ဥပုသ်စောင့် ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဥပုသ်စောင့် ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
24 May 2022 11:01 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ဆို ဥပုသ်စောင့် ကြပါတယ်။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို.....

နေလွဲညစာ ရှောင်ကြတာ

တချို့တွေမှာ သက်သတ်လွတ်စားကြတာ

တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။

ဥပုသ်စောင့် ချိန် နေလွဲညစာ ရှောင်ကြတာ

နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ Intermittent fasting ဟာ

အဆီတွေကို လောင်ကျွမ်းစေတယ်။

ကိုယ်အလေးချိန် ကျစေတယ်။

အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။

ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။

နှလုံးရောဂါကို ကာကွယ်ပေးတယ်။

ကင်ဆာကို ကာကွယ်ပေးတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။

အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။

အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဒါပေမယ့် ဒီလိုကောင်းကျိုးတွေ ရဖို့အတွက်ဆိုရင် IFကို စနစ်တကျ စားရမှာပါ။ ၁၂ မထိုးမချင်း တစ်စွတ်စွတ်စားနေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေပါတယ်။ အသီးအရွက်များများ၊ အသားစားတယ်ဆိုရင် အသားများများ၊ ပဲ၊ ဥ စတာတွေကို စားပေးပါ။ ဒါက အဆာလည်းခံနိုင်ပါတယ်။ မစားတဲ့အချိန်မှာ ဆိုရင်လည်း ရေတို့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေ သောက်ပေးပါ။

ဥပုသ်စောင့် ရင်း သက်သတ်လွတ် စားတာ

ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဝါတွင်း၃လလုံး ဖြစ်ဖြစ်၊ ဥပုသ်နေ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။

* ‌လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။

* ‌နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။

* ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။

* နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။

* ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။

ဒါတွေဟာ သက်သတ်လွတ်စားတာတွေကြောင့်ပါ။ အသီးအရွက်တွေ စားတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် လတ်လတ်ဆတ်ဆတ် အသီးအရွက်ကို ချက်ပြုတ်စားသောက်ပါ။ ရေရှည်မှာ ပရိုတင်း ချို့တဲ့တာ မဖြစ်အောင် ပဲတွေ စားပေးပါ။ တခြားဗီတာမင်တွေ ချို့တဲ့တာ မဖြစ်အောင် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်နိုင်ပါတယ်။

ဥပုသ်စောင့် ရင်း တရားထိုင်၊ ပုတီးစိပ်တာ

တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက်

စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။

စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။

အာရုံစူးစိုက်မှု ကောင်းလာတယ်။

စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။

စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။

ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာတောင် ဘာသာရေးအရ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စူးစိုက်မှုအားကောင်းဖို့၊ စိတ်ဖိစီးမှု သက်သာဖို့၊ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ၊ နာကျင်တာတွေ သက်သာဖို့ ကုထုံးတစ်ခုအနေနဲ့ အသုံးပြုလာကြပါပြီ။

ဒါကတော့ အခါကြီးရက်ကြီးမှာ ဥပုသ်စောင့် မယ့်သူ၊ သက်သတ်လွတ်စားမယ့်သူ၊ တရားထိုင်မယ့်သူတွေရမယ့် ကောင်းကျိုးတွေပါ။ ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဒီဝါတွင်းကို အကျိုးရှိရှိ အသုံးချရအောင်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]



နေလွဲညစာ ရှောင်ကြတာ



































Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service