိုက်သည့်ဖြစ်ခြင်း။ငွေရှိတော့ လုပ်ချင်သည့်ကိစ္စတွေက ခေါင်းထဲမှာတသီတတန်းပေါ်လာသည်။ လုပ်ချင်တာနဲ့ လုပ်သင့်တာက တစ်ခါတစ်ရံ လူကိုနှောင့်ယှက်တတ်သည်။
အဲဒီအချိန်မှာပဲ ပိုင်ရှင်ကိုယ်တိုင်ရောင်းမယ့် အရှေ့ဒဂုံ ၁၁ ရပ်ကွက်ကမြေကွက်လေးကို ဝယ်ယူဖို့ဖြစ်လာသည်။ဒါပေမဲ့ မြေဈေးက ခြောက်သိန်းဖြစ်နေသည်။မိမိကိုယ်တိုင် ဖျစ်ဖျစ်မည်အောင်လုပ်လို့ ရထားတဲ့ငွေက မြေတစ်ကွက်စာဝယ်ယူဖို့တောင်မလောက်ပါလား။
ဒီအချိန်မှာမိတ်ဆွေကောင်းဆိုတာက ပေါ်လာသည်။မိတ်ကောင်းဆွေကောင်းဆိုတာကလည်း ကိုယ့်အနေနဲ့ တစ်ချိန်က သူတစ်ပါးကို စေတနာမှန်တဲ့ ကိုယ်နှုတ်စိတ်အပြုအမူတို့နဲ့ ပြောဆိုဆက်ဆံခဲ့ခြင်းတို့ကြောင့် ဖြစ်လာတဲ့ ရလဒ်လို့ထင်ပါသည်။သူကစာရေးဆရာကြီးတစ်ဦးရဲ့သားပါ။ သူက ကိုယ်လိုနေတဲ့ငွေတစ်သိန်းကို ထုတ်ပေးပြီး အဆင်ပြေမှပြန်ပေး၊မြေကိုတော့ဝယ်ဖြစ်အောင်ဝယ်လို့ တိုက်တွန်းသည်။
ထို့ကြောင့် အဲဒီမြေကိုဝယ်ဖြစ်ခဲ့သည်။မြေဝယ်ပြီးသော်လည်း လုပ်ငန်းတို့မပြီးသေးပါ။အိမ်ဆောက်ရပါလိမ့်မည်။
အိမ်တစ်လုံးဆောက်ဖို့ကလည်း မလွယ်ကူလှပါ။မလွယ်ကူလို့မဆောက်ဘဲထားရင် ကျွန်တော့်အတွက် နှစ်နှစ်ခြိုက်ခြိုက် ကျောချအနားယူစရာနေရာတစ်ခု ရလာမှာမဟုတ်ပါဘူး။ ဆောက်နိုင်စရာနည်းလမ်းတွေ အများကြီးရှိသည်။
အိမ်ပုံစံကို စိတ်ကူးထဲမှာအရင်ဖန်တီးသည်။အင်ဂျင်နီယာမဟုတ်သော်လည်း အဆောက်အအုံတို့ရဲ့ ပလန်ကိုကြည့်ပြီး အိမ်တွင်းလျှပ်စစ်ကြိုးတို့ကို သွယ်တန်းတပ်ဆင်ခဲ့ရသည့် အတွေ့အကြုံက ဒီနေရမှာ အထောက်အကူဖြစ်ခဲ့သည်။မေးသင့်သူကိုလည်း မေးခဲ့သည်။ဒီလိုနဲ့ ကိုယ်တည်ဆောက်ချင်သည့် အိမ်ပုံစံကို ဖန်တီးနိုင်ခဲ့သည်။
ကိုယ်နိုင်သည့်ငွေဖြင့် အောက်ခြေအုတ်ဖိနပ်ကစပြီး တစ်စစီ ဖြည့်ဖြည်းချင်းဖော်ဆောင်ခဲ့သည်။ ငွေကြေးရှိသူတွေလိုတော့ ချက်ချင်းကြီးအိမ်တစ်လုံးမဖြစ်ခဲ့ပါ။နှစ်ကာလအပိုင်းအခြားတစ်ခုမှာတော့ အိမ်တစ်လုံးပိုင်ဆိုင်ရမည်။ဒီစိတ်နဲ့ ကိုယ့်ဟာကိုယ်အကောင်အထည်ဖော်ခဲ့ရာ တကယ်ဖြစ်မြောက်ခဲ့သည်။ အခုတော့ အနားယူကျောချစရာ အိမ်တစ်လုံးကျွန်တော်ပိုင်ဆိုင်ခဲ့ပါပြီ။
ရည်ရွယ်ချက်ရှိရှိ သွားနေသူအတွက် ပန်းတိုင်ဟာရောက်ရမှာပါ။အိမ်လိုချင်သူအတွက် အိမ်ရနိုင်မယ့် နည်းလမ်းတွေကလည်း အနည်းနည်းအဖုံဖုံရှိကြပါတယ်။
လိုချင်တာကိုရဖို့ဆိုရင် မိတ်ဆွေအနေနဲ့ ကြိုးစားမှုမဆိတ်သုဉ်းဖို့တော့ လိုပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“အိမ္ပိုင္ခဲ့ၿပီ”
အညာကေနေအာက္ျပည္ဆင္းလာေတာ့ သံေသတၱာေလးတစ္လုံးသာပါသည္။ ဘဝကဘာျဖစ္မယ္မွန္း မသိေသးပါဘူး။
ဘာျဖစ္မယ္မွန္းမသိေပမယ့္ သုံညေရွ႕ေတာ့ ဂဏန္းေတြေရာက္လာရေစမယ္ဆိုတဲ့ စိတ္ေလးနဲ႔ ေရွ႕တိုးခဲ့သည္။
သူတစ္ပါးကေခၚလို႔ ရန္ကုန္ၿမိဳ႕ႀကီးကိုေရာက္လာရသည္။ေက်ာင္းတက္လိုသူအတြက္ ေက်ာင္းထားေပးမည္ ဆိုေတာ့ လိုက္ခဲ့သည္။
လူတစ္ေယာက္ရဲ႕တာဝန္ကိုယူဖို႔ဆိုတာ လြယ္သည္မဟုတ္။ကိုယ့္ကိုေခၚလာသည့္ ဆရာကလည္း ဝန္ထမ္း တစ္ေယာက္သာ ျဖစ္သည္။ကိုယ့္အတြက္ ေရရွည္တာဝန္ယူဖို႔ဆိုသည္က မလြယ္ကူေၾကာင္း ဆရာလည္း တြက္ဆမိပါလိမ့္မည္။
ကိုယ့္အတြက္ ေက်ာခ်စရာ ေနရာတစ္ခုရရင္ျဖစ္သည္။ရွာေဖြစားေသာက္ဖို႔နဲ႔ေက်ာင္းတက္ဖို႔ကေတာ့ ကိုယ့္ဟာကိုယ္ႀကံမည္။ သုံညထက္ေတာ့ ဘဝကဆိုးစရာမရွိ။အေကာင္းဘက္သို႔ ပိုၿပီးေျပာင္းလဲရမည္။
ဒီအေတြးကပဲ ဘဝခရီးလမ္းအတြက္ ခြန္အားေတြျဖစ္ေစခဲ့သည္။ဘဝမွာ စိတ္ဓာတ္က်ေလာက္စရာေတြ၊ ဆက္လက္ရုန္းကန္ခ်င္စိတ္ မရွိေလာက္ေအာင္ျဖစ္ရပ္ေတြကို ဒီစိတ္၊ဒီအေတြးေလးနဲ႔ျဖတ္ေက်ာ္ခဲ့ရသည္။။
အထက္တန္းပညာကို သင္ယူႏိုင္ဖို႔ ေငြတန္ဖိုးနဲ႔ အခ်ိန္တန္ဖိုးကိုသိဖို႔ ကိုယ့္ကိုေခၚလာသည့္ ဆရာက ဆိုက္ကားတစ္စီးေထာင္ေပးသည္။ေက်ာင္းမသြားခင္ မနက္ေစာေစာေစာထၿပီး ဆိုက္ကားနင္းရသည္။ ေက်ာင္းကျပန္လာေတာ့လည္း ခရီးသည္ရွိႏိုင္သည့္ ညအခ်ိန္ထိဆိုက္ကားနင္းရသည္။ဆိုက္ကားဂိတ္မွာက ကိုယ္တစ္စီးတည္းမဟုတ္ပါ။အလွည့္က်ေစာင့္ရသည္။ကိုယ့္အလွည့္မေရာက္ခင္ ေက်ာင္းစာလုပ္ရင္း ေစာင့္သည္။ဒီလိုနဲ႔ ဆယ္တန္းေအာင္ခဲ့သည္။
တကၠသိုလ္ကိုလည္း ဒီနည္းႏွင့္ျဖတ္ေက်ာ္ခဲ့ရသည္။ဒါေပမယ့္ တကၠသိုလ္က အခ်ိန္ျပည့္တက္ရသည့္ ေက်ာင္းမဟုတ္။ညေက်ာင္းအေနႏွင့္ တက္ခဲ့ရ၍ အခ်ိန္တို႔ပိုရခဲ့သည္။ဒါေၾကာင့္လည္း ဆိုက္ကားနင္းရင္း ရသည့္အခ်ိန္တြင္ ဝါသနာပါရာ ဝါယာရိန္းအတက္ကို သင္ယူခဲ့သည္။
ထိုအတက္ပညာကပင္ မိမိအတြက္ ထမင္းစားပညာျဖစ္ခဲ့ရသည္။တကၠသိုလ္ပညာအေနႏွင့္လည္း ေတာ္ရိေလ်ာ္ရိမဟုတ္ မဟာတန္းထိ ဆက္လက္သင္ယူႏိုင္ခြင့္ရွိသည္အထိ ေအာင္ျမင္ခဲ့သည္။ဒါေပမယ့္ ဘဝမွာဝါသနာပါသည့္ အတက္ပညာျဖင့္ အသက္ေမြးဖို႔ဆုံးျဖတ္ခဲ့သည္။
အဲဒီဆုံးျဖတ္ခ်က္အေပၚ ကိုယ့္အေနႏွင့္ သံသယ ရွိမေနခဲ့ပါ။အေကာင္းအဆိုးရလဒ္ကို ေက်ေက်နပ္နပ္ ခံယူသြားဖို႔လည္းဆုံးျဖတ္ထားခဲ့သည္။
အဲဒီဝါယာရိန္းပညာျဖင့္ အခ်ိန္အေတာ္ၾကာလုပ္ေနခဲ့ေသာ္လည္း ကိုယ့္အတြက္ ၿမိဳးၿမိဳးျမတ္ျမတ္ မက်န္ခဲ့ေပ။ ဒီအတြက္ စိတ္မပ်က္။လက္ေလ်ာ့မယ္ဆိုတဲ့အေတြး မရွိခဲ့ေပ။အခ်ိန္မတန္ေသး၍သာ မေအာင္ျမင္ေသးျခင္းလို႔ တြက္ထားလိုက္သည္။ႀကိဳးစားသူအတြက္ပန္းတိုင္ဆိုတာ ေရာက္ရမည္ေပါ့။
လူပ်ိဳ လူလြတ္တစ္ေယာက္ျဖစ္ေသာဆရာသည္ တစ္ခ်ိန္မွာ အိမ္ေထာင္ျပဳပါလိမ့္မည္။ဆရာက ဘယ္ေလာက္ သေဘာေကာင္းေကာင္း သူ႔အရိပ္အာဝသကို တစ္သက္လုံးခိုလႈံလို႔မျဖစ္ပါ။ကိုယ့္လမ္းေၾကာင္းကို ကိုယ့္ဟာကိုယ္ေဖာက္ၿပီး ကိုယ့္ခရီးကို ကိုယ့္ဟာကိုယ္ေလွ်ာက္ရမည္။
ႀကိဳးစားသူအတြက္ ကံၾကမၼာဟာမ်က္ႏွာသာေပးရသည္။ႏွစ္ထပ္တိုက္အိမ္တစ္လုံးကို မီးဆင္ခြင့္ရခဲ့သည္။ အဲဒီဆိုက္ၿပီးေတာ့ ေငြငါးသိန္းေလာက္ကိုယ့္အတြက္က်န္သည္။လြန္ခဲ့တဲ့ ဆယ့္ငါးႏွစ္ေက်ာ္ေက်ာ္ကဆိုေတာ့ သူ႔ေခတ္အရ ေငြကတန္ဖိုးရွိေနသည္။တစ္လုံးတစ္ခဲ ဒီေလာက္ေငြပမာဏကို မိမိတစ္ခါမွမကိုင္ဘူးေပ။ ေပ်ာ္လိုက္သည့္ျဖစ္ျခင္း။ေငြရွိေတာ့ လုပ္ခ်င္သည့္ကိစၥေတြက ေခါင္းထဲမွာတသီတတန္းေပၚလာသည္။ လုပ္ခ်င္တာနဲ႔ လုပ္သင့္တာက တစ္ခါတစ္ရံ လူကိုေႏွာင့္ယွက္တတ္သည္။
အဲဒီအခ်ိန္မွာပဲ ပိုင္ရွင္ကိုယ္တိုင္ေရာင္းမယ့္ အေရွ႕ဒဂုံ ၁၁ ရပ္ကြက္ကေျမကြက္ေလးကို ဝယ္ယူဖို႔ျဖစ္လာသည္။ဒါေပမဲ့ ေျမေဈးက ေျခာက္သိန္းျဖစ္ေနသည္။မိမိကိုယ္တိုင္ ဖ်စ္ဖ်စ္မည္ေအာင္လုပ္လို႔ ရထားတဲ့ေငြက ေျမတစ္ကြက္စာဝယ္ယူဖို႔ေတာင္မေလာက္ပါလား။
ဒီအခ်ိန္မွာမိတ္ေဆြေကာင္းဆိုတာက ေပၚလာသည္။မိတ္ေကာင္းေဆြေကာင္းဆိုတာကလည္း ကိုယ့္အေနနဲ႔ တစ္ခ်ိန္က သူတစ္ပါးကို ေစတနာမွန္တဲ့ ကိုယ္ႏႈတ္စိတ္အျပဳအမူတို႔နဲ႔ ေျပာဆိုဆက္ဆံခဲ့ျခင္းတို႔ေၾကာင့္ ျဖစ္လာတဲ့ ရလဒ္လို႔ထင္ပါသည္။သူကစာေရးဆရာႀကီးတစ္ဦးရဲ႕သားပါ။ သူက ကိုယ္လိုေနတဲ့ေငြတစ္သိန္းကို ထုတ္ေပးၿပီး အဆင္ေျပမွျပန္ေပး၊ေျမကိုေတာ့ဝယ္ျဖစ္ေအာင္ဝယ္လို႔ တိုက္တြန္းသည္။
ထို႔ေၾကာင့္ အဲဒီေျမကိုဝယ္ျဖစ္ခဲ့သည္။ေျမဝယ္ၿပီးေသာ္လည္း လုပ္ငန္းတို႔မၿပီးေသးပါ။အိမ္ေဆာက္ရပါလိမ္႔မည္။
အိမ္တစ္လုံးေဆာက္ဖို႔ကလည္း မလြယ္ကူလွပါ။မလြယ္ကူလို႔မေဆာက္ဘဲထားရင္ ကၽြန္ေတာ့္အတြက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေက်ာခ်အနားယူစရာေနရာတစ္ခု ရလာမွာမဟုတ္ပါဘူး။ ေဆာက္ႏိုင္စရာနည္းလမ္းေတြ အမ်ားႀကီးရွိသည္။
အိမ္ပုံစံကို စိတ္ကူးထဲမွာအရင္ဖန္တီးသည္။အင္ဂ်င္နီယာမဟုတ္ေသာ္လည္း အေဆာက္အအုံတို႔ရဲ႕ ပလန္ကိုၾကည့္ၿပီး အိမ္တြင္းလွ်ပ္စစ္ႀကိဳးတို႔ကို သြယ္တန္းတပ္ဆင္ခဲ့ရသည့္ အေတြ႔အႀကံဳက ဒီေနရမွာ အေထာက္အကူျဖစ္ခဲ့သည္။ေမးသင့္သူကိုလည္း ေမးခဲ့သည္။ဒီလိုနဲ႔ ကိုယ္တည္ေဆာက္ခ်င္သည့္ အိမ္ပုံစံကို ဖန္တီးႏိုင္ခဲ့သည္။
ကိုယ္ႏိုင္သည့္ေငြျဖင့္ ေအာက္ေျခအုတ္ဖိနပ္ကစၿပီး တစ္စစီ ျဖည့္ျဖည္းခ်င္းေဖာ္ေဆာင္ခဲ့သည္။ ေငြေၾကးရွိသူေတြလိုေတာ့ ခ်က္ခ်င္းႀကီးအိမ္တစ္လုံးမျဖစ္ခဲ့ပါ။ႏွစ္ကာလအပိုင္းအျခားတစ္ခုမွာေတာ့ အိမ္တစ္လုံးပိုင္ဆိုင္ရမည္။ဒီစိတ္နဲ႔ ကိုယ့္ဟာကိုယ္အေကာင္အထည္ေဖာ္ခဲ့ရာ တကယ္ျဖစ္ေျမာက္ခဲ့သည္။ အခုေတာ့ အနားယူေက်ာခ်စရာ အိမ္တစ္လုံးကၽြန္ေတာ္ပိုင္ဆိုင္ခဲ့ပါၿပီ။
ရည္ရြယ္ခ်က္ရွိရွိ သြားေနသူအတြက္ ပန္းတိုင္ဟာေရာက္ရမွာပါ။အိမ္လိုခ်င္သူအတြက္ အိမ္ရႏိုင္မယ့္ နည္းလမ္းေတြကလည္း အနည္းနည္းအဖုံဖုံရွိၾကပါတယ္။
လိုခ်င္တာကိုရဖို႔ဆိုရင္ မိတ္ေဆြအေနနဲ႔ ႀကိဳးစားမႈမဆိတ္သုဥ္းဖို႔ေတာ့ လိုပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com