ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Jun 2022 12:20 pm တွင် တင်ခဲ့သည်
478 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

''ဝယ်ထားတဲ့ တိုက်ခန်းကို ပြင်လို့ရပါသလားဆရာ'' ဟု မိတ်ဆွေ အမျိုးသမီးတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''သာမန်အားဖြင့်ပြောရင်တော့ အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းဖြစ်လို့ အတွင်းပိုင်းပြင်ဆင်ခွင့်ရှိပါတယ်''

''အချို့က ပြောတော့ မြေရှင်နဲ့ သဘောတူညီမှုရယူရတယ်လို့ ပြောတယ်၊ ဟုတ်ပါသလား''

''တိုက်ခန်းအတွင်း အလှအပဆင်တာမျိုးကတော့ ပြဿနာမဖြစ်ပါဘူး။ ဒါပေမယ့် မူလကမပါရှိတဲ့ ထပ်ခိုးကိုထည့်မယ်။ အခန်းဖွဲ့ထားပုံကို ပုံစံပြောင်းပြီး ဆောင်ရွက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ ကို အသေးစားပြင်ဆင်မှု လျှောက်ထားပြီးမှ ဆောင်ရွက်ရပါတယ်။ အဲဒီလို လျှောက်ထားတဲ့အခါမှာ မြေရှင် ဒါမှမဟုတ် အိမ်ရှင်ရဲ့ သဘောတူညီချက်ပါရှိရမှာဖြစ်တယ်''

''အချို့ကပြောတော့ အိမ်လခပေးနေတဲ့ သဘောဖြစ်လို့ အပျောက်စနစ်နဲ့ ဝယ်တာကလည်း မြေရှင်နဲ့ အိမ်ရှင်အိမ်ငှားဖြစ်နေတယ်ဆိုတာ ဟုတ်ပါသလား''

''မှန်ပါတယ်။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအရ ငှားရမ်းခြင်းကိစ္စတွေမှာ အကြမ်းဖျဉ်းအားဖြင့် သုံးမျိုးရှိတယ်။ လစဉ်ငှားရမ်းခပေးတဲ့စနစ်၊ စပေါ်ငွေပေးစနစ်နဲ့ အပျောက်ငွေပေးစနစ်ဆိုတာ ရှိတယ်။ လစဉ် ငှားရမ်းခပေးစနစ်ကတော့ လစဉ်လဆန်းရက်တိုင်းမှာ အိမ်ငှားရမ်းခပေးသွင်းတဲ့ စနစ်ဖြစ်တယ်။ စပေါ်ငွေဆို တာကတော့ အာမခံသဘောမျိုးတင်ထားတဲ့ ငွေကြေးဖြစ်တယ်။ အိမ်ငှားက ငှားရမ်းခြင်းပြတ်စဲပြီး အဆောက်အအုံမှ ထွက်ခွာသွားတဲ့အခါမှာ စပေါ်ငွေကို အိမ်ရှင်က ပြန်လည်ပေးအပ်ရတဲ့ စနစ်ဖြစ်တယ်။ အပျောက်စနစ်ကတော့ မိမိနေထိုင်တဲ့ တိုက်ခန်း၊ အိမ်ခန်းကို တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချခွင့်ရှိတယ်။ ဒါအပြင် ဝယ်ထားတဲ့ တိုက်ခန်းကိုအခြား တစ်ဦးထံ တန်ဖိုးသတ်မှတ်ပြီး ထပ်မံလွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် စပေါ်ငွေနဲ့ဖြစ်ဖြစ် အပျောက်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်၊ တိုက်ခန်း အိမ်ခန်းမှာနေထိုင်ကြသူတွေဟာ မြေရှင် အိမ်ရှင်ကို လစဉ်အိမ်ငှားရမ်း ခပေးရတဲ့အတွက် ဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိနေမှာဖြစ်တယ်''

''အိမ်ပြင်တာ မကျေနပ်ရင် မြေရှင်က နှင်ချခွင့်ရှိပါသလား''

''ဥပဒေအရတော့ အိမ်ရှင်၊ အိမ်ငှားများလိုက်နာရန် သတ်မှတ်ချက်တွေရှိတယ်။ အိမ်ငှားအနေနဲ့ ဥပဒေအရ သတ်မှတ်ချက်ကို မလိုက်နာ ပျက်ကွက်ရင် အိမ်ရှင်အနေနဲ့ နှင်ချခွင့်ရှိလာမှာဖြစ်တယ်''

''အိမ်ခန်းပြင်တဲ့ကိစ္စမှာလည်း အိမ်ရှင်သဘောမတူရင် အိမ်နှင်လိုမှု တရားစွဲဆိုနိုင်တယ်ဆိုပါတော့''

''မှန်ပါတယ်။ အခုဘယ်လိုဖြစ်လို့လဲ၊ တိုက်ခန်းဝယ်ထားလို့လား''

''ကျွန်မက မြေညီထပ်ဆိုတော့ စတိုးဆိုင်လေး ဖွင့်ထားချင်လို့ပါ။ အကြီးအကျယ်တော့ မဟုတ်ဘူး တစ်နိုင်လေးဖွင့်ထားချင်တယ်''

''ဒါဆို တိုက်ခန်းကို ပြင်ဆင်ရမယ့် သဘောရှိတာပေါ့''

''ဟုတ်ပါတယ်။ အချို့ကပြောတော့ အိမ်ရှင်က ခွင့်မပြုရင် ဖွင့်ခွင့် မရဘူးလို့ ပြောတယ်ဆရာ။ ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ''

''စတိုးဆိုင်ဖွင့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီထံ စတိုးဆိုင်ဖွင့်ခွင့်အမိန့်ကို ရယူရပါမယ်။ ဒါ့အပြင် တိုက်ခန်းမှာ အသေးစားပြင်ဆင်ခွင့် လျှောက်ထားရပါမယ်''

''ခွင့်ပြုချက်မယူဘဲ ပြင်ရင် ဘယ်လိုဖြစ်နိုင်ပါသလဲ''

''ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ၊ အရေးယူခံရမှာ ဖြစ်ပါတယ်။ အချို့ကလည်း ကိုယ်ဝယ်ထားတဲ့တိုက်ခန်း မိမိပြုပြင်ချင်သလို ပြင်မယ်ဆိုပြီး အခန်းဖွဲ့ထားတာကို ဖောက်ပစ်လိုက်တာတို့၊ ထပ်ခိုးတွေ ထပ်ထည့်တာမျိုးပြုလုပ်တတ်ကြတယ်။ ဥပဒေအရဆိုရင် မူလပုံစံကို ဖျက်ပစ်တဲ့သဘောဖြစ်လို့ အိမ်ငှားတာဝန် ဖောက်ဖျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်''

''အိမ်ငှားတာဝန်ဖောက်ဖျက်တယ်ဆိုတာက ဘယ်လိုသဘောပါလဲ ဆရာ''

''အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းအောင်ပြောရရင် ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၁ဝ၈ မှာ အိမ်ငှားများ လိုက်နာရမယ့် တာဝန်နဲ့ အခွင့်အရေးတွေ သတ်မှတ်ထားပါတယ်။ ယင်းပုဒ်မ ၁ဝ၈ ပိုဒ်ခွဲ(တ) မှာ အဆောက်အအုံတွင် အိမ်ရှင်၏ ခွင့်ပြုချက်မရဘဲ ခိုင်မြဲသော အဆောက်အအုံ မဆောက်လုပ်ရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်''

''အိမ်ရှင်ရဲ့ ခွင့်ပြုချက်လည်း ရယူရမယ်ပေါ့''

'' အကောင်းဆုံးကတော့ မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနကို သွားရောက်မေးမြန်း ဆောင်ရွက်သင့်ပါတယ်။ အသေးစားပြင်ဆင်မှုကိုတော့ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံတင်ပြ လျှောက်ထားရပါမယ်။ စီးပွားရေးသဘောဆိုင်ခန်းဖွင့်မှာဖြစ်လို့ သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့ဒါမှမဟုတ် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ရှိဖို့ လိုအပ်ပါတယ်''

''ခွင့်ပြုချက် မလျှောက်ပဲပြင်ဆင်ရင် ဘယ်လိုအပြစ်ဒဏ်မျိုး ချမှတ်နိုင်ပါသလဲ။ ဗဟုသုတအဖြစ် သိထားချင်လို့ပါဆရာ''

''သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ တိုက်ခန်းအတွင်းမှာ ခိုင်မြဲတဲ့ပုံစံ အဆောက်အအုံပြင်ဆင်ဖွဲ့ရင်တော့ အိမ်ရှင်အနေနဲ့ အိမ်ငှားတာဝန် ဖောက်ဖျက်မှုနဲ့ နှင်လိုမှုစွဲဆိုနိုင်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အေ၊ ရာဟင်ဆီလော့နှင့် ဒေါ်အမာ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် ထုံးစာမျက်နှာ ၄ဝ၆၊ အမှုတွင် တိုက် ခန်းအတွင်း၌ အခန်းဖွဲ့ခြင်းသည် မူလငှားရမ်းထားသည့် အခန်းများကို ခေတ္တခဏအနည်းငယ်မျှသာ ပြောင်းလဲထားခြင်းမဟုတ်ဘဲ ယခင်ထားရှိသည့် အခန်းပုံစံနှင့် မတူအောင် များစွာပြုပြင်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် တည်မြဲသော အဆောက်အအုံဆောက်လုပ်သည်ဟု ဆုံးဖြတ်ကာ အိမ်နှင်လိုမှုအနိုင်ဒီကရီ ချမှတ်ပေးခဲ့ပါတယ်''

''ဒါဆိုရင် သက်ဆိုင်ရာ ဌာနမှာ ခွင့်ပြုချက်တောင်းခံရမှာပေါ့နော်''

''မှန်ပါတယ်။ ခွင့်ပြုချက်မရဘဲ ပြင်ဆင်ဆိုင်ခန်းဖွင့်မယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၃၁၂ ပုဒ်မခွဲ (စ) မှာ လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီ၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းထိချမှတ်ရမည်။ ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ်ခြောက်လချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လူနေခန်းကို စတိုးဆိုင်ဖွင့်လှစ်ဖို့ ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ (ကော်မတီ) ထံ သွားရောက် လျှောက်ထားခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်''

''ဟုတ်ကဲ့ ဆရာ။ ဆရာညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပါမယ်။ အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆရာ''ဟု ပြောကာ ဆွေးနွေးခ ပေးသွားပါသည်။

''ဘာအလုပ်ပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ဆောင်ရွက်တာကတော့ အန္တရာယ်ကင်းတဲ့အတွက် လိုက်နာဆောင်ရွက်သင့်ပါတယ်''ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ဝယ္ထားေသာ တိုက္ခန္းတြင္ ဆိုင္ခန္းဖြင့္မည္ဆိုလွ်င္

''ဝယ္ထားတဲ့ တိုက္ခန္းကို ျပင္လို႔ရပါသလားဆရာ'' ဟု မိတ္ေဆြ အမ်ိဳးသမီးတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။

''သာမန္အားျဖင့္ေျပာရင္ေတာ့ အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့ တိုက္ခန္းျဖစ္လို႔ အတြင္းပိုင္းျပင္ဆင္ခြင့္႐ွိပါတယ္''

''အခ်ိဳ႕က ေျပာေတာ့ ေျမ႐ွင္နဲ႔ သေဘာတူညီမႈရယူရတယ္လို႔ ေျပာတယ္၊ ဟုတ္ပါသလား''

''တိုက္ခန္းအတြင္း အလွအပဆင္တာမ်ိဳးကေတာ့ ျပႆနာမျဖစ္ပါဘူး။ ဒါေပမယ့္ မူလကမပါ႐ွိတဲ့ ထပ္ခိုးကို ထည့္မယ္။ အခန္းဖြဲ႕ထားပုံကို ပုံစံေျပာင္းၿပီး ေဆာင္႐ြက္မယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ စည္ပင္သာယာေရးအဖြဲ႕ ကို အေသးစားျပင္ဆင္မႈ ေလွ်ာက္ထားၿပီးမွ ေဆာင္႐ြက္ရပါတယ္။ အဲဒီလို ေလွ်ာက္ထားတဲ့အခါမွာ ေျမ႐ွင္ ဒါမွမဟုတ္ အိမ္႐ွင္ရဲ႕ သေဘာတူညီခ်က္ပါ႐ွိရမွာျဖစ္တယ္''

''အခ်ိဳ႕ကေျပာေတာ့ အိမ္လခေပးေနတဲ့ သေဘာျဖစ္လို႔ အေပ်ာက္စနစ္နဲ႔ ဝယ္တာကလည္း ေျမ႐ွင္နဲ႔ အိမ္႐ွင္အိမ္ငွားျဖစ္ေနတယ္ဆိုတာ ဟုတ္ပါသလား''

''မွန္ပါတယ္။ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒအရ ငွားရမ္းျခင္းကိစၥေတြမွာ အၾကမ္းဖ်ဥ္းအားျဖင့္ သုံးမ်ိဳး႐ွိတယ္။ လစဥ္ငွားရမ္းခေပးတဲ့စနစ္၊ စေပၚေငြေပးစနစ္နဲ႔ အေပ်ာက္ေငြေပးစနစ္ဆိုတာ ႐ွိတယ္။ လစဥ္ ငွားရမ္းခေပးစနစ္ကေတာ့ လစဥ္လဆန္းရက္တိုင္းမွာ အိမ္ငွားရမ္းခေပးသြင္းတဲ့ စနစ္ျဖစ္တယ္။ စေပၚေငြဆို တာကေတာ့ အာမခံသေဘာမ်ိဳးတင္ထားတဲ့ ေငြေၾကးျဖစ္တယ္။ အိမ္ငွားက ငွားရမ္းျခင္းျပတ္စဲၿပီး အေဆာက္အအုံမွ ထြက္ခြာသြားတဲ့အခါမွာ စေပၚေငြကို အိမ္႐ွင္က ျပန္လည္ေပးအပ္ရတဲ့ စနစ္ျဖစ္တယ္။ အေပ်ာက္စနစ္ကေတာ့ မိမိေနထိုင္တဲ့ တိုက္ခန္း၊ အိမ္ခန္းကို တန္ဖိုးသတ္မွတ္ၿပီး လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိတယ္။ ဒါအျပင္ ဝယ္ထားတဲ့ တိုက္ခန္းကိုအျခား တစ္ဦးထံ တန္ဖိုးသတ္မွတ္ၿပီး ထပ္မံလႊဲေျပာင္းခြင့္႐ွိမွာျဖစ္တယ္။ ဒါေပမယ့္ စေပၚေငြနဲ႔ျဖစ္ျဖစ္ အေပ်ာက္ေငြနဲ႔ဝယ္ထားတာျဖစ္ျဖစ္၊ တိုက္ခန္း အိမ္ခန္းမွာေနထိုင္ၾကသူေတြဟာ ေျမ႐ွင္ အိမ္႐ွင္ကို လစဥ္အိမ္ငွားရမ္း ခေပးရတဲ့အတြက္ ဥပေဒအရ အိမ္႐ွင္အိမ္ငွားဆက္စပ္မႈ႐ွိေနမွာျဖစ္တယ္''

''အိမ္ျပင္တာ မေက်နပ္ရင္ ေျမ႐ွင္က ႏွင္ခ်ခြင့္႐ွိပါသလား''

''ဥပေဒအရေတာ့ အိမ္႐ွင္၊ အိမ္ငွားမ်ားလိုက္နာရန္ သတ္မွတ္ခ်က္ေတြ႐ွိတယ္။ အိမ္ငွားအေနနဲ႔ ဥပေဒအရ သတ္မွတ္ခ်က္ကို မလိုက္နာ ပ်က္ကြက္ရင္ အိမ္႐ွင္အေနနဲ႔ ႏွင္ခ်ခြင့္႐ွိလာမွာျဖစ္တယ္''

''အိမ္ခန္းျပင္တဲ့ကိစၥမွာလည္း အိမ္႐ွင္သေဘာမတူရင္ အိမ္ႏွင္လိုမႈ တရားစြဲဆိုႏိုင္တယ္ဆိုပါေတာ့''

''မွန္ပါတယ္။ အခုဘယ္လိုျဖစ္လို႔လဲ၊ တိုက္ခန္းဝယ္ထားလို႔လား''

''ကြၽန္မက ေျမညီထပ္ဆိုေတာ့ စတိုးဆိုင္ေလး ဖြင့္ထားခ်င္လို႔ပါ။ အ ႀကီးအက်ယ္ေတာ့ မဟုတ္ဘူး တစ္ႏိုင္ေလးဖြင့္ထားခ်င္တယ္''

''ဒါဆို တိုက္ခန္းကို ျပင္ဆင္ရမယ့္ သေဘာ႐ွိတာေပါ့''

''ဟုတ္ပါတယ္။ အခ်ိဳ႕ကေျပာေတာ့ အိမ္႐ွင္က ခြင့္မျပဳရင္ ဖြင့္ခြင့္ မရဘူးလို႔ ေျပာတယ္ဆရာ။ ဘယ္လို ေဆာင္႐ြက္ရမလဲဆိုတာ သိခ်င္လို႔ပါ''

''စတိုးဆိုင္ဖြင့္မယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီထံ စတိုးဆိုင္ဖြင့္ခြင့္အမိန္႔ကို ရယူရပါမယ္။ ဒါ့အျပင္ တိုက္ခန္းမွာ အေသးစားျပင္ဆင္ခြင့္ ေလွ်ာက္ထားရပါမယ္''

''ခြင့္ျပဳခ်က္မယူဘဲ ျပင္ရင္ ဘယ္လိုျဖစ္ႏိုင္ပါသလဲ''

''ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒအရ၊ အေရးယူခံရမွာ ျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း ကိုယ္ဝယ္ထားတဲ့တိုက္ခန္း မိမိျပဳျပင္ခ်င္သလို ျပင္မယ္ဆိုၿပီး အခန္းဖြဲ႕ထားတာကို ေဖာက္ပစ္လိုက္တာတို႔၊ ထပ္ခိုးေတြ ထပ္ထည့္တာမ်ိဳးျပဳလုပ္တတ္ၾကတယ္။ ဥပေဒအရဆိုရင္ မူလပုံစံကို ဖ်က္ပစ္တဲ့သေဘာျဖစ္လို႔ အိမ္ငွားတာဝန္ ေဖာက္ဖ်က္တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္''

''အိမ္ငွားတာဝန္ေဖာက္ဖ်က္တယ္ဆိုတာက ဘယ္လိုသေဘာပါလဲ ဆရာ''

''အခုအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ႐ွင္းေအာင္ေျပာရရင္ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ-၁ဝ၈ မွာ အိမ္ငွားမ်ား လိုက္နာရမယ့္ တာဝန္နဲ႔ အခြင့္အေရးေတြ သတ္မွတ္ထားပါတယ္။ ယင္းပုဒ္မ ၁ဝ၈ ပိုဒ္ခြဲ(တ) မွာ အေဆာက္အအုံတြင္ အိမ္႐ွင္၏ ခြင့္ျပဳခ်က္မရဘဲ ခိုင္ၿမဲေသာ အေဆာက္အအုံ မေဆာက္လုပ္ရလို႔ သတ္မွတ္ျပ႒ာန္းထားပါတယ္''

''အိမ္႐ွင္ရဲ႕ ခြင့္ျပဳခ်က္လည္း ရယူရမယ္ေပါ့''

''အေကာင္းဆုံးကေတာ့ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဌာနကို သြားေရာက္ေမးျမန္း ေဆာင္႐ြက္သင့္ပါတယ္။ အေသးစားျပင္ဆင္မႈကိုေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕ထံတင္ျပ ေလွ်ာက္ထားရပါမယ္။ စီးပြားေရးသေဘာဆိုင္ခန္းဖြင့္မွာျဖစ္လို႔ သက္ဆိုင္ရာ စည္ပင္သာယာေရး အဖြဲ႕ဒါမွမ ဟုတ္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ ခြင့္ျပဳခ်က္႐ွိဖို႔ လိုအပ္ပါတယ္''

''ခြင့္ျပဳခ်က္ မေလွ်ာက္ပဲျပင္ဆင္ရင္ ဘယ္လိုအျပစ္ဒဏ္မ်ိဳး ခ်မွတ္ႏိုင္ပါသလဲ။ ဗဟုသုတအျဖစ္ သိထားခ်င္လို႔ပါဆရာ''

''သက္ဆိုင္ရာမွ ခြင့္ျပဳခ်က္မရ႐ွိဘဲ တိုက္ခန္းအတြင္းမွာ ခိုင္ၿမဲတဲ့ပုံစံ အေဆာက္အအုံျပင္ဆင္ဖြဲ႕ရင္ေတာ့ အိမ္႐ွင္အေနနဲ႔ အိမ္ငွားတာဝန္ ေဖာက္ဖ်က္မႈနဲ႔ ႏွင္လိုမႈစြဲဆိုႏိုင္ပါတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေအ၊ ရာဟင္ဆီေလာ့ႏွင့္ ေဒၚအမာ ၁၉၆၅ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ ထုံးစာမ်က္ႏွာ ၄ဝ၆၊ အမႈတြင္ တိုက္ ခန္းအတြင္း၌ အခန္းဖြဲ႕ျခင္းသည္ မူလငွားရမ္းထားသည့္ အခန္းမ်ားကို ေခတၱခဏအနည္းငယ္မွ်သာ ေျပာင္းလဲထားျခင္းမဟုတ္ဘဲ ယခင္ထား႐ွိသည့္ အခန္းပုံစံႏွင့္ မတူေအာင္ မ်ားစြာျပဳျပင္ေျပာင္းလဲခဲ့သည္။ ထို႔ေၾကာင့္ တည္ၿမဲေသာ အေဆာက္အအုံေဆာက္လုပ္သည္ဟု ဆုံးျဖတ္ကာ အိမ္ႏွင္လိုမႈအႏိုင္ဒီကရီ ခ်မွတ္ေပးခဲ့ ပါ တယ္''

''ဒါဆိုရင္ သက္ဆိုင္ရာ ဌာနမွာ ခြင့္ျပဳခ်က္ေတာင္းခံရမွာေပါ့ေနာ္''

''မွန္ပါတယ္။ ခြင့္ျပဳခ်က္မရဘဲ ျပင္ဆင္ဆိုင္ခန္းဖြင့္မယ္ဆိုရင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ-၃၁၂ ပုဒ္မခြဲ (စ) မွာ လူေနထိုင္ရန္အတြက္ ေဆာက္လုပ္ထားေသာ အေဆာက္အအုံတြင္ ေကာ္မတီ၏ ခြင့္ျပဳခ်က္မရဘဲ စီးပြားေရးလုပ္ငန္းလုပ္ကိုင္လွ်င္ ေငြဒဏ္က်ပ္တစ္သိန္းမွ က်ပ္ငါးသိန္းထိခ်မွတ္ရမည္။ ဆက္လက္ က်ဴးလြန္ပါက ေထာင္ဒဏ္ေျခာက္လခ်မွတ္ရမည္လို႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ လူေနခန္းကို စတိုးဆိုင္ဖြင့္လွစ္ဖို႔ ျပင္ဆင္ေဆာင္႐ြက္မယ္ဆိုရင္ သက္ဆိုင္ရာ စည္ပင္သာယာေရးအ ဖြဲ႕ (ေကာ္မတီ) ထံ သြားေရာက္ ေလွ်ာက္ထားခြင့္ျပဳခ်က္ေတာင္းခံရမွာ ျဖစ္ပါတယ္''

''ဟုတ္ကဲ့ ဆရာ။ ဆရာၫႊန္ၾကားတဲ့အတိုင္း ေဆာင္႐ြက္ပါမယ္။ အခုလို အၾကံေပးတာ ေက်းဇူးတင္ပါတယ္ ဆရာ''ဟု ေျပာကာ ေဆြးေႏြးခ ေပးသြားပါသည္။

''ဘာအလုပ္ပဲျဖစ္ျဖစ္ ဥပေဒနဲ႔အညီ ေဆာင္႐ြက္တာကေတာ့ အႏၲရာယ္ကင္းတဲ့အတြက္ လိုက္နာေဆာင္႐ြက္ သင့္ပါတယ္''ဟု ေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...
ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ်...
ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ်...
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service