နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ.......

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ....... - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2022 12:10 pm တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 

 

[Unicode]

နာနတ်သီးဖျော်ရည်ဟာ လူကြိုက်များတဲ့ အဖျော်ယမကာစာရင်းဝင်ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ ပိုမိုရရှိနိုင်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေမှာ သောက်သုံးမှု ပိုမိုများပြားပါတယ်။ သာမန်အသီးဖျော်ရည်အနေနဲ့ မဟုတ်ဘဲ ဆေးဖက်ဝင်တဲ့ သဘောနဲ့ပါ သုံးစွဲတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လက်ရှိသုတေသနတွေအရ နာနတ်သီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျသုတေသနပြုလုပ်ရာကနေ တွေ့ရှိထားတဲ့ နာနတ်သီးဖျော်ရည်တွေရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ အာဟာရဓာတ် ကြွယ်ဝခြင်း

နာနတ်သီးဖျော်ရည်မှာ အာဟာရဓာတ်မျိုးစုံ ပါဝင်နေပါတယ်။ ဖျော်ရည်တခွက် (၂၄၀ မီလီလီတာခန့်) မှာ

• ကယ်လိုရီ။ ၁၃၂

• ပရိုတိန်း။ ၁ ဂရမ်လျော့လျော့

• အဆီဓာတ်။ ၁ ဂရမ်လျော့လျော့

• ကာဘိုဟိုက်ဒရိတ်။ ၃၃ ဂရမ်

• သကြား။ ၂၅ ဂရမ်

• အမျှင်ဓာတ်။ ၁ ဂရမ်လျော့လျော့

• မဂ္ဂနိစ်။ တနေ့တာလိုအပ်ချက်ရဲ့ ၅၅%

• မဂ္ဂနီဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇%

• ကြေးနီဓာတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၉%

• ဗီတာမင် B6။ တနေ့တာလိုအပ်ချက်ရဲ့ ၁၅%

• ဗီတာမင် စီ။ တနေ့တာလိုအပ်ချက်ရဲ့ ၁၄%

• သိုင်ယာမင်း။ တနေ့တာလိုအပ်ချက်ရဲ့ ၁၂%

• ဖောလိတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၁%

• ပိုတက်ဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇% စတာတွေ ပါဝင်ပါတယ်။

အထူးသဖြင့် မဂ္ဂနိစ်၊ ကြေးနီ၊ ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ အရိုးများကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း၊ အနာကျက်မြန်စေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ တစ်သျှူးများ ဖွဲ့စည်းဖြစ်ပေါ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၂။ အခြားအကျိုးပြုဓာတ်ပစ္စည်းများ ပါဝင်ခြင်း

ဗီတာမင်နဲ့ သတ္တုဓာတ်များအပြင် နာနတ်သီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းများဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်သော စားသောက်မှုပုံစံ စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ free radical လို့ခေါ်တဲ့ ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းအုပ်စု ပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်းဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၃။ ရောင်ရမ်းမှုကို ကျစေခြင်း

နာနတ်သီးဖျော်ရည်ဟာ နာတာရှည်ရောဂါပေါင်းစုံရဲ့ လက်သည်တမျိုးဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာလျော့ကျစေအောင် အကျိုးပြုပါတယ်။ ဒါဟာ နာနတ်သီးမှာ ဘရိုမီလိန်းဓာတ် အများအပြားပါဝင်လို့ ဖြစ်ပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဓာတ်ဟာ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID) လို ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဘရိုမီလိန်းဟာ ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေကြောင့် ရရှိလာသော ရောင်ရမ်းမှုကို ကျစေခြင်း၊ အနာများ မီးလောင်ဒဏ်ရာများကို ကျက်စေခြင်း စတဲ့ဂုဏ်သတ္တိတွေရှိကြောင်း သုတေသီများက ဆိုပါတယ်။

အားကစားပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း စတာတွေအတွက်လည်း အကျိုးရှိပါတယ်။

၄။ ကိုယ်ခံစွမ်းအားမြင့်စေခြင်း

နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်း စတာတွေကို လျင်မြန်စွာ သက်သာစေပါတယ်။ ပဋိဇီဝဆေးများနဲ့ တွဲဖက်သုံးစွဲချိန်မှာ ပိုမိုသိသာပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုခိုင်မာစေဖို့ သုတေသနများစွာ ထပ်မံပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၅။ အစာခြေရာတွင် ကူညီခြင်း

နာနတ်သီးဖျော်ရည်မှာ ပရိုတီယေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ အဆိုပါအင်ဇိုင်းများဟာ ပရိုတိန်းကို ပိုမိုသေးငယ်တဲ့ အမိုင်နိုအက်ဆစ်များဖြစ်အောင် ဖြိုခွဲပေးပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်းကနေ အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ ဒါ့အပြင် ပန်ခရိယမကောင်းလို့ အစာချေဖျက်တဲ့ အင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေမှာ ဘရိုမီလိန်း အင်ဇိုင်းများက အစာချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အူမှာအနာဖြစ်ပြီး ရောင်ရမ်းသူများကို ရောင်ရမ်းမှုလျော့ကျစေပါတယ်။

၆။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

နာနတ်သီးဖျော်ရည်မှာ တွေ့ရတဲ့ ဘရိုမီလိန်းဓာတ်ဟာ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ သွေးပေါင်ချိန်ကိုကျစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ နှလုံးကြွက်သားမှာ သွေးကောင်းကောင်းမရလို့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

နာနတ္သီးေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား.......

 

နာနတ္သီးေဖ်ာ္ရည္ဟာ လူႀကိဳက္မ်ားတဲ့ အေဖ်ာ္ယမကာစာရင္းဝင္ျဖစ္ၿပီး အပူပိုင္းေဒသေတြမွာ ပိုမိုရ႐ွိႏိုင္ပါတယ္။ ထိုင္း၊ အင္ဒိုနီး႐ွား၊ မေလး႐ွား၊ ကင္ညာ၊ အိႏၵိယ၊ တ႐ုတ္၊ ဖိလစ္ပိုင္နဲ႔ ျမန္မာႏိုင္ငံေတြမွာ ေသာက္သုံးမႈ ပိုမိုမ်ားျပားပါတယ္။ သာမန္အသီးေဖ်ာ္ရည္အေနနဲ႔ မဟုတ္ဘဲ ေဆးဖက္ဝင္တဲ့ သေဘာနဲ႔ပါ သုံးစြဲတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

လက္႐ွိသုေတသနေတြအရ နာနတ္သီးေဖ်ာ္ရည္မွာပါဝင္တဲ့ ဓာတ္ပစၥည္းေတြဟာ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရ႐ွိေစပါတယ္။ အစာေခ်ဖ်က္မႈကို အားေကာင္းေစျခင္း၊ ႏွလုံးက်န္းမာေရးအတြက္ ေကာင္းေစျခင္း၊ ေရာင္ရမ္းမႈကို သက္သာေစျခင္း၊ ကင္ဆာေရာဂါအခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရ႐ွိေစပါတယ္။

ယခုဆက္လက္ေဖာ္ျပမွာကေတာ့ သိပၸံနည္းက်သုေတသနျပဳလုပ္ရာကေန ေတြ႕႐ွိထားတဲ့ နာနတ္သီးေဖ်ာ္ရည္ေတြရဲ႕ အက်ိဳးေက်းဇူးေတြပဲ ျဖစ္ပါတယ္။

၁။ အာဟာရဓာတ္ ႂကြယ္ဝျခင္း

နာနတ္သီးေဖ်ာ္ရည္မွာ အာဟာရဓာတ္မ်ိဳးစုံ ပါဝင္ေနပါတယ္။ ေဖ်ာ္ရည္တခြက္ (၂၄၀ မီလီလီတာခန္႔) မွာ

• ကယ္လိုရီ။ ၁၃၂

• ပ႐ိုတိန္း။ ၁ ဂရမ္ေလ်ာ့ေလ်ာ့

• အဆီဓာတ္။ ၁ ဂရမ္ေလ်ာ့ေလ်ာ့

• ကာဘိုဟိုက္ဒရိတ္။ ၃၃ ဂရမ္

• သၾကား။ ၂၅ ဂရမ္

• အမွ်င္ဓာတ္။ ၁ ဂရမ္ေလ်ာ့ေလ်ာ့

• မဂၢနိစ္။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၅၅%

• မဂၢနီဆီယမ္။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၇%

• ေၾကးနီဓာတ္။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၁၉%

• ဗီတာမင္ B6။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၁၅%

• ဗီတာမင္ စီ။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၁၄%

• သိုင္ယာမင္း။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၁၂%

• ေဖာလိတ္။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၁၁%

• ပိုတက္ဆီယမ္။ တေန႔တာလိုအပ္ခ်က္ရဲ႕ ၇% စတာေတြ ပါဝင္ပါတယ္။

အထူးသျဖင့္ မဂၢနိစ္၊ ေၾကးနီ၊ ဗီတာမင္ B6 နဲ႔ ဗီတာမင္ C ပါဝင္ပါတယ္။ အဆိုပါ အာဟာရဓာတ္မ်ားဟာ အ႐ိုးမ်ားက်န္းမာေရးေကာင္းေစျခင္း၊ ကိုယ္ခံစြမ္းအား ျမင့္မားေစျခင္း၊ အနာက်က္ျမန္ေစျခင္း၊ စြမ္းအင္ထုတ္လုပ္ေပးျခင္း၊ တစ္သွ်ဴးမ်ား ဖြဲ႕စည္းျဖစ္ေပၚေစျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရ႐ွိေစပါတယ္။

၂။ အျခားအက်ိဳးျပဳဓာတ္ပစၥည္းမ်ား ပါဝင္ျခင္း

ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ားအျပင္ နာနတ္သီးေဖ်ာ္ရည္မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္ပါတယ္။ အဆိုပါဓာတ္ပစၥည္းမ်ားဟာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ၊ ဖိစီးမႈ၊ က်န္းမာေရးနဲ႔ မညီၫြတ္ေသာ စားေသာက္မႈပုံစံ စတာေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ free radical လို႔ေခၚတဲ့ ဓာတ္ပစၥည္းမ်ားကို ဓာတ္ျပယ္ေအာင္ စြမ္းေဆာင္ေပးပါတယ္။ ဒါ့အျပင္ ဘ႐ိုမီလိန္းလို႔ေခၚတဲ့ အင္ဇိုင္းအုပ္စု ပါဝင္ပါတယ္။ အဆိုပါ အင္ဇိုင္းဟာ ေရာင္ရမ္းမႈကို က်ေစျခင္း၊ အစာေခ်ဖ်က္မႈ ေကာင္းေစျခင္း၊ ကိုယ္ခံစြမ္းအား ျမင့္ေစျခင္း စတဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြ ရ႐ွိေစပါတယ္။

၃။ ေရာင္ရမ္းမႈကို က်ေစျခင္း

နာနတ္သီးေဖ်ာ္ရည္ဟာ နာတာ႐ွည္ေရာဂါေပါင္းစုံရဲ႕ လက္သည္တမ်ိဳးျဖစ္တဲ့ ေရာင္ရမ္းမႈကို သက္သာေလ်ာ့က်ေစေအာင္ အက်ိဳးျပဳပါတယ္။ ဒါဟာ နာနတ္သီးမွာ ဘ႐ိုမီလိန္းဓာတ္ အမ်ားအျပားပါဝင္လို႔ ျဖစ္ပါတယ္။ သုေတသနအခ်ိဳ႕အရ ဘ႐ိုမီလိန္းဓာတ္ဟာ စတီး႐ြိဳက္မဟုတ္ေသာ အေရာင္က်ေဆးမ်ား (NSAID) လို ထိေရာက္မႈ႐ွိတယ္လို႔ ဆိုပါတယ္။

ဘ႐ိုမီလိန္းဟာ ထိခိုက္မိျခင္း၊ ခြဲစိတ္ကုသျခင္း စတာေတြေၾကာင့္ ရ႐ွိလာေသာ ေရာင္ရမ္းမႈကို က်ေစျခင္း၊ အနာမ်ား မီးေလာင္ဒဏ္ရာမ်ားကို က်က္ေစျခင္း စတဲ့ဂုဏ္သတၱိေတြ႐ွိေၾကာင္း သုေတသီမ်ားက ဆိုပါတယ္။

အားကစားျပဳလုပ္ရာမွ ထိခိုက္ဒဏ္ရာရျခင္း၊ ေလးဘက္နာအဆစ္ေရာင္ျခင္း၊ အ႐ိုးအဆစ္ေရာင္ျခင္း စတာေတြအတြက္လည္း အက်ိဳး႐ွိပါတယ္။

၄။ ကိုယ္ခံစြမ္းအားျမင့္ေစျခင္း

နာနတ္သီးမွာပါဝင္တဲ့ ဘ႐ိုမီလိန္းဓာတ္ဟာ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးပါတယ္။ အဆုတ္ေရာင္ျခင္း၊ ထိပ္ကပ္နာ၊ အဆုတ္ေလႁပြန္ေရာင္ျခင္း စတာေတြကို လ်င္ျမန္စြာ သက္သာေစပါတယ္။ ပဋိဇီဝေဆးမ်ားနဲ႔ တြဲဖက္သုံးစြဲခ်ိန္မွာ ပိုမိုသိသာပါတယ္။ ဒါေပမယ့္ ဒီအခ်က္ကို ပိုမိုခိုင္မာေစဖို႔ သုေတသနမ်ားစြာ ထပ္မံျပဳလုပ္ဖို႔ လိုအပ္ပါေသးတယ္။

၅။ အစာေျခရာတြင္ ကူညီျခင္း

နာနတ္သီးေဖ်ာ္ရည္မွာ ပ႐ိုတီေယ့စ္လို႔ေခၚတဲ့ အင္ဇိုင္းေတြ ပါဝင္ပါတယ္။ အဆိုပါအင္ဇိုင္းမ်ားဟာ ပ႐ိုတိန္းကို ပိုမိုေသးငယ္တဲ့ အမိုင္ႏိုအက္ဆစ္မ်ားျဖစ္ေအာင္ ၿဖိဳခြဲေပးပါတယ္။ ဒီနည္းနဲ႔ အူလမ္းေၾကာင္းကေန အလြယ္တကူစုပ္ယူႏိုင္ေစပါတယ္။ ဒါ့အျပင္ ပန္ခရိယမေကာင္းလို႔ အစာေခ်ဖ်က္တဲ့ အင္ဇိုင္း ေကာင္းေကာင္းမထုတ္ႏိုင္သူေတြမွာ ဘ႐ိုမီလိန္း အင္ဇိုင္းမ်ားက အစာေခ်ဖ်က္ရာမွာ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ အူမွာအနာျဖစ္ၿပီး ေရာင္ရမ္းသူမ်ားကို ေရာင္ရမ္းမႈေလ်ာ့က်ေစပါတယ္။

၆။ ႏွလုံးက်န္းမာေရးကို ေကာင္းေစျခင္း

နာနတ္သီးေဖ်ာ္ရည္မွာ ေတြ႕ရတဲ့ ဘ႐ိုမီလိန္းဓာတ္ဟာ ႏွလုံးက်န္းမာေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။ ေသြးေပါင္ခ်ိန္ကိုက်ေစၿပီး ေသြးခဲျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ သုေတသနအခ်ိဳ႕မွာ ဆိုထားပါတယ္။ ႏွလုံးႂကြက္သားမွာ ေသြးေကာင္းေကာင္းမရလို႔ ရင္ဘတ္ေအာင့္ျခင္းကို ျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...
ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ်...
ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ်...
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service