မင်းကွတ်သီးမှပေးသော ကျန်းမာရေးအကျိုးအမြတ်များနှင့် စားသုံးပုံ

မင်းကွတ်သီးမှပေးသော ကျန်းမာရေးအကျိုးအမြတ်များနှင့် စားသုံးပုံ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jul 2022 10:11 am တွင် တင်ခဲ့သည်
1185 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မင်းကွတ်သီး (သိပ္ပံအမည် - Garcinia mangostana) ဆိုတာ အနည်းငယ်ချိုချဥ◌်အရသာရှိပြီး အရောင်အသွေးစုံလင်စွာနဲ့ စွဲကြိုက်နှစ်သက်ဖွယ်ကောင်းတဲ့ အပူပိုင်းဒေသထွက်သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

အရှေ့တောင်အာရှမှ မူလဒေသထွက်ဖြစ်ပေမဲ့ ကမ္ဘာတစ်ဝန်းရှိ အမျိုးမျိုးသော အပူပိုင်းဒေသတွေမှာ တွေ့ရှိရပါတယ်။

မည့်တဲ့အခါ သူ့အခွံရင့်သန်လာပြီး ခရမ်းရင့်ရောင်ရှိတာကြောင့် ခရမ်းရောင်မင်းကွတ်သီးလို့လည်း ရံဖန်ရံခါ ခေါ်ဝေါ်ခံရပါတယ်။

အခွံက ခရမ်းရင့်ရောင်ဆိုပေမဲ့ အရည်ရွှမ်းတဲ့အတွင်းသားကျတော့ ဆန့်ကျင်ဘက်အားဖြင့် အဖြူတောက်တောက်ဖြစ်ပါတယ်။

မင်းကွတ်သီးဟာ အတော်ကလေးမှေးမှိန်၊ မထင်မရှားသစ်သီးတစ်မျိုးဖြစ်ပေမဲ့လည်း သူ့ကို လျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ ထူးခြားတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် မင်းကွတ်သီးဟာ ကျန်းမာရေးအကျိုးအမြတ်များစွာကိုပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။

မင်းကွတ်သီးက ပေးတဲ့ ကျန်းမာရေးအကျိုးအမြတ် (၉) ခု ရှိပါတယ်။

၁။ များစွာ အာဟာရဖြစ်ခြင်း

မင်းကွတ်သီးဟာ ပရိုတင်း၊ မရှိမဖြစ် ဗီတာမင် C ၊ ဗီတာမင် B9 (folate) ၊ ဗီတာမင် B1 (thiamine) ၊ ဗီတာမင် B2 (riboflavin) စတဲ့ ဗီတာမင်များ၊ မန်ဂနိ၊ ကြေးနီ၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တုဓာတ်များနဲ့ အမျှင်ဓာတ်နဲ့ အဆီဓာတ်တို့ ပါဝင်ရုံသာမက ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။ ဒီအာဟာရဓာတ်တွေဟာ သင့်ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအများအပြားကို ထိန်းသိမ်းပေးရာမှာ အရေးပါပါတယ်။

၂။ အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း

မင်းကွတ်သီးမှာ ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်တဲ့ ဗီတာမင်များအပြင် xanthone လို့ခေါ်တဲ့ ထူးခြားတဲ့အမျိုးအစားဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ xanthone ရဲ့ ဓာတ်တိုးဆန့်ကျင်ခြင်းအလုပ်က ရောင်ရမ်းခြင်း၊ ကင်ဆာ၊ အိုမင်းရင့်ရော်ခြင်းနှင့် ဆီးချိုရောဂါတို့ကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့အကျိုးသက်ရောက်မှုတွေ ရှိတာကို လေ့လာမှုများစွာမှာ တွေ့ရှိထားကြပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ကျမှုကို အားပေးခြင်း

နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်သေးတယ်ဆိုပေမဲ့လည်း တိရစ္ဆာန်နဲ့ လူသားသုတေသနအချို့ကတော့ မင်းကွတ်သီးဟာ ကိုယ်အလေးချိန်လျော့ကျခြင်းနဲ့ အဝလွန်ခြင်းအား တားဆီးရာတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နိုင်ကြောင်း ညွှန်ပြကြပါတယ်။

၄။ သွေးတွင်းသကြားဓာတ်ထိန်းချုပ်ရာတွင် အထောက်အကူပြုခြင်း

လက်ရှိသုတေသနတွေနဲ့တင် မလုံလောက်သေးဘူးဆိုပေမဲ့လည်း ပြုလုပ်ထားပြီးသား သုတေသနတွေကတော့ မင်းကွတ်သီးမှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်းတွေနဲ့ အမျှင်ဓာတ်တို့ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချရာမှာ ကူညီပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။

၅။ ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို အားပေးခြင်း

မင်းကွတ်သီးဟာ ခန္ဓာကိုယ်ရှိခုခံအားဆဲလ်အရေအတွက်ကို တိုးပွားစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးကာ ကိုယ်ခံအားကျန်းမာရေးကို တိုးမြှင့်ပေးနိုင်ခြေရှိကြောင်း သုတေသနတွေက ညွှန်ပြကြပါတယ်။

၆။ ကျန်းမာသောအသားအရေကို ကူညီထိန်းသိမ်းပေးခြင်း

မင်းကွတ်သီးရှိ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေနဲ့ ရောင်ရမ်းမှုဆန့်ကျင်ဒြပ်ပေါင်းတွေက အိုမင်းရင့်ရော်ခြင်းနဲ့ နေရောင်ခြည်နဲ့ထိတွေ့မှုကြောင့် အရေပြားဆဲလ်ပျက်စီးခြင်းအား တားဆီးပေးနိုင်တာကို သုတေသီတွေက တွေ့ရှိထားပါတယ်။

မှတ်ချက်။ ။အခုဆက်လက်ဖော်ပြပေးမယ့် နံပါတ် ၇ မှ ၉ အထိ အကျိုးအမြတ်တွေကတော့ လူတွေမှာ မစမ်းသပ်ရသေးဘဲ တိရစ္ဆာန်တွေမှာပဲ စမ်းသပ်တွေ့ရှိထားသေးတဲ့ ရလဒ်တွေဖြစ်ပါတယ်။

မင်းကွတ်သီးဟာ ၇။ နှလုံးကျန်းမာရေး၊ ၈။ ဦးနှောက်ကျန်းမာရေး ၉။ အစာချေစနစ်ကျန်းမာရေးတို့အပေါ်လည်း အကောင်းဘက်မှ သက်ရောက်မှုရှိနိုင်ပါတယ်။

မင်းကွတ်သီးကို စားသုံးပုံ

သင်နေထိုင်တဲ့နေရာပေါ်မူတည်ပြီး ရှာတွေ့ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့လည်း မင်းကွတ်သီးဟာ ပြင်ဆင်စားသုံးရလွယ်ကူပါတယ်။ မင်းကွတ်သီးရာသီက အတော်ကလေးတိုတောင်းတာကြောင့် ရရှိနိုင်မှုမှာတော့ အကန့်အသတ်ရှိပါတယ်။

အကောင်းဆုံးကတော့ အာရှဈေးကွက်တွေမှာ ရှာဖွေတာ အကောင်းဆုံးပါပဲ။ လတ်လတ်ဆတ်ဆတ်မင်းကွတ်သီးတွေဟာ အတော်ဈေးကြီးနိုင်ပါတယ်။ အေးခဲထားတဲ့ ပုံစံတွေနဲ့ တာရှည်ခံအောင် စည်သွပ်ထားတဲ့ ပုံစံတွေကတော့ ဈေးပိုသက်သာကောင်းသက်သာနိုင်ပြီး ရှာဖွေရလည်း ပိုမိုလွယ်ကူကောင်းလွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ စည်သွပ်ထားတဲ့မင်းကွတ်သီးတွေမှာတော့ သကြားပါဝင်တာကို သတိပြုပါ။

မင်းကွတ်သီးကို အရည်အသွင်နဲ့ရော အမှုန့်ပြုလုပ်ထားတဲ့ ဖြည့်စွက်စာအဖြစ်နဲ့လည်း တွေ့ရှိနိုင်ပါတယ်။

သူ့အခွံကို စားလို့မရပေမဲ့ အတွင်းသားက အဖြူရောင်ရှိကာ မှည့်တဲ့အခါ အလွန်အရည်ရွှမ်းလှပါတယ်။ အတွင်းသားကို ဒီအတိုင်းစားလို့ရသလို စမူသီအအေးတွေနဲ့ သစ်သီးသုပ်တွေမှာ အနံအရသာဖြည့်စွက်ချက်အနေနဲ့ ထည့်သွင်းစားသုံးလို့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 11 Health Benefits of Mangosteen (And How to Eat It) (Healthline.com)

[Zawgyi]

မင္းကြတ္သီးမွေပးေသာ က်န္းမာေရးအက်ိဳးအျမတ္မ်ားႏွင့္ စားသုံးပုံ

မင္းကြတ္သီး (သိပၸံအမည္ - Garcinia mangostana) ဆိုတာ အနည္းငယ္ခ်ိဳခ်ဥ◌္အရသာ႐ွိၿပီး အေရာင္အေသြးစုံလင္စြာနဲ႔ စြဲႀကိဳက္ႏွစ္သက္ဖြယ္ေကာင္းတဲ့ အပူပိုင္းေဒသထြက္သစ္သီးတစ္မ်ိဳးပဲျဖစ္ပါတယ္။

အေ႐ွ႕ေတာင္အာ႐ွမွ မူလေဒသထြက္ျဖစ္ေပမဲ့ ကမ႓ာတစ္ဝန္း႐ွိ အမ်ိဳးမ်ိဳးေသာ အပူပိုင္းေဒသေတြမွာ ေတြ႕႐ွိရပါတယ္။

မည့္တဲ့အခါ သူ႕အခြံရင့္သန္လာၿပီး ခရမ္းရင့္ေရာင္႐ွိတာေၾကာင့္ ခရမ္းေရာင္မင္းကြတ္သီးလို႔လည္း ရံဖန္ရံခါ ေခၚေဝၚခံရပါတယ္။

အခြံက ခရမ္းရင့္ေရာင္ဆိုေပမဲ့ အရည္႐ႊမ္းတဲ့အတြင္းသားက်ေတာ့ ဆန္႔က်င္ဘက္အားျဖင့္ အျဖဴေတာက္ေတာက္ျဖစ္ပါတယ္။

မင္းကြတ္သီးဟာ အေတာ္ကေလးေမွးမွိန္၊ မထင္မ႐ွားသစ္သီးတစ္မ်ိဳးျဖစ္ေပမဲ့လည္း သူ႕ကို လ်စ္လ်ဴမ႐ႈသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ႕မွာ အာဟာရဓာတ္ေတြ၊ အမွ်င္ဓာတ္ေတြနဲ႔ ထူးျခားတဲ့ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ မင္းကြတ္သီးဟာ က်န္းမာေရးအက်ိဳးအျမတ္မ်ားစြာကိုေပးစြမ္းႏိုင္လို႔ပဲျဖစ္ပါတယ္။

မင္းကြတ္သီးက ေပးတဲ့ က်န္းမာေရးအက်ိဳးအျမတ္ (၉) ခု ႐ွိပါတယ္။

၁။ မ်ားစြာ အာဟာရျဖစ္ျခင္း

မင္းကြတ္သီးဟာ ပ႐ိုတင္း၊ မ႐ွိမျဖစ္ ဗီတာမင္ C ၊ ဗီတာမင္ B9 (folate) ၊ ဗီတာမင္ B1 (thiamine) ၊ ဗီတာမင္ B2 (riboflavin) စတဲ့ ဗီတာမင္မ်ား၊ မန္ဂနိ၊ ေၾကးနီ၊ မဂၢနီဆီယမ္ စတဲ့ သတၱဳဓာတ္မ်ားနဲ႔ အမွ်င္ဓာတ္နဲ႔ အဆီဓာတ္တို႔ ပါဝင္႐ုံသာမက ကယ္လိုရီပါဝင္မႈလည္း နည္းပါတယ္။ ဒီအာဟာရဓာတ္ေတြဟာ သင့္ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာအမ်ားအျပားကို ထိန္းသိမ္းေပးရာမွာ အေရးပါပါတယ္။

၂။ အားေကာင္းေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ေပါႂကြယ္ဝျခင္း

မင္းကြတ္သီးမွာ ဓာတ္တိုးမႈကို ဆန္႔က်င္ႏိုင္တဲ့ ဗီတာမင္မ်ားအျပင္ xanthone လို႔ေခၚတဲ့ ထူးျခားတဲ့အမ်ိဳးအစားျဖစ္တဲ့ ဓာတ္တိုးဆန္႔က်င္ျဒပ္ေပါင္းေတြလည္း ပါဝင္ပါတယ္။ xanthone ရဲ႕ ဓာတ္တိုးဆန္႔က်င္ျခင္းအလုပ္က ေရာင္ရမ္းျခင္း၊ ကင္ဆာ၊ အိုမင္းရင့္ေရာ္ျခင္းႏွင့္ ဆီးခ်ိဳေရာဂါတို႔ကို ဆန္႔က်င္တြန္းလွန္ႏိုင္တဲ့အက်ိဳးသက္ေရာက္မႈေတြ ႐ွိတာကို ေလ့လာမႈမ်ားစြာမွာ ေတြ႕႐ွိထားၾကပါတယ္။

၃။ ကိုယ္အေလးခ်ိန္ေလ်ာ့က်မႈကို အားေပးျခင္း

ေနာက္ထပ္ေလ့လာမႈေတြ ျပဳလုပ္ဖို႔လိုအပ္ေသးတယ္ဆိုေပမဲ့လည္း တိရစၧာန္နဲ႔ လူသားသုေတသနအခ်ိဳ႕ကေတာ့ မင္းကြတ္သီးဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္းနဲ႔ အဝလြန္ျခင္းအား တားဆီးရာတြင္ အခန္းက႑တစ္ခုအျဖစ္ ပါဝင္ႏိုင္ေၾကာင္း ၫႊန္ျပၾကပါတယ္။

၄။ ေသြးတြင္းသၾကားဓာတ္ထိန္းခ်ဳပ္ရာတြင္ အေထာက္အကူျပဳျခင္း

လက္႐ွိသုေတသနေတြနဲ႔တင္ မလုံေလာက္ေသးဘူးဆိုေပမဲ့လည္း ျပဳလုပ္ထားၿပီးသား သုေတသနေတြကေတာ့ မင္းကြတ္သီးမွာ ပါဝင္တဲ့ အပင္ျဒပ္ေပါင္းေတြနဲ႔ အမွ်င္ဓာတ္တို႔ဟာ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့ခ်ရာမွာ ကူညီေပးႏိုင္ေၾကာင္း ေတြ႕႐ွိထားပါတယ္။

၅။ ေကာင္းမြန္ေသာ ကိုယ္ခံအားစနစ္ကို အားေပးျခင္း

မင္းကြတ္သီးဟာ ခႏၶာကိုယ္႐ွိခုခံအားဆဲလ္အေရအတြက္ကို တိုးပြားေစၿပီး ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးကာ ကိုယ္ခံအားက်န္းမာေရးကို တိုးျမႇင့္ေပးႏိုင္ေျခ႐ွိေၾကာင္း သုေတသနေတြက ၫႊန္ျပၾကပါတယ္။

၆။ က်န္းမာေသာအသားအေရကို ကူညီထိန္းသိမ္းေပးျခင္း

မင္းကြတ္သီး႐ွိ ဓာတ္တိုးဆန္႔က်င္ျဒပ္ေပါင္းေတြနဲ႔ ေရာင္ရမ္းမႈဆန္႔က်င္ျဒပ္ေပါင္းေတြက အိုမင္းရင့္ေရာ္ျခင္းနဲ႔ ေနေရာင္ျခည္နဲ႔ထိေတြ႕မႈေၾကာင့္ အေရျပားဆဲလ္ပ်က္စီးျခင္းအား တားဆီးေပးႏိုင္တာကို သုေတသီေတြက ေတြ႕႐ွိထားပါတယ္။

မွတ္ခ်က္။ ။အခုဆက္လက္ေဖာ္ျပေပးမယ့္ နံပါတ္ ၇ မွ ၉ အထိ အက်ိဳးအျမတ္ေတြကေတာ့ လူေတြမွာ မစမ္းသပ္ရေသးဘဲ တိရစၧာန္ေတြမွာပဲ စမ္းသပ္ေတြ႕႐ွိထားေသးတဲ့ ရလဒ္ေတြျဖစ္ပါတယ္။

မင္းကြတ္သီးဟာ ၇။ ႏွလုံးက်န္းမာေရး၊ ၈။ ဦးေႏွာက္က်န္းမာေရး ၉။ အစာေခ်စနစ္က်န္းမာေရးတို႔အေပၚလည္း အေကာင္းဘက္မွ သက္ေရာက္မႈ႐ွိႏိုင္ပါတယ္။

မင္းကြတ္သီးကို စားသုံးပုံ

သင္ေနထိုင္တဲ့ေနရာေပၚမူတည္ၿပီး ႐ွာေတြ႕ဖို႔ ခက္ခဲေကာင္းခက္ခဲႏိုင္ေပမဲ့လည္း မင္းကြတ္သီးဟာ ျပင္ဆင္စားသုံးရလြယ္ကူပါတယ္။ မင္းကြတ္သီးရာသီက အေတာ္ကေလးတိုေတာင္းတာေၾကာင့္ ရ႐ွိႏိုင္မႈမွာေတာ့ အကန္႔အသတ္႐ွိပါတယ္။

အေကာင္းဆုံးကေတာ့ အာ႐ွေဈးကြက္ေတြမွာ ႐ွာေဖြတာ အေကာင္းဆုံးပါပဲ။ လတ္လတ္ဆတ္ဆတ္မင္းကြတ္သီးေတြဟာ အေတာ္ေဈးႀကီးႏိုင္ပါတယ္။ ေအးခဲထားတဲ့ ပုံစံေတြနဲ႔ တာ႐ွည္ခံေအာင္ စည္သြပ္ထားတဲ့ ပုံစံေတြကေတာ့ ေဈးပိုသက္သာေကာင္းသက္သာႏိုင္ၿပီး ႐ွာေဖြရလည္း ပိုမိုလြယ္ကူေကာင္းလြယ္ကူႏိုင္ပါတယ္။ ဒါေပမဲ့ စည္သြပ္ထားတဲ့မင္းကြတ္သီးေတြမွာေတာ့ သၾကားပါဝင္တာကို သတိျပဳပါ။

မင္းကြတ္သီးကို အရည္အသြင္နဲ႔ေရာ အမႈန္႔ျပဳလုပ္ထားတဲ့ ျဖည့္စြက္စာအျဖစ္နဲ႔လည္း ေတြ႕႐ွိႏိုင္ပါတယ္။

သူ႕အခြံကို စားလို႔မရေပမဲ့ အတြင္းသားက အျဖဴေရာင္႐ွိကာ မွည့္တဲ့အခါ အလြန္အရည္႐ႊမ္းလွပါတယ္။ အတြင္းသားကို ဒီအတိုင္းစားလို႔ရသလို စမူသီအေအးေတြနဲ႔ သစ္သီးသုပ္ေတြမွာ အနံအရသာျဖည့္စြက္ခ်က္အေနနဲ႔ ထည့္သြင္းစားသုံးလို႔ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 11 Health Benefits of Mangosteen (And How to Eat It) (Healthline.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service