တစ်ကိုယ်ရေအိမ်ငှားနေသူများအတွက် မိုးရာသီအကြံပြုချက်များ
တစ်ကိုယ်ရေအိမ်ငှားနေသူများအတွက် မိုးရာသီအကြံပြုချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2022 12:19 pm တွင် တင်ခဲ့သည်
413 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
မိုးတွင်းဟာ တခြားရာသီတွေထက် သွားရေးလာရေးခက်ခဲ၊ အလုပ်ပိုစေ၊ ကသိကအောက်ဖြစ်စေနိုင်တဲ့ ရာသီတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုရာသီဥတုမှာ အကယ်၍ သင်က အခန်းဖော်မရှိဘဲ တစ်ကိုယ်တည်းနေထိုင်တဲ့ အိမ်ငှားတစ်ယောက်ဆိုရင် သင်ငှားရမ်းထားတဲ့ နေအိမ်ကို မိုးတွင်းမှာလည်းပဲ ပထမတန်းအသွင်သဏ္ဌာန်ဆက်လက်ရှိနေစေဖို့ ဒါမှမဟုတ် ကိုးရိုးကားရားဆိုးဆိုးရွားရွားဖြစ်ရပ်တွေကနေ ကာကွယ်ဖို့အတွက် သင်လုပ်ဆောင်နိုင်တဲ့အရာလေးတွေ ရှိပါတယ်။
၁။ မိုးတွင်းကာလနှင့်ကိုက်ညီသော ဝင်ပေါက်တစ်ခု ပြင်ဆင်ပါ
မိုးတွင်းမှာ အပြင်ကနေ အိမ်ပြန်လာတဲ့ သင့်ရဲ့စိုစွတ်နေတဲ့ ဖိနပ်တွေ၊ ရွှဲရွှဲစိုနေတဲ့ အဝတ်အစားတွေနဲ့ ရေစိုနေတဲ့ထီးကို ထားလို့ရမယ့် နေရာတစ်ခုဖန်တီးထားပါ။ ရေစိုနေတဲ့ထိုအရာတွေမှာ ရေတွေသာမက တခြားအညစ်အကြေးတွေပါပါလာနိုင်တာမို့ သင်စိုးရိမ်ရမှာက ရေတွေနဲ့တင်မကပဲ ရွှံ့၊ ဖုန်တွေနဲ့ပါ ‌‌ချောနေမယ့် ကြမ်းပြင်တွေပါပဲ။ ဒါကြောင့် ချော်လဲတာမျိုးတွေလည်း မဖြစ်ရလေအောင် အဲဒီညစ်ပေနေတဲ့အရာအားလုံးကို ဝင်ပေါက်ရဲ့တစ်ဖက်မှာ ထားလိုက်ပြီးတော့ ဝင်ပေါက်ရဲ့ ကျန်တစ်ဖက်မှာတော့ သင်ခြေထောက်သုတ်ဖို့အတွက် ခြောက်သွေ့တဲ့ခင်းနှီးတစ်ခုကို ထားရှိပါ။
၂။ လွယ်လွယ်စွန်းထင်းနိုင်သော ပစ္စည်းတွေကို ဝေးဝေးမှာထားပါ
အဖြူရောင်ဖိနပ်၊ ရေစိမ့်ဝင်နိုင်တဲ့ဖိနပ်၊ အရောင်နုတဲ့အိတ်နဲ့ အခြားသော ရေစိုမခံတဲ့ပစ္စည်းတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒီပစ္စည်းတွေက မိုးရာသီနဲ့ သဟဇာတဖြစ်မနေပါဘူး။ ၎င်းအရာတွေကို မိုးတွင်းမှာ သေချာသိမ်းဆည်းထားပြီး မိုးကုန်မှပဲ ပြန်လည်သုံးစွဲတာ အကောင်းဆုံးပါ။ ဒီနေရာမှာ ပြောရမယ်ဆိုရင် ကော်ဇောတွေလိုမျိုး အိမ်ထောင်ပရိဘောဂမျိုးလည်း ပါဝင်ပါတယ်။ ၎င်းပစ္စည်းတွေကို ပြတင်းပေါက်၊ ဝင်ပေါက်တွေနဲ့ ဝေးဝေးထားပါ။
၃။ ပြတင်းပေါက်များကို ပိတ်ပါ
အိမ်အပြန်လမ်းမှာ မိုးမိပြီးတော့ အိမ်ပြန်ရောက်လာတဲ့အချိန် မိမိရဲ့အိမ်ထဲမှာလည်းပဲ ရေအိုင်ထွန်းနေတာကို မြင်ရတဲ့အဖြစ်ထက် ပိုပြီး မြင်မကောင်းရှုမကောင်းတာမျိုး မရှိတော့ပါဘူးနော်။ ဒါကြောင့် သင်ငှားရမ်းထားတဲ့အိမ်ကနေ အပြင်ကို မထွက်ခွာခင်မှာ ပြတင်းပေါက်တွေကို သေချာပိတ်ခဲ့ပါ။
၄။ ယိုစိမ့်ပေါက်များအား ရှာဖွေပါ
ကံမကောင်းစွာပဲ ပြောရရင်တော့ ယိုစိမ့်ပေါက်တွေကို ရှာဖွေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ယိုစိမ့်မှုဖြစ်ပွားချိန်ပဲဖြစ်ပါတယ်။ ယိုစိမ့်မှုကို သတိပြုမိတဲ့အခါ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးထားပြီး အမြန်ဆုံးပြင်ပေးဖို့အတွက် အိမ်ရှင်၊ အဆောက်အအုံစီမံဌာနတို့ကို ချက်ချင်းအကြောင်းကြားပါ။ အကယ်၍ ယိုစိမ့်မှုအခြေအနေက သိပ်ကိုဆိုးရွားပြင်းထန်တယ်ဆိုရင် ပြင်ဆရာတစ်ယောက်ယောက်ကို ငှားရမ်းပြင်ဆင်ပါ၊ ပြင်ဆင်စရိတ်ကျသင့်ငွေအား အိမ်ရှင်ထံမှ ပြန်လည်ရယူနိုင်ဖို့အတွက် မပြင်ခင်နဲ့ ပြင်ပြီးအခြေအနေတွေကို ဓာတ်ပုံရိုက်ယူထားပါ၊ ပြင်ဆင်ခကျသင့်ငွေဖြတ်ပိုင်းကို သေချာသိမ်းထားပါ။
၅။ အစာခြောက်များ စုထားပါ
အခုခေတ်မှာ အစားအစာအိမ်အရောက်ပို့ဆောင်ရေးဝန်ဆောင်မှုတွေ အများအပြားရှိပေမဲ့လည်း မိုးဆက်တိုက်သည်းနေချိန်တွေနဲ့ မုန်တိုင်းရှိချိန်တွေမှာဆိုရင်တော့ လမ်းအခြေအနေအခက်အခဲတွေကြောင့်ဖြစ်စေ၊ ဝယ်လိုအားတအားများနေ၍ဖြစ်စေ ပို့ဆောင်ရေးသမားတွေအနေနဲ့ သင့်အိမ်ကို စားစရာတွေ ပေးပို့ပေးဖို့နဲ့ သင်ကိုယ်တိုင်ကလည်း အပြင်ထွက်ဝယ်ဖို့ရာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မပုပ်မသိုးနိုင်တဲ့ အစာခြောက်တွေနဲ့ သောက်ရေသန့်တို့ကို နှစ်ရက်စာသုံးရက်စာလောက်တော့ အိမ်မှာသိုလှောင်ထားပါ။
၆။ အရေးပေါ်အိတ်ပြင်ဆင်ထားပါ
သဘာဝဘေးအန္တရာယ်ဖြစ်စေ အရေးပေါ်အခြေအနေတစ်ရပ်ရပ်အတွက် လူတိုင်း အရေးပေါ်အိတ်ပြင်ဆင်ထားဖို့ အရေးကြီးလှပါတယ်။ သင့်အနေနဲ့ အိမ်ထဲမှာပိတ်မိနေတာပဲဖြစ်ဖြစ် အိမ်ကနေရုတ်ခြည်းစွန့်ခွာရဖို့ပဲဖြစ်ဖြစ် မလွှဲသာမရှောင်သာအခြေအနေနဲ့ရင်ဆိုင်လာရင် သင်လိုအပ်မယ့်မရှိမဖြစ်အရေးပါတဲ့အရာတွေပါဝင်တဲ့ အိတ်တစ်လုံးပဲဖြစ်ပါတယ်။
၇။ အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ သင်နှင့်အတူ အသင့်ရှိပါစေ
အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း အသင့်မှတ်ထား၊ ဆောင်ထားပါ။ မြို့နယ်မီးသတ်၊ မြို့နယ်ရဲစခန်းနဲ့ အနီးအနားရှိ ဆေးရုံဆေးခန်း စသဖြင့် လိုရမယ်ရ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ဆိုလိုတာဖြစ်ပါတယ်။
တစ်ကိုယ်တည်း အိမ်ငှားနေသူအားလုံး တစ်ယောက်တည်းပေမဲ့ အားငယ်စရာမရှိဘဲ ခြင်္သေ့တစ်ကောင်အလား အားမာန်အပြည့်နဲ့ မိုးတွင်းကာလကို ဖြတ်သန်းနိုင်ကြပါစေလို့ iMyanmarHouse.com မှ ဆုတောင်းပေးလိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Sweet Dream Villa
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service