ပုဂလိကမြေငှားဂရန်၊ စက်မှုမြေငှားဂရန် ရယူလိုသူတို့မှ လျှောက်ထားဆောင်ရွက်ရမည့် အချက်များ

ပုဂလိကမြေငှားဂရန်၊ စက်မှုမြေငှားဂရန် ရယူလိုသူတို့မှ လျှောက်ထားဆောင်ရွက်ရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2022 11:35 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက် အလက်များ ဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ လျှောက်ထားရမည်ဖြစ်ပါသည် -

(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသောမြေတည်ရှိရာ ရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(ဂ) လျှောက်ထားမြေ၏ အလား(၄) ရပ် (အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိမြေများ)၊

(ဃ) လျှောက်ထားသောမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက်လုပ်မည့် ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားသောမြေကို မည်ကဲ့သို့ အသုံးချရန် ရည်ရွယ်ချက် (ဥပမာ - အဆောက် အအုံဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်လွှာနှင့် အတူ လျှောက်ထားသောမြေ၏ မြေပုံ (၂)ပုံ၊ မြေပုံတွင်လျှောက်ထား သော မြေ၏အကျယ်အဝန်း အလား(၄)ရပ်နှင့် မြေအမျိုးအစား (သို့မဟုတ်) ပိုင်ဆိုင်ခွင့် ဖော်ပြရန် ထို မြေပုံ(၂)ပုံ အနက် (၁)ပုံမှာ သက်သေခံနိုင်ရန်အတွက် သတ်မှတ်ရုံးခွန်တံဆိပ်ခေါင်းကပ်ပြီး၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဌာနမှူး လက်မှတ်ရေးထိုးထားသည့် ပုံစံ(၁၀၅) မြေပုံ(၂) ပုံ ဖြစ်ရမည်။

(ဆ) လျှောက်ထားသည့် မြေ၏ရာဇဝင် မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရှိ ၁ - က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နုတ်ချက် မိတ္တူမှန် (၁) စောင်၊

(ဇ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၂) ပုံ/ ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊

(ဈ) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်

(ည) အရောင်းအဝယ်ပြုလုပ်ထားသော မြေကွက်ဖြစ်ပါက အခွန်တံဆိပ်ခေါင်းကပ်ပြီးသော တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတမ်းမိတ္တူ ပါရှိရမည်

(ဋ) ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် သတ်မှတ်ရုံးခွန် တံဆိပ်ခေါင်း ကပ်ထားပါရှိရမည်၊

(ဌ) လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန်ခွင့်ပြုမိန့်ရရှိထားသည့် အထောက်အထားတင်ပြရမည်။ ( လ/န - ၃၉၊ လယ - ၃၀-က၊ လယ- ၃၀- ခ)၊

(ဍ) မြေငှားဂရန်သက်တမ်းတိုး/ အသစ်လျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ် ပူးတွဲပါရှိရမည်။

(ၓ) မြေငှားဂရန် အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ်ပါ ရှိရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင်အထောက်အထား စာချုပ်စာတမ်းပါရှိရမည်။ (အရောင်းအဝယ် ပြုလုပ်ရယူခဲ့ပါက တရားဝင်မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ပါရှိရမည်။)

ဌာနက ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ

၁။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံမှု ရှိ/ မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲ မှတ်ပုံတင်စာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည်ဖြစ်ပါသည်။ အချက်အလက် များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၁၅)

၂။ အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင် ပါရှိသော လျှောက်ထားသူတင်ပြသည့် အချက်အလက်များ ပြည့်စုံ မှန်ကန်မှု ရှိ/ မရှိကို စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး( လက်ထောက်ကော်လိတ္တော်အရာရှိ) ထံ ပေးပို့ရမည်ဖြစ်ပါသည်။

၃။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားသောမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲ ပေးပို့ရမည် -

(က) လျှောက်ထားမြေရာဇဝင် ၊ ( ၁- က စာရင်းအရ)

(ခ) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့် ရှိသော မြေဟုတ်/မဟုတ် ၊

(ဂ) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရက အသုံးပြုရန် သတ်မှတ်လျာထားခြင်း ရှိ/ မရှိ၊

(ဃ) လျှောက်ထားသောမြေ၏ နယ်နိမိတ်သတ်မှတ်တိုင်းတာထားခြင်း ရှိ/ မရှိ၊

(င) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ / မရှိ၊

(စ) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည်များ ထုတ်ပေးခဲ့ခြင်း ရှိ / မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်တို့ကို ဖော်ပြရန်ဖြစ်ပါသည်၊

(ဆ) လျှောက်ထားမြေကို လျှောက်ထားသူအပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက် ထားခြင်းများ ရှိ / မရှိ၊

(ဇ) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊

(ဈ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ၅ % ကျသင့်ငွေကို ဖော်ပြရန်၊

(ည) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို ဖော်ပြရန် ဖြစ်ပါသည်။ (စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့်ငွေကိုဖော်ပြရန်)

(ဋ) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန် ဖြစ်ပါသည်။

၄။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အထက်အပိုဒ်ပါအချက်များအပေါ် စိစစ် ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသောမြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ရန် ရှိ / မရှိ၊ ကန့်ကွက်လိုသူက (၁၅)ရက်အတွင်း ကန့်ကွက်နိုင် ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။

၅။ သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီး ကန့်ကွက်သည့် အကြောင်း ပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိလျှင် သော် လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း မြေငှားဂရန် ထုတ်ပေးခွင့်ပြုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းမြေနေရာကို သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်။

၆။ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁) ဧက အောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည်။ (အထက်မြန်မာပြည်မြေနှင့်အခွန်နည်းဥပဒေ- ၅၁(ခ)နှင့် အောက် မြန်မာပြည်မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၉)

၇။ လျှောက်ထားမြေသည် မြေဧရိယာ(၁) ဧကအထက်မှ (၅) ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော်အရာရှိ) မှ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည်။

၈။ မြေဧရိယာ (၅) ဧက အထက်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြား ရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

၉။ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ခ(ဂ)အရ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ - ၉(ဂ) အရ နှစ်ရှည်မြေငှားဂရန် ပေးရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်အရာရှိ)အား လုပ်ပိုင်ခွင့်အပ်နှင်းရန်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုဂလိကေျမငွားဂရန္၊ စက္မႈေျမငွားဂရန္ ရယူလိုသူတို႔မွ ေလွ်ာက္ထားေဆာင္႐ြက္ရမည့္ အခ်က္မ်ား

ဂရန္၊ အငွားဂရန္၊ စက္မႈေျမငွားဂရန္ႏွင့္ လိုင္စင္ေလွ်ာက္ထားရာတြင္ ေအာက္ေဖာ္ျပပါ အခ်က္ အလက္မ်ား ေဖာ္ျပပါ႐ွိရမည္ျဖစ္ၿပီး သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ လိပ္မူ ေလွ်ာက္ထားရမည္ျဖစ္ပါသည္ -

(က) ေလွ်ာက္ထားသူအမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ ေနရပ္လိပ္စာႏွင့္ အလုပ္အကိုင္၊

(ခ) ေလွ်ာက္ထားေသာေျမတည္႐ွိရာ ရပ္ကြက္၊ ဦးပိုင္အမွတ္၊ ေျမကြက္အမွတ္၊ လမ္း သို႔မဟုတ္ နယ္ေျမေဒသ၊

(ဂ) ေလွ်ာက္ထားေျမ၏ အလား(၄) ရပ္ (အေ႐ွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္အရပ္႐ွိေျမမ်ား)၊

(ဃ) ေလွ်ာက္ထားေသာေျမေပၚတြင္ ေဆာက္လုပ္မည့္ အေဆာက္အအုံ၏ အ႐ြယ္အစားႏွင့္ ေဆာက္လုပ္မည့္ ပစၥည္းအမ်ိဳးအမည္မ်ား၊ (ဥပမာ - တိုက္အိမ္၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သစ္တိုင္အိမ္)

(င) ေလွ်ာက္ထားေသာေျမကို မည္ကဲ့သို႔ အသုံးခ်ရန္ ရည္႐ြယ္ခ်က္ (ဥပမာ - အေဆာက္ အအုံေဆာက္လုပ္ရန္၊ လူေနထိုင္ရန္ သို႔မဟုတ္ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္)

(စ) ေလွ်ာက္လႊာႏွင့္ အတူ ေလွ်ာက္ထားေသာေျမ၏ ေျမပုံ (၂)ပုံ၊ ေျမပုံတြင္ေလွ်ာက္ထား ေသာ ေျမ၏အက်ယ္အဝန္း အလား(၄)ရပ္ႏွင့္ ေျမအမ်ိဳးအစား (သို႔မဟုတ္) ပိုင္ဆိုင္ခြင့္ ေဖာ္ျပရန္ ထို ေျမပုံ(၂)ပုံ အနက္ (၁)ပုံမွာ သက္ေသခံႏိုင္ရန္အတြက္ သတ္မွတ္႐ုံးခြန္တံဆိပ္ေခါင္းကပ္ၿပီး၊ လယ္ယာ ေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာန၊ ဌာနမႉး လက္မွတ္ေရးထိုးထားသည့္ ပုံစံ(၁၀၅) ေျမပုံ(၂) ပုံ ျဖစ္ရမည္။

(ဆ) ေလွ်ာက္ထားသည့္ ေျမ၏ရာဇဝင္ ေျမစာရင္းပုံစံ(၁၀၆) (လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန ႐ွိ ၁ - က မွတ္ပုံတင္စာရင္းစာအုပ္မွ ေကာက္ႏုတ္ခ်က္ မိတၱဴမွန္ (၁) ေစာင္၊

(ဇ) ေလွ်ာက္ထားေျမေပၚတြင္ ေဆာက္လုပ္မည့္ အေဆာက္အအုံပုံစံ (၂) ပုံ/ ပုံစံမွာ ေ႐ွ႕ျမင္ Front Elevation ႏွင့္ ေဘးျမင္ Side Elevation ျဖစ္ရမည္၊

(ဈ) ဂရန္အသစ္ေလွ်ာက္ထားျခင္းျဖစ္ပါက ေျမကြက္ရ႐ွိေၾကာင္း ေျမေပးမိန္႔ပါ႐ွိရမည္

(ည) အေရာင္းအဝယ္ျပဳလုပ္ထားေသာ ေျမကြက္ျဖစ္ပါက အခြန္တံဆိပ္ေခါင္းကပ္ၿပီးေသာ တရားဝင္မွတ္ပုံတင္ထားသည့္ စာခ်ဳပ္စာတမ္းမိတၱဴ ပါ႐ွိရမည္

(ဋ) ဂရန္၊ အငွားဂရန္၊ စက္မႈေျမငွားဂရန္ႏွင့္ လိုင္စင္ေလွ်ာက္လႊာေပၚတြင္ သတ္မွတ္႐ုံးခြန္ တံဆိပ္ေခါင္း ကပ္ထားပါ႐ွိရမည္၊

(ဌ) ေလွ်ာက္ထားေျမသည္ လယ္ယာစိုက္ပ်ိဳးေျမျဖစ္ပါက လယ္ယာေျမအား အျခားနည္း အသုံးျပဳရန္ခြင့္ျပဳမိန္႔ရ႐ွိထားသည့္ အေထာက္အထားတင္ျပရမည္။ ( လ/န - ၃၉၊ လယ - ၃၀-က၊ လယ- ၃၀- ခ)၊

(ဍ) ေျမငွားဂရန္သက္တမ္းတိုး/ အသစ္ေလွ်ာက္ထားျခင္းျဖစ္ပါက မူရင္းေျမငွားဂရန္ စာခ်ဳပ္ ပူးတြဲပါ႐ွိရမည္။

(ၓ) ေျမငွားဂရန္ အမည္ေျပာင္းေလွ်ာက္ထားျခင္းျဖစ္ပါက မူရင္းေျမငွားဂရန္ စာခ်ဳပ္ပါ ႐ွိရမည့္အျပင္ မူလပိုင္႐ွင္ထံမွ ေလွ်ာက္ထားသူသို႔ ေျမလႊဲေျပာင္းေပးခဲ့သည့္ တရားဝင္အေထာက္အထား စာခ်ဳပ္စာတမ္းပါ႐ွိရမည္။ (အေရာင္းအဝယ္ ျပဳလုပ္ရယူခဲ့ပါက တရားဝင္မွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္ပါ႐ွိရမည္။)

ဌာနက ေဆာင္႐ြက္ေပးရမည့္ လုပ္ငန္းစဥ္မ်ား

၁။ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးသည္ ေလွ်ာက္ထားလာေသာ ေလွ်ာက္လႊာကို သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားျပည့္စုံမႈ ႐ွိ/ မ႐ွိ စိစစ္ၿပီး ျပည့္စုံမႈ႐ွိပါက အမႈတြဲ မွတ္ပုံတင္စာရင္းစာအုပ္တြင္ မွတ္တမ္းတင္ေစရန္ႏွင့္ အမႈတြဲဖြင့္လွစ္မည္ျဖစ္ပါသည္။ အခ်က္အလက္ မ်ား မျပည့္စုံပါက ေလွ်ာက္ထားျခင္းကို ပယ္ႏိုင္ပါသည္။ (ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ား နည္းဥပေဒ - ၁၅)

၂။ အမႈတြဲဖြင့္လွစ္ၿပီးပါက အမႈတြဲတြင္ ပါ႐ွိေသာ ေလွ်ာက္ထားသူတင္ျပသည့္ အခ်က္အလက္မ်ား ျပည့္စုံ မွန္ကန္မႈ ႐ွိ/ မ႐ွိကို စိစစ္တင္ျပရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး( လက္ေထာက္ေကာ္လိေတၱာ္အရာ႐ွိ) ထံ ေပးပို႔ရမည္ျဖစ္ပါသည္။

၃။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးသည္ ေလွ်ာက္ထားေသာေျမႏွင့္ပတ္သက္၍ ေအာက္ေဖာ္ျပပါ အခ်က္ အလက္မ်ားကို စိစစ္တင္ျပရန္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနသို႔ အမႈတြဲ ေပးပို႔ရမည္ -

(က) ေလွ်ာက္ထားေျမရာဇဝင္ ၊ ( ၁- က စာရင္းအရ)

(ခ) ေလွ်ာက္ထားေျမသည္ ႏိုင္ငံေတာ္အစိုးရက ခ်ထားပိုင္ခြင့္ ႐ွိေသာ ေျမဟုတ္/မဟုတ္ ၊

(ဂ) ေလွ်ာက္ထားေျမကို ႏိုင္ငံေတာ္အစိုးရက အသုံးျပဳရန္ သတ္မွတ္လ်ာထားျခင္း ႐ွိ/ မ႐ွိ၊

(ဃ) ေလွ်ာက္ထားေသာေျမ၏ နယ္နိမိတ္သတ္မွတ္တိုင္းတာထားျခင္း ႐ွိ/ မ႐ွိ၊

(င) ေလွ်ာက္ထားေျမေပၚတြင္ က်ဴးေက်ာ္ေနထိုင္သူမ်ား ႐ွိ / မ႐ွိ၊

(စ) ေလွ်ာက္ထားေျမကို ဂရန္၊ အငွားဂရန္၊ လိုင္စင္စသည္မ်ား ထုတ္ေပးခဲ့ျခင္း ႐ွိ / မ႐ွိ၊ အကယ္၍ ႐ွိခဲ့လွ်င္ အမႈတြဲနံပါတ္ႏွင့္ ခုႏွစ္တို႔ကို ေဖာ္ျပရန္ျဖစ္ပါသည္၊

(ဆ) ေလွ်ာက္ထားေျမကို ေလွ်ာက္ထားသူအျပင္ အျခားသူမ်ားက ေျမပုံကူးယူျခင္း၊ ေလွ်ာက္ ထားျခင္းမ်ား ႐ွိ / မ႐ွိ၊

(ဇ) ေလွ်ာက္ထားေျမေပၚတြင္ အေဆာက္အအုံမ်ား ေဆာက္လုပ္ထားျခင္း ႐ွိ/ မ႐ွိ၊

(ဈ) ေလွ်ာက္ထားေျမႏွင့္ အလားတူေျမေပၚတြင္ ေျမငွားခ၏ ၅ % က်သင့္ေငြကို ေဖာ္ျပရန္၊

(ည) ေလွ်ာက္ထားေျမႏွင့္ အလားတူေျမေပၚတြင္ ေရာင္းေဈး၏ ၆ % က်သင့္ေငြကို ေဖာ္ျပရန္ ျဖစ္ပါသည္။ (စက္မႈေျမငွားဂရန္အတြက္ ေရာင္းေဈး၏ ၁၂ % က်သင့္ေငြကိုေဖာ္ျပရန္)

(ဋ) ေလွ်ာက္ထားေျမအတြက္ စည္းၾကပ္ရန္ ေျမငွားခသင့္ေငြကို တြက္ခ်က္ေဖာ္ျပေပးရန္ ျဖစ္ပါသည္။

၄။ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ အထက္အပိုဒ္ပါအခ်က္မ်ားအေပၚ စိစစ္ ျပန္ၾကားလာသည့္ ေျမရာဇဝင္အရ ႏိုင္ငံေတာ္အစိုးရက ခ်ထားေပးပိုင္ခြင့္႐ွိေသာေျမျဖစ္လွ်င္ ဂရန္၊ လိုင္စင္ခ်ထားေပးျခင္းကို ကန္႔ကြက္ရန္ ႐ွိ / မ႐ွိ၊ ကန္႔ကြက္လိုသူက (၁၅)ရက္အတြင္း ကန္႔ကြက္ႏိုင္ ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေၾကာ္ျငာရပါမည္။

၅။ သတ္မွတ္ရက္အတြင္း ကန္႔ကြက္လႊာမ်ားရ႐ွိပါက စုံစမ္းစစ္ေဆးၿပီး ကန္႔ကြက္သည့္ အေၾကာင္း ျပခ်က္ ခိုင္လုံလွ်င္ ေလွ်ာက္ထားခ်က္ကို ပယ္ခြင့္႐ွိသည္။ ကန္႔ကြက္ခ်က္သည္ ခိုင္လုံမႈမ႐ွိလွ်င္ ေသာ္ လည္းေကာင္း၊ သတ္မွတ္ရက္ကုန္ဆုံးလွ်င္ေသာ္လည္းေကာင္း ေျမငွားဂရန္ ထုတ္ေပးခြင့္ျပဳႏိုင္ေရး အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးသည္ ယင္းေျမေနရာကို သက္ဆိုင္ရာေျမတိုင္းစာေရးႏွင့္အတူ ကိုယ္တိုင္ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၿပီး ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ျပန္လည္ေပးပို႔ရမည္။

၆။ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးသည္ ဂရန္ေလွ်ာက္ထားေျမ (၁) ဧက ေအာက္ျဖစ္ပါက အမႈတြဲကို စိစစ္၍ ေျမငွားဂရန္ ထုတ္ေပးႏိုင္ပါသည္။ (အထက္ျမန္မာျပည္ေျမႏွင့္အခြန္နည္းဥပေဒ- ၅၁(ခ)ႏွင့္ ေအာက္ ျမန္မာျပည္ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ား နည္းဥပေဒ- ၉)

၇။ ေလွ်ာက္ထားေျမသည္ ေျမဧရိယာ(၁) ဧကအထက္မွ (၅) ဧကအထိျဖစ္ပါက တိုင္းေဒသႀကီး/ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးထံ အမႈတြဲတင္ျပ၍ တိုင္းေဒသႀကီး/ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး၏ ခြင့္ျပဳခ်က္ျဖင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ( ေကာ္လိေတၱာ္အရာ႐ွိ) မွ ေျမငွားဂရန္ ထုတ္ေပးႏိုင္ပါသည္။

၈။ ေျမဧရိယာ (၅) ဧက အထက္ေလွ်ာက္ထားလာပါက တိုင္းေဒသႀကီး/ ျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနသည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ဆက္လက္တင္ျပ၍ ၫႊန္ၾကား ေရးမႉးခ်ဳပ္မွတစ္ဆင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနသို႔ တင္ျပ၍ ခြင့္ျပဳခ်က္ရယူရပါမည္။

၉။ ျပည္ေထာင္စုဝန္ႀကီး၏ ခြင့္ျပဳခ်က္ရ႐ွိပါက အထက္ျမန္မာႏိုင္ငံေျမႏွင့္ အခြန္နည္းဥပေဒ - ၅၁၊ခ(ဂ)အရ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားနည္းဥပေဒ - ၉(ဂ) အရ ႏွစ္႐ွည္ေျမငွားဂရန္ ေပးရန္ သက္ဆိုင္ရာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး(ေကာ္လိေတၱာ္အရာ႐ွိ)အား လုပ္ပိုင္ခြင့္အပ္ႏွင္းရန္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service