နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2022 12:08 pm တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဟိုးယခင်ကမူ မိသားစုဝင်အားလုံး ဝိုင်းဖွဲ့ကာ မြန်မာအသံမှလွှင့်သော ဓာတ်ပြားသီချင်းကို နားထောင်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ရေဒီယိုတစ်လုံးကို တစ်မိသားစုလုံး စုပေါင်းနားထောင်စရာမလိုတော့။ မိမိကြိုက်နှစ်သက်သော သီချင်းကို မိမိဘာသာ စိတ်ကြိုက်နားထောင်နိုင်ပြီ။ မိမိတစ်ဦးတည်းသာ သီးသန့် နားကြပ်လေးတပ်ဆင်ကာ နားထောင်နိုင်ပြီ။

လူကြီးမိဘတို့ မကြိုက်နှစ်သက်သော Hip Hop Music ကိုလည်း စိတ်တိုင်းကျနားထောင်နိုင်ပြီ။ နားကြပ်လေးတပ်ဆင်ထားလိုက်သည်။ ဘေးလူကိုလည်း အနှောင့်အယှက်မဖြစ်။ ယနေ့ခေတ်တွင် ဇိမ်ခံပစ္စည်းများထဲမှတစ်ခုကား နားကြပ်တပ်ဆင်ကာ သီချင်းနားထောင်ခြင်းဖြစ်သည်။

သို့သော် နားကြပ်ကို ကြာရှည်သုံးစွဲပါက ဆိုးကျိုးများရှိသည်။ နားကြပ်ရောင်းချသော ကုမ္ပဏီများကား နားကြပ်တွင် ဘေးတွက်ဆိုကျိုးများမရှိဟု ကြော်ငြာသည်။ သို့သော် အသုံးပြုသူအပါ်မူတည်၍ ကျန်းမာရေးထိခိုက်မှု အနည်းအများရှိလေသည်။ နားထဲကို နားကြပ်ထိုးထည့်လိုက်လျှင်ပင် နားထဲသို့ဝင်သော လေလမ်းကြောင်း ပိတ်ဆို့သွားသည်။ လေအဝင်အထွက် မရှိလျှင် နားပိုးဝင်ခြင်းများ ဖြစ်တတ်သည်။ နားပိုးဝင်ခြင်းကား လေလမ်းကြောင်းပိတ်ဆို့မှုအပြင် နားကြပ်များမသန့်ရှင်းသောကြောင့်လည်း ဖြစ်နိုင်သည်။

နားကြပ်အသုံးပြုသူများတွင် နားပိုးဝင်ခြင်း ပိုမိုဖြစ်ပွားသည်။ လူတစ်ဦးနှင့်တစ်ဦး မည်မျှရင်းနှီးပါစေ နားကြပ်ကို ငှားရမ်းသုံးစွဲခြင်း လုံးဝမပြုလုပ်ရ။ နားပိုးဝင်ခြင်းကား လူတစ်ဦးမှ တစ်ဦးဆီသို့ နားကြပ်မှတစ်ဆင့် ကူးစက်တတ်သည်။ နားဖာချေးများလည်း ပိုမိုထွက်တတ်သည်။ နားထဲတွင် တဝီဝီ အသံတွေကိုကြားကာ နားအူနေတတ်ခြင်းများ နားကြပ်အမြဲတပ်ဆင်ထားသူများတွင် ဖြစ်တတ်သည်။သည်။ တစ်ခါတစ်ရံ စူးခနဲနားကျင်ကိုက်ခဲတာမျိုး နားကြပ်နားထောင်သူများတွင် ခံစားရတတ်သည်။

နားကြပ်ကို အချိန်ကြာကြာ နားထောင်ပြီးတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ခြင်း ဖြစ်တတ်ပါသည်။ နားကိုက်တတ်ခြင်းဖြစ်သည်။ နားကြပ်ကို ကြာရှည်စွာသုံးစွဲပါက အရွယ်မတိုင်ခင် နားလေးခြင်းဖြစ်တတ်သည်။ တစ်နေကုန် နားကြပ်တပ်ဆင်ကာ သီချင်းအကျယ်ကြီးနားထောင်နေပါက Numb Ears ဟုခေါ်သော အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းများ ဖြစ်တတ်သည်။ အချိန်တစ်ခုကြာလျှင် အကြားအရုံပြန်ခံစားရသည်။ သို့သော် အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းကနေ တစ်ချိန်တွင် လုံးဝနားမကြားတော့သည့် အဖြစ်သို့ ရောက်ရှိနိုင်သည်။

ယခုအခါ နားကြပ်ကထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်လှိုင်းများက ဦးနှောက်ကို ထိခိုက်ပျက်စီးနိုင်သည်ဟု သုတေသနစာစောင်များတွင် ဖော်ပြလာသည်။ သို့သော် ပို၍ တိကျသေချာသော သုတေသနများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် ညဖက်အိပ်မပျော်ခြင်းများသည် နားကြပ်အသုံးပြုသူများတွင် တွေ့ရှိလာရသည်။ ထို့အပြင် ကျယ်လောင်သော အသံများကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းများသည်လည်းတွေ့ရှိလာသည်။

ထို့ပြင် နားကြပ်တပ်ဆင်ကာ လမ်းသွားကြသောကြောင့် ယဉ်တိုက်မှုများကိုလည်း အထူးဂရုစိုက်ရမည်။ ကားဟွန်းတီးသံ၊ ဆိုင်ကယ်သံများ မကြားသော‌ကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နားကြပ်တပ်ဆင်ထားပေမဲ့လည်း အသံကိုလျော့ထားကာ ဘေးပတ်ဝန်းကျင်မှ အသံများကိုလည်း နားစွင့်ရမည်ဖြစ်မည်။ နားနှင့်ပတ်သက်သောပြဿနာများ ဖြစ်ပွားမှုလျှော့ချရန်အတွက် နားကို မကြာခဏ အနားပေးရမည်ဖြစ်မည်။ တစ်နေကုန် တောက်လျောက် တပ်ဆင်ခြင်းမျိုး မပြုလုပ်ရ။ သီချင်းသံကိုလည်း အကျယ်ကြီးမဖွင့်ဘဲ ကြားလောက်ရုံပဲ ဖွင့်သင့်ပေသည်။

နားကြပ်ကို တစ်နေ့ တစ်နာရီထက် ပိုအသုံးပြုပါက နားနှင့်ပတ်သက်သော ပြသနာများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်းကိုလျှော့ချ၍ နားကျန်းမာရေးကို ဂရုစိုက်သင့်ပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar ( ဒေါက်တာအေးချမ်းမိုး)

[Zawgyi]

နားၾကပ္ၾကာၾကာတပ္ျခင္းေၾကာင့္ျဖစ္တဲ့ နားျပႆနာမ်ား

ဟိုးယခင္ကမူ မိသားစုဝင္အားလုံး ဝိုင္းဖြဲ႕ကာ ျမန္မာအသံမွလႊင့္ေသာ ဓာတ္ျပားသီခ်င္းကို နားေထာင္ခဲ့ၾကသည္။ သို႔ေသာ္ ယေန႔ေခတ္တြင္ ေရဒီယိုတစ္လုံးကို တစ္မိသားစုလုံး စုေပါင္းနားေထာင္စရာမလိုေတာ့။ မိမိႀကိဳက္ႏွစ္သက္ေသာ သီခ်င္းကို မိမိဘာသာ စိတ္ႀကိဳက္နားေထာင္ႏိုင္ၿပီ။ မိမိတစ္ဦးတည္းသာ သီးသန္႔ နားၾကပ္ေလးတပ္ဆင္ကာ နားေထာင္ႏိုင္ၿပီ။

လူႀကီးမိဘတို႔ မႀကိဳက္ႏွစ္သက္ေသာ Hip Hop Music ကိုလည္း စိတ္တိုင္းက်နားေထာင္ႏိုင္ၿပီ။ နားၾကပ္ေလးတပ္ဆင္ထားလိုက္သည္။ ေဘးလူကိုလည္း အေႏွာင့္အယွက္မျဖစ္။ ယေန႔ေခတ္တြင္ ဇိမ္ခံပစၥည္းမ်ားထဲမွတစ္ခုကား နားၾကပ္တပ္ဆင္ကာ သီခ်င္းနားေထာင္ျခင္းျဖစ္သည္။

သို႔ေသာ္ နားၾကပ္ကို ၾကာ႐ွည္သုံးစြဲပါက ဆိုးက်ိဳးမ်ား႐ွိသည္။ နားၾကပ္ေရာင္းခ်ေသာ ကုမၸဏီမ်ားကား နားၾကပ္တြင္ ေဘးတြက္ဆိုက်ိဳးမ်ားမ႐ွိဟု ေၾကာ္ျငာသည္။ သို႔ေသာ္ အသုံးျပဳသူအပၚမူတည္၍ က်န္းမာေရးထိခိုက္မႈ အနည္းအမ်ား႐ွိေလသည္။ နားထဲကို နားၾကပ္ထိုးထည့္လိုက္လွ်င္ပင္ နားထဲသို႔ဝင္ေသာ ေလလမ္းေၾကာင္း ပိတ္ဆို႔သြားသည္။ ေလအဝင္အထြက္ မ႐ွိလွ်င္ နားပိုးဝင္ျခင္းမ်ား ျဖစ္တတ္သည္။ နားပိုးဝင္ျခင္းကား ေလလမ္းေၾကာင္းပိတ္ဆို႔မႈအျပင္ နားၾကပ္မ်ားမသန္႔႐ွင္းေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

နားၾကပ္အသုံးျပဳသူမ်ားတြင္ နားပိုးဝင္ျခင္း ပိုမိုျဖစ္ပြားသည္။ လူတစ္ဦးႏွင့္တစ္ဦး မည္မွ်ရင္းႏွီးပါေစ နားၾကပ္ကို ငွားရမ္းသုံးစြဲျခင္း လုံးဝမျပဳလုပ္ရ။ နားပိုးဝင္ျခင္းကား လူတစ္ဦးမွ တစ္ဦးဆီသို႔ နားၾကပ္မွတစ္ဆင့္ ကူးစက္တတ္သည္။ နားဖာေခ်းမ်ားလည္း ပိုမိုထြက္တတ္သည္။ နားထဲတြင္ တဝီဝီ အသံေတြကိုၾကားကာ နားအူေနတတ္ျခင္းမ်ား နားၾကပ္အၿမဲတပ္ဆင္ထားသူမ်ားတြင္ ျဖစ္တတ္သည္။သည္။ တစ္ခါတစ္ရံ စူးခနဲနားက်င္ကိုက္ခဲတာမ်ိဳး နားၾကပ္နားေထာင္သူမ်ားတြင္ ခံစားရတတ္သည္။

နားၾကပ္ကို အခ်ိန္ၾကာၾကာ နားေထာင္ၿပီးတိုင္း ဆိုးဆိုးဝါးဝါးနာက်င္ျခင္း ျဖစ္တတ္ပါသည္။ နားကိုက္တတ္ျခင္းျဖစ္သည္။ နားၾကပ္ကို ၾကာ႐ွည္စြာသုံးစြဲပါက အ႐ြယ္မတိုင္ခင္ နားေလးျခင္းျဖစ္တတ္သည္။ တစ္ေနကုန္ နားၾကပ္တပ္ဆင္ကာ သီခ်င္းအက်ယ္ႀကီးနားေထာင္ေနပါက Numb Ears ဟုေခၚေသာ အၾကားအာ႐ုံ ေခတၱေပ်ာက္ဆုံးျခင္းမ်ား ျဖစ္တတ္သည္။ အခ်ိန္တစ္ခုၾကာလွ်င္ အၾကားအ႐ုံျပန္ခံစားရသည္။ သို႔ေသာ္ အၾကားအာ႐ုံ ေခတၱေပ်ာက္ဆုံးျခင္းကေန တစ္ခ်ိန္တြင္ လုံးဝနားမၾကားေတာ့သည့္ အျဖစ္သို႔ ေရာက္႐ွိႏိုင္သည္။

ယခုအခါ နားၾကပ္ကထုတ္လႊတ္လိုက္သည့္ လွ်ပ္စစ္သံလိုက္လိႈင္းမ်ားက ဦးေႏွာက္ကို ထိခိုက္ပ်က္စီးႏိုင္သည္ဟု သုေတသနစာေစာင္မ်ားတြင္ ေဖာ္ျပလာသည္။ သို႔ေသာ္ ပို၍ တိက်ေသခ်ာေသာ သုေတသနမ်ား ျပဳလုပ္ရဦးမည္ျဖစ္သည္။ ေခါင္းကိုက္ျခင္းႏွင့္ ညဖက္အိပ္မေပ်ာ္ျခင္းမ်ားသည္ နားၾကပ္အသုံးျပဳသူမ်ားတြင္ ေတြ႕႐ွိလာရသည္။ ထို႔အျပင္ က်ယ္ေလာင္ေသာ အသံမ်ားေၾကာင့္ ႏွလုံးခုန္ႏႈန္း ျမန္လာျခင္း၊ ႏွလုံးခုန္ႏႈန္းမမွန္ျခင္းမ်ားသည္လည္းေတြ႕႐ွိလာသည္။

ထို႔ျပင္ နားၾကပ္တပ္ဆင္ကာ လမ္းသြားၾကေသာေၾကာင့္ ယဥ္တိုက္မႈမ်ားကိုလည္း အထူးဂ႐ုစိုက္ရမည္။ ကားဟြန္းတီးသံ၊ ဆိုင္ကယ္သံမ်ား မၾကားေသာ‌ေၾကာင့္ မေတာ္တဆ ထိခိုက္မႈမ်ား ျဖစ္ပြားတတ္သည္။ ထို႔ေၾကာင့္ နားၾကပ္တပ္ဆင္ထားေပမဲ့လည္း အသံကိုေလ်ာ့ထားကာ ေဘးပတ္ဝန္းက်င္မွ အသံမ်ားကိုလည္း နားစြင့္ရမည္ျဖစ္မည္။ နားႏွင့္ပတ္သက္ေသာျပႆနာမ်ား ျဖစ္ပြားမႈေလွ်ာ့ခ်ရန္အတြက္ နားကို မၾကာခဏ အနားေပးရမည္ျဖစ္မည္။ တစ္ေနကုန္ ေတာက္ေလ်ာက္ တပ္ဆင္ျခင္းမ်ိဳး မျပဳလုပ္ရ။ သီခ်င္းသံကိုလည္း အက်ယ္ႀကီးမဖြင့္ဘဲ ၾကားေလာက္႐ုံပဲ ဖြင့္သင့္ေပသည္။

နားၾကပ္ကို တစ္ေန႔ တစ္နာရီထက္ ပိုအသုံးျပဳပါက နားႏွင့္ပတ္သက္ေသာ ျပသနာမ်ားျဖစ္ပြားႏိုင္သည္။ ထို႔ေၾကာင့္ နားၾကပ္တပ္၍ သီခ်င္းနားေထာင္ျခင္းကိုေလွ်ာ့ခ်၍ နားက်န္းမာေရးကို ဂ႐ုစိုက္သင့္ေပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar ( ေဒါက္တာေအးခ်မ္းမိုး)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service