ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ?

ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2022 12:35 pm တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဝါလကင်းလွတ်ပြီး ဝါကျွတ်တဲ့အခါ နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ ယခုလို ဝါတွင်းကာလတည်းက ဘာတွေ ပြင်ဆင်ထားသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

နေရာထိုင်ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင်ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ယခုလို ဝါတွင်းကာလတည်းက ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။

ဒီတစ်နှစ်ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အသစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကို ဝယ်ယူ  ပိုင်ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတလေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်….…..

၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံးကိုပဲဝယ်ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များ လွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲဖြစ်ဖြစ်၊ အရစ်ကျ  ဝယ်ယူလိုက်ရတာမျိုးက သင့်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။

အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအတွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့တတ်နိုင်တဲ့ အိမ်သစ်ကလေးတစ်ကိုပဲအသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ်သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။

၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေ    အကျိုးဆောင် နဲ့ တိုင်ပင်ဆွေးနွေးပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ ဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့်အိမ်အဝယ်အလုပ်ကိုအပ်နှံပါ။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်းကိုလည်း ကောင်းကောင်းနားလည်တဲ့အကျိုးဆောင်ကိုပဲဝယ်ယူဖို့ အိမ်ရှာခိုင်းတာတို့၊ ဈေးစကားပြောအရောင်းအဝယ် ညှိနှိုင်းဆောင်ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင်မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသ ဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီစစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၄။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေးချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာလမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆိုတာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊အလုပ်ကိစ္စအဝဝအတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက်လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ်တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေးအားစိုက်ပင်ပန်းရနိုင်ပါတယ်။

၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့အတိအကျ သိရှိထားဖို့လိုပါလိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရမယ့်ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင်ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာသိရှိထားဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

ဝါကြၽတ္မွာ ေနအိမ္သစ္တစ္လုံးဝယ္ယူေနထိုင္ဖို႔အတြက္ ဘာေတြ ျပင္ဆင္ထားရမလဲ ?

ဝါလကင္းလြတ္ၿပီး ဝါကြၽတ္တဲ့အခါ ေနအိမ္တစ္လုံး ပိုင္ဆိုင္ႏိုင္ဖို႔ ယခုလို ဝါတြင္းကာလတည္းက ဘာေတြ ျပင္ဆင္ထားသင့္လဲဆိုတာကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ေနရာထိုင္ခင္း အိုးအိမ္အသစ္ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ထားတဲ့သူေတြလည္း ႀကိဳတင္ၿပီးေတာ့ ေနထိုင္မယ့္ အိုးအိမ္ေနရာအသစ္ကိုလည္း ယခုလို ဝါတြင္းကာလတည္းက ေ႐ြးခ်ယ္ထားဖို႔ လိုအပ္ပါတယ္။

ဒီတစ္ႏွစ္ဝါကြၽတ္မွာေတာ့ ဇနီးေမာင္ႏွံ၊ မိသားစုေတြရဲ႕ ဝင္ေငြေကာင္းလာၿပီး စုေဆာင္းထားတဲ့ ေငြေၾကးစု ေဆာင္းေငြေလးနဲ႔ ေနအိမ္အသစ္တစ္လုံးကို ပိုင္ဆိုင္ဝယ္ယူၾကမယ့္ သူေတြလည္း ႐ွိမွာပါ။ ဒီလိုမ်ိဳး ေနအိမ္သစ္တစ္လုံးကို  ဝယ္ယူ  ပိုင္ဆိုင္ေတာ့မယ္ဆိုရင္ သိထားသင့္စရာအခ်က္အလက္ ဗဟုသုတေလးကိုသတိထားႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္….…..

၁။ မိမိတို႔ရဲ႕ေငြေၾကးနဲ႔တတ္ႏိုင္တဲ့ ေနအိမ္သစ္တစ္လုံးကိုပဲဝယ္ ယူသင့္ပါတယ္။ လက္ထဲမွာ႐ွိေနတဲ့ ေငြေၾကးပမာဏထက္မ်ား လြန္းတဲ့ အိမ္မ်ိဳးကိုဝယ္ယူဖို႔ဆိုတာ သိပ္ၿပီးေတာ့ အဆင္မေျပ ႏိုင္ပါဘူး။ ေငြေၾကးမ်ားလြန္းလို႔ ေခ်းငွားတာပဲျဖစ္ျဖစ္၊ အရစ္က်  ဝယ္ယူလိုက္ရတာမ်ိဳးက သင့္အတြက္ဝန္ထုပ္ဝန္ပိုးျဖစ္လာႏိုင္ပါတယ္။

အဆင္ေျပမွ ျပန္ၿပီးေပးသြင္းသြားမယ့္ ေငြေၾကးေတြအတြက္ စိုးရိမ္ပူပန္ေနရလို႔ သင့္အိမ္ကေလးမွာ စိတ္ေအးေအးေနႏိုင္ မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္မို႔လို႔ မိမိတို႔ရဲ႕ေငြေၾကးေလးနဲ႔တတ္ႏိုင္တဲ့ အိမ္သစ္ကေလးတစ္ကိုပဲအေသအခ်ာေ႐ြးခ်ယ္ၿပီး ေနထိုင္ပါ။ ေနာက္ေနာင္ ေငြေၾကးအဆင္ေျပလာတဲ့အခါမွ မိမိေနခ်င္တဲ့အိမ္သစ္ကေလးကို ဝယ္ယူလို႔ရႏိုင္ပါေသးတယ္။

၂။ စိတ္ခ်ယုံၾကည္ရတဲ့ အိမ္ျခံေျမ   အက်ိဳးေဆာင္ နဲ႔ တိုင္ပင္ေဆြးေႏြးပါ။ ေမးျမန္းပါ။ အကူအညီယူပါ။ သင္တို႔ရဲ႕ အိမ္ျခံေျမေဈးကြက္ထဲ ဝါရင့္ၿပီးေတာ့ စိတ္ခ်ယုံၾကည္ရတဲ့ ပြဲစား၊ အက်ိဳးေဆာင္ကိုပဲ သင့္အိမ္အဝယ္အလုပ္ကိုအပ္ႏွံပါ။ ဒါ့ေၾကာင့္မို႔လို႔ စိတ္ခ်ယုံၾကည္ရၿပီး အလုပ္အေၾကာင္းကိုလည္း ေကာင္းေကာင္းနားလည္တဲ့အက်ိဳးေဆာင္ကိုပဲဝယ္ယူဖို႔ အိမ္႐ွာခိုင္းတာတု႔ိ၊ ေဈးစကားေျပာအေရာင္းအဝယ္ ညႇိႏိႈင္းေဆာင္႐ြက္ေစတာတို႔ကို ျပဳလုပ္သင့္ပါတယ္။

၃။ ၿပီးျပည့္စုံလြန္းတဲ့ အိမ္ေတြဆိုတာ ေဈးကြက္ထဲမွာ မ႐ွိဘူးဆိုတာ သင့္အေနနဲ႔ သိထားသင့္ပါတယ္။ သင့္ရဲ႕ ပထမဆုံးဝယ္ယူေနထိုင္မယ့္အိမ္က သင့္စိတ္ကူးအိမ္မက္ထဲကအတိုင္းလည္း ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ အိမ္တစ္လုံးစာေဈးႏႈန္း၊ အိမ္အက်ယ္၊ ေနရာအစ႐ွိသ ျဖင့္ အခ်က္အလက္ေတြအားလုံးက သင္လိုခ်င္သလိုေတာ့ျဖစ္လာမွာမဟုတ္ပါဘူး။ သင့္ေငြေၾကးနဲ႔ တန္ဖိုးမွ်တဲ့ေနအိမ္တစ္လုံးေတာ့ စီစစ္ၿပီးေတာ့ ေ႐ြးခ်ယ္ဝယ္ယူသင့္ပါတယ္။

၄။ သင့္မိသားစုနဲ႔ သင့္ေတာ္ကိုက္ညီမယ့္ ေနအိမ္တစ္လုံးကို ေ႐ြးခ်ယ္ဝယ္ယူပါ။ အကယ္၍ သင္ေကာ၊ သင့္အိမ္က မိသားစုဝင္ ေတြထဲမွာလမ္းသိပ္မသြားလာႏိုင္တဲ့ အသက္ႀကီးသူေတြ၊ ကေလးငယ္ေလးေတြပါလာရင္ အထပ္ျမင့္အိမ္ေတြက အဆင္မေျပႏိုင္ဆိုတာမ်ိဳးပါ။ ေနာက္ၿပီး အိမ္ရဲ႕ျပင္ဆင္မႈေတြ၊အလုပ္ကိစၥအဝဝအတြက္ တာဝန္ယူလုပ္ေပးမယ့္သူမ႐ွိတဲ့ အခါမ်ိဳးေတြအတြက္လည္း အရမ္းႀကီးျပင္ဆင္ျပဳျပင္ေပးေနရမယ့္ အိမ္မ်ိဳးကို မေ႐ြးခ်ယ္တာပိုေကာင္းပါတယ္။ အိမ္ရဲ႕အမိုး၊ ေရႏုတ္ေျမာင္း၊ ျခံဝင္း၊ အစ႐ွိ သျဖင့္ေတြက ျပင္ဆင္ဖို႔ဆိုရင္ နည္းနည္းေလးအားစိုက္ပင္ပန္းရႏိုင္ပါတယ္။

၅။ အိမ္နဲ႔ပတ္သက္တဲ့ အခြန္ေတြ၊ ေဆာင္ရမယ့္ အဖိုးအခ၊ အခြန္အခနဲ႔ စာရင္းေတြနဲ႔ပတ္သက္ၿပီးေတာ့အတိအက် သိ႐ွိထားဖို႔လိုပါလိမ့္မယ္။ ေျမခြန္၊ ေရခြန္၊ မီးခြန္နဲ႔ တျခားအဖိုးအခ ေပးေဆာင္ရမယ့္ပမာဏနဲ႔ အခ်ိန္၊ ဌာနဆိုင္ရာေတြမွာ သြားေရာက္မွတ္ပုံတင္ရမယ့္ ကိစၥအဝဝအတြက္ကိုလည္း ႀကိဳတင္ေလ့လာသိ႐ွိထားဖို႔ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service