အခုဝယ် အခုဝင်ငွေရမယ့် ဈေးတန်ပြီး အသင့်နေ ခြံကျယ်ကျယ်နဲ့အိမ်ပါအပြီးအစီး အိမ်နဲ့ခြံလေးအရောင်းတင်ပါရစေ။
ရွာမြေ၊ ရှုခင်းကောင်း၊ လေကောင်းလေသန့်ရ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့အမြန်လမ်းမကြား (လမ်းနှစ်လမ်းစလုံးကိုခြံရှေ့ကနေလှမ်းမြင်နေရလို့.. Feeling so fresh :) ) လမ်းဟောင်းမှ 7 မိနစ်ခန့်ဝင်ရပါတယ်။
EGC (Eco Green City) Project ရှိရာသို့ ၅ မိနစ်။ ခြံရှေ့မှာ ဆည်မြောင်းလက်တက်ကြီးရှိပြီး ရှုခင်းအတော်ကောင်းပါတယ်။ Project ပြန်လည်စတင်လာတဲ့အချိန်မှာ ဒီခြံမှာ လူငှားပဲထားထား၊ အဆောင်ပဲဆောက်ငှားငှား၊ ဂိုထောင်ပဲဆောက်ငှားငှား... အလုပ်လုပ်လို့ရတဲ့နေရာတစ်နေရာလည်းဖြစ်ပါတယ်။ တစ်ဘက်မှာလည်း စိတ္တသုခသာသနာ့ရိပ်သာ(တရားစခန်း)ကြီးရှိပြီး စိတ်ငြိမ်အေးချမ်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ခြံအကျယ် မျက်နှာဖွင့် ပေ ၇၀ x နောက်ကို ပေ ၆၀ (70' x 60')။ အရှေ့ဘက်မျက်နှာမူပါတယ်။ အိမ်က တစ်ဘက်ကိုကပ်ဆောက်ထားတာကြောင့် ကျန် ပေ ၃၅x၆၀ ကို အပင်လေးတွေပဲစိုက်စိုက်၊ မွေးမြူရေးပဲလုပ်လုပ်၊ နောက်ဆုံး... ပြန်ပဲ ခွဲရောင်းရောင်း အဆင်ပြေပါတယ်။
👉 ပေ ၇၀ x ၆၀
👉 သစ်သားအိမ်အပါ၊ ရေ/မီးအပြည့်စုံ
👉 ရွာမြေ (အရှုပ်အရှင်းလုံးဝကင်း)၊ မူရင်းပိုင်ရှင်က ခြံချင်းကပ်လျက်မှာနေပါတယ်။
(မူရင်းပိုင်ရှင်မှခွဲခြမ်းဝယ်ယူထားသောစာချုပ်သာရှိပါတယ်)
လှည်းကူးမြို့မှကြိုဆိုပါ၏ (Denko ဆီဆိုင်ရှေ့က) ရွာအဝင်ကွန်ကရစ်လမ်းလေးက စပြီးကြည့်လိုက်ပါနော်.. :)
ကျန်းမာပျော်ရွှင်ကြပါစေ
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး