အိမ်ခြံမြေ တကယ် ရောင်းလိုက်ရတော့မှာပါလား

အိမ်ခြံမြေ တကယ် ရောင်းလိုက်ရတော့မှာပါလား - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2022 11:11 am တွင် တင်ခဲ့သည်
753 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အခုတလော အိမ်ခြံမြေ အရောင်းအဝယ်တွေက ပုံမှန်လိုရှိနေတာကိုတွေ့ရတယ်။ များသောအားဖြင့် သိန်းထောင်ကျော် မြေကွက်များလည်းအရောင်းအဝယ် ဖြစ်နေကြတာကိုတွေ့ရပါတယ်။ ရောင်းသူနဲ့ ဝယ်သူတွေကတော့ ရည်ရွယ်ချက်ခြင်းတော့ မတူကြပါဘူး။ အချို့က မိမိတို့ရဲ့ လက်ရှိ စီးပွားရေးလုပ်ငန်းမှာ အရှုံးပေါ်နေလို့ မိမိတို့ရဲ့ မြေနဲ့အိမ်ကို ဈေးကောင်းရတဲ့အချိန်မှာ ပြန်လည်ရောင်းချပြီး လုပ်ငန်းထဲမှာ ထပ်မံရင်းနှီးဖို့ အတွက်ဖြစ်ပါတယ်။

အချို့သော သူများကျတော့လည်း အရွယ်ရောက်လာပြီဖြစ်တဲ့ မိမိတို့ရဲ့ သားသမီးများကို နိုင်ငံရပ်ခြားမှာ ပညာတော်သင်စေလွှတ်လိုက်တဲ့ အတွက် ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ်များပေးပို့ရန်အတွက် ရောင်းချကြတာကိုတွေ့ရပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ အိမ်ခြံမြေဈေးတွေက အကျမရှိဘဲ တရိပ်ရိပ်တက်နေတဲ့အတွက် ရောင်းချသူတွေအတွက် အကောင်းဆုံး အချိန်အခါလို့ ဆိုရပါမယ်။

ဒါပေမဲ့လည်း မည်သည့်ရောင်းသူမဆို မိမိအနှစ်နှစ် အလလကနေထိုင်ခဲ့တဲ့ မြေနဲ့အိမ်ကို တကယ်တန်း စွန့်လွှတ်ရတော့မယ်လည်းဆိုရော မိမိတို့ရဲ့ မသိစိတ်မှာ နှမျောတသ ဖြစ်နေကြတာကိုတွေ့ရတယ်။ မရောင်းရတုန်းက သိန်း (၄၀၀၀) ရရင်ရောင်းမယ် သိန်း(၅၀၀၀) ရရင်ရောင်းမယ် ဆိုပြီး အကျိုးဆောင်ပွဲစားတွေကို အပ်ထားလိုက်တယ်။ ပွဲစားက တကယ်ဝယ်သူလည်းခေါ်လာရော “ နင်ကရောင်းချင်လွန်းလို့ ငါက သဘောတူလိုက်ရတာ တကယ်တော့ ငါက ရောင်းချင်တာမဟုတ်ဘူး ….” ဆိုပြီး လင်မယားချင်းစကားများကြတာ့တွေလည်းတွေ့ရတယ်။

တချို့ကြတော့လည်း ရောင်းသာရောင်းလိုက်ရပေမဲ့ မိမ်ိရဲ့ မြေနဲ့အိမ်အပေါ် မှာ သံယောဇဉ်မကုန်ကြဘူး။ ဒီတော့ ဝယ်သူကိုခေါ်လာပေးတဲ့ ပွဲစားနဲ့ ဝယ်သူဘက်က ပါလာတဲ့ ရှေ့နေအပေါ် အထင်အမြင်သေးတဲ့စကားတွေနဲ့ ပြောလာတတ်တယ်။ “ မင်းတို့ဝယ်သူက ငါ့လို ချမ်းသာလို့လား သိန်း (၅၀၀၀) တန် မြေနဲ့အိမ်ကို ဝယ်နိုင်လို့လား မင်းတို့ခေါ်လာတဲ့ ရှေ့နေကတော့ ဒီလိုတန်ဖိုးကြီး မြေကွက်နဲ့အိမ်မျိုး စာချုပ် ချုပ်ပေးဘူးလို့လား ”စသည်ဖြင့် လှောင်ပြောင်အကြည့်မျိုးနဲ့ ကြည့်တတ်ကြတယ်။

အိမ်ခြံမြေစာချုပ်စာတမ်း ကျွမ်းကျင်တဲ့ ပွဲစားနဲ့ ရှေ့နေတွေကတော့ ဒီလိုရောင်းသူမျိုးတွေနဲ့လည်း ကြုံဘူးကြသူတွေဖြစ်တာမို့ သည်းခံခွင့်လွှတ်ပြီး ဟန်မပျက်ပြုံးပြပြီး ရောင်းသူထံက အမည်ပေါက်ပိုင်ဆိုင်တဲ့ အနှစ်(၆၀) မြေငှါးဂရန် တို့ မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတောင်းယူပြီး ဂရန်တိုက်ဆိုင်စစ်ဆေးကြည့်ရတာပေါ့။

ဒီအခါကျရင် “ ငါတို့က မမှန်မကန် လိမ်မရောင်းပါဘူး၊ ဒီလိုအခြေအနေနဲ့နေတာ မင်းတို့မြင်တဲ့အတိုင်းပဲ” ဟု ပြောပြီး မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ မပြချင်ကြဘူး “ လူက်ိုယ်တိုင်တွေ့နေပြီပဲ ဘာလို့ မှတ်ပုံတင်ပြဖို့ လိုသလဲ သန်ခေါင်စာရင်း ပြဖို့မလိုပါဘူး “ “မင်းတို့လာတာက မြေကွက်ဝယ်ဖို့လာတာမဟုတ်ဘဲ ဧည့်စာရင်းစစ်ဖို့ လာသလိုဖြစ်နေပြီ “ ဟု ပြောတတ်ကြတယ် ။။

မှတ်ပုံတင် သန်းခေါင်စာရင်းတောင်းကြည့်ရတဲ့ ကိစ္စ

တကယ်တမ်း မှတ်ပုံတင်နဲ့ သန်ခေါင်စာရင်းတောင်းကြည့်ရတာကလည်း အကြောင်းရှိပါတယ်။ ဂရန်အမည်ပေါက်သူရဲ့ အမည်နဲ့ ရောင်းသူရဲ့ မှတ်ပုံတင် အမည်/နံပါတ်တို့ တစ်ထပ်တည်းကျနေမှ ဖြစ်မှာလေ.. ပြီးတော့ အခွန်ရုံးမှာ ဝင်ငွေခွန်ဆောင်ဖို့နဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မြေနဲ့ အိမ်အရောင်းအဝယ်စာချုပ်ချုပ်တဲ့အခါမှာ ပြရတယ်လေ။ အရာရှိက တိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှန်ကန်မှ စာချုပ်က မှတ်ပုံတင်လို့ရတာပါ။

ပြီးတော့ အထူးကိုယ်စားလှယ်လွှဲစာ ယူတဲ့အခါမှာလည်း မြေငှါးဂရန်မူရင်း ဂရန်အမည်ပေါက်သူနဲ့ မှတ်ပုံတင် အိမ်ထောင်စု စာရင်းပြရတယ်။ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူ(၁)စုံပေးခဲ့ရတယ်လေ။ ဒါ့အပြင် မြို့တော်စည်ပင် မြို့မြေစီမံခန့်ခွဲမှုဌါနမှာ အရောင်းမြေပုံ ကူးရင်လည်း မြေငှါးဂရန်မူရင်းနဲ့ အမည်ပေါက်ရောင်းသူရဲ့ မှတ်ပုံတင် မူရင်းတွေပြရတာဘဲလေ။ ဒီလို ဒီလို အချက်တွေကြောင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေ တောင်းကြည့်တာပါလို့ ရှင်းပြရတယ်။

အိပ်ချင်ယောင်ဆောင်သူ နှိုးရခက်

တချို့ ရောင်းသူတွေလည်း သူတို့က်ိုယ်တိုင်မြေကွက်ဝယ်ဘူးကြတာဘဲ။ အရင်နာမည်ပြောင်းဘူးကြတာဘဲ။ ဒါပေမဲ့ ကိုယ်ရောင်းတဲ့ အလှည့်ကျတော့ ဒါတွေမလိုအပ်သလို ဝယ်သူဘက်က ပါလာသူတွေ သူ့လောက်မြေအကြောင်းနားမလည်သလိုလို အထင်သေးတတ်ကြတယ်။ ဝယ်သူဘက်က ဒါတွေသိတယ်၊ တတ်တယ်၊ နားလည်တယ်လို့ သဘောပေါက်သွားတဲ့အခါကျတော့ စရန်ပေးစာချုပ်မှာ “ ဟိုစာပိုဒ်ဖြုတ်ပေးပါ။ ဒီအချက်ထည့်ပေးပါ “ ဟု စသည်ဖြင့် ဝယ်သူစိတ်ညစ်အောင် လုပ်တတ်ကြပြန်တယ်။

နှမျောတွန့်တိုစိတ်

ဒီအချက်တွေအားလုံးကို ခြုံငုံသုံးသပ်ရရင် “ ငါပ်ိုင်တဲ့မြေနဲ့အိမ်ကို တကယ်ဝယ်နိုင်သူရှိလာပြီ။ ဒီတော့ ငါလက်လွှတ်လိုက်ရတော့မယ် ဆိုတဲ့ “နှမျောတွန့်တို စိတ်ကြောင့် ဖြစ်လာရတဲ့ အမူအရာတွေပါ။ ဒီလိုအနေအထားတွေ ရောင်းသူမျက်နှာမှာပေါ်လာပြီဆိုရင်တော့ စကားမများအောင် အငြင်းအခုံမဖြစ်အောင် ဝယ်သူဘက်က သည်းခံခွင့်လွှတ်ပြီး ဝယ်ကြပါ။ အကျိုးဆောင်များနဲ့ ရှေ့နေကလည်း ပွဲမပျက်အောင် ထိန်းပြီး အကောင်းဆုံး အပြုံးနဲ့ ဆောင်ရွက်ပေးနိုင်ကြပါစေလို့ စေတနာကောင်းနဲ့ တိုက်တွန်းအားပေးလိုက်ရပါတယ်။

ရောင်းသူ ဝယ်သူ အဆင်ပြေပါစေ….

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အိမ္ျခံေျမ တကယ္ ေရာင္းလိုက္ရေတာ့မွာပါလား

အခုတေလာ အိမ္ျခံေျမ အေရာင္းအဝယ္ေတြက ပံုမွန္လိုရွိေနတာကိုေတြ႕ရတယ္။ မ်ားေသာအားျဖင့္ သိန္းေထာင္ေက်ာ္ ေျမကြက္မ်ားလည္းအေရာင္းအဝယ္ ျဖစ္ေနၾကတာကိုေတြ႕ရပါတယ္။ ေရာင္းသူနဲ႕ ဝယ္သူေတြကေတာ့ ရည္ရြယ္ခ်က္ျခင္းေတာ့ မတူၾကပါဘူး။ အခ်ိဳ႕က မိမိတို႕ရဲ႕ လက္ရွိ စီးပြားေရးလုပ္ငန္းမွာ အရႈံးေပၚေနလို႕ မိမိတို႔ရဲ႕ ေျမနဲ႕အိမ္ကို ေဈးေကာင္းရတဲ့အခ်ိန္မွာ ျပန္လည္ေရာင္းခ်ၿပီး လုပ္ငန္းထဲမွာ ထပ္မံရင္းႏွီးဖို႕ အတြက္ျဖစ္ပါတယ္။

အခ်ိဳ႕ေသာ သူမ်ားက်ေတာ့လည္း အရြယ္ေရာက္လာၿပီျဖစ္တဲ့ မိမိတို႔ရဲ႕ သားသမီးမ်ားကို ႏိုင္ငံရပ္ျခားမွာ ပညာေတာ္သင္ေစလႊတ္လိုက္တဲ့ အတြက္ ေက်ာင္းစရိတ္နဲ႕ ေနထိုင္စားေသာက္စရိတ္မ်ားေပးပို႕ရန္အတြက္ ေရာင္းခ်ၾကတာကိုေတြ႕ရပါတယ္။

ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ပါေစ အိမ္ျခံေျမေဈးေတြက အက်မရွိဘဲ တရိပ္ရိပ္တက္ေနတဲ့အတြက္ ေရာင္းခ်သူေတြအတြက္ အေကာင္းဆံုး အခ်ိန္အခါလို႕ ဆိုရပါမယ္။

ဒါေပမဲ့လည္း မည္သည့္ေရာင္းသူမဆို မိမိအႏွစ္ႏွစ္ အလလကေနထိုင္ခဲ့တဲ့ ေျမနဲ႕အိမ္ကို တကယ္တန္း စြန္႔လႊတ္ရေတာ့မယ္လည္းဆိုေရာ မိမိတို႔ရဲ႕ မသိစိတ္မွာ ႏွေမ်ာတသ ျဖစ္ေနၾကတာကိုေတြ႕ရတယ္။ မေရာင္းရတုန္းက သိန္း (၄၀၀၀) ရရင္ေရာင္းမယ္ သိန္း(၅၀၀၀) ရရင္ေရာင္းမယ္ ဆိုၿပီး အက်ိဳးေဆာင္ပြဲစားေတြကို အပ္ထားလိုက္တယ္။ ပြဲစားက တကယ္ဝယ္သူလည္းေခၚလာေရာ “ နင္ကေရာင္းခ်င္လြန္းလို႕ ငါက သေဘာတူလိုက္ရတာ တကယ္ေတာ့ ငါက ေရာင္းခ်င္တာမဟုတ္ဘူး ….” ဆိုၿပီး လင္မယားခ်င္းစကားမ်ားၾကတာ့ေတြလည္းေတြ႕ရတယ္။

တခ်ိဳ႕ၾကေတာ့လည္း ေရာင္းသာေရာင္းလိုက္ရေပမဲ့ မိမိ္ရဲ႕ ေျမနဲ႕အိမ္အေပၚ မွာ သံေယာဇဥ္မကုန္ၾကဘူး။ ဒီေတာ့ ဝယ္သူကိုေခၚလာေပးတဲ့ ပြဲစားနဲ႕ ဝယ္သူဘက္က ပါလာတဲ့ ေရွ႕ေနအေပၚ အထင္အျမင္ေသးတဲ့စကားေတြနဲ႕ ေျပာလာတတ္တယ္။ “ မင္းတို႕ဝယ္သူက ငါ့လို ခ်မ္းသာလို႕လား သိန္း (၅၀၀၀) တန္ ေျမနဲ႔အိမ္ကို ဝယ္ႏိုင္လို႕လား မင္းတို႕ေခၚလာတဲ့ ေရွ႕ေနကေတာ့ ဒီလိုတန္ဖိုးႀကီး ေျမကြက္နဲ႕အိမ္မ်ိဳး စာခ်ဳပ္ ခ်ဳပ္ေပးဘူးလို႕လား ”စသည္ျဖင့္ ေလွာင္ေျပာင္အၾကည့္မ်ိဳးနဲ႕ ၾကည့္တတ္ၾကတယ္။

အိမ္ျခံေျမစာခ်ဳပ္စာတမ္း ကၽြမ္းက်င္တဲ့ ပြဲစားနဲ႕ ေရွ႕ေနေတြကေတာ့ ဒီလိုေရာင္းသူမ်ိဳးေတြနဲ႕လည္း ၾကံဳဘူးၾကသူေတြျဖစ္တာမို႔ သည္းခံခြင့္လႊတ္ၿပီး ဟန္မပ်က္ျပံဳးျပၿပီး ေရာင္းသူထံက အမည္ေပါက္ပိုင္ဆိုင္တဲ့ အႏွစ္(၆၀) ေျမငွါးဂရန္ တို႕ မွတ္ပံုတင္တို႕ အိမ္ေထာင္စုစာရင္းေတာင္းယူၿပီး ဂရန္တိုက္ဆိုင္စစ္ေဆးၾကည့္ရတာေပါ့။

ဒီအခါက်ရင္ “ ငါတို႕က မမွန္မကန္ လိမ္မေရာင္းပါဘူး၊ ဒီလိုအေျခအေနနဲ႕ေနတာ မင္းတို႔ျမင္တဲ့အတိုင္းပဲ” ဟု ေျပာၿပီး မွတ္ပံုတင္တို႕ အိမ္ေထာင္စုစာရင္းတို႕ မျပခ်င္ၾကဘူး “ လူကိ္ုယ္တိုင္ေတြ႕ေနၿပီပဲ ဘာလို႕ မွတ္ပံုတင္ျပဖို႔ လိုသလဲ သန္ေခါင္စာရင္း ျပဖို႔မလိုပါဘူး “ “မင္းတို႕လာတာက ေျမကြက္ဝယ္ဖို႕လာတာမဟုတ္ဘဲ ဧည့္စာရင္းစစ္ဖို႔ လာသလိုျဖစ္ေနၿပီ “ ဟု ေျပာတတ္ၾကတယ္ ။။

မွတ္ပံုတင္ သန္းေခါင္စာရင္းေတာင္းၾကည့္ရတဲ့ ကိစၥ

တကယ္တမ္း မွတ္ပံုတင္နဲ႕ သန္ေခါင္စာရင္းေတာင္းၾကည့္ရတာကလည္း အေၾကာင္းရွိပါတယ္။ ဂရန္အမည္ေပါက္သူရဲ႕ အမည္နဲ႕ ေရာင္းသူရဲ႕ မွတ္ပံုတင္ အမည္/နံပါတ္တို႕ တစ္ထပ္တည္းက်ေနမွ ျဖစ္မွာေလ.. ၿပီးေတာ့ အခြန္႐ုံးမွာ ဝင္ေငြခြန္ေဆာင္ဖို႕နဲ႕ စာခ်ဳပ္စာတမ္းမွတ္ပံုတင္႐ုံးမွာ ေျမနဲ႕ အိမ္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တဲ့အခါမွာ ျပရတယ္ေလ။ အရာရွိက တိုက္ဆိုင္စစ္ေဆးၾကည့္ၿပီးမွန္ကန္မွ စာခ်ဳပ္က မွတ္ပံုတင္လို႕ရတာပါ။

ၿပီးေတာ့ အထူးကိုယ္စားလွယ္လႊဲစာ ယူတဲ့အခါမွာလည္း ေျမငွါးဂရန္မူရင္း ဂရန္အမည္ေပါက္သူနဲ႕ မွတ္ပံုတင္ အိမ္ေထာင္စု စာရင္းျပရတယ္။ မူရင္းနဲ႕ တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴ(၁)စံုေပးခဲ့ရတယ္ေလ။ ဒါ့အျပင္ ၿမိဳ႕ေတာ္စည္ပင္ ၿမိဳ႕ေျမစီမံခန္႕ခြဲမႈဌါနမွာ အေရာင္းေျမပံု ကူးရင္လည္း ေျမငွါးဂရန္မူရင္းနဲ႕ အမည္ေပါက္ေရာင္းသူရဲ႕ မွတ္ပံုတင္ မူရင္းေတြျပရတာဘဲေလ။ ဒီလို ဒီလို အခ်က္ေတြေၾကာင့္ မွတ္ပံုတင္၊ သန္းေခါင္စာရင္းေတြ ေတာင္းၾကည့္တာပါလို႕ ရွင္းျပရတယ္။

အိပ္ခ်င္ေယာင္ေဆာင္သူ ႏိႈးရခက္

တခ်ိဳ႕ ေရာင္းသူေတြလည္း သူတို႕ကိ္ုယ္တိုင္ေျမကြက္ဝယ္ဘူးၾကတာဘဲ။ အရင္နာမည္ေျပာင္းဘူးၾကတာဘဲ။ ဒါေပမဲ့ ကိုယ္ေရာင္းတဲ့ အလွည့္က်ေတာ့ ဒါေတြမလိုအပ္သလို ဝယ္သူဘက္က ပါလာသူေတြ သူ႔ေလာက္ေျမအေၾကာင္းနားမလည္သလိုလို အထင္ေသးတတ္ၾကတယ္။ ဝယ္သူဘက္က ဒါေတြသိတယ္၊ တတ္တယ္၊ နားလည္တယ္လို႕ သေဘာေပါက္သြားတဲ့အခါက်ေတာ့ စရန္ေပးစာခ်ဳပ္မွာ “ ဟိုစာပိုဒ္ျဖဳတ္ေပးပါ။ ဒီအခ်က္ထည့္ေပးပါ “ ဟု စသည္ျဖင့္ ဝယ္သူစိတ္ညစ္ေအာင္ လုပ္တတ္ၾကျပန္တယ္။

ႏွေမ်ာတြန္႔တိုစိတ္

ဒီအခ်က္ေတြအားလံုးကို ျခံဳငံုသံုးသပ္ရရင္ “ ငါပိ္ုင္တဲ့ေျမနဲ႔အိမ္ကို တကယ္ဝယ္ႏိုင္သူရွိလာၿပီ။ ဒီေတာ့ ငါလက္လႊတ္လိုက္ရေတာ့မယ္ ဆိုတဲ့ “ႏွေမ်ာတြန္႔တို စိတ္ေၾကာင့္ ျဖစ္လာရတဲ့ အမူအရာေတြပါ။ ဒီလိုအေနအထားေတြ ေရာင္းသူမ်က္ႏွာမွာေပၚလာၿပီဆိုရင္ေတာ့ စကားမမ်ားေအာင္ အျငင္းအခံုမျဖစ္ေအာင္ ဝယ္သူဘက္က သည္းခံခြင့္လႊတ္ၿပီး ဝယ္ၾကပါ။ အက်ိဳးေဆာင္မ်ားနဲ႕ ေရွ႕ေနကလည္း ပြဲမပ်က္ေအာင္ ထိန္းၿပီး အေကာင္းဆံုး အျပံဳးနဲ႕ ေဆာင္ရြက္ေပးႏိုင္ၾကပါေစလို႕ ေစတနာေကာင္းနဲ႔ တိုက္တြန္းအားေပးလိုက္ရပါတယ္။

ေရာင္းသူ ဝယ္သူ အဆင္ေျပပါေစ….

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service