ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား...

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား... - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2022 10:48 am တွင် တင်ခဲ့သည်
416 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတဲ့ မေးခွန်းက အမေးများလှပါတယ်။

ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အတော်လေး အကျိုးများတယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား ဆိုရင်တော့ မေမေတွေ နည်းနည်း တွေဝေသွားမယ် ထင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးရမလား၊ မကျွေးရဘူးလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အအေးမိလည်းစား၊ သွေးတွင်းကိုလက်စထရောကျအောင်ဆိုပြီးလည်း စားတတ်ကြသလို နေ့စဉ် ချက်နေကျ ဟင်းလျာတွေထဲမှာ အနံ့အရသာ ကောင်းစေဖို့ ထည့်လေ့ရှိတဲ့ ကြက်သွန်ဖြူ က ဘက်တီးရီးယားတွေနဲ့ မှိုပိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးများတာပါ။

ဘေဘီလေးကို ဘယ်အချိန်မှာ ကြက်သွန်ဖြူကျွေးမလဲ

ဘေဘီလေးအနေနဲ့ solid food စစားတတ်ပြီဆိုတဲ့အချိန် အသက် ၆ လကနေ ၈ လအတွင်းမှာစကျွေးလို့ ရပါပြီ။ သတိထားရမှာတစ်ခုက အချို့ဘေဘီလေးတွေမှာ ကြက်သွန်ဖြူ ကြောင့် အစာမကြေတာ၊ ဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်တာပါ။

ဒါကြောင့် ဘေဘီလေးကို ကြက်သွန်ဖြူကျွေးမယ်ဆိုရင် နည်းနည်းကနေ စကျွေးသင့်ပါတယ်။ နောက်တစ်ချက် သတိထားရမှာက ကြက်သွန်ဖြူက လတ်ဆတ်ဖို့ပါ။ ဘေဘီလေးကို တစ်နေ့မှာ အရွယ်တော် တစ်မွှာလောက်ပဲ ကျွေးသင့်ပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ အာဟာရ

ကြက်သွန်ဖြူမှာ ဘေဘီလေးတွေအတွက် လိုအပ်မယ့် အာဟာရတွေဖြစ်တဲ့.............

* ပရိုတင်း

* ကာဗိုဟိုက်ဒရိတ်

* အမျှင်ဓာတ်

* သံဓာတ်

* ဆိုဒီယမ်

* ဗီတာမင် A

* ဗီတာမင် C

* ပိုတက်ဆီယမ်

* မဂ္ဂနီဆီယမ်

* Phosphorus

* ဇင့်

* ဆီလီနီယမ်နဲ့

အကျိုးပြု ကိုလက်စထရော စတာတွေ ပါဝင်နေပါတယ်။

ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးတဲ့အခါ......

ဘေဘီလေးကို ကြက်သွန်ဖြူကျွေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ခံစားရစေနိုင်ပါတယ်။

ကြက်သွန်ဖြူက ကိုယ်ခံအားကောင်းစေတယ်

ကြက်သွန်ဖြူက မှိုပိုးတွေကို သေစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘေဘီလေးကို အအေးမိ ဖျားနာမှု ကင်းစေဖို့ ကိုယ်ခံအားကို အကောင်းဆုံး တည်ဆောက်ပေးနိုင်ပါတယ်။

နောက်တစ်ချက်က ဘေဘီလေးကို သွေးတွင်းအဆီပို မဖြစ်အောင် ကာကွယ်ပေးပြီး အဝလွန်ခြင်း ကင်းစေပါတယ်။

ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ကြက်သွန်ဖြူရဲ့ နောက်ထပ် အာနိသင် တစ်ရပ်က ဘေဘီလေးကို ချောင်းဆိုးတာ၊ နှာစေးနှာပိတ်တာတွေကို သက်သာစေတာပါ။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ချွဲပျော်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။

ကြက်သွန်ဖြူက အရေပြား ပြဿနာ ကင်းစေတယ်

ကြက်သွန်ဖြူက မှိုပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ဘေဘီလေးကို အရေပြားပြဿနာ အမျိုးမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေကြောင့် ထိခိုက်တာကနေ ကာကွယ်ပေးသလို မှိုပိုးတွေကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာတွေကိုလည်း ကင်းစေပါတယ်။

ကြက်သွန်ဖြူက အစာခြေစနစ် ကိုကျန်းမာစေတယ်

ကြက်သွန်ဖြူက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲမှာရှိတဲ့ လေတွေကို ဖယ်ရှားပေးနိုင်သလို သန်ကောင်တွေ၊ သန်ဥတွေကိုလည်း သုတ်သင်ပေးပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကြက်သွန်ဖြူက ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်

ကြက်သွန်ဖြူက အအေးမိ၊ တုပ်ကွေး အပါအဝင် ကူးစက်တတ်တဲ့ အရေပြားရောဂါတွေနဲ့ အခြားသော ကူးစက်တတ်သည့် ကျန်းမာရေး ပြဿနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူကျွေးလို့ရလားဆိုတဲ့ မေးခွန်းအတွက် မေမေတို့ အဖြေထုတ်လို့ ရပြီ ထင်တယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]










* ပရိုတင်း

* ကာဗိုဟိုက်ဒရိတ်

* အမျှင်ဓာတ်

* သံဓာတ်

* ဆိုဒီယမ်

* ဗီတာမင် A

* ဗီတာမင် C

* ပိုတက်ဆီယမ်

* မဂ္ဂနီဆီယမ်

* Phosphorus

* ဇင့်

* ဆီလီနီယမ်နဲ့



















Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service