အိမ် ခြံ မြေ ရာဖြတ်နှုန်းထားသည် ယနေ့ခေတ်ကာလနှင့်ကိုက်ညီမှုမရှိ

အိမ် ခြံ မြေ ရာဖြတ်နှုန်းထားသည် ယနေ့ခေတ်ကာလနှင့်ကိုက်ညီမှုမရှိ - Property News in Myanmar from iMyanmarHouse.com
25 May 2017 9:53 am တွင် တင်ခဲ့သည်
2027 ကြိမ် ကြည့်ရှု့ပြီး
မြို့နယ်များ၏ နေရာဒေသအလိုက် အစိုးရမှသတ်မှတ်ပေးထားသော တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက် ရာဖြတ်တန်ဖိုးများသည် ယနေ့ကာလနှင့်ကိုက်ညီမှုမရှိတော့ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များမှ ထောက်ပြပြောဆိုသည်။

လက်ရှိဆက်လက်အသုံးပြုနေသော တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်များမှာ ၂၀၁၄ ခုနှစ်က သတ်မှတ်ခဲ့သောနှုန်းထားများဖြစ်သည်။ယနေ့ကာလတွင် အိမ် ခြံ မြေ ဈေးကွက်အနေအထားအရ တန်ဖိုးများမှာ ယခင်ထက်ကျဆင်းလာကြောင်း ၊ ထို့ကြောင့် ရာဖြတ်တန်ဖိုးမှာ ကျသင့်သည်ထက်ပို၍များလာသဖြင့် အခွန်ရှောင်ခြင်းများဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟို မှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

""ပြောရရင် ၂၀၁၄ လောက်က သိန်း ၄၀၀ လောက်ပေးဝယ်ရတဲ့၊ သိန်း ၄၀၀ လောက်တန်တဲ့မြေကွက်ကို အခု သိန်း ၂၅၀ လောက်နဲ့ပြန်ရောင်းထုတ်ဖို့တော်တော်ခက်သွားပြီ။ဒီတော့ ပြန်တွေးရရင် ဈေးက ထက်ဝက်နီးပါးကျသွားတယ်ပေါ့။ဒါပေမယ့် ဒီနေရာမှာ တစ်ပေပတ်လည်စံနှုန်းက သူတို့သတ်မှတ်ထားတာမကျဘူး။ဒီတော့ သိန်း ၂၅၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်တဲ့မြေကွက်ကို ဘယ်သူမှ ရာဖြတ်တန်ဖိုးကြောင့် သိန်း ၄၀၀ လောက်နဲ့တွက်ပြီးအခွန်မဆောင်ချင်ဘူး။ဒီတော့ဘာလုပ်မလဲဆိုရင် အခွန်ရှောင်ကြတော့မှာဘဲလေ။ဒီတော့ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်တွေက ပြန်ပြင်ဆင်ဖို့လိုနေပြီ။""ဟု အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးစန်းအောင်မှ ပြောပြသည်။

လတ်တလောတွင် အခွန်ဦးစီးဌာနအနေဖြင့် အိမ် ခြံ မြေ ဈေးကွက်အရောင်းအဝယ်ပြန်လည်သွက်လက်လာစေရေး အထောက်အကူဖြစ်စေနိုင်ရန် တစ်ပေပတ်လည်စံနှုန်းများကိုလျှော့ချပေးသွားမည်ဟုပြောဆိုထားသည်။

ယင်းကဲ့သို့လျှော့ချပေးရာတွင်လည်း အိမ် ခြံ မြေ အသင်းများနှင့်တွေ့ဆုံဆွေးနွေးပြီးမီသာ မည်မျှလျှော့ချသင့်သည်ကိုဆုံးဖြတ်သွားမည်ဟုပြောကြားထားသည်။
လက်ရှိတွင် ပြည်တွင်းရှိ အိမ် ခြံ မြေ အကျိုးဆောင်အသင်းတစ်ခုဖြစ်
သည့် မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)သို့ သွားရောက်တွေ့ဆုံထားကြောင်း အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service