ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ၏နေအိမ် ဖောက်ထွင်းခိုးယူခံရ

ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ၏နေအိမ် ဖောက်ထွင်းခိုးယူခံရ - Property News in Myanmar from iMyanmarHouse.com
7 Feb 2022 11:19 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရီးယဲမက်ဒရစ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာသည် အယ်လ်ချီအသင်းနှင့် ၂-၂ သရေကျသော ကစားပွဲစဉ်ကို ကစားနေစဉ် သူ၏ နေအိမ်၌ ဖောက်ထွင်းခိုးယူခံခဲ့ရမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။

အဆိုပါ အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေမှုနှင့် နီးကပ်သော သတင်းရင်းမြစ်များက EFE သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ည ၇ နာရီကြားဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုသည်။

နေအိမ်ဖောက်ထွင်းခံရချိန်တွင် ဘန်ဇီမာသည် ဘာနေဗြူးကွင်းတွင် ဘောလုံးကစားနေချိန် ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဘန်ဇီမာသည် ရီးရဲအတွက်ရရှိသော ပင်နယ်တီကို လွဲချော်သွားခဲ့ရာ အသင်းအတွက် ပထမဆုံး ပင်နယ်တီလွဲချော်မှုလည်း ဖြစ်သည်။

ပင်နယ်တီလွဲချော်ပြီးနောက် ၅၈ မိနစ်တွင် ထိခိုက်ဒဏ်ရာရကာ လူစားလဲခဲ့ရသည်။

အယ်လ်ချီမှ လူးကပ်စ် ဘိုယီနှင့် ပီရီ မီလာတို့၏ သွင်းဂိုးများဖြင့် ၂-၀ ဖြင့် ရီးရဲ ရှုံးနိမ့်နေရာမှ ပြန်လည် တိုက်ပွဲဝင်ခဲ့ရခြင်းလည်းဖြစ်ပြီး လူကာ မိုဒရစ်၏ ပင်နယ်တီနှင့် ၉၂ မိနစ်တွင် အက်ဒါ မီလီတာအိုတို့၏ သွင်းဂိုးများဖြင့် သရေ ရလဒ်ကို ပြန်ဆယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဘင်ဇီမာ၏ နေအိမ်ဖောက်ထွင်းခံရမှုမှာ ယခုတစ်ကြိမ်တည်း မဟုတ်ချေ။

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းကလည်း ဘာစီလိုနာနှင့် ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမပိုင်း ကစားနေစဉ် နေအိမ်အဖောက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

မက်ဒရစ်မြို့တွင် မကြာသေးမီနှစ်များအတွင်း ဘောလုံးကြယ်ပွင့်တို့၏ နေအိမ်ခိုးယူခံရမှုများ ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တိုင်းတွင် သက်ဆိုင်ရာ ကစားသမားများ ပွဲကစားနေစဉ် ခိုးယူခံရမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရီးရဲမက်ဒရစ် အသင်းဖော်များဖြစ်သော ကာစီမီရို၊ အစ္စကိုနှင့် လူးကပ် ဗက်ဇ်ကွက်ဇ်တို့၏ နေအိမ်များလည်း ဖောက်ထွင်းခံခဲ့ရပြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ဇနီးနှင့် သမီးတို့ နေအိမ်အတွင်းရှိနေစဉ် ကာစီမီရို၏ နေအိမ်ဖောက်ထွင်း ခံခဲ့ရသည်။

နောက် ၂ ရက်အကြာတွင် အက်သလက်တီကို မက်ဒရစ်အသင်း၏ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေး၏ နေအိမ်ဖောက်ထွင်းခံခဲ့ရပြန်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Real Madrid forward Karim Benzema's home robbed, police investigate (espn)

[Zawgyi]

ရီးရဲမက္ဒရစ္ တိုက္စစ္မွဴး ဘန္ဇီမာ၏ေနအိမ္ ေဖာက္ထြင္းခိုးယူခံရ

ရီးယဲမက္ဒရစ္အသင္း၏ ေရွ႕တန္းတိုက္စစ္မွဴး ကာရင္မ္ ဘန္ဇီမာသည္ အယ္လ္ခ်ီအသင္းႏွင့္ ၂-၂ သေရက်ေသာ ကစားပြဲစဥ္ကို ကစားေနစဥ္ သူ၏ ေနအိမ္၌ ေဖာက္ထြင္းခိုးယူခံခဲ့ရမႈကို ရဲတပ္ဖြဲ႔က စံုစမ္းလ်က္ ရွိသည္။

အဆိုပါ အခင္းျဖစ္စဥ္ကို စံုစမ္းစစ္ေဆးေနမႈႏွင့္ နီးကပ္ေသာ သတင္းရင္းျမစ္မ်ားက EFE သတင္းဌာနသုိ႔ အတည္ျပဳေျပာၾကားခဲ့သည္မွာ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီမွ ည ၇ နာရီၾကားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အတည္ျပဳသည္။

ေနအိမ္ေဖာက္ထြင္းခံရခ်ိန္တြင္ ဘန္ဇီမာသည္ ဘာေနျဗဴးကြင္းတြင္ ေဘာလံုးကစားေနခ်ိန္ ျဖစ္သည္။

အဆိုပါ ပြဲစဥ္တြင္ ဘန္ဇီမာသည္ ရီးရဲအတြက္ရရွိေသာ ပင္နယ္တီကို လြဲေခ်ာ္သြားခဲ့ရာ အသင္းအတြက္ ပထမဆံုး ပင္နယ္တီလြဲေခ်ာ္မႈလည္း ျဖစ္သည္။

ပင္နယ္တီလြဲေခ်ာ္ျပီးေနာက္ ၅၈ မိနစ္တြင္ ထိခိုက္ဒဏ္ရာရကာ လူစားလဲခဲ့ရသည္။

အယ္လ္ခ်ီမွ လူးကပ္စ္ ဘိုယီႏွင့္ ပီရီ မီလာတို႔၏ သြင္းဂိုးမ်ားျဖင့္ ၂-၀ ျဖင့္ ရီးရဲ ရံႈးနိမ့္ေနရာမွ ျပန္လည္ တိုက္ပြဲဝင္ခဲ့ရျခင္းလည္းျဖစ္ျပီး လူကာ မိုဒရစ္၏ ပင္နယ္တီႏွင့္ ၉၂ မိနစ္တြင္ အက္ဒါ မီလီတာအိုတို႔၏ သြင္းဂိုးမ်ားျဖင့္ သေရ ရလဒ္ကို ျပန္ဆယ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ဘင္ဇီမာ၏ ေနအိမ္ေဖာက္ထြင္းခံရမႈမွာ ယခုတစ္ၾကိမ္တည္း မဟုတ္ေခ်။

၂၀၁၉ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလအတြင္းကလည္း ဘာစီလိုနာႏွင့္ ကိုပါဒယ္ေရးဖလား ဆီမီးဖိုင္နယ္ ပထမပိုင္း ကစားေနစဥ္ ေနအိမ္အေဖာက္ခံရမႈ ျဖစ္ပြားခဲ့ေသးသည္။

မက္ဒရစ္ျမိဳ႕တြင္ မၾကာေသးမီႏွစ္မ်ားအတြင္း ေဘာလံုးၾကယ္ပြင့္တို႔၏ ေနအိမ္ခိုးယူခံရမႈမ်ား ျဖစ္ပြားခဲ့ရာ ျဖစ္စဥ္တိုင္းတြင္ သက္ဆိုင္ရာ ကစားသမားမ်ား ပြဲကစားေနစဥ္ ခိုးယူခံရမႈမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ရီးရဲမက္ဒရစ္ အသင္းေဖာ္မ်ားျဖစ္ေသာ ကာစီမီရို၊ အစၥကိုႏွင့္ လူးကပ္ ဗက္ဇ္ကြက္ဇ္တို႔၏ ေနအိမ္မ်ားလည္း ေဖာက္ထြင္းခံခဲ့ရျပီး ျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလအတြင္း ဇနီးႏွင့္ သမီးတို႔ ေနအိမ္အတြင္းရွိေနစဥ္ ကာစီမီရို၏ ေနအိမ္ေဖာက္ထြင္း ခံခဲ့ရသည္။ ေနာက္ ၂ ရက္အၾကာတြင္ အက္သလက္တီကို မက္ဒရစ္အသင္း၏ ကြင္းလယ္ကစားသမား ေသာမတ္စ္ ပါေတး၏ ေနအိမ္ေဖာက္ထြင္းခံခဲ့ရျပန္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Real Madrid forward Karim Benzema's home robbed, police investigate (espn)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...
[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...
ဇနီးဖြစ်သူ၏အလောင်းနှင့်အတူ နေထိုင်နေသော ထပ်ဆင့်အော်စကာဆုရှင် Gene Hackman ကို နယူးမက္ကဆီကိုပြည်နယ်ရှိ ဒေါ်လာ ၄ သန်းတန် နေအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ၊ အာဏာပိုင်တို့က ၎င်းတို့ဇနီးမောင်နှံ သေဆုံး...

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က...

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service