အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

အိမ်အသစ်ဆောက်လျင် ...ပတ်လည်မြေပိုကို ဥပဒေအရ မည်မျှချန်ထားပေးရပါသလဲ... ဥပမာ - ဘေးကပ်ရက်အိမ်များ၏ ခြံစည်းရိုးနှင့် ၃ပေ သို့မဟုတ် ၄ပေ ထိုသို့တိုင်းရာတွင် ဘေးအိမ်ခြံစည်းရိုးမှ အိမ်မကြီး(သို့မဟုတ်) ခြံစည်းရိုးမှ တံစက်မိတ် အစရှိသည်ကို သိလိုပါသည်။

မေးသူ - Ko Naing

[Unicode] အိမ်ဆောက်လျှင် တစ်ဖက်လျှင် ၃ပေချန်ရမည်ဖြစ်ပြီး အထပ်မြင့်အဆောက်အဦးဆောက်လုပ်ပါက တစ်ဖက်လျှင် ၆ပေခန့်ချန်ရပါမည်။မြေတိုင်းတာရာတွင် ဘေးကပ်ရက် ခြံစည်းရိုးမှ အခြားဘေးတစ်ဖက်ခြံ၏ ခြံစည်းရိုးနယ်နမိတ်အထိ...

ကျွန်တော့်အိမ်က (20x60) ဂရန်အမည်ပေါက်အိမ်ပါဆရာ။ ဝယ်တုန်းကကျွန်တော့်အမည်နဲ့ဝယ်ထားတာပါ။လင်မယားလက်ထက်ပွားပါ ဆရာ။မိန်းမကဂရန်ပေါင်လိုက်ပြီးအတိုးပေါ်အတိုးဆင့်နဲ့ဆုံးရှုံးမဲ့အခြေအနေဖြစ်နေပါတယ်ဆရာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလင်မယားစကားများပြီးအရောင်းအဝယ်/စရန်ပေးစာချုပ်အလွတ်တွေမှာလက်မှတ်ထိုးပေးဘူးတယ်ဆရာ။အဲဒီစာချုပ်တွေအသုံးချပြီးရောင်းသွားတယ် ဆရာ။ကျွန်တော့်အနေနဲ့ဥပဒေအရ ဘာဆက်လုပ်ရမလဲအကြံပေးပါ ဆရာ။

မေးသူ - Ko Kyaw Zin

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူ မှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာ တွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

ကျေးဇူးပြု၍ အကြံပေးပါအုံး ဆရာ။ လင်မယားလက်ထက်ပွားအိမ်ကို မယားကအပေါင်ထား ရောင်းချလို့ရပါသလား၊ ဥပဒေအရဘယ်လုပ်လို့ရမလဲ။

မေးသူ - Ko Myat Thu

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူမှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာတွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

Home loan လျှောက်ရန်အတွက် အိုးအိမ်မြေ နှင့် စည်ပင်မြေဆိုတာ ဘယ်လိုမြေအမျိုးအစားဆိုတာ သိချင်ပါတယ်ခင်ဗျာ။

မေးသူ - Nay Thu Aung

[Unicode] အိုးအိမ်မြေ၊ စည်ပင်မြေအမျိုးအစားဟူ၍ သီးသန့်မရှိပါ။Home Loan လျှောက်ရာတွင် တိုက်ခန်းဖြစ်ပါက အိုးအိမ်ဦးစီးမှ စီမံခွင့်ရှိသောမြေနှင့် စည်ပင်သာယာရေးကော်မတီမှ စီမံခွင့်ရှိသောမြေပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခန်းများသာ ဖြစ်ပါသည်။ မြေကွက်ကို Home Loan...

ဘိုးဘွားပိုင်မြေကို အရပ်စာချုပ်ဖြင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဝယ်ရန်သင့်/မသင့် သိလိုပါတယ်။ ဝယ်ခဲ့မယ်ဆိုလျှင် ဘယ်လိုစာရွက်စာတမ်းတွေတောင်းဆိုပြီး စာချုပ်မည်သို့ချုပ်ဆိုရမည်ကို သိလိုပါတယ်ရှင်။

မေးသူ - Phyu Phyu Htun

[Unicode] အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေတွင်လည်း ဘိုးဘွား ပိုင်မြေနှင့် ပက်သက်၍ ယခင် ဘိုးဘွားမိဘလက်ထက် အဆင့်ဆင့် ဓားမ ဦးချ ပိုင်လာရာမှ အမွေဆက်ခံရရှိသည့် မြေအမျိုးအစား ဖြစ်သည်။ ဘိုးဘွားပိုင်မြေကို ပိုင် ဆိုင်သူသည် ရောင်းချခြင်း၊...