အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2022 11:53 am တွင် တင်ခဲ့သည်
557 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို ဝိတ်ချနေတဲ့ သူတွေက ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ Gym သွားရင်၊ အားကစားလုပ်ရင် စတဲ့နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာ တော်တော်များများသိကြတဲ့ အချက်တစ်ခုပါ။ ဒါဆိုရင် ကယ်လိုရီဆိုတဲ့အရာက လှုပ်လှုပ်ရှားရှားနေမှပဲ လောင်ကျွမ်းတာလား၊ အားကစားမလုပ်တဲ့သူတွေအတွက်ရော ကယ်လိုရီတွေ မလောင်ဘူးလား။

ဒါဆိုရင် ကယ်လိုရီဆိုတာ ဘာလဲ။

ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။

လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးတွေအတွက်ဆိုရင်တော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။

အဲဒီ ကယ်လိုရီတွေဟာ ဘာမှ မလှုပ်မရှားဘဲ ထိုင်နေရင်တောင် ဆက်တိုက်လောင်ကျွမ်းနေပါတယ်။ ပေါင် ၁၅၀ ရှိတဲ့လူတစ်ယောက်အတွက် ထိုင်နေရင်တောင် ၁ ရက်ကို အကြမ်းဖျင်း ကယ်လိုရီ ၁၅၀၀ လောက် လောင်ကျွမ်းနေပါတယ်တဲ့။

ထိုင်နေရင်တောင် လောင်ကျွမ်းတယ်ဆိုတော့ အိပ်နေတဲ့ချိန်ဆိုရင်ရော ကယ်လိုရီတွေကို ခန္ဓာကိုယ်ဟာ ဘယ်လိုနေရာတွေမှာ အသုံးချနေလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ REM အိပ်စက်ခြင်းမှာ ကယ်လိုရီ အများဆုံးသုံးတယ်။

အိပ်ပျော်သွားတဲ့ လူတစ်ယောက်ဟာ အိပ်စက်ခြင်း အဆင့်အမျိုးမျိုးကို ဖြတ်ကျော်ရပါတယ်။ အဲဒီထဲက REM လို့ခေါ်တဲ့ အိပ်စက်ခြင်း အဆင့်မှာတော့ နှလုံးခုန်နှုန်းတွေ၊ သွေးပေါင်ချိန်တွေပါတက်ပြီးတော့ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ဂလူးကို့စ်တွေအများဆုံးကို ဖြိုခွဲပြီး သုံးတဲ့အတွက် ကယ်လိုရီတွေ အများဆုံး လောင်ကျွမ်းပါတယ်တဲ့။

၂။ အိပ်စက်နေစဉ် ကြွက်သားတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက်လည်း သုံးတယ်။

ညဘက်အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ တစ်နေ့တာလုံးမှာ ပျက်စီးသွားတဲ့ ဆဲလ်တစ်လုံးချင်းကို ပြုပြင်ပါတယ်။ အရှင်းဆုံးပြောရရင် အားကစားလုပ်ထားတဲ့သူတွေ အလေးများများမတဲ့သူတွေရဲ့ ခန္ဓာကိုယ်ဟာဆိုရင် ကြွက်သားတွေကို အကြိမ်ကြိမ်ပျက်စီးတယ်၊ ဒါကြောင့် ကြွက်သားတွေကို ပြုပြင်ဖို့ အသစ်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ သိုလှောင်ထားတဲ့ လောင်စာတွေကို သုံးပစ်ပါတယ်။

၃။ နောက်တစ်ရက်အတွက် စွမ်းအင်တွေကို ဖြိုခွဲတယ်။

မအိပ်ခင် တစ်နေ့လုံး စားထားတဲ့ အစားအသောက်တွေကိုလည်း နောက်တစ်ရက်နိုးလာရင် စွမ်းအင်အဖြစ်အသုံးချဖို့အတွက် အစာခြေတာကြောင့်လည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

ဒါဆိုရင် အိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းနိုင်လဲ။

ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူပါဘူး။ အပေါ်မှာ ပြောခဲ့သလို မိန်းကလေးနဲ့ ယောကျ်ားလေး တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏကွာသလို လောင်ကျွမ်းတဲ့ ပမာဏလည်းမတူပါဘူး။

အဓိကတော့ basal metabolic rate (BMR) လို့ခေါ်တဲ့ အခြေခံ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပေါ်မှာမူတည်ပါတယ်။ BMR ဆိုတာ အလွယ်ပြောရင် လူတစ်ယောက် တစ်နေ့တာလုံးမှာဖြစ်နေတဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ၊ အစာခြေတာ စတဲ့ အခြေခံအကျဆုံး ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကယ်လိုရီ ပမာဏပါ။ BMR ကတော့ လူတစ်ယောက်ချင်းစီရဲ့ အလေးချိန်ပေါ်မှာ အခြေခံပါတယ်။ ဝိတ်ပိုများလေ စွမ်းအင်ပိုသုံးရလေဖြစ်လို့ BMR ကလည်း ပိုများမှာပါ။

နောက်ပြီးတော့ ဘယ်လောက်ကြာကြာအိပ်လဲ ပေါ်မှာလည်း မူတည်ပါတယ်။

၁၂၅ ပေါင် အလေးချိန်ရှိတဲ့ ကျန်းမာတဲ့လူတစ်ယောက်ဟာ အိပ်နေတဲ့ချိန်မှာ တစ်နာရီကို ၃၈ ကယ်လိုရီလောင်ကျွမ်းပါတယ်တဲ့။ ဒါဆိုရင် သူ့ ဘယ်နှနာရီအိပ်လဲနဲ့ မြှောက်လိုက်ရင်တော့ သူအိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားလဲဆိုတာသိနိုင်ပါတယ်။

ကယ်လိုရီ အများဆုံး လောင်ကျွမ်းစေဖို့ ဘယ်လောက်ကြာကြာအိပ်ရမလဲ။

အိပ်ချိန်နည်းရင် ဝိတ်တက်လာနိုင်သလို အိပ်ချိန်အရမ်းများရင်လည်း လှုပ်ရှားမှုနည်းသွားတဲ့ အတွက် ဝိတ်တက်နိုင်ပါတယ်။ အိပ်ချိန်ကို လုံလုံလောက်လောက် အိပ်ဖို့အပြင် အားကစားတစ်ခုခုလုပ်ရင်တော့ ကယ်လိုရီလောင်ကျွမ်းတာက အိပ်နေတဲ့ချိန်မှာတောင် အမြင့်ဆုံးဖြစ်နေမှာပါ။

BMR လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်နှုန်းမြန်လေ ကယ်လိုရီလောင်ကျွမ်းတာ ပိုများလေဖြစ်တဲ့အတွက် အစားကိုနည်းနည်းနဲ့ အကြိမ်ရေများများစားတာ၊ အရက်သေစာရှောင်တာ၊ တစ်နေ့ကို အနည်းဆုံး လေ့ကျင့်ခန်း ၁၅ မိနစ်လောက်လုပ်တာ စသဖြင့် BMR တက်စေမယ့် အမူအကျင့်လေးတွေကို လုပ်ကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အိပ္ေနရင္းနဲ႔ လည္း ကယ္လိုရီေတြ ေလာင္ကြၽမ္းႏိုင္တယ္ဆိုတာ သိၾကလား။

ကယ္လိုရီ ေလာင္ကြၽမ္းတယ္ဆိုတဲ့ စကားကို ဝိတ္ခ်ေနတဲ့ သူေတြက က်ယ္က်ယ္ျပန္႔ျပန္႔သုံးၾကတယ္။ Gym သြားရင္၊ အားကစားလုပ္ရင္ စတဲ့ႏွလုံးခုန္ျမန္ေစတဲ့ ေလ့က်င့္ခန္းေတြလုပ္ရင္ ကယ္လိုရီေတြ ေလာင္ကြၽမ္းတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားသိၾကတဲ့ အခ်က္တစ္ခုပါ။ ဒါဆိုရင္ ကယ္လိုရီဆိုတဲ့အရာက လႈပ္လႈပ္႐ွား႐ွားေနမွပဲ ေလာင္ကြၽမ္းတာလား၊ အားကစားမလုပ္တဲ့သူေတြအတြက္ေရာ ကယ္လိုရီေတြ မေလာင္ဘူးလား။

ဒါဆိုရင္ ကယ္လိုရီဆိုတာ ဘာလဲ။

ကယ္လိုရီဆိုတာ အၾကမ္းဖ်င္းေျပာရင္ေတာ့ အစားအေသာက္က ရတာပါ။ ကယ္လိုရီဟာ အပူစြမ္းအင္ အျဖစ္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ေလာင္စာ (energy) ကိုထုတ္ေပးပါတယ္။ ဒါေၾကာင့္ ဝိတ္ခ်ေနတဲ့သူေတြဟာ ကိုယ္စားတဲ့အစားအေသာက္ထဲမွာ ပါတဲ့ ကယ္လိုရီေတြကို တြက္ၿပီး ေလွ်ာ့စားၾကတာပါ။

လူေတြဟာေန႔စဥ္ လႈပ္႐ွားဖို႔ အတြက္ လိုအပ္တဲ့ ကယ္လိုရီပမာဏဟာ ေယာက်္ားေလးေတြအတြက္ဆို ၂၅၀၀ ကယ္လိုရီျဖစ္ၿပီး မိန္းကေလးေတြအတြက္ဆိုရင္ေတာ့ ၂၀၀၀ ကယ္လိုရီျဖစ္ပါတယ္။

အဲဒီ ကယ္လိုရီေတြဟာ ဘာမွ မလႈပ္မ႐ွားဘဲ ထိုင္ေနရင္ေတာင္ ဆက္တိုက္ေလာင္ကြၽမ္းေနပါတယ္။ ေပါင္ ၁၅၀ ႐ွိတဲ့လူတစ္ေယာက္အတြက္ ထိုင္ေနရင္ေတာင္ ၁ ရက္ကို အၾကမ္းဖ်င္း ကယ္လိုရီ ၁၅၀၀ ေလာက္ ေလာင္ကြၽမ္းေနပါတယ္တဲ့။

ထိုင္ေနရင္ေတာင္ ေလာင္ကြၽမ္းတယ္ဆိုေတာ့ အိပ္ေနတဲ့ခ်ိန္ဆိုရင္ေရာ ကယ္လိုရီေတြကို ခႏၶာကိုယ္ဟာ ဘယ္လိုေနရာေတြမွာ အသုံးခ်ေနလည္းဆိုတာ ၾကည့္လိုက္ၾကရေအာင္။

၁။ REM အိပ္စက္ျခင္းမွာ ကယ္လိုရီ အမ်ားဆုံးသုံးတယ္။

အိပ္ေပ်ာ္သြားတဲ့ လူတစ္ေယာက္ဟာ အိပ္စက္ျခင္း အဆင့္အမ်ိဳးမ်ိဳးကို ျဖတ္ေက်ာ္ရပါတယ္။ အဲဒီထဲက REM လို႔ေခၚတဲ့ အိပ္စက္ျခင္း အဆင့္မွာေတာ့ ႏွလုံးခုန္ႏႈန္းေတြ၊ ေသြးေပါင္ခ်ိန္ေတြပါတက္ၿပီးေတာ့ ခႏၶာကိုယ္ဟာ သိုေလွာင္ထားတဲ့ေလာင္စာေတြျဖစ္တဲ့ ဂလူးကို႔စ္ေတြအမ်ားဆုံးကို ၿဖိဳခြဲၿပီး သုံးတဲ့အတြက္ ကယ္လိုရီေတြ အမ်ားဆုံး ေလာင္ကြၽမ္းပါတယ္တဲ့။

၂။ အိပ္စက္ေနစဥ္ ႂကြက္သားေတြကို ျပန္လည္ျပဳျပင္တည္ေဆာက္ဖို႔အတြက္လည္း သုံးတယ္။

ညဘက္အိပ္ေပ်ာ္ေနစဥ္မွာ ခႏၶာကိုယ္ဟာ တစ္ကိုယ္လုံးမွာ ႐ွိတဲ့ တစ္ေန႔တာလုံးမွာ ပ်က္စီးသြားတဲ့ ဆဲလ္တစ္လုံးခ်င္းကို ျပဳျပင္ပါတယ္။ အ႐ွင္းဆုံးေျပာရရင္ အားကစားလုပ္ထားတဲ့သူေတြ အေလးမ်ားမ်ားမတဲ့သူေတြရဲ႕ ခႏၶာကိုယ္ဟာဆိုရင္ ႂကြက္သားေတြကို အႀကိမ္ႀကိမ္ပ်က္စီးတယ္၊ ဒါေၾကာင့္ ႂကြက္သားေတြကို ျပဳျပင္ဖို႔ အသစ္ျဖစ္ဖို႔အတြက္ ခႏၶာကိုယ္ရဲ႕ သိုေလွာင္ထားတဲ့ ေလာင္စာေတြကို သုံးပစ္ပါတယ္။

၃။ ေနာက္တစ္ရက္အတြက္ စြမ္းအင္ေတြကို ၿဖိဳခြဲတယ္။

မအိပ္ခင္ တစ္ေန႔လုံး စားထားတဲ့ အစားအေသာက္ေတြကိုလည္း ေနာက္တစ္ရက္ႏိုးလာရင္ စြမ္းအင္အျဖစ္အသုံးခ်ဖို႔အတြက္ အစာေျခတာေၾကာင့္လည္း ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစပါတယ္။

ဒါဆိုရင္ အိပ္ေနတဲ့ခ်ိန္မွာ ကယ္လိုရီ ဘယ္ေလာက္ေလာင္ကြၽမ္းႏိုင္လဲ။

ဒါကေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ မတူပါဘူး။ အေပၚမွာ ေျပာခဲ့သလို မိန္းကေလးနဲ႔ ေယာက်္ားေလး တစ္ေန႔တာလိုအပ္တဲ့ ကယ္လိုရီပမာဏကြာသလို ေလာင္ကြၽမ္းတဲ့ ပမာဏလည္းမတူပါဘူး။ အဓိကေတာ့ basal metabolic rate (BMR) လို႔ေခၚတဲ့ အေျခခံ ဇီဝကမၼျဖစ္ပ်က္မႈႏႈန္း ေပၚမွာမူတည္ပါတယ္။ BMR ဆိုတာ အလြယ္ေျပာရင္ လူတစ္ေယာက္ တစ္ေန႔တာလုံးမွာျဖစ္ေနတဲ့ အသက္႐ွဴတာ၊ ႏွလုံးခုန္တာ၊ အစာေျခတာ စတဲ့ အေျခခံအက်ဆုံး ခႏၶာကိုယ္ျဖစ္စဥ္ေတြအတြက္ လိုအပ္တဲ့ အနည္းဆုံး ကယ္လိုရီ ပမာဏပါ။ BMR ကေတာ့ လူတစ္ေယာက္ခ်င္းစီရဲ႕ အေလးခ်ိန္ေပၚမွာ အေျခခံပါတယ္။ ဝိတ္ပိုမ်ားေလ စြမ္းအင္ပိုသုံးရေလျဖစ္လို႔ BMR ကလည္း ပိုမ်ားမွာပါ။

ေနာက္ၿပီးေတာ့ ဘယ္ေလာက္ၾကာၾကာအိပ္လဲ ေပၚမွာလည္း မူတည္ပါတယ္။

၁၂၅ ေပါင္ အေလးခ်ိန္႐ွိတဲ့ က်န္းမာတဲ့လူတစ္ေယာက္ဟာ အိပ္ေနတဲ့ခ်ိန္မွာ တစ္နာရီကို ၃၈ ကယ္လိုရီေလာင္ကြၽမ္းပါတယ္တဲ့။ ဒါဆိုရင္ သူ႕ ဘယ္ႏွနာရီအိပ္လဲနဲ႔ ေျမႇာက္လိုက္ရင္ေတာ့ သူအိပ္ေနတဲ့ခ်ိန္မွာ ကယ္လိုရီ ဘယ္ေလာက္ေလာင္ကြၽမ္းသြားလဲဆိုတာသိႏိုင္ပါတယ္။

ကယ္လိုရီ အမ်ားဆုံး ေလာင္ကြၽမ္းေစဖို႔ ဘယ္ေလာက္ၾကာၾကာအိပ္ရမလဲ။

အိပ္ခ်ိန္နည္းရင္ ဝိတ္တက္လာႏိုင္သလို အိပ္ခ်ိန္အရမ္းမ်ားရင္လည္း လႈပ္႐ွားမႈနည္းသြားတဲ့ အတြက္ ဝိတ္တက္ႏိုင္ပါတယ္။ အိပ္ခ်ိန္ကို လုံလုံေလာက္ေလာက္ အိပ္ဖို႔အျပင္ အားကစားတစ္ခုခုလုပ္ရင္ေတာ့ ကယ္လိုရီေလာင္ကြၽမ္းတာက အိပ္ေနတဲ့ခ်ိန္မွာေတာင္ အျမင့္ဆုံးျဖစ္ေနမွာပါ။

BMR လို႔ေခၚတဲ့ ဇီဝကမၼျဖစ္ႏႈန္းျမန္ေလ ကယ္လိုရီေလာင္ကြၽမ္းတာ ပိုမ်ားေလျဖစ္တဲ့အတြက္ အစားကိုနည္းနည္းနဲ႔ အႀကိမ္ေရမ်ားမ်ားစားတာ၊ အရက္ေသစာေ႐ွာင္တာ၊ တစ္ေန႔ကို အနည္းဆုံး ေလ့က်င့္ခန္း ၁၅ မိနစ္ေလာက္လုပ္တာ စသျဖင့္ BMR တက္ေစမယ့္ အမူအက်င့္ေလးေတြကို လုပ္ၾကပါလို႔ အၾကံျပဳလိုက္ရပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service