အိမ်ဘုရင်ရဲ့ ဈေးကွက်ချဲ့နည်း
အိမ်ဘုရင်ရဲ့ ဈေးကွက်ချဲ့နည်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Jun 2022 12:19 pm တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိမ်ဘုရင်က အိမ်မြေပွဲစားလုပ်ငန်းကို ဒီအဆင့်အထိ အောင်အောင်မြင်မြင် လုပ်ခဲ့ဖူးတာမို့ လျှောက်ခဲ့ပြီးသား လမ်းကြောင်းတွေကို ပြန်ရေးပြတာပါ။ ဈေးကွက်ရှာဖွေတဲ့ အလုပ်က ကြုံမှ ဆုံမှ တွေ့မှ လုပ်ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်သူရဲ့စိတ်မှာ အမြဲကိန်းအောင်းပြီး နိစ္စဓူဝလုပ်ရတဲ့ အလုပ်မျိုးပါ။
၁။ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် ပွဲစားအားလုံးကို အရည်အသွေးအမြဲမြှင့်တင်ပေးခဲ့ပါတယ်။
အိမ်ပွဲစားတွေဆိုတာက အတဲ့လူ သိပ်မပါဘူး။ လည်တဲ့သူတွေများတော့ ပြောရဆိုရခက်ပါတယ်။ စည်းရုံးနည်း အမျိုးမျိုးနဲ့ ဆုပေး ဒဏ်ပေးနည်းတွေနဲ့သူတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးခဲ့ပါတယ်။
၂။ ပွဲခဈေးနှုန်းတွေကို တည်ငြိမ်အောင်နဲ့ သက်သာသော နှုန်းထားဖြစ်အောင် အမြဲပညာပေး ထိန်းသိမ်းခဲ့ပါတယ်။
ပွဲစားဆိုတာ ပွဲညွှန့်လည်း စားလိုက်ချင်ကြတာပေါ့။ အပြစ်မဆိုသာပါဘူး။ ဒါပေမယ့်လုပ်ငန်း တာရှည်ဖို့၊ ဝင်ငွေပိုမို ခိုင်မာလာဖို့အတွက် သည်းခံကြရတာဖြစ်တယ်ဆိုတဲ့ အသိကို လုပ်ဖော်ကိုင်ဖက် ပွဲစားတွေကို နည်းမျိုးစုံနဲ့ သွယ်ဝိုက်ပြီး သင်ရတာပေါ့
၃။ ရောင်းလိုသူနှင့် ဝယ်လိုသူတို့ စိတ်ကျေနပ်မှုရှိစေမယ့် ဝန်ဆောင်မှုတွေကို ဖန်တီးတည်ဆောက် ပေးခြင်းကိုလည်း အာရုံမပျက် လုပ်ဆောင်ပေးခဲ့ပါတယ်။
ဥပမာ- တိုက်နဲ့ခြံ ရောင်းသူတစ်ဦးက မိမိတို့ မိသားစု ပိုင်လာတာနှစ်၅၀ ကျော်ရှိခဲ့ပြီး ဘိုးဘွားပိုင်မြေ လည်းဖြစ်နေသေးတယ်။ အမွေရထားတဲ့သူက ရောင်းမှာဆိုတော့ အရှုပ်အရှင်းမရှိတောင်မှ အဆင့်တွေက များနေပါပြီ။ ဒီအဆင့်တွေကို ဝယ်သူ (သို့) ဝယ်သူရဲ့ ရှေ့နေကို ရှင်းပြရတော့မယ့်အခါ ဒါမျိုးကိစ္စတွေကို သူဌေးတွေက သိပ်ကြောက်ကြပါတယ်။ (ဝယ်ရောင်းဆိုရင်တော့ နားလည်နေပြီဆိုတော့ တစ်မျိုးပေါ့)
ရောင်းသူမရှင်းပြချင်တဲ့ အဆင့်တွေကို ကျွန်တော်တို့က စကားအကြိမ်ကြိမ် ပြောခွင့်ရတဲ့အခါမှာ အတော်လေး တီးမိ ခေါက်မိဖြစ်ဖို့ သူတို့စကားတွေ ရအောင်ယူထားရပါတယ်။ အဲဒီအထဲက ကိုယ်ပြောလို့ဖြစ်တာတွေကို ဝယ်သူကို ကြိုပြောထားရင် ဝယ်သူက မေးစရာတွေ နည်းသွားတာပေါ့။
အဲဒီလို အိမ်ပွဲစားမျိုးနဲ့ ဆက်ဆံကြရတော့ ရောင်းသူဝယ်သူနှစ်ဦး နှစ်ဖက် စိတ်ကျေနပ်ကြရတာပေါ့။
ရောင်းသူတွေ သိထားသင့်တဲ့တာဝန်ကိုလည်း နားခံသာတဲ့ စကားလေးတွေနဲ့ အသိပေးထားရပါတယ်။ ဒါကြောင့် ပွဲစားတွေကို အရည်အချင်းမြှင့်တင်ထားပေးဖို့ လိုတယ်လို့ ကျွန်တော်ပြောခဲ့တာပါ။
၄။ စနစ်တကျ ဈေးကွက်တိုးချဲ့ခြင်း
ကျွန်တော် အကျိုးဆောင်ပွဲစားတွေကို အရည်အသွေးလည်း မြှင့်တင်ရင်း ပွဲခယူတဲ့နှုန်းထားကိုလည်း တည်ငြိမ်သက်သာအောင် လုပ်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ရောင်းသူဝယ်သူတို့ကို စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုတွေကို ဖန်တီးတည်ဆောက်နေစဉ်မှာပဲ ဈေးကွက်ကို စနစ်တကျ ချဲ့ယူခဲ့ပါတယ်။
ထိုကဲ့သို့ အချက်(၄)ချက်နဲ့ ဖော်ပြခဲ့တာကတော့ အိမ်ဘုရင် ဆရာကြည်စိုး (IC)ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကိုယ်တွေ့ အိမ်ပွဲစားပညာ တွေဖြစ်ကြောင်း လေ့လာသင်ယူန်ိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ထိုကဲ့သို့ အချက်(၄)ချက်နဲ့ ဖော်ပြခဲ့တာကတော့ အိမ်ဘုရင် ဆရာကြည်စိုး (IC)ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကိုယ်တွေ့ အိမ်ပွဲစားပညာ  ‌တွေဖြစ်ကြောင်း လေ့လာသင်ယူနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Sweet Dream Villa
Innwa Pyae Sone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service