ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကျွန်မအနေနဲ့ ယခုနှစ်ဆန်းစမှာပဲ၊ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူးနှင့် လေ့လာရေး အလည်အပတ် ထွက်ဖြစ်ပါသည်။ မေပါရမီအပြည်ပြည်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုနှင့် ဖြစ်သဖြင့် ၊ ဂယာလေဆိပ်သို့ လာရောက်ကြိုဆိုသူမှာ ၊ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ၊ မြန်မာပြည်မှ လာရောက်၍ တက္ကသိုလ်တက်နေသော ရဟန်းတစ်ပါး ဖြစ်ပါသည်။ ရှင်သုနန္ဒဖြစ်ပြီး ကျွန်မတို့အဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံများရှိ ဂေါတမမြတ်စွာဘုရား၏ ဖွား၊ ပွင့် ၊ ဟော ၊ စံ ဖြစ်သည့် နေရာကြီး (၄)နေရာကို လှည့်လည်ဖူးမြော်၍ ပြည့်စုံပြီးနောက် ဂယာမြို့သို့ ရောက်ပြီး မြန်မာပြည်သို့ ရောက်ပြီး မြန်မာပြည်သို့ ပြန်ရန်တစ်ည အိပ်ကြရပါသည်။
ထိုအိပ်သည့် ညတွင်ပင် ကျွန်မတို့ ညအိပ်သည့် ဂယာမြန်မာဘုန်းတော်ကြီးကျောင်းဧည့်ခန်းတွင် ဦးပဉ္ဇင်း အရှင်သုနန္ဒနှင့် စကားပြော ဖြစ်ပါသည်။
ဦးပဉ္ဇင်းက “ ဒကာမကြီးရယ် ၊ ဒကာမကြီးက ရှေ့နေတစ်ယောက်မို့ ၊ ဦးပဉ္ဇင်း မရှင်းလင်းတာ ၊ မသိတာလေးတွေ ကို ဗဟုသုတရအောင် ပြောပြပေးပါလား၊ ဦးပဉ္ဇင်းက ဒီနိုင်ငံမှာ ကျောင်းတက်ပြီးသွားလို့ ဘွဲ့ရပြီးရင် ကိုယ့်ပြည်ကိုပဲ ပြန်လာမှာပါ ၊ ဇာတိက ရွှေဘိုမြို့နယ်က ဖြစ်ပါတယ် ၊ ရွာက ကျောင်းမှာပဲ သီတင်းသုံးဖြစ်မှာပါ ၊ အဲဒီအခါမှာ တွေ့ကြုံရမယ့် အမှုအခင်းများ ၊ ပြဿနာများကို သိထားချင်လို့ပါ ” ဟု မ်ိန့်ကြားသဖြင့် ကျွန်မက “ တင်ပါ့ဘုရား တပည့်တော် လေ့လာထားသလောက်ကို ရှင်းပြပေးပါ့မယ် ၊ လောလောဆယ်အနေနဲ့ အရှင်ဘုရားက ၊ အဓိကအားဖြင့် ဘယ်အကြောင်းအရာကို သိချင်တာပါလဲဆိုတာ မိန့်ပါဦး ” ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်ပါသည်။
ထိုအခါ ဦးပဉ္ဇင်က “ အထူးသဖြင့် သိချင်တာကတော့ ဦးပဉ္ဖင်းအနေနဲ့ကတော့ ငယ်စဉ်ကပဲ ကိုရင်ဝတ်ပြီး ကျောင်းတက် တစ်ဆက်တည်းမှာ ပဉ္ဇင်းတက်ပြီး ရဟန်းဘဝနဲ့ နေလာခဲ့ပေမယ့် ဦးပဉ္ဇင်းနဲ့အတူ အဆောင်နေဖက် တက္ကသိုလ်တက်ဖက်ဖြစ်တဲ့ ရဟန်းတစ်ပါးကတော့ ၊ သူရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ကို စွန့်လွတ်ပြီး ရဟန်းဝတ်ခဲ့တာပါ ၊နောက်အိန္ဒိယနိုင်ငံမှာ ကျောင်းပြီးသွားတော့ ဒီနိုင်ငံမှာပဲ သီတင်းသုံးတော့မယ် လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒါပေမဲ့ ဧည့်နိုင်ငံသားအဖြစ်နဲ့ ကျောင်းသားပတ်(စ်)ပို့ကို ကိုင်ထားရလို့ နေထိုင်ခွင့် မရပါဘူး ၊ သာသနာရေးဦးစီးဌာနကလည်း ၊ အလှည့်ကျထားမှာမို့ (၃)နှစ်ပြည့်ရင် တစ်ကြိမ် တာဝန်လဲလှယ်ကြရပါတယ် ၊ အဲဒီအတွက် မြန်မာပြည်ကို ပြန်ရမှာပါ ၊ အဲဒါ ပြန်သွားတဲ့အချ်ိန်မှာ သူ့ပိုင်ဆိုင်ခဲ့တဲ့ မြေနှင့်အိမ်ကိုပြန်ရပါ့မလားဆိုတာ မေးပေးပါလို့ ပြောလို့ပါ ဒကာမကြီး ဟု ဆိုသဖြင့် ကျွန်မက “ တင်ပါ့ဘုရား ၊ တပည့်တော်မ ရှင်းပြပေးပါ့မယ်၊ အဲဒီဦးပဉ္ဇင်းပြန်သွားခဲ့လို့ ရှိရင်လည်း ၊ သူ ပိုင်ဆိုင်တဲ့ ရဟန်းမပြုမီက ပစ္စည်းများဟာ သက်ဆိုင်ခြင်း မရှိတော့ပါဘူး။ ဒီ့အပြင် သာသနာ့ဘောင်မှထွက်ပြီး လူဝတ်လဲရင်တောင် ပြန်မရနိုင်တော့ပါဘူး ၊ အဲဒါနဲ့ ပတ်သက်ပြီးဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးလည်း ရှိပါတယ် ဘုရား ၊ ရှင်းပြပေးပါရစေ ”
“ ဦးကြင်နှင့် ဦးချစ်လှပါ (၂) ၁၉၈၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်မှာ-၅၁ ” စီရင်ထုံးမှာ ၊ တရားလို ဦးကြင်က ၊ မင်းဘူးမြို့ရှိ အချင်းဖြစ်မြေနှင့်အိမ်ကို ပိုင်ကြောင်း ၊ တရားပြိုင် ဦးချစ်လှသည် ယောက်ဖဖြစ်၍ ဦးချစ်လှနှင့် ဇနီး ဒေါ်ခင်စောတို့အား မိမိ၏အိမ်နှင့် မြေကို စောင့်ရှောက်ရန် နေထိုင်ခွင့််ပြုခဲ့ကြောင်း ၊ ဒုလ္လဘရဟန်းဝတ်ခဲ့ပြီးနောက် ၊ သာသနာ့ဘောင်မှ ထွက်လာသောအခါ ဦးချစ်လှတို့အား အိမ်မှဖယ်ရှားပေးရန် မေတ္တာရပ်ခံသောအခါ ဦးချစ်လှတို့က ငြင်းဆန်နေကြောင်း အဆိုပြုကာ ၊ ဖယ်ရှားပေးစေလိုမှု စွဲဆိုပါတယ် ”
“ တရားပြိုင် ဦးချစ်လှတို့က အခြားအချက်အလက်များအပြင် ၊ ဦးကြင်သည် ဒုလ္လဘရဟန်းဝတ်သည်ဆိုခြင်းမှာ မမှန်ကြောင်း ၊ လူ့ဘောင်ကို အပြီးအပိုင်စွန့်ခွာ၍ သာသနာ့ဘောင်သို့ ဝင်သွားပြီး ဖြစ်ကြောင်း၊ တရားဥပဒေအရ မိမိတို့အပေါ် တရားစွဲဆိုခွင့် မရှိကြောင်း ထုချေတယ် ”
“ မကွေးတိုင်း တရားရုံးက ဦးကြင်ဟာ အမှုစွဲဆိုခွင့်မရှိကြောင်း ဆုံးဖြတ်ပြီး ၊ စွဲဆိုသောအမှုကို ပလပ်သဖြင့် ၊ ဗဟိုတရားရုံးတွင် ဦးကြင်က တရားမအယူခံမှုကို တင်သွင်းခြင်း ဖြစ်တယ် ”
“ တိုင်းတရားရုံက ဦးကြင်သည် သာသနာ့ဘောင်တွင် (၂၂)ဝါ ဝတ်ခဲ့ကြောင်း ၊ သို့ဖြစ်၍ သာသနာ့ဘောင်သို့ ရာသက်ပန်ကူးပြောင်းရန် ရည်ရွယ်ချက်ဖြင့် ၊ ရဟန်းဝတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရဟန်းဘောင်သို့ ကူးပြောင်းသည်နှင့် တစ်ပြိုင်နက် ရဟန်းမပြုမီက ရရှိခဲ့သော ပစ္စည်းများနှင့် ပတ်သက်၍ ပြတ်စဲသွားကြောင်း ၊ လူ့ဘဝတွင် ရရှိခဲ့သော ပစ္စည်းများနှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ကို ကောက်ယူဆုံးဖြတ်ထားပါတယ် ”
“ အေအာအယ်ပီကုန်တိုက်နှင့် ဦးဖိုးကြိုင် ၊ ၁၉၃၉ ၊ ရန်ကုန် ၊ ၃၁၁ ၊ စုံညီ ” အမှုတွင် မြန်မာဗုဒ္ဓဘာသာတစ်ယောက် ရဟန်းပြုလျှင် (ဒုလ္လဘရဟန်းမဟုတ် ) ၊ ခေတ္တရဟန်းပြုကြောင်း သက်သေခံချက် (သို့မဟုတ်) ရည်ရွယ်ချက် မရှိပါက ရဟန်းပြုသည်နှင့်တစ်ပြိုင်နက်လူ့ဘဝက ထိုသူပိုင်ခဲ့သည် ပစ္စညး်များတွင် အကျိုးခံစား ဆုံးရှုံးပြီး၊ ၎င်း၏ပိုင်ဆိုင်ခွင့်များမှာလည်း အလိုအလျှောက် စွန့်ပစ်ပြီးဖြစ်တယ် ၊ အကြောင်းမှာ ရဟန်းဘဝသည် အလှူခံပုဂ္ဂိုလ်မျှဖြစ်ရာ ရဟန်းတော်များအနေဖြင့်် ၊ ဝိနည်းအရ ဆွမ်း၊ သင်္ကန်း ၊ ဆေး ၊ ကျောင်း ၊ အစရှိသည့် ပစ္စည်း(၄)ပါးသာ ပိုင်ဆိုင်ခွင့်ရှိသောကြောင့် ဖြစ်သည်ဟု ထုံးဖွဲ့ထားပါတယ် ”
အထက်ပါ စီရင်ထုံးအရ ဦးကြင်လူဝတ်အဖြစ် ရှိစဉ်က ၊ ဦးကြင်နှင့် ဦးချစ်လှတို့အကြာတွင် ခွင့်ပြုသူနှင့် ခွင့်ပြုခြင်း ခံရသူများအဖြစ် ၊ ဆက်ဆံမှု ရှိသည့်တိုင်အောင် ၊ နောက်ပိုင်းတွင် ၊ ဦးကြင် ရဟန်းဝတ်သောအခါ ယင်းဆက်ဆံရေးအခြေအနေမှာ ၊ ရပ်စဲသွားပြီးဖြစ်၍ ဦးကြင် ရဟန်းဝတ်ပြီးနောက် ၊ ဦးချစ်လှတို့ အချင်းဖြစ်ဥပစာတွင် နေထိုင်ခြင်းမှာ သူ၏ခွင့်ပြုချက်အရ ဆက်လက်နေထိုင်ခြင်း မဟုတ်တော့ချေ။ ဦးကြင်လူထွက်သောအခါ တစ်ချိန်က သူတို့အကြားတည်ရှိခဲ့သော ဆက်ဆံရေးသည် ပြန်လည်ပေါ်ပေါက်ရန် အကြောင်းမရှိပေ ”
“ ခွင့်ပြုချက်အရ နေထိုင်သူအားနှင်လိုမှုတွင် ပိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်းမရှိဟူသော ဥပဒေသမှာ မှန်သော်လည်း ဦးကြင် ရဟန်းဘောင်သို့ ဝင်ခြင်းဖြင့် လူ့ဘဝက တည်ရှိခဲ့သော ဆက်ဆံမှုများမှာလည်း ရပ်စဲသွားပြီဖြစ်၍ ၊ တိုင်းတရားရုံးက ဦးကြင်သည် ဦးချစ်လှတ်ို့အား သူ၏ခွင့်ပြုချက်အရ နေထိုင်သူများအဖြစ်ဖြင့် ဖယ်ရှားခွင့်မရှိဟု ကောက်ယူဆုံးဖြတ်ချက်မှာ မှားယွင်းသည်ဟု မဆိုနိုင်သောကြောင့် တရားမအယူခံမှုကို စရိတ်နှင့်တကွ ပလပ်သည့် အမိန့်အား ဗဟိုတရားရုံးမှ ဆုံးဖြတ်ထားပါတယ် ”
“ အဲဒီစီရင်ထုံးအရ ၊ ဦးပဉ္ဇင်းရဲ့ ကျောင်းနေဖက်ဖြစ်တဲ့ က်ိုယ်တော်ဟာ ၊ သူပြန်သွားတဲ့ အချိန်မှာ သူပိုင်ဆိုင်ခဲ့တဲ့ မြေနဲ့အိမ်ကို ပြန်မရနိုင်တော့ပါလို့သာ လျှောက်ထားပါရစေ ”
“ ဒါပေမဲ့ တပည့်တော် တွေ့ထားတဲ့ စီရင်ထုံးတစ်ခုတော့ ရှိပါတယ် ဘုရား အဲဒါကလည်း ကျောင်းနေဖက်ကိုယ်တော်က ပေးခဲ့တဲ့အတွက် ၊ လက်ရှိပိုင်ဆိုင်သူများက လောဘမတက်ဘဲ ပြန်ပေးခဲ့မယ်ဆိုရင်တော့ ကံကောင်းတယ်လို့ မှတ်ရမှာပါ ၊ ဒါလည်း ဖြစ်တောင့် ဖြစ်ခဲမို့ သိပ်ပြီးအားထားလို့ ရမှာမဟုတ်ပါဘူး၊ အဲဒီစီရင်ထုံးကတော့ “ မရွှေသီးနှင့် မောင်ကံ ၊ ၁ ၊ ရန်ကုန် ၊ ၄၃၀ ” အမှုတွင် အကယ်၍ ရဟန်းတစ်ပါးသည် လူ့ဘောင်သို့ ပြန်လည်ကူးဝင်လျှင် လူ့ဘဝက ပစ္စည်းများကို လက်ရှိပိုင်ဆိုင်သူများ က ၊ ၎င်းအား အထင်အရှား ပြန်လည်၍ ပေးအပ်ခြင်း (ဥပမာ အပေးစာချုပ်ဖြင့် ချုပ်ဆိုပေးခြင်း )တို့ ပြုလုပ်မှသာ ရခွင့်ရှိပေသည်ဟု ထုံးဖွဲ့ထားပါတယ် ”
“ အမှုတွင် လူတစ်ဦးတစ်ယောက် ရဟန်းပြုလျှင် ရဟန်းမပြုမှီက ၊ ပတ်သက်ခဲ့သည် ဆွေခန်းမျိုးခန်း နှင့် ပစ္စည်းခန်း အခွင့်အရေးများ ၊ ပြတ်စဲဆုံးရှုံးသည်ဆိုသော ၊ တရားဥပဒေများမှာ သာသနာ့ဘောင်သို့ ထာဝစဉ်ကူးပြောင်းရန် ရည်ရွယ်၍ ရဟန်းပြုသူများနှင့်သာ သက်ဆိုင်ပေတယ်၊ ယခုခတ် တွေ့ကြုံရသော ရက်အကန့်အသတ်မျှနှင့် ရဟန်းပြုသည့် ဒုလ္လဘရဟန်းနှင့် မသက်ဆိုင်ပေ ” ဟု “ မောင်ညွန့်တင်နှင့် မပု ၊ ၁၉၅၄ ၊ မတစ ၊ ၇၆ (လွှတ်တော်) ” စီရင်ထုံးမှာ ထုံးဖွဲ့ထားပါတယ် ဟု င်္ဦးပဉ္ဇင်းအား လျှောက်တင်ခဲ့ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)
[Zawgyi]
သာသနာ့ဘောင်သို့ ဝင်သဖြင့် ပိုင်ဆိုင်မှု ပြောင်းလဲသွားခြင်း
ဦးပဉ္ဇင်းက “ ဒကာမကြီးရယ် ၊ ဒကာမကြီးက ရှေ့နေတစ်ယောက်မို့ ၊ ဦးပဉ္ဇင်း မရှင်းလင်းတာ ၊ မသိတာလေးတွေ ကို ဗဟုသုတရအောင် ပြောပြပေးပါလား၊ ဦးပဉ္ဇင်းက ဒီနိုင်ငံမှာ ကျောင်းတက်ပြီးသွားလို့ ဘွဲ့ရပြီးရင် ကိုယ့်ပြည်ကိုပဲ ပြန်လာမှာပါ ၊ ဇာတိက ရွှေဘိုမြို့နယ်က ဖြစ်ပါတယ် ၊ ရွာက ကျောင်းမှာပဲ သီတင်းသုံးဖြစ်မှာပါ ၊ အဲဒီအခါမှာ တွေ့ကြုံရမယ့် အမှုအခင်းများ ၊ ပြဿနာများကို သိထားချင်လို့ပါ ” ဟု မိန့်ကြားသဖြင့် ကျွန်မက “ တင်ပါ့ဘုရား တပည့်တော် လေ့လာထားသလောက်ကို ရှင်းပြပေးပါ့မယ် ၊ လောလောဆယ်အနေနဲ့ အရှင်ဘုရားက ၊ အဓိကအားဖြင့် ဘယ်အကြောင်းအရာကို သိချင်တာပါလဲဆိုတာ မိန့်ပါဦး ” ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်ပါသည်။
“ ဦးကြင်နှင့် ဦးချစ်လှပါ (၂) ၁၉၈၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်မှာ-၅၁ ” စီရင်ထုံးမှာ ၊ တရားလို ဦးကြင်က ၊ မင်းဘူးမြို့ရှိ အချင်းဖြစ်မြေနှင့်အိမ်ကို ပိုင်ကြောင်း ၊ တရားပြိုင် ဦးချစ်လှသည် ယောက်ဖဖြစ်၍ ဦးချစ်လှနှင့် ဇနီး ဒေါ်ခင်စောတို့အား မိမိ၏အိမ်နှင့် မြေကို စောင့်ရှောက်ရန် နေထိုင်ခွင့်ပြုခဲ့ကြောင်း ၊ ဒုလ္လဘရဟန်းဝတ်ခဲ့ပြီးနောက် ၊ သာသနာ့ဘောင်မှ ထွက်လာသောအခါ ဦးချစ်လှတို့အား အိမ်မှဖယ်ရှားပေးရန် မေတ္တာရပ်ခံသောအခါ ဦးချစ်လှတို့က ငြင်းဆန်နေကြောင်း အဆိုပြုကာ ၊ ဖယ်ရှားပေးစေလိုမှု စွဲဆိုပါတယ် ”
“ အေအာအယ်ပီကုန်တိုက်နှင့် ဦးဖိုးကြိုင် ၊ ၁၉၃၉ ၊ ရန်ကုန် ၊ ၃၁၁ ၊ စုံညီ ” အမှုတွင် မြန်မာဗုဒ္ဓဘာသာတစ်ယောက် ရဟန်းပြုလျှင် (ဒုလ္လဘရဟန်းမဟုတ် ) ၊ ခေတ္တရဟန်းပြုကြောင်း သက်သေခံချက် (သို့မဟုတ်) ရည်ရွယ်ချက် မရှိပါက ရဟန်းပြုသည်နှင့်တစ်ပြိုင်နက်လူ့ဘဝက ထိုသူပိုင်ခဲ့သည် ပစ္စည်းများတွင် အကျိုးခံစား ဆုံးရှုံးပြီး၊ ၄င်း၏ပိုင်ဆိုင်ခွင့်များမှာလည်း အလိုအလျှောက် စွန့်ပစ်ပြီးဖြစ်တယ် ၊ အကြောင်းမှာ ရဟန်းဘဝသည် အလှူခံပုဂ္ဂိုလ်မျှဖြစ်ရာ ရဟန်းတော်များအနေဖြင့် ၊ ဝိနည်းအရ ဆွမ်း၊ သင်္ကန်း ၊ ဆေး ၊ ကျောင်း ၊ အစရှိသည့် ပစ္စည်း(၄)ပါးသာ ပိုင်ဆိုင်ခွင့်ရှိသောကြောင့် ဖြစ်သည်ဟု ထုံးဖွဲ့ထားပါတယ် ”
“ ခွင့်ပြုချက်အရ နေထိုင်သူအားနှင်လိုမှုတွင် ပိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်းမရှိဟူသော ဥပဒေသမှာ မှန်သော်လည်း ဦးကြင် ရဟန်းဘောင်သို့ ဝင်ခြင်းဖြင့် လူ့ဘဝက တည်ရှိခဲ့သော ဆက်ဆံမှုများမှာလည်း ရပ်စဲသွားပြီဖြစ်၍ ၊ တိုင်းတရားရုံးက ဦးကြင်သည် ဦးချစ်လှတို့အား သူ၏ခွင့်ပြုချက်အရ နေထိုင်သူများအဖြစ်ဖြင့် ဖယ်ရှားခွင့်မရှိဟု ကောက်ယူဆုံးဖြတ်ချက်မှာ မှားယွင်းသည်ဟု မဆိုနိုင်သောကြောင့် တရားမအယူခံမှုကို စရိတ်နှင့်တကွ ပလပ်သည့် အမိန့်အား ဗဟိုတရားရုံးမှ ဆုံးဖြတ်ထားပါတယ် ”
“ အဲဒီစီရင်ထုံးအရ ၊ ဦးပဉ္ဇင်းရဲ့ ကျောင်းနေဖက်ဖြစ်တဲ့ ကိုယ်တော်ဟာ ၊ သူပြန်သွားတဲ့ အချိန်မှာ သူပိုင်ဆိုင်ခဲ့တဲ့ မြေနဲ့အိမ်ကို ပြန်မရနိုင်တော့ပါလို့သာ လျှောက်ထားပါရစေ ”
“ ဒါပေမဲ့ တပည့်တော် တွေ့ထားတဲ့ စီရင်ထုံးတစ်ခုတော့ ရှိပါတယ် ဘုရား အဲဒါကလည်း ကျောင်းနေဖက်ကိုယ်တော်က ပေးခဲ့တဲ့အတွက် ၊ လက်ရှိပိုင်ဆိုင်သူများက လောဘမတက်ဘဲ ပြန်ပေးခဲ့မယ်ဆိုရင်တော့ ကံကောင်းတယ်လို့ မှတ်ရမှာပါ ၊ ဒါလည်း ဖြစ်တောင့် ဖြစ်ခဲမို့ သိပ်ပြီးအားထားလို့ ရမှာမဟုတ်ပါဘူး၊ အဲဒီစီရင်ထုံးကတော့ “ မရွှေသီးနှင့် မောင်ကံ ၊ ၁ ၊ ရန်ကုန် ၊ ၄၃၀ ” အမှုတွင် အကယ်၍ ရဟန်းတစ်ပါးသည် လူ့ဘောင်သို့ ပြန်လည်ကူးဝင်လျှင် လူ့ဘဝက ပစ္စည်းများကို လက်ရှိပိုင်ဆိုင်သူများ က ၊ ၄င်းအား အထင်အရှား ပြန်လည်၍ ပေးအပ်ခြင်း (ဥပမာ အပေးစာချုပ်ဖြင့် ချုပ်ဆိုပေးခြင်း )တို့ ပြုလုပ်မှသာ ရခွင့်ရှိပေသည်ဟု ထုံးဖွဲ့ထားပါတယ် ”
“ အမှုတွင် လူတစ်ဦးတစ်ယောက် ရဟန်းပြုလျှင် ရဟန်းမပြုမှီက ၊ ပတ်သက်ခဲ့သည် ဆွေခန်းမျိုးခန်း နှင့် ပစ္စည်းခန်း အခွင့်အရေးများ ၊ ပြတ်စဲဆုံးရှုံးသည်ဆိုသော ၊ တရားဥပဒေများမှာ သာသနာ့ဘောင်သို့ ထာဝစဉ်ကူးပြောင်းရန် ရည်ရွယ်၍ ရဟန်းပြုသူများနှင့်သာ သက်ဆိုင်ပေတယ်၊ ယခုခတ် တွေ့ကြုံရသော ရက်အကန့်အသတ်မျှနှင့် ရဟန်းပြုသည့် ဒုလ္လဘရဟန်းနှင့် မသက်ဆိုင်ပေ ” ဟု “ မောင်ညွန့်တင်နှင့် မပု ၊ ၁၉၅၄ ၊ မတစ ၊ ၇၆ (လွှတ်တော်) ” စီရင်ထုံးမှာ ထုံးဖွဲ့ထားပါတယ် ဟု ဦင်္းပဉ္ဇင်းအား လျှောက်တင်ခဲ့ရပါသည်။