စိတ်ပိုင်းဆိုင်ရာထက်မြက်လာစေမယ့် ဦးနှောက်လေ့ကျင့်ခန်းများ

စိတ်ပိုင်းဆိုင်ရာထက်မြက်လာစေမယ့် ဦးနှောက်လေ့ကျင့်ခန်းများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jul 2022 11:32 am တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဦးနှောက်ဟာ လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်စနစ်အားလုံးကို ထိန်းချုပ်နေတဲ့အပြင် မှတ်သားသင်ယူခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း စတဲ့အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုလည်း အချိန်ပြည့်ဆောင်ရွက်နေပါတယ်။ လူတယောက်ရဲ့ နေ့စဉ်ဘဝမှာ ဦးနှောက်ကို ဘယ်လိုအသုံးချတယ်ဆိုတာ အရေးကြီးပါတယ်။

တကယ်တော့ သင့်ရဲ့ဦးနှောက်ကို လေ့ကျင့်ယူနိုင်ပါတယ်။ ဦးနှောက်ကို အချိန်ပေးလေ့ကျင့်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း တိုးတက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ သင့်ဦးနှောက်ကို အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအချို့ ဖြစ်ပါတယ်။

Jigsaw အရုပ်ဆက်ပါ

ဒီနည်းဟာ ကလေးကလားနိုင်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ဦးနှောက်အတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ Jigsaw အကွက်လေးများကို သူလိုချင်တဲ့ရုပ်ပုံကိုရအောင် စီနေချိန်မှာ သင့်ဦးနှောက်ဟာ အမြင်အာရုံကိုရော သိမြင်မှတ်သားမှုကိုပါ အသုံးချနေရပါတယ်။ ဦးနှောက်ကို အလုပ်ပေးရုံသာမကဘဲ သင့်စိတ်ကိုပါ လန်းဆန်းစေနိုင်မယ့် နည်းလမ်းတခုလို့ သုတေသီများက ဆိုပါတယ်။

ဖဲချပ်ဂိမ်းများဆော့ပါ

ကွန်ပျူတာဝင်းဒိုးတိုင်းမှာပါဝင်တဲ့ ဂိမ်းလေးတွေကို သင်သိမှာပါ။ ဖဲချပ်ဂိမ်း၊ အရုပ်ဆက်ဂိမ်းစသဖြင့် မျိုးစုံရှိပါတယ်။ ဒီကစားနည်းလေးတွေဟာ သိပ်ပြီးကြီးကျယ်တယ်မထင်ရပေမယ့် သင့်ဦးနှောက်ကို နှိုးဆွနိုင်တာတော့ အမှန်ပါပဲ။ solitaire၊ poker၊ hearts အစရှိတဲ့ သင့်ပီစီထဲက ဂိမ်းလေးများဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ဝေါဟာရများမှတ်သားပါ

ဝေါဟာရကြွယ်ဝခြင်းဟာ ကိုယ်ရည်ကိုယ်သွေးအားသာတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ ဝေါဟာရအသစ်များကို လေ့လာခြင်းဟာ သင့်ဦးနှောက်ကို နှိုးဆွပေးရာရောက်ပါတယ်။ သုတေသနတွေအရ ဝေါဟာရအသစ်ကို မှတ်သားတည်ဆောင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများကို အလုပ်ပေးရပါတယ်။ သင် မကြားဖူးတဲ့ စကားလုံး အသစ်အဆန်းဆိုရင် ရေးမှတ်ပါ။ ဘယ်နေရာမှာ သုံးသလဲ လေ့လာပါ။ ကိုယ်တိုင် အသုံးချနိုင်အောင် ကြိုးစားပါ။ ဒါဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းပါပဲ။

ကခုန်ပါ

သီချင်းသံများနဲ့ ကခုန်လှုပ်ရှားချိန်မှာ သင့်ဦးနှောက်ဟာ သင့်ရဲ့အမြန်နှုန်း၊ လှုပ်ရှားပုံ၊ ယခင်က ကခုန်ဖူးတဲ့ မှတ်ဉာဏ် စတာတွေအားလုံးအတွက် အလုပ်လုပ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ဦးနှောက်ပိုင်းဆိုင်ရာအတွက်ပါ တိုးတက်ကောင်းမွန်စေပါတယ်။

ဆိုပါတီးပါ

ဂီတကို ကျွမ်းဝင်အောင် လေ့လာခြင်းဟာလည်း သင့်ဦးနှောက်ကို ထက်မြက်စေမယ့် နည်းလမ်းတခုဖြစ်ပါတယ်။ သီချင်းကို စိတ်ပါလက်ပါ ဆိုညဉ်းခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ တူရိယာများကို တီးမှုတ်တတ်အောင်ပါ လေ့ကျင့်ခြင်းဟာလည်း သိမြင်မှတ်သားမှု၊ ခြေလက်များလှုပ်ရှားမှု၊ မှတ်ဉာဏ် စတာတွေအားလုံးကို အလုပ်ပေးရတာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။

စွမ်းရည်အသစ်တမျိုးရအောင်လုပ်ပါ

ရှိရင်စွဲစွမ်းရည်များအပြင် တခါမှ မတတ်မြောက်ဖူးတဲ့ အရာတခုခုကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားခြင်းဟာ သင့်ဦးနှောက်ကို ထက်မြက်စေပါတယ်။ ဒိနည်းလမ်းဟာ လူကြီးပိုင်းတွေအတွက်လည်း အကျိုးရှိစေပါတယ်။ ကားပြင်တာမျိုး၊ ဆော့ဖ်ဝဲအသစ်ကို သုံးကြည့်တာမျိုး၊ ဆိုင်ကယ်စီးတာမျိုး စတဲ့ကိစ္စတွေကို လေ့ကျင့်သင်ကြားခြင်းဟာ သင့်ကိုယ်သင် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ရာလည်း ရောက်ပါတယ်။

တခြားသူကို စွမ်းရည်အသစ် သင်ကြားပေးခြင်း

သင့်ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေမယ့် နည်းလမ်းကောင်းတခုကတော့ တဦးဦးကို အကြောင်းအရာသစ်၊ စွမ်းရည်သစ်တခုခု သင်ကြားပေးခြင်း ဖြစ်ပါတယ်။ တဦးဦးကို သင့်အနေနဲ့ သင်ကြားတော့မယ်ဆိုရင် အဆိုပါအကြောင်းအရာကို သင့်အနေနဲ့ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ တဖက်သား သဘောပေါက်အောင် ရှင်းပြနိုင်စွမ်းရှိဖို့လည်း လိုပါတယ်။

ဘာသာစကားအသစ်လေ့လာပါ

ဘာသာစကားအသစ်တမျိုးမျိုးကို လေ့လာဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ ဘာသာစကားအသစ်ကို သင်ယူခြင်းဟာ သိမြင်မှတ်သားမှုစွမ်းရည်ကို တိုးတက်စေတဲ့အပြင် ဖန်တီးမှုစွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ အသက်အရွယ်ကြီးလို့ဖြစ်လာတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်နိုင်ခြေ လျော့စေပါတယ်။

လမ်းကြောင်းအသစ်သုံးပါ

သင့်ရဲ့တနေ့တာလှုပ်ရှားသွားလာမှုကို ပုံစံအသစ်နဲ့ ဆောင်ရွက်ကြည့်ပါ။ ဥပမာ ရုံးသွားနေကြလမ်းကြောင်းကို ပြောင်းကြည့်ပါ။ ကားစီးနေရာကနေ ရထားပြောင်းစီးကြည့်ပါ။ လမ်းကြောင်းအသစ်မှာ တွေ့ကြုံရတာကို မြင်တွေ့ရတာကို မှတ်သားပါ။ ဒီနည်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သင့်ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ရာရောက်သလို တွေးခေါ်သိမြင်ပုံမှာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ခြင်းဟာ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မှတ်ဉာဏ်ကိုလည်း ရင့်သန်စေပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်။ အေးချမ်းဆိတ်ငြိမ်တဲ့ တနေရာရာမှာ နေ့စဉ် ဆယ့်ငါးမိနစ်ခန့် တရားထိုင်သင့်ပါတယ်။

သင့်ပတ်ဝန်းကျင်ကို အာရုံစိုက်ပါ

သင်ဘယ်နေရာကိုရောက်ရောက် ဘယ်သူနဲ့ စကားပြောပြော သင့်ဝန်းကျင်ကို ဂရုစိုက်ပါ။ တံခါးဘယ်နှပေါက်ရှိသလဲ၊ ခန်းဆီး ဘာအရောင်လဲ စသဖြင့် မှတ်သားပါ။ သင်နဲ့ စကားပြောနေသူဟာ အကျီၤဘာအရောင်ဝတ်ထားသလဲ၊ မျက်မှန်ပါသလား စသဖြင့် မှတ်သားပါ။ ဒီနည်းလမ်းဟာ ရေရှည်မှာ သင့်ဦးနှောက်ကို နှိုးဆွပေးပြီး မှတ်ဉာဏ်ရင့်သန်စေမယ့် နည်းလမ်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

စိတ္ပိုင္းဆိုင္ရာထက္ျမက္လာေစမယ့္ ဦးေႏွာက္ေလ့က်င့္ခန္းမ်ား

 

ဦးေႏွာက္ဟာ လူ႕ကိုယ္ခႏၶာမွာ အေရးအႀကီးဆုံး အစိတ္အပိုင္းျဖစ္ပါတယ္။ ခႏၶာကိုယ္စနစ္အားလုံးကို ထိန္းခ်ဳပ္ေနတဲ့အျပင္ မွတ္သားသင္ယူျခင္း၊ အာ႐ုံစူးစိုက္ျခင္း၊ ေတြးေခၚျခင္း စတဲ့အေရးႀကီးတဲ့ စိတ္ပိုင္းဆိုင္ရာ လုပ္ငန္းမ်ားကိုလည္း အခ်ိန္ျပည့္ေဆာင္႐ြက္ေနပါတယ္။ လူတေယာက္ရဲ႕ ေန႔စဥ္ဘဝမွာ ဦးေႏွာက္ကို ဘယ္လိုအသုံးခ်တယ္ဆိုတာ အေရးႀကီးပါတယ္။

တကယ္ေတာ့ သင့္ရဲ႕ဦးေႏွာက္ကို ေလ့က်င့္ယူႏိုင္ပါတယ္။ ဦးေႏွာက္ကို အခ်ိန္ေပးေလ့က်င့္ျခင္းအားျဖင့္ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ ဉာဏ္ရည္ဉာဏ္ေသြးေတြလည္း တိုးတက္လာႏိုင္ပါတယ္။ ယခုေဆာင္းပါးမွာ ေဖာ္ျပေပးမွာကေတာ့ သင့္ဦးေႏွာက္ကို အက်ိဳး႐ွိေစမယ့္ ေလ့က်င့္ခန္းအခ်ိဳ႕ ျဖစ္ပါတယ္။

Jigsaw အ႐ုပ္ဆက္ပါ

ဒီနည္းဟာ ကေလးကလားႏိုင္တယ္လို႔ ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ တကယ္ပဲ ဦးေႏွာက္အတြက္ အက်ိဳးျဖစ္ေစတဲ့ နည္းလမ္းျဖစ္ပါတယ္။ Jigsaw အကြက္ေလးမ်ားကို သူလိုခ်င္တဲ့႐ုပ္ပုံကိုရေအာင္ စီေနခ်ိန္မွာ သင့္ဦးေႏွာက္ဟာ အျမင္အာ႐ုံကိုေရာ သိျမင္မွတ္သားမႈကိုပါ အသုံးခ်ေနရပါတယ္။ ဦးေႏွာက္ကို အလုပ္ေပး႐ုံသာမကဘဲ သင့္စိတ္ကိုပါ လန္းဆန္းေစႏိုင္မယ့္ နည္းလမ္းတခုလို႔ သုေတသီမ်ားက ဆိုပါတယ္။

ဖဲခ်ပ္ဂိမ္းမ်ားေဆာ့ပါ

ကြန္ပ်ဴတာဝင္းဒိုးတိုင္းမွာပါဝင္တဲ့ ဂိမ္းေလးေတြကို သင္သိမွာပါ။ ဖဲခ်ပ္ဂိမ္း၊ အ႐ုပ္ဆက္ဂိမ္းစသျဖင့္ မ်ိဳးစုံ႐ွိပါတယ္။ ဒီကစားနည္းေလးေတြဟာ သိပ္ၿပီးႀကီးက်ယ္တယ္မထင္ရေပမယ့္ သင့္ဦးေႏွာက္ကို ႏိႈးဆြႏိုင္တာေတာ့ အမွန္ပါပဲ။ solitaire၊ poker၊ hearts အစ႐ွိတဲ့ သင့္ပီစီထဲက ဂိမ္းေလးမ်ားဟာ သင့္ဦးေႏွာက္အတြက္ ေလ့က်င့္ခန္းေတြ ျဖစ္ပါတယ္။

ေဝါဟာရမ်ားမွတ္သားပါ

ေဝါဟာရႂကြယ္ဝျခင္းဟာ ကိုယ္ရည္ကိုယ္ေသြးအားသာတဲ့ အခ်က္တခ်က္လည္း ျဖစ္ပါတယ္။ ေဝါဟာရအသစ္မ်ားကို ေလ့လာျခင္းဟာ သင့္ဦးေႏွာက္ကို ႏိႈးဆြေပးရာေရာက္ပါတယ္။ သုေတသနေတြအရ ေဝါဟာရအသစ္ကို မွတ္သားတည္ေဆာင္ဖို႔အတြက္ ဦးေႏွာက္ရဲ႕ အစိတ္အပိုင္း အေတာ္မ်ားမ်ားကို အလုပ္ေပးရပါတယ္။ သင္ မၾကားဖူးတဲ့ စကားလုံး အသစ္အဆန္းဆိုရင္ ေရးမွတ္ပါ။ ဘယ္ေနရာမွာ သုံးသလဲ ေလ့လာပါ။ ကိုယ္တိုင္ အသုံးခ်ႏိုင္ေအာင္ ႀကိဳးစားပါ။ ဒါဟာ သင့္ဦးေႏွာက္အတြက္ ေလ့က်င့္ခန္းပါပဲ။

ကခုန္ပါ

သီခ်င္းသံမ်ားနဲ႔ ကခုန္လႈပ္႐ွားခ်ိန္မွာ သင့္ဦးေႏွာက္ဟာ သင့္ရဲ႕အျမန္ႏႈန္း၊ လႈပ္႐ွားပုံ၊ ယခင္က ကခုန္ဖူးတဲ့ မွတ္ဉာဏ္ စတာေတြအားလုံးအတြက္ အလုပ္လုပ္ရပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ေရာ ဦးေႏွာက္ပိုင္းဆိုင္ရာအတြက္ပါ တိုးတက္ေကာင္းမြန္ေစပါတယ္။

ဆိုပါတီးပါ

ဂီတကို ကြၽမ္းဝင္ေအာင္ ေလ့လာျခင္းဟာလည္း သင့္ဦးေႏွာက္ကို ထက္ျမက္ေစမယ့္ နည္းလမ္းတခုျဖစ္ပါတယ္။ သီခ်င္းကို စိတ္ပါလက္ပါ ဆိုညဥ္းျခင္းဟာ သင့္ကို စိတ္ပိုင္းဆိုင္ရာအရလည္း စိတ္ဖိစီးမႈ ေလ်ာ့ပါးေစပါတယ္။ တူရိယာမ်ားကို တီးမႈတ္တတ္ေအာင္ပါ ေလ့က်င့္ျခင္းဟာလည္း သိျမင္မွတ္သားမႈ၊ ေျခလက္မ်ားလႈပ္႐ွားမႈ၊ မွတ္ဉာဏ္ စတာေတြအားလုံးကို အလုပ္ေပးရတာေၾကာင့္ ဦးေႏွာက္အတြက္ အေကာင္းဆုံး ေလ့က်င့္ခန္းတခု ျဖစ္ပါတယ္။

စြမ္းရည္အသစ္တမ်ိဳးရေအာင္လုပ္ပါ

႐ွိရင္စြဲစြမ္းရည္မ်ားအျပင္ တခါမွ မတတ္ေျမာက္ဖူးတဲ့ အရာတခုခုကို ကြၽမ္းက်င္ေအာင္ ေလ့က်င့္သင္ၾကားျခင္းဟာ သင့္ဦးေႏွာက္ကို ထက္ျမက္ေစပါတယ္။ ဒိနည္းလမ္းဟာ လူႀကီးပိုင္းေတြအတြက္လည္း အက်ိဳး႐ွိေစပါတယ္။ ကားျပင္တာမ်ိဳး၊ ေဆာ့ဖ္ဝဲအသစ္ကို သုံးၾကည့္တာမ်ိဳး၊ ဆိုင္ကယ္စီးတာမ်ိဳး စတဲ့ကိစၥေတြကို ေလ့က်င့္သင္ၾကားျခင္းဟာ သင့္ကိုယ္သင္ ဦးေႏွာက္ေလ့က်င့္ခန္းျပဳလုပ္ရာလည္း ေရာက္ပါတယ္။

တျခားသူကို စြမ္းရည္အသစ္ သင္ၾကားေပးျခင္း

သင့္ရဲ႕ဦးေႏွာက္စြမ္းရည္ကို တိုးတက္ေစမယ့္ နည္းလမ္းေကာင္းတခုကေတာ့ တဦးဦးကို အေၾကာင္းအရာသစ္၊ စြမ္းရည္သစ္တခုခု သင္ၾကားေပးျခင္း ျဖစ္ပါတယ္။ တဦးဦးကို သင့္အေနနဲ႔ သင္ၾကားေတာ့မယ္ဆိုရင္ အဆိုပါအေၾကာင္းအရာကို သင့္အေနနဲ႔ ကြၽမ္းက်င္ပိုင္ႏိုင္ေအာင္ ေလ့က်င့္ဖို႔ လိုပါတယ္။ တဖက္သား သေဘာေပါက္ေအာင္ ႐ွင္းျပႏိုင္စြမ္း႐ွိဖို႔လည္း လိုပါတယ္။

ဘာသာစကားအသစ္ေလ့လာပါ

ဘာသာစကားအသစ္တမ်ိဳးမ်ိဳးကို ေလ့လာဖို႔ ဘယ္ေတာ့မွ ေနာက္မက်ပါဘူး။ ဘာသာစကားအသစ္ကို သင္ယူျခင္းဟာ သိျမင္မွတ္သားမႈစြမ္းရည္ကို တိုးတက္ေစတဲ့အျပင္ ဖန္တီးမႈစြမ္းရည္ကိုပါ တိုးတက္ေစပါတယ္။ အသက္အ႐ြယ္ႀကီးလို႔ျဖစ္လာတဲ့ မွတ္ဉာဏ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြကို ျဖစ္ႏိုင္ေျခ ေလ်ာ့ေစပါတယ္။

လမ္းေၾကာင္းအသစ္သုံးပါ

သင့္ရဲ႕တေန႔တာလႈပ္႐ွားသြားလာမႈကို ပုံစံအသစ္နဲ႔ ေဆာင္႐ြက္ၾကည့္ပါ။ ဥပမာ ႐ုံးသြားေနၾကလမ္းေၾကာင္းကို ေျပာင္းၾကည့္ပါ။ ကားစီးေနရာကေန ရထားေျပာင္းစီးၾကည့္ပါ။ လမ္းေၾကာင္းအသစ္မွာ ေတြ႕ၾကဳံရတာကို ျမင္ေတြ႕ရတာကို မွတ္သားပါ။ ဒီနည္းဟာ ႐ိုး႐ွင္းတယ္ထင္ရေပမယ့္ သင့္ဦးေႏွာက္ကို ေလ့က်င့္ခန္းလုပ္ရာေရာက္သလို ေတြးေခၚသိျမင္ပုံမွာလည္း အေျပာင္းအလဲ ႐ွိႏိုင္ပါတယ္။

တရားထိုင္ပါ

တရားထိုင္ျခင္းဟာ သင့္ကို စိတ္တည္ၿငိမ္ေအးခ်မ္းေစပါတယ္။ မွတ္ဉာဏ္ကိုလည္း ရင့္သန္ေစၿပီး ဦးေႏွာက္လုပ္ငန္းစဥ္ေတြကိုလည္း ပိုမိုေခ်ာေမြ႕ေစပါလိမ့္မယ္။ ေအးခ်မ္းဆိတ္ၿငိမ္တဲ့ တေနရာရာမွာ ေန႔စဥ္ ဆယ့္ငါးမိနစ္ခန္႔ တရားထိုင္သင့္ပါတယ္။

သင့္ပတ္ဝန္းက်င္ကို အာ႐ုံစိုက္ပါ

သင္ဘယ္ေနရာကိုေရာက္ေရာက္ ဘယ္သူနဲ႔ စကားေျပာေျပာ သင့္ဝန္းက်င္ကို ဂ႐ုစိုက္ပါ။ တံခါးဘယ္ႏွေပါက္႐ွိသလဲ၊ ခန္းဆီး ဘာအေရာင္လဲ စသျဖင့္ မွတ္သားပါ။ သင္နဲ႔ စကားေျပာေနသူဟာ အက်ီၤဘာအေရာင္ဝတ္ထားသလဲ၊ မ်က္မွန္ပါသလား စသျဖင့္ မွတ္သားပါ။ ဒီနည္းလမ္းဟာ ေရ႐ွည္မွာ သင့္ဦးေႏွာက္ကို ႏိႈးဆြေပးၿပီး မွတ္ဉာဏ္ရင့္သန္ေစမယ့္ နည္းလမ္းျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service