အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်း
အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2022 11:55 am တွင် တင်ခဲ့သည်
4522 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာအခု အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။
သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့..... သူ့အိမ်ရှေ့အဝင်ဝမှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ်။ အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွ့ရပါတယ်၊ မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့စီးပွားဖြစ်တယ်၊လုပ်ငန်းကောင်းတယ်တဲ့ဗျာ။
ကျွန်တော်တို့မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ် အရမ်းကိုရောင်းရတယ်အလှူပေးနေသလိုကိုရောင်းရတာ သူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ပုံလေးတင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ။
အဲဒါနဲ့လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက် နှစ်ယောက်ကိုအဲဒီအရုပ်လေး နှစ်ခုကိုထားဖို့ ပြောလိုက်တာသူတို့လည်းကျောက်ဆည်တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးကစဉ့်အိုးသည်တွေလာတာနဲ့အဲဒီအရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကိုအိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။
အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင်ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီယတြာအကြောင်းပြောပြလိုက်တာ သူလည်းသဘောကျပြီးအဲဒါကိုအားလုံးသိအောင် facebook ပေါ်တင်ပေးပါလို့ ပြောလို့တင်ပေးရာကနေ လှိမ့်ဝင်တည်သုံးအိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့တာပါပဲဗျာ။
လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေဘယ်လိုဓာတ်ဆင်ရတာပါလဲ
အဲဒီလှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟိုအရင် လောကီပညာရှင်(ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။
ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကား လှိမ့်ဝင် ဆိုတာကိုယူပြီး လှိမ့်ဝင် နေတဲ့အရုပ်ကလေး တွေ ကို စီရင်ပေးသွားတာပါ
အဲဒီမှာစဉ့်အိုး လေးကိုလှိမ့်ဝင်နေတဲ့ ကောင်လေး(၂၄)ပုံ လေးပါ။ စဉ့်အိုးကို ဘာလို့သုံးလဲ တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင် လို့ရတာပဲလို့ တွေးမိတော့ စဉ့်အိုး ၃၁ ဆိုတာ အောင်စေ အေးစေ=၁၃ ကိုကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။
လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ ...... လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။ သာသနာတည်နိုင်တဲ့ အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။
ဘယ်လို သုံးမလဲ ဘယ်လိုဆောင်မလဲဗျာ ........
၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ် ကိုယ့်စီးပွားအတွက်အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား၊ အမျိုးသမီး ၊ ကလေး ၊လူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေကင်းဖို့ ဆားရည် (ရေ ၁ဂါလံကို ဆား၂ ဇွန်းထ ည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်က ဆေး ဖြစ်စေဆိုပြီး ၃ခါ ပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလိုလက်ယာရစ် မွှေပြီးပါးစပ်မှာလည်း " ဉုမ်သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ " ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီ အရုပ်များကို ၎င်းရေနဲ့ ဆေးပါ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး(နဝင်းရေ)ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့အိုး လှိမ့်ဝင် နေတဲ့ပုံအိုးကို အိမ်ဘက်အတွင်းသို့ ထားပြီး အိမ်ရှေ့မှာထားလိုက်ပါ။ တည်သုံးအိုး လေးကိုတော့ အလုပ်စားပွဲ အိပ်ခန်းစားပွဲ အိမ်ထဲမှာထားထားလိုက်ပါ ထူးထူးခြားခြားအဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။
ဘယ်နေ့ဘယ်အချိန်မှာဆောင်ထားရမလဲ
မိမိမွေးနေ့မနက် 9း45 မှာတင် ဆောင်ထားပါလေ ။ လူမဝင်သောဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ လူများလှိမ့်ဝင်လာပါလိမ့်မယ် အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မည်။
တစ်ပတ် လောက်လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါပြီးတော့ ရေမွှေးလေး ဆွတ်ပေးလိုက်ပါပြီးတော့ လာထား ... လာထားဆိုပြီးတော့ လက်ခုတ်တီးပြီးပြောလိုက်ပါ ဝင်လာပါလိမ့်မယ်ဗျာ။
ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ၊ ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ ပထမဆုံးဝင်တဲ့ပိုက်ဆံကို အနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့။
နောက်ပြီးလာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်အရင်က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်။
၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်း မလုပ်ရပါ လာဘ်တိတ်တတ်ပါသည်။
၂။ ထမင်းစားလျှင် ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။
၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီး မီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံးပုံမထားသင့်ပါ။
၄။ အိမ်ထောင်ဦးအမျိုးသား၏ အင်္ကျီ၊ စွတ်ကျယ်၊ တဘက်၊ ပုဆိုးအဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း ၉ နာရီမကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရမငြူစူးရ ဒေါသမဖြစ်ရပါ။ါစောစောစီးစီးနိမိတ်မကောင်းသော အမင်္ဂလာ သီချင်းများမဖွင့်ရပါ အဲဒီ ၅ချက်မှ ၂ချက်လောက်လုပ်မိလျှင် လာဘ်တိတ်စေတတ်ပါတယ် ငွေဝင်ပါလျှင်လည်း အသာလွတ်ပြန်ပြန်ထွက်သွားတတ်ပါသည်။
ထို့ကြောင့်အဲဒီအချက်များကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေးရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီးအလှူအတန်း၊ ဘာသာရေး၊သာသာနာရေး၊ ပရဟိတအရေးအတွက်သုံးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်း.............
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ဆရာထွန်းအောင်လူ
[Zawgyi]
အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service