Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု

Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2022 11:43 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်…

Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက –

(၁) အသားအရေ လှတယ်

ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတယ်လေ။ ကော်လာဂျင်ကို အသားအရေအတွက် သောက်တာက အများအားဖြင့် ရည်ရွယ်ချက်သုံးမျိုးရှိတယ် –

* အရေးအကြောင်းမဖြစ်ဘဲ အသားအရေတင်းရင်းပြီး အရွယ်တင်နုပျိုစေဖို့၊

* ဝက်ခြံနဲ့အမာရွတ်တွေ သက်သာပျောက်ကင်းစေဖို့၊

*အသားအရေကြည်လင်လှပဖို့ သောက်ကြတာ များပါတယ်။

(၂) အရိုးအဆစ်၊ အရွတ် နာကျင်ကိုက်ခဲမှု သက်သာစေတယ်

ကော်လာဂျင်က အဆစ်တွေကိုကာကွယ်ပေးတဲ့ အရိုးနုလွှာကို အားဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ကော်လာဂျင်အားနည်းတဲ့အခါ အဆစ်နာ လိုမျိုး အရိုးအဆစ် ယိုယွင်းမှုပြဿနာတွေ ဖြစ်လာနိုင်ခြေ ပိုများလာတတ်ပါတယ်။ ဒါ့ကြောင့် ကော်လာဂျင်သောက်တဲ့အခါ အရိုး၊အဆစ်၊ အရွတ်နာတွေကို သက်သာစေနိုင်တယ်။ ကော်လာဂျင်ကြောင့် ရောင်ရမ်းမှုတွေလည်း လျော့ပါးသက်သာစေနိုင် ပါသေးတယ်။

(၃) အရိုးပွရောဂါ ကာကွယ်တယ်

အရိုးတွေမှာကော်လာဂျင်တွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အရိုးကျန်းမာရေးကို အကျိုးပြုတာလည်းများပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်နည်းလာလေဖြစ်ပြီး အရိုးသိပ်သည်းဆလည်း လျော့လာတတ်ပါတယ်။ ဒီအချိန်မှာ အရိုးပွအရိုးပါးရောဂါ ဖြစ်နိုင်ခြေပိုများစေပြီး အရိုးကျိုးအက်မှုအန္တရာယ်လည်း များပါတယ်။ ဖြည့်စွက်ကော်လာဂျင်တွေ သောက်တဲ့အခါ အရိုးကိုအားဖြည့်ပေးပြီး ဒီပြဿနာတွေ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကြွက်သား သန်မာစေတယ်

ခန္ဓာကိုယ်ရဲ့ကြွက်သားတစ်ရှူးတွေ ၁၀ ရာခိုင်နှုန်းလောက်ကို ကော်လာဂျင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေ သန်မာဖို့နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဒီပရိုတင်းကို လိုအပ်ပါတယ်။ အသက်ကြီးလာတဲ့အခါ လျော့ရဲလာတဲ့ ကြွက်သားတွေကို ပြန်လည်သန်မာစေဖို့ ကော်လာဂျင်က အထောက်အကူ ပေးနိုင်ပါတယ်။

(၅) နှလုံး အတွက် ကောင်းတယ်

သုတေသနတွေအရ ကော်လာဂျင်က နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါပြဿနာတွေ ဖြစ်လာနိုင်ခြေလျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ကော်လာဂျင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးပို့လွှတ်မှုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ကော်လာဂျင်ဓာတ် မလုံလောက်ရင် နှလုံးသွေးကြောတွေ အားနည်းပြီးရောဂါဖြစ်လွယ်နိုင်ပါတယ်။

(၆) ဆံပင်နဲ့ ခြေသည်းလက်သည်း ကျန်းမာစေတယ်

ကော်လာဂျင်သောက်ရင် လက်သည်းခြေသည်းကြွပ်ဆတ်၊ ကျိုးပဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ ခြေသည်းလက်သည်း ကျန်းမာလှပစေတယ်၊ ဆံပင်သန်စေတယ်၊ ဆံပင်အရှည်မြန်စေတယ်။

(၇) ဦးနှောက် ကျန်းမာရေးအတွက် ကောင်းတယ်

ဆေးပညာ အထောက်အထား မလုံလောက်သေးပေမယ့် ကော်လာဂျင်သောက်ခြင်းက စိတ်ခံစားမှုကောင်းစေပြီး ပူပန်စိတ်တွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

(၈) ကိုယ်အလေးချိန်လျှော့ဖို့ အတွက် အထောက်အကူပေးတယ်

ကော်လာဂျင်သောက်ရင် ကိုယ်အလေးချိန်ကျပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပိုမြန်စေနိုင်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။

ကော်လာဂျင် ကို ဘာတွေကနေ ရနိုင်မလဲ

ကော်လာဂျင် ကို မီးအေးအေးနဲ့ အကြာကြီးတည်ထားတဲ့ အရိုးပြုတ်ရည်ကနေ ရနိုင်တယ်။ အိမ်မှာ ချက်တဲ့ အရိုးစွပ်ပြုတ်ရည် ၊ ကြေးအိုး၊ ဟော့ပေါ့ဟင်းရည် တို့လိုပေါ့။ အသား၊ ငါး၊ ကြက်ဥတို့လို ပရိုတင်းများတဲ့အစားအစာတွေလို အစားအစာတွေနဲ့လည်း ခန္ဓာကိုယ်ထဲ ကော်လာဂျင်သဘာဝအတိုင်း ထုတ်ပေးအောင် လှုံ့ဆော်အားပေးလို့ ရတယ်။ ဖြည့်စွက်စာပုလင်းလေးတွေလည်း သောက်လို့ရတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

Collagen ဟင္းရည္ ႀကိဳက္သူေတြ ရမယ့္ အက်ိဳးေက်းဇူး (၇) ခု

Collagen ဟင္းရည္ဆိုတာ ေဟာ့ေပါ့ခ်စ္သူေတြ သိၾကၿပီးသား ေနမွာပါ။ သိပ္အရသာ ႐ွိတယ္ ဆိုပဲ။ အခုေျပာျပမွာက ဒီဟင္းရည္မွာ ပါေနတဲ့ Collagen ဓာတ္အေၾကာင္းကိုပါ။ ဒီဓာတ္ေၾကာင့္ ကိုယ့္မွာ ဘယ္လို အက်ိဳးေက်းဇူးေတြ ရႏိုင္မွာမို႔လို႔ ေစ်းႀကီးေပးရတဲ့ ျဖည့္စြက္အာဟာရပုလင္းေလးေတြ ကိုေတာင္ တကူးတက ဝယ္ေသာက္လာၾကသလဲ။ ဆက္ၿပီး ၾကည့္ရေအာင္…

Collagen (ေကာ္လာဂ်င္) ဆိုတာ ခႏၶာကိုယ္မွာ အေပါမ်ားဆုံးေတြ႕ရတဲ့ ပ႐ိုတင္းျဖစ္ၿပီး အ႐ြတ္၊ အ႐ြတ္တြဲ၊ အေရျပားနဲ႔ ႂကြက္သားအပါအဝင္ ခႏၶာကိုယ္အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားရဲ႕ တြယ္ဆက္တစ္႐ွဴးေတြမွာ အဓိကပါဝင္ေနတာျဖစ္ပါတယ္။ သူ႕ရဲ႕ အက်ိဳးေက်းဇူးေတြက –

(၁) အသားအေရ လွတယ္

ေကာ္လာဂ်င္က အေရျပားမွာ အဓိကပါဝင္ဖြဲ႕စည္းထားတဲ့ပ႐ိုတင္းျဖစ္လို႔ အသားအေရတင္းရင္းေစၿပီး ေရဓာတ္ကို ျဖည့္တင္းႏိုင္စြမ္း ႐ွိပါတယ္။ အသက္အ႐ြယ္ႀကီးလာတာနဲ႔အမွ် ခႏၶာကိုယ္က ေကာ္လာဂ်င္ထုတ္လုပ္ႏိုင္စြမ္း က်ဆင္းလာတယ္၊ ၾကာလာေတာ့ အသားေတြေျခာက္လာတယ္၊ အေရးအေၾကာင္းေတြ ျဖစ္လာတယ္ေလ။ ေကာ္လာဂ်င္ကို အသားအေရအတြက္ ေသာက္တာက အမ်ားအားျဖင့္ ရည္႐ြယ္ခ်က္သုံးမ်ိဳး႐ွိတယ္ –

* အေရးအေၾကာင္းမျဖစ္ဘဲ အသားအေရတင္းရင္းၿပီး အ႐ြယ္တင္ႏုပ်ိဳေစဖို႔၊

* ဝက္ျခံနဲ႔အမာ႐ြတ္ေတြ သက္သာေပ်ာက္ကင္းေစဖို႔၊

* အသားအေရၾကည္လင္လွပဖို႔ ေသာက္ၾကတာ မ်ားပါတယ္။

(၂) အ႐ိုးအဆစ္၊ အ႐ြတ္ နာက်င္ကိုက္ခဲမႈ သက္သာေစတယ္

ေကာ္လာဂ်င္က အဆစ္ေတြကိုကာကြယ္ေပးတဲ့ အ႐ိုးႏုလႊာကို အားျဖည့္ေပးပါတယ္။ ခႏၶာကိုယ္မွာ ေကာ္လာဂ်င္အားနည္းတဲ့အခါ အဆစ္နာ လိုမ်ိဳး အ႐ိုးအဆစ္ ယိုယြင္းမႈျပႆနာေတြ ျဖစ္လာႏိုင္ေျခ ပိုမ်ားလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ေကာ္လာဂ်င္ေသာက္တဲ့အခါ အ႐ိုး၊အဆစ္၊ အ႐ြတ္နာေတြကို သက္သာေစႏိုင္တယ္။ ေကာ္လာဂ်င္ေၾကာင့္ ေရာင္ရမ္းမႈေတြလည္း ေလ်ာ့ပါးသက္သာေစႏိုင္ ပါေသးတယ္။

(၃) အ႐ိုးပြေရာဂါ ကာကြယ္တယ္

အ႐ိုးေတြမွာေကာ္လာဂ်င္ေတြအမ်ားစုနဲ႔ဖြဲ႕စည္းထားတာျဖစ္ၿပီး အ႐ိုးက်န္းမာေရးကို အက်ိဳးျပဳတာလည္းမ်ားပါတယ္။ အသက္ႀကီးလာေလ ခႏၶာကိုယ္ထဲမွာ ေကာ္လာဂ်င္နည္းလာေလျဖစ္ၿပီး အ႐ိုးသိပ္သည္းဆလည္း ေလ်ာ့လာတတ္ပါတယ္။ ဒီအခ်ိန္မွာ အ႐ိုးပြအ႐ိုးပါးေရာဂါ ျဖစ္ႏိုင္ေျခပိုမ်ားေစၿပီး အ႐ိုးက်ိဳးအက္မႈအႏၲရာယ္လည္း မ်ားပါတယ္။ ျဖည့္စြက္ေကာ္လာဂ်င္ေတြ ေသာက္တဲ့အခါ အ႐ိုးကိုအားျဖည့္ေပးၿပီး ဒီျပႆနာေတြ ကာကြယ္ေပးႏိုင္ပါတယ္။

(၄) ႂကြက္သား သန္မာေစတယ္

ခႏၶာကိုယ္ရဲ႕ႂကြက္သားတစ္႐ွဴးေတြ ၁၀ ရာခိုင္ႏႈန္းေလာက္ကို ေကာ္လာဂ်င္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ ႂကြက္သားေတြ သန္မာဖို႔နဲ႔ လုပ္ေဆာင္ခ်က္ေတြ ေကာင္းမြန္ဖို႔ ဒီပ႐ိုတင္းကို လိုအပ္ပါတယ္။ အသက္ႀကီးလာတဲ့အခါ ေလ်ာ့ရဲလာတဲ့ ႂကြက္သားေတြကို ျပန္လည္သန္မာေစဖို႔ ေကာ္လာဂ်င္က အေထာက္အကူ ေပးႏိုင္ပါတယ္။

(၅) ႏွလုံး အတြက္ ေကာင္းတယ္

သုေတသနေတြအရ ေကာ္လာဂ်င္က ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါျပႆနာေတြ ျဖစ္လာႏိုင္ေျခေလ်ာ့နည္းေစတယ္လို႔ ေတြ႕႐ွိထားပါတယ္။ ေကာ္လာဂ်င္က ႏွလုံးေသြးေၾကာေတြကို က်န္းမာေစၿပီး ေသြးပို႔လႊတ္မႈပုံမွန္ျဖစ္ေအာင္ ထိန္းေပးပါတယ္။ ေကာ္လာဂ်င္ဓာတ္ မလုံေလာက္ရင္ ႏွလုံးေသြးေၾကာေတြ အားနည္းၿပီးေရာဂါျဖစ္လြယ္ႏိုင္ပါတယ္။

(၆) ဆံပင္နဲ႔ ေျခသည္းလက္သည္း က်န္းမာေစတယ္

ေကာ္လာဂ်င္ေသာက္ရင္ လက္သည္းေျခသည္းႂကြပ္ဆတ္၊ က်ိဳးပဲ့ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးတယ္။ ေျခသည္းလက္သည္း က်န္းမာလွပေစတယ္၊ ဆံပင္သန္ေစတယ္၊ ဆံပင္အ႐ွည္ျမန္ေစတယ္။

(၇) ဦးေႏွာက္ က်န္းမာေရးအတြက္ ေကာင္းတယ္

ေဆးပညာ အေထာက္အထား မလုံေလာက္ေသးေပမယ့္ ေကာ္လာဂ်င္ေသာက္ျခင္းက စိတ္ခံစားမႈေကာင္းေစၿပီး ပူပန္စိတ္ေတြကိုေလ်ာ့ပါးသက္သာေစႏိုင္တယ္လို႔ ဆိုၾကပါတယ္။

(၈) ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ အတြက္ အေထာက္အကူေပးတယ္

ေကာ္လာဂ်င္ေသာက္ရင္ ကိုယ္အေလးခ်ိန္က်ၿပီး ကိုယ္တြင္းဇီဝျဖစ္စဥ္ကို ပိုျမန္ေစႏိုင္တယ္လို႔ တခ်ိဳ႕က ယုံၾကည္ၾကပါတယ္။

ေကာ္လာဂ်င္ ကို ဘာေတြကေန ရႏိုင္မလဲ

ေကာ္လာဂ်င္ ကို မီးေအးေအးနဲ႔ အၾကာႀကီးတည္ထားတဲ့ အ႐ိုးျပဳတ္ရည္ကေန ရႏိုင္တယ္။ အိမ္မွာ ခ်က္တဲ့ အ႐ိုးစြပ္ျပဳတ္ရည္ ၊ ေၾကးအိုး၊ ေဟာ့ေပါ့ဟင္းရည္ တို႔လိုေပါ့။ အသား၊ ငါး၊ ၾကက္ဥတို႔လို ပ႐ိုတင္းမ်ားတဲ့အစားအစာေတြလို အစားအစာေတြနဲ႔လည္း ခႏၶာကိုယ္ထဲ ေကာ္လာဂ်င္သဘာဝအတိုင္း ထုတ္ေပးေအာင္ လႈံ႕ေဆာ္အားေပးလို႔ ရတယ္။ ျဖည့္စြက္စာပုလင္းေလးေတြလည္း ေသာက္လို႔ရတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service