ကန့်ကွက်ချက်ရှိသော်ငြား ဝယ်ထားရင် မမှားနိုင်တဲ့ မြေကွက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1991 Views

ကန့်ကွက်ချက်ရှိသော်ငြား ဝယ်ထားရင် မမှားနိုင်တဲ့ မြေကွက်များ

Knowledge | Posted by Hnin Ei Khin

အိမ်ခြံမြေလောကမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက တစ်နေရာနဲ့ တစ်နေရာ မတူပါ ။လူတွေရဲ့ အခြအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့သဘောကို တွေ့ရတတ်ပါတယ် ။လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပါပဲ ။သဘောထားပြည့်ဝသူတွေကို တွေ့ရသလို ကပ်သီးကပ်ဖဲ့လုပ်တတ်သူတွေကိုလည်း ကြုံရတာပဲ ။ကိစ္စသေးသေးလေးကိုချဲ့ကားပြီးပုံကြီးချဲ့ချင်တဲ့သူတွေကိုလည်းတွေ့ရပြန်တယ် ။

အချို့ကျပြန်တော့ မိမိရဲ့ အိမ် /ခြံ /မြေ /တိုက်ခန်းရောင်သူ ဖြစ်ပေမယ့် တစ်ဖက်ဝယ်သူကို အထင်အမြင်သေးပြီးဆက်ဆံတာတွေလည်း ရှိပြန်တယ် ။ငါတို့ အပိုင် ဒီလိုတန်ဖိုးကြီးတဲ့ မြေနဲ့အိမ်ကို ဝယ်နိုင်တဲ့အဆင့်ရှိလို့လားဆိုတဲ့ မာန်မာနမျိုးထားတတ်ကြပြန်တယ် ။အချို့သူတွေကျတော့လည်း ငါသာသိ ၊ ငါသာတတ် ဆရာကြီးလုပ်ပြီး အပေါ်စီးက ဆက်ဆံတာကိုလည်း ခံရဖူးတယ် ။ရှေ့နေတစ်ယောက်လုံး ခေါ်လာပေမယ့် “ ဒီရှေ့နေက ငါတို့လောက် အိမ်ခြံမြေတိုက်ခန်းနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းကို ကြည့်တတ်လို့လား ၊ အမှုလိုက်တဲ့ရှေ့နေဆိုရင် ငါတို့လောက် နားမလည်ပါဘူး ” ဆိုတဲ့ လေသံမျိုးနဲ့ အထင်သေးစကားနဲ့ သွေးတိုးစမ်းတတ်ကြတာကိုလည်း တွေ့ဖူးပါတယ် ။အို … စုံလို့ပါပဲ ။

အမည်ခံ ၊ အမည်ငှါး ၊ သတိထားဝယ်ပါ

မကြာခင်က လှိုင်သာယာမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကျပြန်တော့ အခုပြောခဲ့သလို မဟုတ်ပြန်ဘူး ။ တစ်မျိုးထူးနေပြန်တယ် ။ရောင်းသူဝယ်သူ နှစ်ဖက်အဆင်ပြေတယ်ဗျာ ။ ဈေးလည်းညှိနှိုင်းပြီးသားပြောစရာမလိုတော့ဘူး ။ရှေ့နေခေါ်လာပြီးမြေကွက်အရောင်းအဝယ် စာချုပ်ချုပ်ရုံပဲ ရှိတော့တယ် ။

တကယ်လည်း စာချုပ်မယ်လုပ်တဲ့အခါမှာ ကန့်ကွက်သူ ပေါ်ပေါက်လာပါတယ် ။ကန့်ကွက်သူက မြေကွက်ပိုင်ရှင်လားဆိုတော့ မဟုတ်ပြန်ဘူး ။ဒါဆိုရင် ခင်ဗျားက ဘယ်လိုသက်ဆိုင်လို့လဲလို့ မေးကြည့်တဲ့အခါ သူက ပါမစ်အမည်ပေါက်သူရဲ့ သားအရင်းဖြစ်တယ်လို့ ဆိုပါတယ် ။ “ ခင်ဗျားကသာ အရင်းဖြစ်ပေမယ့် အဖေနာမည်နဲ့ မြေချပါမစ်ရထားတာကို ဘာအထောက်အထားနဲ့ ကန့်ကွက်ချင်တာလဲ မေးတော့ ဒီမြေကွက်အား ကျွန်တော့်နာမည်နဲ့ ပထမဆုံး စလစ်ချထားပေးထားတာပါ ။ကျွန်တော်နိုင်ငံခြားသွားပြီး အလုပ်လုပ်နေစဉ်မှာ အဖေက သူ့နာမည်ပေါက် ပါမစ်လျှောက်ပြီး အခုလက်ရှိ ကိုမောင်မောင်ကို ရောင်းခဲ့လို့ ကျွန်တော်က မကျေနပ်လို့ ကန့်ကွက်တာပါပဲ ”

“ ဒါနဲ့ နေပါဦး ။ ဒီမြေကွက်ကို ခင်ဗျားအဖေက ဦးမောင်မောင်ကို ရောင်းစဉ်ကတော့ မကန့်ကွက်ခဲ့ဘူးလား ” “ အဲဒီတုန်းက မကျေနပ်ပေမယ့် အဖေကိုကြောက်လို့ မကန့်ကွက်ခဲ့ဘူး ။ဒီလိုဆိုရင် အဖေနာမည်နဲ့ ပါမစ်ကြီးထွက်နေတာကို ပယ်ဖျက်ပေးဖို့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှာကော လျှောက်ထားဖူးသလား ” “ဟင့်အင်း မလျှောက်ဖူးပါဘူး ” “ နောက်ဆုံးအချက် သိချင်တာကတော့ ခင်ဗျားနာမည်နဲ့ စလစ်ရဖို့ ဆောင်ရွက်စဉ်တုန်းက ခင်ဗျားကိုယ်တိုင် ဆောင်ရွက်ခဲ့သလား ” “ဟင့်အင်း မဆောင်ရွက်ခဲ့ဘူး ။ အဖေ ကိုယ်တိုင်သားသမီးတွေနာမည်နဲ့ စလစ်ရအောင် ဆောင်ရွက်ခဲ့တာပါ ။ကောင်းပြီလေ ။ဒါဆိုရင် စလစ်ကတစ်ဆင့် ပါမစ်လျှောက်တဲ့အခါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာန (ယခုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ) မှာ မြေကွက်တန်ဖိုး ကျပ်တစ်သောင်းနှစ်ထောင် (၁၂၀၀၀ိ/ - ) ပေးသွင်းခဲ့တာ ဘယ်သူလဲ ။ အဲဒီမြေကွက်ဖိုး ပိုက်ဆံက ဘယ်သူ့ငွေလဲ ”  အဖေကိုယ်တိုင် သူ့ပိုက်ဆံနဲ့ ငွေသွားသွင်းတာပါ ”

“ ဟုတ်လား။ ဒါဆိုရင် ခင်ဗျားလာပြီး ကန့်ကွက်လို့မရဘူး ” ။“ ဟင်ဘာဖြစ်လို့လဲ ” “ ခင်ဗျားကို ခင်ဗျားအဖေက နာမည်ငှါးတာပဲ ။ဒါကြောင့် ခင်ဗျားဟာ ပိုင်ရှင်အစစ် မဟုတ်ဘူး ။ အမည်ခံသာဖြစ်တယ် ။ ခင်ဗျားပိုက်ဆံလည်း တစ်ပြားမှ မပါဘူး ။စလစ်က တစ်ဆင့် အဖေနာမည်နဲ့ ပါမစ်အမည်ဖောက်တာလည်း အဖေ့ပိုက်ဆံပဲ ဖြစ်တယ် ။ တကယ်တော့ အဖေ ဝယ်ထားတဲ့အဖေ့မြေပဲ ။အဖေသာပိုင်တယ် ။ အဖေပိုင် မြေကွက်ကို အဖေအသက် ထင်ရှားရှိစဉ်က ရောင်းချခြင်းဖြစ်လို့ ကိုမောင်မောင်ဆိုသူက ဝယ်ပြီးနေထိုင်လာတာ အခုဆိုရင် ၁၀ နှစ်တောင်ရှိပြီး ။အခု ကိုမောင်မောင်က နောက်တစ်ဦးကို ပြန်ရောင်းချခွင့်ရှိတယ်။

တကယ်တော့ ဒီလို မြေကိစ္စ ၊ အမွေကိစ္စဟာ မိဘအသက်ထင်ရှားရှိစဉ်က မိဘနဲ့သားသမီး အကျေအလည် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ် ။မိမိလည်း မပိုင် ၊ မိမိလည်း မဆိုင်တော့ဘဲ မြေကွက်ကို အခြားသူတစ်ဦးကို ပိုင်ဆိုင်နေထိုင်ပြီးမှ မနေချင်လို့ ပြန်ရောင်းတဲ့အချိန်မှာ ကန့်ကွက်ရင်လည်း အပိုပါဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ပြီး တိုင်စာပို့ထားတာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ သွားရောက်ကန့်ကွက်ထားတာကို ယာယီလုပ်နိုင်ပေမယ့် တကယ်လို့ နောက်ဆုံးဝယ်သူက မိမိအမည်ပေါက် အနှစ် ၆၀ ဂရန် လျှောက်ရင် အဲဒီကန့်ကွက်သူကို ခေါ်ယူပြီး နှစ်ဘက်ပိုင်ဆိုင်မှု အထောက်အထားပြဖို့ ခေါ်မယ့် နှစ်ဖက်ညှိနှိုင်းကြတဲ့အခါမှာ ကန့်ကွက်သူဘက်က ဘာမှမတင်ပြနိုင်ရင် ကန့်ကွက်ချက် အလိုလို ရှင်းသွားပါတယ် ။

ဒီလိုမြေကွက်မျိုးဝယ်ရင် ခိုင်မာပါ့မလားလို့ မေးရင် ခိုင်မာပါတယ် ။ဂရန်သစ်လျှောက်လို့ရပါတယ် ။ ကန့်ကွက်ချက်ရှိလို့ စိတ်ညစ်ပေမယ့် ကန့်ကွက်ချက်ရှင်းသွားရင် နေရာက အကွက်အကွင်းကျတယ် ။ ဈေးလည်းသက်သာတယ်ဆိုရင် ဝယ်သာဝယ်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ် ။

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service