အိမ်ဆောက်အခါပေးခြင်းနှင့် ရှေးထုံးအစဉ်အလာများ.......

အိမ်ဆောက်အခါပေးခြင်းနှင့် ရှေးထုံးအစဉ်အလာများ....... - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2022 12:17 pm တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မကြာသောရက်ကဖြစ်သည်။ ကျွန်ုပ်ထံသို့ မတွေ့ရသည်မှာ ကြာလှပြီဖြစ်သည့် မိတ်ဆွေတစ်ဦးသည် အူယားဖားယားဖြင့် ရောက်၍လာတော့၏။

“ လာရင်းကိစ္စက ဒီလိုရှိတယ် ဆရာကင်ရဲ့ . . . ကျွန်တော့်အလုပ်အကိုင် စီးပွားလည်း ပျက်နေတာ တစ်နှစ်ခွဲလောက်ရှိပြီ . . အခုလည်း အိမ်ထောင်ရေးက ကွဲမလိုဖြစ်နေတယ် . . . အကြွေးတွေကလည်း မဆပ်နိုင်ဘူး. . .ဒီကြားထဲ သမီးငယ်ကလည်း ကားတိုက်မိလို့ ဆေးရုံးရောက်နေတာ ခြေထောက်စတီးချောင်းထည့်ရမယ်. . . ဒီလိုတွေဖြစ်မယ်လို့ စိတ်တောင်မကူးဖူးဘူး၊ အခုတော့ဘယ်လိုတွေဖြစ်နေ လည်းဆိုတာ ကြည့်ပေးပါဗျာ” ဟုဆိုလေရာ ကျွန်ုပ်လည်း လွန်စွာရင်းနှီးသည်ဖြစ်သဖြင့် ကြည့်ပေးရတာပေါ့ ဟုဆိုပြီး သူ့လက္ခဏာနှင့် ဇာတာတို့ကို စစ်ဆေးရလေတော့သည်။

မိတ်ဆွေ၏ လက္ခဏာနှင့် ဇာတာတို့ကို စစ်ဆေးရာ ဂြိုဟ်နက္ခတ်တို့က ပြဆိုသော ကောင်းခြင်းဆိုးပြစ်များကို ပြောပြရလေ၏။ ထို့အခါ မိတ်ဆွေက လွန်ခဲ့သော တစ်နှစ်ခွဲလောက်က အိမ်သစ်ဆောက်လုပ်ခဲ့ပြီး ထိုအိမ်တွင် ပြောင်းနေသည့်အချိန်မှစ၍ ယခုကဲ့သို့ အဆင်မပြေခြင်းများ တစ်ခုပြီးတစ်ခု ကြုံရပြီး ပြသနာတက်နေကြောင်းပြောသဖြင့် ကျွန်ုပ်တို့လည်း အိမ်ဆောက်ခြင်း၊အခါယူခြင်းနှင့် ရှေးထုံးအစဉ်အလာများအကြောင်းကို ဆွေးနွေးဖြစ်တော့သည်။

ကျွန်ုပ်က ယခုအခါ အိမ်ဆောက်အခါပေးခြင်းကို အခါပေးတွက်နည်းများစွာ၊ စနစ်မျိုးစုံ နည်းမျိုးစုံဖြင့် မိမိတတ်ကျွမ်းသောပညာရပ်ဖြင့် အခါပေးနေကြသည်ဖြစ်ရာ တစ်နည်းနှင့် တစ်နည်း မတူညီကြကြောင်း စတင်ပြောပြရလေတော့သည်။

ထို့နောက် ကျွန်ုပ်တို့ အိမ်ဆောက်အခါပေးအကြောင်းကို အောက်ပါအတိုင်း ရှင်းပြရလေတော့သည်။

အိမ်ဆောက်အခါပေးအတွက် အခါလာတောင်းပြီးဆိုရင် အခါတောင်သူရဲ့ မွေးနေ့ ၊ရက်၊လ၊ခုနှစ်၊ မွေးချိန်၊မွေးဒေသတွေကို အရင်ဆုံးတောင်းရတယ်ဗျာ့၊ ဘာလို့လည်းဆိုတော့ တြိစက္ကဇာတာကြီးဖွဲ့ ကြည့်ဖို့ပါဘဲ၊ ဒီလိုကြည့်မှ ဇာတာရှင်ဟာ ယခုအခါတောင်းတဲ့ အချိန်မှာ အိမ်တစ်ဆောင် ဆောက်လုပ်ဖို့ ကံပါရှိသလား၊ဆောက်လုပ်ဖြစ်ရင် အပြီးတိုင်အောင် ဆောက်ဖြစ်မလား၊တစ်ဝက်နဲ့ ရပ်နေမလား၊ ဆောက်နေရင်နဲ့ မလိုလားအပ်တဲ့ စီးပွားရေး၊အိမ်ထောင်ရေး၊ ကျန်းမာရေး ကိစ္စတွေ ပေါ်မလား၊ စသဖြင့် မူလကံတရားကို အရင်စစ်ဆေးရတယ်၊ ဒါကအလွန်အရေးကြီးတယ်။ ဒီလိုစစ်ဆေးလို့ အဆင်ပြေတယ်ဆိုရင်တော့ ဒီပုဂ္ဂိုဟ်ကို အိမ်ဆောက်မင်္ဂလာအခါ ပေးဖို့အတွက်ပြင်ဆင်ရတယ်။ သူရဲ့ မူလဇာတာအရ ဘယ်အချိန်ဘယ်ခါမှ သူက မင်္ဂလာပြုအပ်သလည်း ဆိုတာကို စစ်ဆေးရတယ်။ ဒီလိုစစ်ဆေးပြီးလို့ အဆင်ပြေတဲ့အခါမှ အိမ်ဆောက်အခါပေးကို လက်ခံလို့ရတာဖြစ်တယ်။

မင်္ဂလာအခါတွက်တဲ့အခါ သဗ္ဗမင်္ဂလာအခါပေးကျမ်းကိုအခြေခံပြီး နှစ်၏စင်ကြယ်ခြင်း၊လ၏စင်ကြယ်ခြင်း၊ ရက်၏စင်ကြယ်ခြင်းတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးရွေးရတယ်။ လက်သမားမြေခံ၊တိထီမြေခံတို့ ကောင်းမကောင်း၊ ရက်ကြမ်း၊ရက်ပုတ်တွေလွတ်မလွတ်ကိုလည်း ရွေးချယ်ရတယ်၊ ရက်ကိုရရင် အချိန်ကို ရွေးရတယ်၊ဒီအချိန်ကို ရွေးရတာကတော့ အတော်လေးလက်ဝင်တယ်၊ အချိန်ကိုရွေးတဲ့နေရာမှာ ဇာတာပေါ်က လဂ်ကိုအခြေခံထားရပြန်တယ်၊ စရလဂ်နဲ့ ပေးရင် ဒီအိမ်ရဲ့အနာဂါတ်က ဘာဖြစ်တတ်တယ်၊ ထိရလဂ်ဖြစ်ရင် ဘယ်လိုဖြစ်မယ်၊ ဒွေသဟလဂ်ဖြစ်ရင် ဘယ်လိုတွေ ဖြစ်မယ်ဆိုတဲ့အခြေခံက စပြီးစဉ်းစားရတယ်၊ လဂ်ထားတဲ့ ရာသီရဲ့ သဘော၊ စန်းရဲ့အခြေအနေ၊ တနင်္ဂနွေဂြိုဟ်ရဲ့ ကောင်းကျိုးဆိုးပြစ် ဆိုတာတွေကို ချိန်ရပြန်တယ်။ ပါပဂြိုဟ်တွေက အခါဇာတာရဲ့ ဘယ်အတန့်ဘာဝတွေမှာ ရှိနေသလည်း ဆိုတာကအစ အသေးစိတ်ရတယ်။ ဂြိုဟ်တစ်လုံးမှ လွတ်ထားလို့မရဘူး၊ ရှိတဲ့ ဂြိုဟ်အားလုံးကို စဉ်းစားရတာဖြစ်လို့ အချိန်ယူပြီး ကျမ်းတွေနဲ့ အပြန်ပြန်စစ်ဆေးရတယ်။

ဒီလိုစစ်ဆေးတဲ့အခါ အလုံးစုံကောင်းခြင်းတွေဘဲ ပြည့်နေတဲ့ အခါမျိုးဆိုတာက အလွန်ရခဲတာဖြစ်လို့ အနာအဆာအနည်းငယ်တော့ ပါတတ်တယ်။ ပါတဲ့အနာအဆာကို ဘယ်လို ယတြာနဲ့ ချေဖျက်စီစဉ်ရမယ်ဆိုတာကိုလည်း ကြိုတွေးထားရတယ်၊ ဒီလို အဆင့်ဆင့်ရွေးထားတဲ့ အခါဇာတာကို မူလအခါတောင်းသူဇာတာနဲ့ ပြန်ပြီးတိုက်စစ်ရပါသေးတယ် ဒီလိုစစ်ပြီးရင်တော့ မုဟုတ္တ အခါပေးကျမ်းနဲ့ နောက်တစ်ဆင့် ထပ်စစ်ရတယ်၊ ယုဂ်တွေရွေးထုတ်ရပြန်တယ်၊ စန်းယှင်နက္ခတ်တွေကလည်း အရေးကြီးတယ်၊ အခါဇာတာကတော့ ကောင်းနေပါတယ်၊ဒါပေမယ့် ယုဂ်မှာတော့ ကာလဒဏ္ဍယုဂ် (သေတတ်သောယုဂ်) ရနေတာမျိုး၊ ဓွံချယုဂ် (ပစ္စည်းဥစ္စာကုန်ဆုံးစေတတ်သောယုဂ်) ရနေတာမျိုးဖြစ်ခဲ့ရင်လည်း ဒီအခါဇာတာက ပြသနာကြီးတယ်၊ ပြန်ရွေးရပြန်တယ်၊ နောက်တစ်ခုက အိမ်ရှင်အတွက် ဝတ်ရမယ့်အဝတ်အထည်အရောင်ကအစ ဆင်မြန်းရမယ့်ရတနာ၊ဆောင်ရမယ့်ပန်း ဒါတွေကို ကျမ်းအတိုင်း တိတိကျကျစီစဉ်ရတယ်၊ ဒါက အခါရွေးတဲ့ အဆင့်ပါ။

အခါရွေးတဲ့အဆင့်မှာ အဆင်ပြေပြီးဆိုရင် နောက်တဆင့်က မင်္ဂလာအခါအစီအစဉ်ဖြစ်တယ်. . . ဒါကတော့ အလွန်အရေးကြီးလို့ တတ်သိတဲ့ ဆရာကိုယ်တိုင် ဆောင်ရွက်ပေးရင် အကောင်းဆုံးဖြစ်တယ်၊ ကြိုးဆွဲ-ပန္နက်ရိုက်တဲ့ကိစ္စက အလွန်အရေးကြီးတယ်၊ ပန္နက်ကြိုးဆွဲတဲ့အခါ နဂါခေါင်းလှဲ့ရာ အရပ်ကို မူတည်ပြီး စဆွဲရတယ်၊ ပြီးရင် ကြိုးရင် ကြိုးဖျားကိုင်တဲ့သူတွေက အိမ်ရှင်ရဲ့ ပဉ္စပွတ်။ဆပွတ် နေသားတွေဖြစ်နေရမယ် ၊ အမြစ်နေ့သားက ပန္နက်တိုင်ကို ရိုက်ရတာမျိုးဖြစ်တယ် ၊ဒီနေ့သားတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ဆောင်ပန်းတွေကို တွက်ချက်ထားတဲ့အတိုင်း ဆောင်ထားရသေးတယ်၊ လွဲလို့မရဘူး။ အဲဒီလို ပန္နက်ရိုက်ပြီးရင် မင်္ဂလာအခါစောင့်ရတယ်၊ ဒီနေရာမှာ ပေးထားတဲ့ အခါဆိုတာက ကြိုးဆွဲတဲ့ အချိန်ကိုပေးတာမဟုတ်ဘဲ ပန္နက်တိုင်ကို တူးတဲ့ အချိန်ကို ပေးတာဖြစ်တယ်။ မင်္ဂလာအခါ စောင့်နေတဲ့ အချိန်တိုလေးမှာ မကောင်းတဲ့နမိတ်တွေ မဖြစ်ရဘူး ၊မင်္ဂလာစည်းကမ်းတွေအတိုင်းလုပ်ရတာမျိုးပါ။ ဒီလိုအခါစောင့်ပြီးလို့ မင်္ဂလာအခါ ရောက်တဲ့အချိန်မှာ “ နဂါးလည်ပင်း၊ဂဠုန်နင်း၍၊မြီးရင်းဟိုင်းစီး၊ ကြွက်ကြီးဝမ်းဖောက်၊ ကျောင်းအိမ်ဆောက်သည်” ဆိုသည့်အတိုင်း သက်ဆိုင်ရာနေ့သားတွေက သက်ဆိုင်ရာဆောင်ပန်းတွေကိုဆောင်ပြီး ဂြဟဇာ ပွင့်ရာအရပ်ကို မျက်နာမူလို့ တူရွင်းနဲ့ ပန္နက်တိုင်ကို သုံးဦးသား တစ်ပြိုင်တည်း တစ်ချက်တည်း တူးထုတ်ရတယ်၊ တစ်ချက်တည်း ပန္နက်တိုင်ကလည်း ကျွတ်ထွက်ရမယ်။

ဒီလိုမင်္ဂလာကိစ္စအောင်တဲ့အခါ တူးထားတဲ့ ဦးရူးတိုင်နေရာမှာ မင်္ဂလာအောင်ဂါထားကို ရွတ်ဖတ်ပြီး နဂါးတွင်း နဂါးစာချရတယ်၊ ရွေရည်ငွေရည်လောင်းပြီး လာတဲ့ပရိတ်သတ်တွေကို ဧည့်ခံရတယ်၊ ဒီအဆင့်တွေမှာ ဦးရူးတိုင်ဆိုတဲ့ ကိစ္စကို ပြောချင်ပါသေးတယ်၊ဥပမာ - ခြံရဲ့ မျက်နာမူရာအရပ်က အရှေ့ဆိုပါစို့၊ နဂါခေါင်းအလှည့်က အနောက်လှည့်ချိန်မှာ အခါပေးတယ်ဆိုရင် ဦးရူးတိုင်က အရှေ့ဘက်မှာ မဖြစ်နိုင်တော့ဘူး၊ အထက်ကတူးခဲ့တဲ့ တွင်းထဲက ခေါင်းနေရာနဲ့ ဝမ်းနေရာတွေ ထားလို့ရပေမယ့် အမြီးနေရာကိုတော့ ထားလို့မရဘူး၊ ဒီတော့ အိမ်ရှေ့မှာ ဦးရူးတိုင်ထားမယ်ဆိုရင် နဂါအလှည့်ကိုကြည့်ပြီး စောင့်ပြီးမှ အခါယူရမှာ၊ ဒီလိုမစောင့်နိုင်ရင် ရတဲ့နေရာထားလိုက်ရမှာဖြစ်တယ်။ဒီအယူအဆကတော့ ကျမ်းတစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး၊ ဒီလိုစနစ်တကျ စီမံပြီး မင်္ဂလာအခါယူဆောင်ရွက်တဲ့ ကြိုးဆွဲပန္နက်ရိုက်ဆောင်ရွက်ပြီး မှန်ကန်တဲ့ ဦးရူးတိုင်ထားမှ အိမ်က မင်္ဂလာရှိတာဖြစ်တယ် . . . လို့ ကျွန်ုပ်က မိတ်ဆွေဖြစ်သူကို ရှင်းပြရလေသည်။

မိတ်ဆွေဖြစ်သူက “ ဒါဆိုရင်တော့ ဒုက္ခပါဘဲ . . . ကျွန်တော် အိမ်ပန္နက်ရိုက်တော့ အိမ်နောက်မှာ ဦးရူးတိုင်ကျနေတော့ မထားချင်ဘူး အရှေ့ဘက်ဘဲထားဆိုပြီး အရှေ့ဘက်ကို ဦးရူးတိုင်ထူးမိတယ်ဗျာ့ . . . နောက်ပြီး ကြိုးဆွဲတာကလည်း တွေ့တဲ့သူဆွဲတာ ကျင်းတူးတော့မှ နေသားတွေနဲ့တူးတာ” ဟုပြောပြီး ခေါင်းကိုသာ သွင်သွင်ကုတ်နေတော့သည်။ မင်္ဂလာအခါ မတွက်ချက်၊အခါမယူဘဲ ဒီတိုင်းဆောက်မိသည်ဆိုပါက တစ်မျိုးစဉ်စားရ မည်ဖြစ်သော်လည်း အခါယူပြီး စနစ်မကျသည့်အခါ အပြစ်ဖြစ်ပြီး ခိုက်တတ်သည့်သဘောကို သေချာရှင်းပြရလေ တော့သည်။ ထိုအခါ မိတ်ဆွေကလည်း မင်္ဂလာအခါ၏ နက်နဲသော အကြာင်းနှင့် အကျိုးတို့ကို သေချာနားလည် သဘောပေါက်၍ သူ၏အိမ်အားမည်ကဲ့သို့ ပြုပြင်သင့်သည့်ကို မေးမြန်းလေတော့သည်။

မင်္ဂလာအခါမှားလို့ဖြစ်စေ၊ တိုင်ထောင်မှားလို့ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် အမှားတစ်ခုခုဖြစ်လို့ အိမ်ခိုက်နေပြီဆိုရင် အဲဒီအိမ်မှာနေတဲ့ အိမ်ထောင်ဦးစီး လူကြီးသူမကအစ ကလေးသူငယ်အဆုံး ခိုက်နေတတ်တယ်၊ ခိုက်နေတဲ့အိမ်မှာနေတဲ့သူတွေက စီးပွားပျက်တယ်၊ ရန်ပေါ်တတ်တယ်၊ ကျန်းမာရေးတွေ ချုချာလာမယ်၊ မကောင်းဆိုးဝါးတွေရဲ့ ဝင်ရောက်နှောက်ယှက်ခြင်းတွေ ခံရတတ်တယ်လို့ သိထားပါတယ်။ ဒီလိုမျိုးအခြေအနေဖြစ်ပြီးဆိုရင် မူလအခါရဲ့ သတ္တိတွေက ရိုက်ခတ်နေတာဖြစ်လို့ ဒီအခြေအနေကို ပြန်ပြီး ပြုပြင်ရတာက မူလအစမင်္ဂလာအခါပေး ရတာထက် ပိုပြီးခက်တယ်၊ ကျွန်ုပ်လည်း တစ်ခါတစ်ခါ ဆရာကြီးများထံ ပြေးပြီး မေးမြန်းနီးနာခံယူနေရတာပါဘဲ၊ အခုလိုပြောပြတာကလည်း ကျွန်ုပ်သိသဘောက်ပြောပြရတာ၊အခါပေးဆိုတာက အလွန်နက်နဲတဲ့ ပညာရပ်တစ်ခုဖြစ်လို့ အလျင်သင့်တဲ့အချိန်တိုင်းဆရာ့ဆရာကြီးတွေထံမှာ သင့်ယူနည်းနာခံနေရတာဖြစ်တယ်။

ကျွန်ုပ်၏ မိတ်ဆွေလည်း သူ၏အိမ်အား ဘယ်ကဲ့သို့ ပြုပြင်ရမည်ကို မေးမြန်းရာ အကောင်းဆုံးပြုပြင်ရမည့်နည်းလမ်းများကို စနစ်တကျတွက်ချက်ပြီး ဆောင်ရွက်ပေးပါမည်ဟု ကတိပြုလိုက်ရလေသည်။ အိမ်ဆောက်ပန္နက်ရိုက်မင်္ဂလာဆောင်ရွက်ရာတွင် စနစ်တကျတွက်ချက်ပြီး သေသေချာချာဆောင်ရွက်ခဲ့တဲ့ မင်္ဂလာအိမ်ဟာဖြင့် အသက်ရှည်ခြင်း၊ စီးပွားရာထူးတိုးတက်ခြင်း၊ ဂုဏ်ကျက်သရေတိုးခြင်း၊ မိသားစုပျော်ရွှင်ရခြင်း၊ မကောင်းသောဘေးအန္တရာယ်များမှ ကင်းလွတ်ခြင်း စတဲ့ ကောင်းခြင်းမင်္ဂလာတွေဟာ နေထိုင်သူတွေအပေါ် တစ်ပွေတစ်ပိုက်ကြီးရရှိခံစားရမှာ ဖြစ်ကြောင်း ပြောပြရာ မိတ်ဆွေလည်း လွန်စွာဝမ်းသာလျှက် ရှိလေတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဆရာကင်္ကသူ

 

[Zawgyi]

အိမ္ေဆာက္အခါေပးျခင္းႏွင့္ ေ႐ွးထုံးအစဥ္အလာမ်ား.......

 

မၾကာေသာရက္ကျဖစ္သည္။ ကြၽႏ္ုပ္ထံသို႔ မေတြ႕ရသည္မွာ ၾကာလွၿပီျဖစ္သည့္ မိတ္ေဆြတစ္ဦးသည္ အူယားဖားယားျဖင့္ ေရာက္၍လာေတာ့၏။

“ လာရင္းကိစၥက ဒီလို႐ွိတယ္ ဆရာကင္ရဲ႕ . . . ကြၽန္ေတာ့္အလုပ္အကိုင္ စီးပြားလည္း ပ်က္ေနတာ တစ္ႏွစ္ခြဲေလာက္႐ွိၿပီ . . အခုလည္း အိမ္ေထာင္ေရးက ကြဲမလိုျဖစ္ေနတယ္ . . . အေႂကြးေတြကလည္း မဆပ္ႏိုင္ဘူး. . .ဒီၾကားထဲ သမီးငယ္ကလည္း ကားတိုက္မိလို႔ ေဆး႐ုံးေရာက္ေနတာ ေျခေထာက္စတီးေခ်ာင္းထည့္ရမယ္. . . ဒီလိုေတြျဖစ္မယ္လို႔ စိတ္ေတာင္မကူးဖူးဘူး၊ အခုေတာ့ဘယ္လိုေတြျဖစ္ေန လည္းဆိုတာ ၾကည့္ေပးပါဗ်ာ” ဟုဆိုေလရာ ကြၽႏ္ုပ္လည္း လြန္စြာရင္းႏွီးသည္ျဖစ္သျဖင့္ ၾကည့္ေပးရတာေပါ့ ဟုဆိုၿပီး သူ႕လကၡဏာႏွင့္ ဇာတာတို႔ကို စစ္ေဆးရေလေတာ့သည္။

မိတ္ေဆြ၏ လကၡဏာႏွင့္ ဇာတာတို႔ကို စစ္ေဆးရာ ၿဂိဳဟ္နကၡတ္တို႔က ျပဆိုေသာ ေကာင္းျခင္းဆိုးျပစ္မ်ားကို ေျပာျပရေလ၏။ ထို႔အခါ မိတ္ေဆြက လြန္ခဲ့ေသာ တစ္ႏွစ္ခြဲေလာက္က အိမ္သစ္ေဆာက္လုပ္ခဲ့ၿပီး ထိုအိမ္တြင္ ေျပာင္းေနသည့္အခ်ိန္မွစ၍ ယခုကဲ့သို႔ အဆင္မေျပျခင္းမ်ား တစ္ခုၿပီးတစ္ခု ၾကဳံရၿပီး ျပသနာတက္ေနေၾကာင္းေျပာသျဖင့္ ကြၽႏ္ုပ္တို႔လည္း အိမ္ေဆာက္ျခင္း၊အခါယူျခင္းႏွင့္ ေ႐ွးထုံးအစဥ္အလာမ်ားအေၾကာင္းကို ေဆြးေႏြးျဖစ္ေတာ့သည္။

ကြၽႏ္ုပ္က ယခုအခါ အိမ္ေဆာက္အခါေပးျခင္းကို အခါေပးတြက္နည္းမ်ားစြာ၊ စနစ္မ်ိဳးစုံ နည္းမ်ိဳးစုံျဖင့္ မိမိတတ္ကြၽမ္းေသာပညာရပ္ျဖင့္ အခါေပးေနၾကသည္ျဖစ္ရာ တစ္နည္းႏွင့္ တစ္နည္း မတူညီၾကေၾကာင္း စတင္ေျပာျပရေလေတာ့သည္။

ထို႔ေနာက္ ကြၽႏ္ုပ္တို႔ အိမ္ေဆာက္အခါေပးအေၾကာင္းကို ေအာက္ပါအတိုင္း ႐ွင္းျပရေလေတာ့သည္။

အိမ္ေဆာက္အခါေပးအတြက္ အခါလာေတာင္းၿပီးဆိုရင္ အခါေတာင္သူရဲ႕ ေမြးေန႔ ၊ရက္၊လ၊ခုႏွစ္၊ ေမြးခ်ိန္၊ေမြးေဒသေတြကို အရင္ဆုံးေတာင္းရတယ္ဗ်ာ့၊ ဘာလို႔လည္းဆိုေတာ့ ႀတိစကၠဇာတာႀကီးဖြဲ႕ ၾကည့္ဖို႔ပါဘဲ၊ ဒီလိုၾကည့္မွ ဇာတာ႐ွင္ဟာ ယခုအခါေတာင္းတဲ့ အခ်ိန္မွာ အိမ္တစ္ေဆာင္ ေဆာက္လုပ္ဖို႔ ကံပါ႐ွိသလား၊ေဆာက္လုပ္ျဖစ္ရင္ အၿပီးတိုင္ေအာင္ ေဆာက္ျဖစ္မလား၊တစ္ဝက္နဲ႔ ရပ္ေနမလား၊ ေဆာက္ေနရင္နဲ႔ မလိုလားအပ္တဲ့ စီးပြားေရး၊အိမ္ေထာင္ေရး၊ က်န္းမာေရး ကိစၥေတြ ေပၚမလား၊ စသျဖင့္ မူလကံတရားကို အရင္စစ္ေဆးရတယ္၊ ဒါကအလြန္အေရးႀကီးတယ္။ ဒီလိုစစ္ေဆးလို႔ အဆင္ေျပတယ္ဆိုရင္ေတာ့ ဒီပုဂၢိဳဟ္ကို အိမ္ေဆာက္မဂၤလာအခါ ေပးဖို႔အတြက္ျပင္ဆင္ရတယ္။ သူရဲ႕ မူလဇာတာအရ ဘယ္အခ်ိန္ဘယ္ခါမွ သူက မဂၤလာျပဳအပ္သလည္း ဆိုတာကို စစ္ေဆးရတယ္။ ဒီလိုစစ္ေဆးၿပီးလို႔ အဆင္ေျပတဲ့အခါမွ အိမ္ေဆာက္အခါေပးကို လက္ခံလို႔ရတာျဖစ္တယ္။

မဂၤလာအခါတြက္တဲ့အခါ သဗၺမဂၤလာအခါေပးက်မ္းကိုအေျခခံၿပီး ႏွစ္၏စင္ၾကယ္ျခင္း၊လ၏စင္ၾကယ္ျခင္း၊ ရက္၏စင္ၾကယ္ျခင္းေတြကို အတတ္ႏိုင္ဆုံး အေကာင္းဆုံးေ႐ြးရတယ္။ လက္သမားေျမခံ၊တိထီေျမခံတို႔ ေကာင္းမေကာင္း၊ ရက္ၾကမ္း၊ရက္ပုတ္ေတြလြတ္မလြတ္ကိုလည္း ေ႐ြးခ်ယ္ရတယ္၊ ရက္ကိုရရင္ အခ်ိန္ကို ေ႐ြးရတယ္၊ဒီအခ်ိန္ကို ေ႐ြးရတာကေတာ့ အေတာ္ေလးလက္ဝင္တယ္၊ အခ်ိန္ကိုေ႐ြးတဲ့ေနရာမွာ ဇာတာေပၚက လဂ္ကိုအေျခခံထားရျပန္တယ္၊ စရလဂ္နဲ႔ ေပးရင္ ဒီအိမ္ရဲ႕အနာဂါတ္က ဘာျဖစ္တတ္တယ္၊ ထိရလဂ္ျဖစ္ရင္ ဘယ္လိုျဖစ္မယ္၊ ေဒြသဟလဂ္ျဖစ္ရင္ ဘယ္လိုေတြ ျဖစ္မယ္ဆိုတဲ့အေျခခံက စၿပီးစဥ္းစားရတယ္၊ လဂ္ထားတဲ့ ရာသီရဲ႕ သေဘာ၊ စန္းရဲ႕အေျခအေန၊ တနဂၤေႏြၿဂိဳဟ္ရဲ႕ ေကာင္းက်ိဳးဆိုးျပစ္ ဆိုတာေတြကို ခ်ိန္ရျပန္တယ္။ ပါပၿဂိဳဟ္ေတြက အခါဇာတာရဲ႕ ဘယ္အတန္႔ဘာဝေတြမွာ ႐ွိေနသလည္း ဆိုတာကအစ အေသးစိတ္ရတယ္။ ၿဂိဳဟ္တစ္လုံးမွ လြတ္ထားလို႔မရဘူး၊ ႐ွိတဲ့ ၿဂိဳဟ္အားလုံးကို စဥ္းစားရတာျဖစ္လို႔ အခ်ိန္ယူၿပီး က်မ္းေတြနဲ႔ အျပန္ျပန္စစ္ေဆးရတယ္။

ဒီလိုစစ္ေဆးတဲ့အခါ အလုံးစုံေကာင္းျခင္းေတြဘဲ ျပည့္ေနတဲ့ အခါမ်ိဳးဆိုတာက အလြန္ရခဲတာျဖစ္လို႔ အနာအဆာအနည္းငယ္ေတာ့ ပါတတ္တယ္။ ပါတဲ့အနာအဆာကို ဘယ္လို ယၾတာနဲ႔ ေခ်ဖ်က္စီစဥ္ရမယ္ဆိုတာကိုလည္း ႀကိဳေတြးထားရတယ္၊ ဒီလို အဆင့္ဆင့္ေ႐ြးထားတဲ့ အခါဇာတာကို မူလအခါေတာင္းသူဇာတာနဲ႔ ျပန္ၿပီးတိုက္စစ္ရပါေသးတယ္ ဒီလိုစစ္ၿပီးရင္ေတာ့ မုဟုတၱ အခါေပးက်မ္းနဲ႔ ေနာက္တစ္ဆင့္ ထပ္စစ္ရတယ္၊ ယုဂ္ေတြေ႐ြးထုတ္ရျပန္တယ္၊ စန္းယွင္နကၡတ္ေတြကလည္း အေရးႀကီးတယ္၊ အခါဇာတာကေတာ့ ေကာင္းေနပါတယ္၊ဒါေပမယ့္ ယုဂ္မွာေတာ့ ကာလဒ႑ယုဂ္ (ေသတတ္ေသာယုဂ္) ရေနတာမ်ိဳး၊ ဓြံခ်ယုဂ္ (ပစၥည္းဥစၥာကုန္ဆုံးေစတတ္ေသာယုဂ္) ရေနတာမ်ိဳးျဖစ္ခဲ့ရင္လည္း ဒီအခါဇာတာက ျပသနာႀကီးတယ္၊ ျပန္ေ႐ြးရျပန္တယ္၊ ေနာက္တစ္ခုက အိမ္႐ွင္အတြက္ ဝတ္ရမယ့္အဝတ္အထည္အေရာင္ကအစ ဆင္ျမန္းရမယ့္ရတနာ၊ေဆာင္ရမယ့္ပန္း ဒါေတြကို က်မ္းအတိုင္း တိတိက်က်စီစဥ္ရတယ္၊ ဒါက အခါေ႐ြးတဲ့ အဆင့္ပါ။

အခါေ႐ြးတဲ့အဆင့္မွာ အဆင္ေျပၿပီးဆိုရင္ ေနာက္တဆင့္က မဂၤလာအခါအစီအစဥ္ျဖစ္တယ္. . . ဒါကေတာ့ အလြန္အေရးႀကီးလို႔ တတ္သိတဲ့ ဆရာကိုယ္တိုင္ ေဆာင္႐ြက္ေပးရင္ အေကာင္းဆုံးျဖစ္တယ္၊ ႀကိဳးဆြဲ-ပႏၷက္႐ိုက္တဲ့ကိစၥက အလြန္အေရးႀကီးတယ္၊ ပႏၷက္ႀကိဳးဆြဲတဲ့အခါ နဂါေခါင္းလွဲ႔ရာ အရပ္ကို မူတည္ၿပီး စဆြဲရတယ္၊ ၿပီးရင္ ႀကိဳးရင္ ႀကိဳးဖ်ားကိုင္တဲ့သူေတြက အိမ္႐ွင္ရဲ႕ ပၪၥပြတ္။ဆပြတ္ ေနသားေတြျဖစ္ေနရမယ္ ၊ အျမစ္ေန႔သားက ပႏၷက္တိုင္ကို ႐ိုက္ရတာမ်ိဳးျဖစ္တယ္ ၊ဒီေန႔သားေတြကလည္း သူတို႔နဲ႔ သက္ဆိုင္တဲ့ ေဆာင္ပန္းေတြကို တြက္ခ်က္ထားတဲ့အတိုင္း ေဆာင္ထားရေသးတယ္၊ လြဲလို႔မရဘူး။ အဲဒီလို ပႏၷက္႐ိုက္ၿပီးရင္ မဂၤလာအခါေစာင့္ရတယ္၊ ဒီေနရာမွာ ေပးထားတဲ့ အခါဆိုတာက ႀကိဳးဆြဲတဲ့ အခ်ိန္ကိုေပးတာမဟုတ္ဘဲ ပႏၷက္တိုင္ကို တူးတဲ့ အခ်ိန္ကို ေပးတာျဖစ္တယ္။ မဂၤလာအခါ ေစာင့္ေနတဲ့ အခ်ိန္တိုေလးမွာ မေကာင္းတဲ့နမိတ္ေတြ မျဖစ္ရဘူး ၊မဂၤလာစည္းကမ္းေတြအတိုင္းလုပ္ရတာမ်ိဳးပါ။ ဒီလိုအခါေစာင့္ၿပီးလို႔ မဂၤလာအခါ ေရာက္တဲ့အခ်ိန္မွာ “ နဂါးလည္ပင္း၊ဂဠဳန္နင္း၍၊ၿမီးရင္းဟိုင္းစီး၊ ႂကြက္ႀကီးဝမ္းေဖာက္၊ ေက်ာင္းအိမ္ေဆာက္သည္” ဆိုသည့္အတိုင္း သက္ဆိုင္ရာေန႔သားေတြက သက္ဆိုင္ရာေဆာင္ပန္းေတြကိုေဆာင္ၿပီး ျဂဟဇာ ပြင့္ရာအရပ္ကို မ်က္နာမူလို႔ တူ႐ြင္းနဲ႔ ပႏၷက္တိုင္ကို သုံးဦးသား တစ္ၿပိဳင္တည္း တစ္ခ်က္တည္း တူးထုတ္ရတယ္၊ တစ္ခ်က္တည္း ပႏၷက္တိုင္ကလည္း ကြၽတ္ထြက္ရမယ္။

ဒီလိုမဂၤလာကိစၥေအာင္တဲ့အခါ တူးထားတဲ့ ဦး႐ူးတိုင္ေနရာမွာ မဂၤလာေအာင္ဂါထားကို ႐ြတ္ဖတ္ၿပီး နဂါးတြင္း နဂါးစာခ်ရတယ္၊ ေ႐ြရည္ေငြရည္ေလာင္းၿပီး လာတဲ့ပရိတ္သတ္ေတြကို ဧည့္ခံရတယ္၊ ဒီအဆင့္ေတြမွာ ဦး႐ူးတိုင္ဆိုတဲ့ ကိစၥကို ေျပာခ်င္ပါေသးတယ္၊ဥပမာ - ျခံရဲ႕ မ်က္နာမူရာအရပ္က အေ႐ွ႕ဆိုပါစို႔၊ နဂါေခါင္းအလွည့္က အေနာက္လွည့္ခ်ိန္မွာ အခါေပးတယ္ဆိုရင္ ဦး႐ူးတိုင္က အေ႐ွ႕ဘက္မွာ မျဖစ္ႏိုင္ေတာ့ဘူး၊ အထက္ကတူးခဲ့တဲ့ တြင္းထဲက ေခါင္းေနရာနဲ႔ ဝမ္းေနရာေတြ ထားလို႔ရေပမယ့္ အၿမီးေနရာကိုေတာ့ ထားလို႔မရဘူး၊ ဒီေတာ့ အိမ္ေ႐ွ႕မွာ ဦး႐ူးတိုင္ထားမယ္ဆိုရင္ နဂါအလွည့္ကိုၾကည့္ၿပီး ေစာင့္ၿပီးမွ အခါယူရမွာ၊ ဒီလိုမေစာင့္ႏိုင္ရင္ ရတဲ့ေနရာထားလိုက္ရမွာျဖစ္တယ္။ဒီအယူအဆကေတာ့ က်မ္းတစ္ခုနဲ႔တစ္ခု မတူႏိုင္ပါဘူး၊ ဒီလိုစနစ္တက် စီမံၿပီး မဂၤလာအခါယူေဆာင္႐ြက္တဲ့ ႀကိဳးဆြဲပႏၷက္႐ိုက္ေဆာင္႐ြက္ၿပီး မွန္ကန္တဲ့ ဦး႐ူးတိုင္ထားမွ အိမ္က မဂၤလာ႐ွိတာျဖစ္တယ္ . . . လို႔ ကြၽႏ္ုပ္က မိတ္ေဆြျဖစ္သူကို ႐ွင္းျပရေလသည္။

မိတ္ေဆြျဖစ္သူက “ ဒါဆိုရင္ေတာ့ ဒုကၡပါဘဲ . . . ကြၽန္ေတာ္ အိမ္ပႏၷက္႐ိုက္ေတာ့ အိမ္ေနာက္မွာ ဦး႐ူးတိုင္က်ေနေတာ့ မထားခ်င္ဘူး အေ႐ွ႕ဘက္ဘဲထားဆိုၿပီး အေ႐ွ႕ဘက္ကို ဦး႐ူးတိုင္ထူးမိတယ္ဗ်ာ့ . . . ေနာက္ၿပီး ႀကိဳးဆြဲတာကလည္း ေတြ႕တဲ့သူဆြဲတာ က်င္းတူးေတာ့မွ ေနသားေတြနဲ႔တူးတာ” ဟုေျပာၿပီး ေခါင္းကိုသာ သြင္သြင္ကုတ္ေနေတာ့သည္။ မဂၤလာအခါ မတြက္ခ်က္၊အခါမယူဘဲ ဒီတိုင္းေဆာက္မိသည္ဆိုပါက တစ္မ်ိဳးစဥ္စားရ မည္ျဖစ္ေသာ္လည္း အခါယူၿပီး စနစ္မက်သည့္အခါ အျပစ္ျဖစ္ၿပီး ခိုက္တတ္သည့္သေဘာကို ေသခ်ာ႐ွင္းျပရေလ ေတာ့သည္။ ထိုအခါ မိတ္ေဆြကလည္း မဂၤလာအခါ၏ နက္နဲေသာ အၾကာင္းႏွင့္ အက်ိဳးတို႔ကို ေသခ်ာနားလည္ သေဘာေပါက္၍ သူ၏အိမ္အားမည္ကဲ့သို႔ ျပဳျပင္သင့္သည့္ကို ေမးျမန္းေလေတာ့သည္။

မဂၤလာအခါမွားလို႔ျဖစ္ေစ၊ တိုင္ေထာင္မွားလို႔ျဖစ္ေစ၊ အေၾကာင္းတစ္ခုခုေၾကာင့္ အမွားတစ္ခုခုျဖစ္လို႔ အိမ္ခိုက္ေနၿပီဆိုရင္ အဲဒီအိမ္မွာေနတဲ့ အိမ္ေထာင္ဦးစီး လူႀကီးသူမကအစ ကေလးသူငယ္အဆုံး ခိုက္ေနတတ္တယ္၊ ခိုက္ေနတဲ့အိမ္မွာေနတဲ့သူေတြက စီးပြားပ်က္တယ္၊ ရန္ေပၚတတ္တယ္၊ က်န္းမာေရးေတြ ခ်ဳခ်ာလာမယ္၊ မေကာင္းဆိုးဝါးေတြရဲ႕ ဝင္ေရာက္ေႏွာက္ယွက္ျခင္းေတြ ခံရတတ္တယ္လို႔ သိထားပါတယ္။ ဒီလိုမ်ိဳးအေျခအေနျဖစ္ၿပီးဆိုရင္ မူလအခါရဲ႕ သတၱိေတြက ႐ိုက္ခတ္ေနတာျဖစ္လို႔ ဒီအေျခအေနကို ျပန္ၿပီး ျပဳျပင္ရတာက မူလအစမဂၤလာအခါေပး ရတာထက္ ပိုၿပီးခက္တယ္၊ ကြၽႏ္ုပ္လည္း တစ္ခါတစ္ခါ ဆရာႀကီးမ်ားထံ ေျပးၿပီး ေမးျမန္းနီးနာခံယူေနရတာပါဘဲ၊ အခုလိုေျပာျပတာကလည္း ကြၽႏ္ုပ္သိသေဘာက္ေျပာျပရတာ၊အခါေပးဆိုတာက အလြန္နက္နဲတဲ့ ပညာရပ္တစ္ခုျဖစ္လို႔ အလ်င္သင့္တဲ့အခ်ိန္တိုင္းဆရာ့ဆရာႀကီးေတြထံမွာ သင့္ယူနည္းနာခံေနရတာျဖစ္တယ္။

ကြၽႏ္ုပ္၏ မိတ္ေဆြလည္း သူ၏အိမ္အား ဘယ္ကဲ့သို႔ ျပဳျပင္ရမည္ကို ေမးျမန္းရာ အေကာင္းဆုံးျပဳျပင္ရမည့္နည္းလမ္းမ်ားကို စနစ္တက်တြက္ခ်က္ၿပီး ေဆာင္႐ြက္ေပးပါမည္ဟု ကတိျပဳလိုက္ရေလသည္။ အိမ္ေဆာက္ပႏၷက္႐ိုက္မဂၤလာေဆာင္႐ြက္ရာတြင္ စနစ္တက်တြက္ခ်က္ၿပီး ေသေသခ်ာခ်ာေဆာင္႐ြက္ခဲ့တဲ့ မဂၤလာအိမ္ဟာျဖင့္ အသက္႐ွည္ျခင္း၊ စီးပြားရာထူးတိုးတက္ျခင္း၊ ဂုဏ္က်က္သေရတိုးျခင္း၊ မိသားစုေပ်ာ္႐ႊင္ရျခင္း၊ မေကာင္းေသာေဘးအႏၲရာယ္မ်ားမွ ကင္းလြတ္ျခင္း စတဲ့ ေကာင္းျခင္းမဂၤလာေတြဟာ ေနထိုင္သူေတြအေပၚ တစ္ေပြတစ္ပိုက္ႀကီးရ႐ွိခံစားရမွာ ျဖစ္ေၾကာင္း ေျပာျပရာ မိတ္ေဆြလည္း လြန္စြာဝမ္းသာလွ်က္ ႐ွိေလေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဆရာကကၤသူ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service