အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်စံအိမ် တစ်လလျှင် ဒေါ်လာ ၁၉၅၀၀၀ ဖြင့် ငှားမည်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်စံအိမ် တစ်လလျှင် ဒေါ်လာ ၁၉၅၀၀၀ ဖြင့် ငှားမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2023 11:08 am တွင် တင်ခဲ့သည်
552 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ် Palm Beach အရပ်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ စံအိမ်တစ်လုံး အငှားဈေးကွက်ဝင်လာသည်။

ထရမ့်မိသားစုသည် အဆိုပါအိမ်ကို ညီမဖြစ်သူထံမှ ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး ပြန်လည်အငှားချထား မှုများ ပြုလုပ်ခဲ့သည်။

ယခုအငှားချထားမည့် ဈေးနှုန်းမှာ တစ်လလျှင် ကန်ဒေါ်လာ ၁၉၅၀၀၀ (သို့မဟုတ်) တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၃ သန်းဖြစ်သည်။

နေအိမ်တည်နေရာမှာ South Ocean Boulevard လမ်း ၊ အမှတ် ၁၁၂၅ တွင် တည်ရှိပြီး အရှေ့ဘက်တွင် မာရာလာဂိုကလပ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည်။

မာရာလာဂိုကလပ်ကိုလည်း ဒေါ်နယ်ထရမ့်ပင် ပိုင်ဆိုင်ခြင်းဖြစ်ပြီး မကြာခဏ အပန်းဖြေ နေထိုင်လေ့ရှိသည်။

ယခု အငှားဈေးကွက်ဝင်လာသောအိမ်၏ ငှားရမ်းခမှာ ထိုဒေသတွင် ဈေးအများဆုံးအဖြစ် ရပ်တည်နေသည်။

ဒေါ်နယ်ထရမ့်၏ သားများဖြစ်သော ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် အဲရစ်ထရမ့်တို့ ပိုင်ဆိုင်သော ကုမ္ပဏီမှတဆင့် စတုရန်းပေ ၁၀၄၅၅ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်းပါသော စံအိမ်ကို ထရမ့်၏ ညီမဖြစ်သူ အငြိမ်းစား ပြည်ထောင်စု တရားသူကြီး Maryanne Trump Barry ထံမှ ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပင်လယ်ကမ်းခြေ စံအိမ်ကြီးကို ထရမ့်၏ ကုမ္ပဏီက ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုစံအိမ်ကို အငှားဈေးကွက် တင်ပေးသည်မှာ Premier Estate Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Margit Brandt ဖြစ်သည်။

Brandt သည် ယခုစံအိမ်ကို ယခင်ကလည်း အငှားဈေးကွက် တင်ပေးခဲ့ဖူးပြီး ထိုစဉ်က တစ်နှစ်လျှင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် အငှားဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

(Premier Estate Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Margit Brandt )

ဒေါ်နယ်ထရမ့်၏ နောက်ဆုံး ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များတွင် ယခုစံအိမ်မှာ သူပိုင်ဆိုင်သော အိမ်ခြံမြေများ စာရင်းတွင် ပါဝင်နေသည်။

စံအိမ်၏ တန်ကြေး ဒေါ်လာ သန်း ၅၀ အထက်ရှိပြီး တစ်နှစ်လျှင် ငှားရမ်းခ ဒေါ်လာ ၁ သန်းမှ ၅ သန်းကြား ရရှိနေသော အိမ်ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်နေပြီး ပြီးခဲ့သော လကုန်ပိုင်းကမူ ၎င်းအား တရားစွဲထားသော အမှုအတွက် နယူးယောက်မြို့သို့ လာရောက်ခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီက ညစ်ညမ်းဇာတ်ကားများ၏ သရုပ်ဆောင်မိန်းကလေးတစ်ဦးကို နှုတ်ပိတ်ခ ငွေပေးခဲ့မှုဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

အဆိုပါ အမှုအတွက် ထောင်ဒဏ် နှစ်ရာနှင့်ချီကာ ကျခံရနိုင်ကြောင်း ခန့်မှန်းချက်များ ရှိသည်။

ထရမ့်က ယခုအိမ်ကို ကာလရှည် နေထိုင်မည့်လူအား ငှားရမ်းလိုလျက် ရှိသည်။

ယခင်က Palm Beach ကမ်းခြေတွင် အပန်းဖြေမှုများ အလွန်ခေတ်စားခဲ့ချိန်က ယခုစံအိမ်ကို ကာလတို ငှားရမ်းမှုများ ပြုလုပ်ခဲ့သည်။

အများအားဖြင့် အငှားချပေးခဲ့သူများမှာ ထရမ့်မိသားစု၏ မိတ်ဆွေများ၊ မာရာလာဂိုကလပ်မှ အသင်းဝင်များနှင့် ဧည့်သည်များအား ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။

ယခုအိမ်ကို ငှားရမ်းနေထိုင်သူအနေဖြင့် မာရာလာဂိုကလပ်သို့လည်း ဝင်ခွင့်ရမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Donald Trump’s Palm Beach estate is back on the market for rent at $195K a month (therealdeal)

[Zawgyi]

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ ဖေလာ္ရီဒါျပည္နယ္စံအိမ္ တစ္လလွ်င္ ေဒၚလာ ၁၉၅၀၀၀ ျဖင့္ ငွားမည္

အေမရိကန္ျပည္ေထာင္စု ၊ ဖေလာ္ရီဒါျပည္နယ္ Palm Beach အရပ္တြင္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ စံအိမ္တစ္လံုး အငွားေစ်းကြက္ဝင္လာသည္။

ထရမ့္မိသားစုသည္ အဆိုပါအိမ္ကို ညီမျဖစ္သူထံမွ ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျပီး ျပန္လည္အငွားခ်ထား မႈမ်ား ျပဳလုပ္ခဲ့သည္။

ယခုအငွားခ်ထားမည့္ ေစ်းႏႈန္းမွာ တစ္လလွ်င္ ကန္ေဒၚလာ ၁၉၅၀၀၀ (သို႔မဟုတ္) တစ္ႏွစ္လွ်င္ ေဒၚလာ ၂ ဒသမ ၃ သန္းျဖစ္သည္။

ေနအိမ္တည္ေနရာမွာ South Ocean Boulevard လမ္း ၊ အမွတ္ ၁၁၂၅ တြင္ တည္ရွိျပီး အေရွ႕ဘက္တြင္ မာရာလာဂိုကလပ္ႏွင့္ နယ္နမိတ္ခ်င္း ထိစပ္ေနသည္။

မာရာလာဂိုကလပ္ကိုလည္း ေဒၚနယ္ထရမ့္ပင္ ပိုင္ဆိုင္ျခင္းျဖစ္ျပီး မၾကာခဏ အပန္းေျဖ ေနထိုင္ေလ့ရွိသည္။

ယခု အငွားေစ်းကြက္ဝင္လာေသာအိမ္၏ ငွားရမ္းခမွာ ထိုေဒသတြင္ ေစ်းအမ်ားဆံုးအျဖစ္ ရပ္တည္ေနသည္။

ေဒၚနယ္ထရမ့္၏ သားမ်ားျဖစ္ေသာ ေဒၚနယ္ထရမ့္ဂ်ဴနီယာႏွင့္ အဲရစ္ထရမ့္တို႔ ပိုင္ဆိုင္ေသာ ကုမၸဏီမွတဆင့္ စတုရန္းေပ ၁၀၄၅၅ က်ယ္ဝန္းျပီး အိပ္ခန္း ၈ ခန္းပါေသာ စံအိမ္ကို ထရမ့္၏ ညီမျဖစ္သူ အျငိမ္းစား ျပည္ေထာင္စု တရားသူၾကီး Maryanne Trump Barry ထံမွ ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ပင္လယ္ကမ္းေျခ စံအိမ္ၾကီးကို ထရမ့္၏ ကုမၸဏီက ကန္ေဒၚလာ ၁၈ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုစံအိမ္ကို အငွားေစ်းကြက္ တင္ေပးသည္မွာ Premier Estate Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Margit Brandt ျဖစ္သည္။

Brandt သည္ ယခုစံအိမ္ကို ယခင္ကလည္း အငွားေစ်းကြက္ တင္ေပးခဲ့ဖူးျပီး ထုိစဥ္က တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ အငွားေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

(Premier Estate Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Margit Brandt )

ေဒၚနယ္ထရမ့္၏ ေနာက္ဆံုး ဘ႑ာေရးဆိုင္ရာ အခ်က္အလက္မ်ားတြင္ ယခုစံအိမ္မွာ သူပုိင္ဆိုင္ေသာ အိမ္ျခံေျမမ်ား စာရင္းတြင္ ပါဝင္ေနသည္။

စံအိမ္၏ တန္ေၾကး ေဒၚလာ သန္း ၅၀ အထက္ရွိျပီး တစ္ႏွစ္လွ်င္ ငွားရမ္းခ ေဒၚလာ ၁ သန္းမွ ၅ သန္းၾကား ရရွိေနေသာ အိမ္ျဖစ္သည္။

ေဒၚနယ္ထရမ့္သည္ သမၼတေရြးေကာက္ပြဲတြင္ ျပန္လည္ယွဥ္ျပိဳင္ရန္ စီစဥ္ေနျပီး ျပီးခဲ့ေသာ လကုန္ပုိင္းကမူ ၎အား တရားစြဲထားေသာ အမႈအတြက္ နယူးေယာက္ျမိဳ႕သို႔ လာေရာက္ခဲ့သည္။

၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပြဲမတုိင္မီက ညစ္ညမ္းဇာတ္ကားမ်ား၏ သရုပ္ေဆာင္မိန္းကေလးတစ္ဦးကို ႏႈတ္ပိတ္ခ ေငြေပးခဲ့မႈျဖင့္ တရားစြဲဆို ခံထားရျခင္း ျဖစ္သည္။

အဆိုပါ အမႈအတြက္ ေထာင္ဒဏ္ ႏွစ္ရာႏွင့္ခ်ီကာ က်ခံရႏိုင္ေၾကာင္း ခန္႔မွန္းခ်က္မ်ား ရွိသည္။

ထရမ့္က ယခုအိမ္ကို ကာလရွည္ ေနထုိင္မည့္လူအား ငွားရမ္းလိုလ်က္ ရွိသည္။

ယခင္က Palm Beach ကမ္းေျခတြင္ အပန္းေျဖမႈမ်ား အလြန္ေခတ္စားခဲ့ခ်ိန္က ယခုစံအိမ္ကုိ ကာလတုိ ငွားရမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။

အမ်ားအားျဖင့္ အငွားခ်ေပးခဲ့သူမ်ားမွာ ထရမ့္မိသားစု၏ မိတ္ေဆြမ်ား၊ မာရာလာဂိုကလပ္မွ အသင္းဝင္မ်ားႏွင့္ ဧည့္သည္မ်ားအား ငွားရမ္းေပးခဲ့ျခင္း ျဖစ္သည္။

ယခုအိမ္ကို ငွားရမ္းေနထုိင္သူအေနျဖင့္ မာရာလာဂိုကလပ္သို႔လည္း ဝင္ခြင့္ရမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Donald Trump’s Palm Beach estate is back on the market for rent at $195K a month (therealdeal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service