အိမ်ခြံမြေ အကျိုးဆောင်သစ်များ အောင်မြင်မှုရစေမည့် လျှို့ဝှက်ချက်များ

အိမ်ခြံမြေ အကျိုးဆောင်သစ်များ အောင်မြင်မှုရစေမည့် လျှို့ဝှက်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2022 12:34 pm တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေအကျိုးဆောင်  နယ်သို့ ဝင်ရောက်ပြီး များမကြာမီတွင်ပင် အောင်မြင်သည့်အကျိုးဆောင်တစ်ဦးဖြစ်လာအောင်မည်သို့ လုပ်ဆောင်ရမည်ကို ဖော်ပြအပ်ပါသည်။

နာမည်ကျော် ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်ကြီးများသည် ပထမ ၂ နှစ်တာအတွင်း ရုန်းကန်ရသည်ချည်း ဖြစ်၏။

အချို့က ဝင်ငွေကို ပိုတွက်ကာ ကုန်ကျစရိတ်ကို လျှော့တွက်တတ်ကြသည်။ ယင်းသို့တွက်ဆချက်မှာ အန္တရာယ်ကြီးမားသည့် အခြေအနေ ဖြစ်သည်။

ရှေးယခင်ခေတ်ဟောင်း လုပ်ကိုင်ပုံများအပေါ် များစွာမှီခိုကျင့်သုံးနေသူများစွာရှိနေသည်။ အဆိုပါ လုပ်ကိုင်ပုံများသည် ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သော ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်ကြီးနောက်ပိုင်း အင်တာနက်ဖွံ့ဖြိုးလာသည့် အိမ်ခြံမြေကမ္ဘာတွင် များစွာအသုံးမဝင်တော့ချေ။

မည်သည့်နေရာတွင် သမားရိုးကျနည်းလမ်းကိုသုံးရမည်၊ မည်သည့်နေရာတွင် နည်းဗျူဟာသစ်များကို အသုံးပြုရမည်ကို ခွဲခြားသိမှသာ အိမ်ခြံမြေအကျိုးဆောင်နယ်သို့ ဝင်ရောက်ပြီး မကြာမီအတွင်း အောင်မြင်သည့်အကျိုးဆောင်တစ်ဦး ဖြစ်လာစေမည် ဖြစ်သည်။

(၁) ရောင်းချရန်သာ အမြဲအာရုံမစိုက်ပါနှင့်။

ကောင်းမွန်သည့် ရောင်းချရေးနည်းလမ်းများကို သိထားခြင်းသည် အိမ်ခြံမြေ အကျိုးဆောင်များအတွက် အကျိုးရှိသည်မှန်သော်လည်း အမြဲတစေကား အမြောက်အများ ရောင်းချရရေးကိုသာ အာရုံစိုက်နေရန် မလိုချေ။ သမားရိုးကျ အိမ်ခြံမြေအရောင်းသမားပုံစံမှ ခွဲထွက်ခြင်းများသည် သင်၏အသက်မွေးဝမ်းကျောင်းအပေါ် များစွာအထောက်အကူ ပြုမည် ဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင်နယ်သို့ ဝင်ရောက်သည့် အစောပိုင်းကာလများတွင် ဓာတ်ပုံပညာကောင်းစွာကျွမ်းကျင်မှုနှင့် မိမိဈေးကွက်တင် သည့် အိမ်ခြံမြေအကြောင်း ဝယ်ချင့်စဖွယ်ဖြစ်အောင် ကောင်းစွာရေးသားနိုင်သည့် စွမ်းရည်ရှိမှုများသည် အရောင်းကျွမ်းကျင်မှုထွက် ပိုမိုခရီးရောက်နိုင်မည် ဖြစ်သည်။

အကျိုးဆောင်တစ်ဦးအဖြစ် အိမ်ခြံမြေရောင်းချရာတွင် ရလဒ်ကောင်းရရန်ဆိုလျှင် မိမိကိုယ်ကို အရောင်းသမားတစ်ဦးအဖြစ် ခံယူခြင်းထက် အိမ်ခြံမြေအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ခံယူတွေးတောလုပ်ဆောင်ခြင်းက ရလဒ်ကောင်းများ ရရှိစေမည် ဖြစ်သည်။

Soft skills ဟုခေါ်သော ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု(people skills ) ၊ မိမိကိုယ်မိမိ လှုံ့ဆော်တတ်မှု (self-motivation) ၊ ပြဿနာကိုင်တွယ်တတ်မှု (problem-solving) အစရှိသည်တို့သည်လည်း အိမ်ခြံမြေအကျိုးဆောင်များအတွက် လိုအပ်သည့် ထိပ်တန်း အရည်အချင်းများ ဖြစ်ကြသည်။

(၂) လုပ်ငန်းတစ်ခုအသွင် သဘောထားပါ။

အိမ်ခြံမြေအကျိုးဆောင်အများစုမှာ ကိုယ်ပိုင် (independent contractors) လုပ်ကိုင်ကြခြင်းဖြစ်သည်။ (အကျိုးဆောင်ကုမ္ပဏီများတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်သည့်အကျိုးဆောင်များ နိုင်ငံခြားတိုင်းပြည်များတွင် အလွန်များပြားသည်)

မိမိကိုယ်ကို ဝန်ထမ်းဟူသည့်စိတ်ထက် လုပ်ငန်းငယ်တစ်ခုကို လုပ်ကိုင်နေရသည်ဟု သဘောထားပါ။

ယင်းသို့လုပ်ကိုင်နေရင်း ပေါင်းသင်းဆက်ဆံရေး ကောင်းစွာတည်ဆောက်ထားပါ။ ရေရည်ရည်မှန်းချက်အတွက် လုပ်ကိုင်ပါ။ marketing နှင့် ပတ်သက်ပြီး မည်သည့်အရာများ လုပ်နိုင်သည်ကို လေ့လာပါ။

မိမိကိုယ်ကို လုပ်ငန်းတစ်ခုပိုင်ရှင်အဖြစ် သဘောမထားသူများနှင့်ယှဉ်လျှင် ဈေးကွက်တွင် အပြောင်းအလဲများ ပေါ်ပေါက်ပါက သင်က ပို၍ ဖြတ်ကျော်နိုင်စွမ်းရှိမည် ဖြစ်သည်။

(၃) စီးပွားရေးစီမံကိန်းတစ်ခု ရေးဆွဲပါ။

မိမိကိုယ်ကို လုပ်ငန်းပိုင်ရှင်တစ်ဦးအဖြစ် သဘောထားလိုက်သည်နှင့်အမျှ ရေရည်တွင်အောင်မြင်မှုရရန် အကြောင်းအချက်များစွာ အပေါ် အခြေခံလာသည်။ ယင်းတို့အနက် ကောင်းမွန်သည့် စီးပွားရေးစီမံကိန်းတစ်ခုရှိမှုသည်လည်း အရေးအကြီးဆုံးအချက်များတွင် ပါဝင်သည်။

ဖောက်သည်ချက်ချင်းရရေးအပေါ်တွင်သာ အာရုံမစိုက်ပါနှင့်။ ထိုအရာအပေါ်သာ အာရုံစိုက်နေပါက အရေးကြီးသည့် လုပ်ငန်း တည်ထောင်မှုနှင့် စီမံကိန်းချခြင်းအလုပ်တို့ လစ်ဟင်းသွားမည် ဖြစ်သည်။

ဈေးကွက်နှင့် ဖောက်သည်တို့ကို နားလည်အောင် အချိန်ယူလေ့လာပါ။

အခြားသော အိမ်ခြံမြေအကျိုးဆောင်များထက် မိမိက မည်သည့်အချက်များတွင် ထူးကဲသာလွန်သည်ကို ဖော်ထုတ်ပါ။

သင်၏လုပ်ငန်းကြီးထွားလာစေရန် မှန်ကန်သည့် ကျွမ်းကျင်မှုများဖွံ့ဖြိုးအောင် ပြုလုပ်ပါ။ သင့်တွင် မရှိသေးသည့် အရေးကြီးသော ကျွမ်းကျင်မှုများရှိလာအောင် လေ့လာသင်ယူပါ။

ထိုသို့ အခြေခံကောင်းအောင်တည်ဆောက်နေသည့်ကာလအတွင်း ဖောက်သည်ရရေးထက် ပိုပြီးတွေးပါ။ သင့်လုပ်ငန်းကို ကြီးပွားတိုးတက်အောင် မည်သို့လုပ်မည်ဟူသည့် ခိုင်မာသော စီမံကိန်းတစ်ခု ရှိပါစေ။

(၄) အသုံးအစွဲ စာရင်းဆွဲထားပါ။

အိမ်ခြံမြေအကျိုးဆောင်နယ်သို့ စတင်ဝင်ရောက်လာသည့်အကျိုးဆောင်တို့သည် ချက်ချင်းလက်ငင်းအောင်မြင်မှုရရေးအပေါ်တွင်သာ အာရုံစိုက်တတ်ကြသည်။ ပထမဆုံး ဖောက်သည်ရရေး (သို့မဟုတ်) ပထမဆုံးအရောင်းအဝယ်တစ်ခုဖြစ်ရေး အစရှိသည်များ ဖြစ်၏။

သို့သော်ထိုသို့ဖြစ်လာအောင်ကြိုးပမ်းနေစဉ်ကာလအတွင်း သင်၏အသုံးအစွဲကို ချွေတာစိစစ်ရမည် ဖြစ်သည်။ မီးဖိုဆောင်အသုံးစရိတ် လစဉ် ၁၅၀၀၀၀ ရှိသည်ဆိုလျှင် နောင်မည်သည့်အခါတွင်မဆို ထိုပမာဏထက် မပိုပါစေနှင့်။ ဝင်ငွေအလုံးအရင်း ဝင်လာလျှင်လည်း ထိုပမာဏသာ သုံးစွဲပါ။

ထိုသို့အသုံးအစွဲကို ထိန်းချုပ်လိုက်ပါက သင့်လုပ်ငန်းကြာရှည်ရပ်တည်နိုင်မည် ဖြစ်သည်။

အသုံးအစွဲချွေတာရာတွင် ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းဆိုင်ရာ ကဏ္ဍနှစ်ရပ်လုံးတွင် ချွေတာရမည် ဖြစ်သည်။

လုပ်ငန်းမစမီကတည်းကပင် အသုံးအစွဲစရိတ် စာရင်းဆွဲထားသင့်ပြီး ဝင်ငွေရရန် ကြိုးစားမှုသည်လည်း လုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာ စရိတ်အားလုံးကို ကာမိသင့်သည်။

-အောင်မြင်သော အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်လာရေးအတွက် ကြိုတင်တွက်ဆခြင်းများ ရှောင်ကြဉ်ပါ။

လုပ်ငန်းမည်သို့ ကြီးထွားလာမည် (သို့မဟုတ်) အောင်မြင်မှု မည်သည့်နေရာကရောက်လာမည် အစရှိသည့် ကြိုတင်တွက်ဆခြင်း တို့သည် လုပ်ငန်းသစ်တစ်ခုကို စတင်လုပ်ကိုင်သူတိုင်း ရှောင်ကြဉ်ရန်လိုအပ်သည့် ချောက်ကြီးတစ်ခုဖြစ်သည်။ ထိုအထဲတွင် အိမ်ခြံမြေ အကျိုးဆောင်တို့လည်း ပါဝင်သည်။

(၅) နည်းပညာသစ်များကို အသုံးပြုနိုင်ရန် ကြိုးစားပါ။

သမားရိုးကျ နည်းလမ်းများဖြင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ခြင်းမှာ သင့်အားလုပ်ငန်းကျယ်ပြန့်ကြီးထွားလာစေရန် မျက်မှောက်ခေတ်တွင် အကူအညီမပေးနိုင်တော့ချေ။

အင်တာနက်ဖွံ့ဖြိုးထွန်းကားလာသည်နှင့်အမျှ လူတိုင်းသည် အွန်လိုင်းတွင်သာ အများစုအချိန်ကုန်လေ့ရှိကြသည်။

သင့်လုပ်ငန်း အောင်မြင်ချင်သည်ဆိုပါက လူအများစုရှိနေသည့်နေရာတွင် သင့်လုပ်ငန်းကြော်ငြာများ ရှိနေရန် မရှိမဖြစ် လုပ်ဆောင်ရမည့် အကြောင်းရပ်ဖြစ်လာသည်။ အင်တာနက်တွင် ကြော်ငြာထားပါက သင်အိပ်စက်နေသည့်အချိန်တွင်လည်း လူပေါင်းများစွာထံ ကြော်ငြာပျံ့နှံ့ ရောက်ရှိနေမည် ဖြစ်၏။

ထိုသို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိလာစေရန် iMyanmarHouse.com က ကူညီပံ့ပိုးပေးနိုင်ပါသည် ။

iMyanmarHouse.com တွင် အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် အကောင့်ဖွင့်ကာ မိမိတို့၏ ရောင်းရန်ရှိသော အိမ်ခြံမြေကြော်ငြာများကို မိမိကိုယ်တိုင် အလွယ်တကူ တင်ကာကြော်ငြာရောင်းချနိုင်ရန် လုပ်ဆောင်ပေးထားသည်။

https://www.imyanmarhouse.com/register-agent အင်တာနက်လင့်ခ်သို့ ဝင်ရောက်ကာ အိမ်ခြံမြေအကျိုးဆောင် အကောင့် ဖွင့်လှစ်ပြီး ရောင်းရန်ရှိသော အိမ်ခြံမြေတို့ကို ဓာတ်ပုံနှင့်တကွ မိမိ၏ ဖုန်းနံပါတ် တပါတည်း ရေးသွင်းကာ ကြော်ငြာနိုင် ပါသည်။

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံးတွင် အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပမှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။

(အနှစ်ချုပ်)

- ရောင်းရန်သာ အမြဲအာရုံမစိုက်ပါနှင့်

- ကိုယ်ပိုင်လုပ်ငန်းအသွင် သဘောထားပါ

- စီးပွားရေးစီမံကိန်းတစ်ခုရေးဆွဲပါ

- အသုံးအစွဲ စာရင်းဇယားရှိပါ

- နည်းပညာသစ်များကို အသုံးပြုနိုင်ရန် ကြိုးစားပါ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Secrets of Successful New Real Estate Agents ( thebalancesmb)

 

 

[Zawgyi]

အိမ္ျခံေျမ အက်ဳိးေဆာင္သစ္မ်ား ေအာင္ျမင္မႈရေစမည့္ လွ်ိဳ႕ဝွက္ခ်က္မ်ား

အိမ္ျခံေျမအက်ဳိးေဆာင္နယ္   သို႔ ဝင္ေရာက္ျပီး မ်ားမၾကာမီတြင္ပင္ ေအာင္ျမင္သည့္အက်ဳိးေဆာင္တစ္ဦးျဖစ္လာေအာင္ မည္သို႔ လုပ္ေဆာင္ရမည္ကို ေဖာ္ျပအပ္ပါသည္။

နာမည္ေက်ာ္ ထိပ္တန္းအိမ္ျခံေျမအက်ဳိးေဆာင္ၾကီးမ်ားသည္ ပထမ ၂ ႏွစ္တာအတြင္း ရုန္းကန္ရသည္ခ်ည္း ျဖစ္၏။

အခ်ဳိ႕က ဝင္ေငြကို ပိုတြက္ကာ ကုန္က်စရိတ္ကို ေလွ်ာ့တြက္တတ္ၾကသည္။ ယင္းသို႔တြက္ဆခ်က္မွာ အႏၱရာယ္ၾကီးမားသည့္ အေျခအေန ျဖစ္သည္။

ေရွးယခင္ေခတ္ေဟာင္း လုပ္ကိုင္ပံုမ်ားအေပၚ မ်ားစြာမွီခိုက်င့္သံုးေနသူမ်ားစြာရွိေနသည္။ အဆိုပါ လုပ္ကိုင္ပံုမ်ားသည္ ကမၻာတြင္ ေပၚေပါက္ခဲ့ေသာ ၂၀၀၈ ခုႏွစ္ စီးပြားပ်က္ကပ္ၾကီးေနာက္ပိုင္း အင္တာနက္ဖြံ႔ျဖိဳးလာသည့္ အိမ္ျခံေျမကမၻာတြင္ မ်ားစြာအသံုးမဝင္ေတာ့ေခ်။

မည္သည့္ေနရာတြင္ သမားရိုးက်နည္းလမ္းကိုသံုးရမည္၊ မည္သည့္ေနရာတြင္ နည္းဗ်ဴဟာသစ္မ်ားကို အသံုးျပဳရမည္ကို ခြဲျခားသိမွသာ အိမ္ျခံေျမအက်ဳိးေဆာင္နယ္သို႔ ဝင္ေရာက္ျပီး မၾကာမီအတြင္း ေအာင္ျမင္သည့္အက်ဳိးေဆာင္တစ္ဦး ျဖစ္လာေစမည္ ျဖစ္သည္။

(၁) ေရာင္းခ်ရန္သာ အျမဲအာရံုမစိုက္ပါႏွင့္

ေကာင္းမြန္သည့္ ေရာင္းခ်ေရးနည္းလမ္းမ်ားကို သိထားျခင္းသည္ အိမ္ျခံေျမ အက်ဳိးေဆာင္မ်ားအတြက္ အက်ဳိးရွိသည္မွန္ေသာ္လည္း အျမဲတေစကား အေျမာက္အမ်ား ေရာင္းခ်ရေရးကိုသာ အာရံုစိုက္ေနရန္ မလိုေခ်။ သမားရိုးက် အိမ္ျခံေျမအေရာင္းသမားပံုစံမွ ခြဲထြက္ျခင္းမ်ားသည္ သင္၏အသက္ေမြးဝမ္းေက်ာင္းအေပၚ မ်ားစြာအေထာက္အကူ ျပဳမည္ ျဖစ္သည္။

အိမ္ျခံေျမအက်ဳိးေဆာင္နယ္သို႔ ဝင္ေရာက္သည့္ အေစာပိုင္းကာလမ်ားတြင္ ဓာတ္ပံုပညာေကာင္းစြာကၽြမ္းက်င္မႈႏွင့္ မိမိေစ်းကြက္တင္ သည့္ အိမ္ျခံေျမအေၾကာင္း ဝယ္ခ်င့္စဖြယ္ျဖစ္ေအာင္ ေကာင္းစြာေရးသားႏိုင္သည့္ စြမ္းရည္ရွိမႈမ်ားသည္ အေရာင္းကၽြမ္းက်င္မႈထြက္ ပိုမိုခရီးေရာက္ႏိုင္မည္ ျဖစ္သည္။

အက်ဳိးေဆာင္တစ္ဦးအျဖစ္ အိမ္ျခံေျမေရာင္းခ်ရာတြင္ ရလဒ္ေကာင္းရရန္ဆိုလွ်င္ မိမိကိုယ္ကို အေရာင္းသမားတစ္ဦးအျဖစ္ ခံယူျခင္းထက္ အိမ္ျခံေျမအတိုင္ပင္ခံပုဂၢိဳလ္တစ္ဦးအျဖစ္ ခံယူေတြးေတာလုပ္ေဆာင္ျခင္းက ရလဒ္ေကာင္းမ်ား ရရွိေစမည္ ျဖစ္သည္။

Soft skills ဟုေခၚေသာ ေပါင္းသင္းဆက္ဆံေရးကၽြမ္းက်င္မႈ(people skills ) ၊ မိမိကိုယ္မိမိ လံႈ႔ေဆာ္တတ္မႈ (self-motivation) ၊ ျပႆနာကိုင္တြယ္တတ္မႈ (problem-solving) အစရွိသည္တို႔သည္လည္း အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအတြက္ လိုအပ္သည့္ ထိပ္တန္း အရည္အခ်င္းမ်ား ျဖစ္ၾကသည္။

(၂) လုပ္ငန္းတစ္ခုအသြင္ သေဘာထားပါ။

အိမ္ျခံေျမအက်ဳိးေဆာင္အမ်ားစုမွာ ကိုယ္ပိုင္ (independent contractors) လုပ္ကိုင္ၾကျခင္းျဖစ္သည္။ (အက်ဳိးေဆာင္ကုမၸဏီမ်ားတြင္ ဝန္ထမ္းအျဖစ္ လုပ္ကိုင္သည့္အက်ဳိးေဆာင္မ်ား ႏိုင္ငံျခားတိုင္းျပည္မ်ားတြင္ အလြန္မ်ားျပားသည္)

မိမိကိုယ္ကို ဝန္ထမ္းဟူသည့္စိတ္ထက္ လုပ္ငန္းငယ္တစ္ခုကို လုပ္ကိုင္ေနရသည္ဟု သေဘာထားပါ။ ယင္းသို႔လုပ္ကိုင္ေနရင္း ေပါင္းသင္းဆက္ဆံေရး ေကာင္းစြာတည္ေဆာက္ထားပါ။ ေရရည္ရည္မွန္းခ်က္အတြက္ လုပ္ကိုင္ပါ။ marketing ႏွင့္ ပတ္သက္ျပီး မည္သည့္အရာမ်ား လုပ္ႏိုင္သည္ကို ေလ့လာပါ။ မိမိကိုယ္ကို လုပ္ငန္းတစ္ခုပိုင္ရွင္အျဖစ္ သေဘာမထားသူမ်ားႏွင့္ယွဥ္လွ်င္ ေစ်းကြက္တြင္ အေျပာင္းအလဲမ်ား ေပၚေပါက္ပါက သင္က ပို၍ ျဖတ္ေက်ာ္ႏိုင္စြမ္းရွိမည္ ျဖစ္သည္။

(၃) စီးပြားေရးစီမံကိန္းတစ္ခု ေရးဆြဲပါ။

မိမိကိုယ္ကို လုပ္ငန္းပိုင္ရွင္တစ္ဦးအျဖစ္ သေဘာထားလိုက္သည္ႏွင့္အမွ် ေရရည္တြင္ေအာင္ျမင္မႈရရန္ အေၾကာင္းအခ်က္မ်ားစြာ အေပၚ အေျခခံလာသည္။ ယင္းတို႔အနက္ ေကာင္းမြန္သည့္ စီးပြားေရးစီမံကိန္းတစ္ခုရွိမႈသည္လည္း အေရးအၾကီးဆံုးအခ်က္မ်ားတြင္ ပါဝင္သည္။

ေဖာက္သည္ခ်က္ခ်င္းရေရးအေပၚတြင္သာ အာရံုမစိုက္ပါႏွင့္။ ထိုအရာအေပၚသာ အာရံုစိုက္ေနပါက အေရးၾကီးသည့္ လုပ္ငန္း တည္ေထာင္မႈႏွင့္ စီမံကိန္းခ်ျခင္းအလုပ္တို႔ လစ္ဟင္းသြားမည္ ျဖစ္သည္။ ေစ်းကြက္ႏွင့္ ေဖာက္သည္တို႔ကို နားလည္ေအာင္ အခ်ိန္ယူေလ့လာပါ။

အျခားေသာ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားထက္ မိမိက မည္သည့္အခ်က္မ်ားတြင္ ထူးကဲသာလြန္သည္ကို ေဖာ္ထုတ္ပါ။

သင္၏လုပ္ငန္းၾကီးထြားလာေစရန္ မွန္ကန္သည့္ ကၽြမ္းက်င္မႈမ်ားဖြံ႔ျဖိဳးေအာင္ ျပဳလုပ္ပါ။ သင့္တြင္ မရွိေသးသည့္ အေရးၾကီးေသာ ကၽြမ္းက်င္မႈမ်ားရွိလာေအာင္ ေလ့လာသင္ယူပါ။

ထိုသို႔ အေျခခံေကာင္းေအာင္တည္ေဆာက္ေနသည့္ကာလအတြင္း ေဖာက္သည္ရေရးထက္ ပိုျပီးေတြးပါ။ သင့္လုပ္ငန္းကို ၾကီးပြားတိုးတက္ေအာင္ မည္သို႔လုပ္မည္ဟူသည့္ ခိုင္မာေသာ စီမံကိန္းတစ္ခု ရွိပါေစ။

(၄) အသံုးအစြဲ စာရင္းဆြဲထားပါ။

အိမ္ျခံေျမအက်ဳိးေဆာင္နယ္သို႔ စတင္ဝင္ေရာက္လာသည့္အက်ဳိးေဆာင္တို႔သည္ ခ်က္ခ်င္းလက္ငင္းေအာင္ျမင္မႈရေရးအေပၚတြင္သာ အာရံုစိုက္တတ္ၾကသည္။ ပထမဆံုး ေဖာက္သည္ရေရး (သို႔မဟုတ္) ပထမဆံုးအေရာင္းအဝယ္တစ္ခုျဖစ္ေရး အစရွိသည္မ်ား ျဖစ္၏။

သို႔ေသာ္ထိုသို႔ျဖစ္လာေအာင္ၾကိဳးပမ္းေနစဥ္ကာလအတြင္း သင္၏အသံုးအစြဲကို ေခၽြတာစိစစ္ရမည္ ျဖစ္သည္။

မီးဖိုေဆာင္အသံုးစရိတ္ လစဥ္ ၁၅၀၀၀၀ ရွိသည္ဆိုလွ်င္ ေနာင္မည္သည့္အခါတြင္မဆို ထိုပမာဏထက္ မပိုပါေစႏွင့္။ ဝင္ေငြအလံုးအရင္း ဝင္လာလွ်င္လည္း ထိုပမာဏသာ သံုးစြဲပါ။

ထိုသို႔အသံုးအစြဲကို ထိန္းခ်ဳပ္လိုက္ပါက သင့္လုပ္ငန္းၾကာရွည္ရပ္တည္ႏိုင္မည္ ျဖစ္သည္။

အသံုးအစြဲေခၽြတာရာတြင္ ကိုယ္ေရးကိုယ္တာႏွင့္ လုပ္ငန္းဆိုင္ရာ က႑ႏွစ္ရပ္လံုးတြင္ ေခၽြတာရမည္ ျဖစ္သည္။ လုပ္ငန္းမစမီကတည္းကပင္ အသံုးအစြဲစရိတ္ စာရင္းဆြဲထားသင့္ျပီး ဝင္ေငြရရန္ ၾကိဳးစားမႈသည္လည္း လုပ္ငန္းႏွင့္ ကိုယ္ေရးကိုယ္တာ စရိတ္အားလံုးကို ကာမိသင့္သည္။

-ေအာင္ျမင္ေသာ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးျဖစ္လာေရးအတြက္ ၾကိဳတင္တြက္ဆျခင္းမ်ား ေရွာင္ၾကဥ္ပါ။

လုပ္ငန္းမည္သုိ႔ ၾကီးထြားလာမည္ (သို႔မဟုတ္) ေအာင္ျမင္မႈ မည္သည့္ေနရာကေရာက္လာမည္ အစရွိသည့္ ၾကိဳတင္တြက္ဆျခင္း တို႔သည္ လုပ္ငန္းသစ္တစ္ခုကို စတင္လုပ္ကိုင္သူတိုင္း ေရွာင္ၾကဥ္ရန္လိုအပ္သည့္ ေခ်ာက္ၾကီးတစ္ခုျဖစ္သည္။ ထိုအထဲတြင္ အိမ္ျခံေျမ အက်ဳိးေဆာင္တို႔လည္း ပါဝင္သည္။

(၅) နည္းပညာသစ္မ်ားကို အသံုးျပဳႏိုင္ရန္ ၾကိဳးစားပါ

သမားရိုးက် နည္းလမ္းမ်ားျဖင့္ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ျခင္းမွာ သင့္အားလုပ္ငန္းက်ယ္ျပန္႔ၾကီးထြားလာေစရန္ မ်က္ေမွာက္ေခတ္တြင္ အကူအညီမေပးႏိုင္ေတာ့ေခ်။

အင္တာနက္ဖြံ႔ျဖိဳးထြန္းကားလာသည္ႏွင့္အမွ် လူတိုင္းသည္ အြန္လုိင္းတြင္သာ အမ်ားစုအခ်ိန္ကုန္ေလ့ရွိၾကသည္။

သင့္လုပ္ငန္း ေအာင္ျမင္ခ်င္သည္ဆိုပါက လူအမ်ားစုရွိေနသည့္ေနရာတြင္ သင့္လုပ္ငန္းေၾကာ္ျငာမ်ား ရွိေနရန္ မရွိမျဖစ္ လုပ္ေဆာင္ရမည့္ အေၾကာင္းရပ္ျဖစ္လာသည္။ အင္တာနက္တြင္ ေၾကာ္ျငာထားပါက သင္အိပ္စက္ေနသည့္အခ်ိန္တြင္လည္း လူေပါင္းမ်ားစြာထံ ေၾကာ္ျငာပ်ံ ႔ႏွံ႔ ေရာက္ရွိေနမည္ ျဖစ္၏။

ထိုသို႔ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းတြင္ ၾကီးမားသည့္ ေအာင္ျမင္မႈမ်ား ရရွိလာေစရန္ iMyanmarHouse.com က ကူညီပံ့ပိုးေပးနိုင္ပါသည္ ။

iMyanmarHouse.com တြင္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအေနျဖင့္ အေကာင့္ဖြင့္ကာ မိမိတို႔၏ ေရာင္းရန္ရွိေသာ အိမ္ျခံေျမေၾကာ္ျငာမ်ားကို မိမိကိုယ္တိုင္ အလြယ္တကူ တင္ကာေၾကာ္ျငာေရာင္းခ်ႏိုင္ရန္ လုပ္ေဆာင္ေပးထားသည္။

https://www.imyanmarhouse.com/register-agent အင္တာနက္လင့္ခ္သို႔ ဝင္ေရာက္ကာ အိမ္ျခံေျမအက်ဳိးေဆာင္ အေကာင့္ ဖြင့္လွစ္ျပီး ေရာင္းရန္ရွိေသာ အိမ္ျခံေျမတို႔ကို ဓာတ္ပံုႏွင့္တကြ မိမိ၏ ဖုန္းနံပါတ္ တပါတည္း ေရးသြင္းကာ ေၾကာ္ျငာႏိုင္ ပါသည္။

iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံ တဝွမ္းလံုးတြင္ ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပမွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။

(အႏွစ္ခ်ဳပ္)

- ေရာင္းရန္သာ အျမဲအာရံုမစိုက္ပါႏွင့္

- ကိုယ္ပိုင္လုပ္ငန္းအသြင္ သေဘာထားပါ

- စီးပြားေရးစီမံကိန္းတစ္ခုေရးဆြဲပါ

- အသံုးအစြဲ စာရင္းဇယားရွိပါ

- နည္းပညာသစ္မ်ားကို အသံုးျပဳႏိုင္ရန္ ၾကိဳးစားပါ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Secrets of Successful New Real Estate Agents ( thebalancesmb)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service