ချစ်သူသစ်နှင့် တွဲနေသူ ဘောလိဝုဒ်ကြယ်ပွင့် ရီသစ် ရိုရှန်၏ စံအိမ်

ချစ်သူသစ်နှင့် တွဲနေသူ ဘောလိဝုဒ်ကြယ်ပွင့် ရီသစ် ရိုရှန်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
25 Jul 2022 11:05 am တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယ၏ ဂရိနတ်ဘုရားဟု တင်စားခေါ်ဝေါ်ခြင်းခံရသူ ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ရီသစ် ရိုရှန်သည် သူ၏ချစ်သူ မိန်းကလေး Saba Azad နှင့်အတူ လန်ဒန်သို့ အလည်အပတ်ခရီးထွက်ခဲ့ပြီးနောက် ပြီးခဲ့သော စနေနေ့ညက မွန်ဘိုင်းလေဆိပ်တွင် ပြန်လည်ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

ရီသစ်ရိုရှန်၏ ခရီးစဉ်တွင် သူ၏မိခင် ပင်ကီ ရိုရှန်၊ သားဖြစ်သူ Hrehaan နှင့် ညီမ Sunaina Roshan တို့လည်း လိုက်ပါခဲ့သည်ဟု သိရသည်။

ရီသစ်ရိုရှန်နှင့် ချစ်သူမိန်းကလေး Saba တို့သည် ယခုနှစ် ဧပြီလတွင် လူသိရှင်ကြား တွဲခဲ့ကြခြင်း ဖြစ်သည်။

(ရီသစ်ရိုရှန်း ဘယ်သူလဲ)

 

ရီသစ်ရိုရှန် (မွေး ၁၉၇၄) သည် အိန္ဒိယရုပ်ရှင်မင်းသားတစ်ဦးဖြစ်ပြီး ဟင်ဒီဘာသာစကားပြော ရုပ်ရှင်များတွင် သရုပ်ဆောင်သည်။

ဇာတ်ကောင်စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီးဖြစ်ကာ အကကောင်းခြင်းဖြင့်လည်း နာမည်ကျော်သည်။

ရီသစ်ရိုရှန်သည် ဘောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ဆုပေါင်းများစွာ ချီးမြှင့်ခံခဲ့ရပြီး Filmfare Award ၆ ဆု ( ၄ ဆုမှာ အကောင်းဆုံး သရုပ်ဆောင်ဆုများ ဖြစ်သည်) လည်း အပါအဝင် ဖြစ်သည်။

သူ၏ ဝင်ငွေနှင့် ကျော်ကြားမှုတို့ကြောင့် Forbes မဂ္ဂဇင်းကြီး၏ အိန္ဒိယအကျော်အမော် ၁၀၀ ဦးစာရင်းတွင် ၂၀၁၂ ခုနှစ်မှစတင်ကာ မကြာခဏ ဖော်ပြခံရသည်။

(ရီသစ်ရိုရှန် အချစ်ရေး၊ အိမ်ထောင်ရေး)

 

၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ရိုရှန်သည် Sussanne Khan နှင့် ဘန်ဂလောမြို့တွင် လက်ထပ်ခဲ့သည်။

ဘာသာချင်းမတူသော်လည်း ( ရိုရှန်မှာ ဟိန္ဒူဖြစ်ပြီး Sussanne မှာ မွတ်စလင်ဖြစ်) ဇနီး၏ ကိုးကွယ်ယုံကြည်မှုအပေါ် ထပ်တူတန်ဖိုးထားကြောင်း ရိုရှန်ပြောဖူးသည်။

၎င်းတို့ ဇနီးမောင်နှံတွင် သား ၂ ဦးထွန်းကားရာ Hrehaan (မွေး ၂၀၀၆) နှင့် Hridhaan (မွေး ၂၀၀၈) တို့ ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခဲ့ကြသည်။

လက်ရှိတွင် ချစ်သူမိန်းကလေး Saba နှင့် တွဲနေသည်။

(ရီသစ် ရိုရှန်၏ မွန်ဘိုင်းစံအိမ်)

ကမ္ဘာကျော် ကြယ်ပွင့်တို့၏ စံအိမ်ဆိုသည်နှင့် အိမ်တွင်းပိုင်းမွမ်းမံမှုတွင် Minimalism မွမ်းမံမှု၊ အရောင်ဖျော့ နံရံများ၊ ငွေသန်းချီ တန်ကြေးရှိသည့် နံရံဆေးသုတ်မွမ်းမံမှုများ တွေ့ရမည်ဖြစ်သော်လည်း ရီသစ်ရိုရှန်၏ မွန်ဘိုင်းမြို့၊ Juhu ရှိ စံအိမ်မှာမူ အဆိုပါအရာများ တခုမျှမတွေ့ရဘဲ သူ၏ ကိုယ်ပိုင်ဟန်ဖြင့်သာ ရပ်တည်နေသည်။

ယခုအိမ်မှာ ငှားရမ်းနေထိုင်သောစံအိမ်ဖြစ်ပြီး တစ်လလျှင် ရူပီး ၈ သိန်းခွဲပေးရသည်ဟု ဆိုသည်။

ပင်လယ်ကို မျက်နှာမူသည့် ဘန်ဂလိုအိမ်ဖြစ်ပြီး သူ၏ဧည့်ခန်းအတွင်းမှတဆင့် ပင်လယ်၏ မှော်ဆန်သော ရှုမျှော်ခင်းများ မြင်တွေ့နေရသည့်အပြင် အနားယူရန် နေရာများစွာပါဝင်ရာ ပေးလိုက်ရသော ငွေတစ်ပြားစီတိုင်း အတွက် ထိုက်တန်မှုရှိသည်။

ရီသစ် ရိုရှန်သည် ယခုစံအိမ်တွင် သား ၂ ဦးဖြစ်သူ Hridaan ၊ Hrehaan တို့နှင့်အတူ နေထိုင်လျက် ရှိသည်။

(ပင်လယ်အငွေ့အသက်နှင့် လိုက်ဖက်စေမည့် အပြာ၊ အဖြူရောင်များလွှမ်းနေသော ဧည့်ခန်း)

(ပင်လယ်နှင့် လိုက်ဖက်သည့်အတွင်းပိုင်း မြင်ကွင်းများ)

Grand ပီယာနိုကြီးတစ်ခုအပြင် ပင်လယ်အရသာရစေမည့် အရောင်အတွဲအစပ် ခင်းကျင်းမှုများကား ရီသစ်ရိုရှန်၏ စိတ်ကြိုက်ရွေးချယ်မှုများ ဖြစ်သည်။

သစ်သားကြမ်းခင်းထားသော စံအိမ်မှာ နွေးထွေးဖော်ရွေသည့် အငွေ့အသက်မျိုး ခံစားရမည်ဖြစ်ပြီး စစ်တုရင် ကစားသည့် စားပွဲတစ်လုံးလည်းရှိကာ ထိုနေရာတွင် ရီသစ်ရိုရှန်က သူ၏ ကလေးများနှင့် စစ်တုရင်ကစားလေ့ ရှိသည်။

သက်တောင့်သက်သာရှိစေမည့် ကူရှင်များနှင့် ခုံတန်းနိမ့်တစ်လုံး၊ အာရေးဗီးယန်းပင်လယ်၏ ဆိတ်ငြိမ်သော ရှုမျှော်ခင်းတို့က မွန်းကြပ်မှုများဖြေလျော့ရန် အကောင်းဆုံးနေရာတစ်ခုပင်။

(ရီသစ်ရိုရှန်နှင့် သူ၏သား စစ်တုရင်ကစားနေပုံ- ရီသစ်ရိုရှန်၏ အင်စတာဂရမ်ပို့စ်မှ)

 

 

(ရီသစ်ရိုရှန် ပီယာနိုတီးခတ်နေပုံ- အင်စတာဂရမ်တွင် တင်ခဲ့သောဗွီဒီယို)

တစ်နိုင်ငံလုံး လော့ဒေါင်းချထားစဉ်ကာလအတွင်း ရီသစ်ရိုရှန်၏ ဇနီးဟောင်း Sussanne သည် ကလေးများနှင့်အတူ ခေတ္တလာရောက်နေထိုင်ခဲ့စဉ် ရီသစ်ရိုရှန်က ကျေးဇူးတင်ကြောင်း အထိမ်းအမှတ်ဖြင့် အင်စတာဂရမ်တွင် ပို့စ်တစ်ခု တင်ခဲ့သည်။

(ဧည့်ခန်းအတွင်း Sussanne လဘက်ရည်သောက်နေပုံကို ရီသစ်ရိုရှန်က ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်တွင် တင်ခဲ့ခြင်း ဖြစ်သည်)

 

(ရီသစ်ရိုရှန်နှင့် သားများ ဝရန်တာမှတဆင့် ရှုမျှော်ခင်းများ ကြည့်နေကြပုံ)

ရီသစ်ရိုရှန်က သူ၏နေအိမ်နံရံများတွင် စိတ်ခွန်အားဖြစ်စေမည့် ဆိုရိုးများကို မှန်ဘောင်သွင်းချိတ်ဆွဲထားသည်။

သူ၏ စံအိမ်အတွင်း ရီသစ်ရိုရှန်က လန်ဒန်စတိုင် ဖုန်းဆက်သွယ်ရာ အနီရောင်ရုံကလေးတစ်ခု ထားရှိသည့်အပြင် ကလေးကစားရာ ဘားခို monkey bar တစ်ခုလည်း ရှိသည်။

(ရီသစ်ရိုရှန်၏သားများ လသာဆောင်တွင် သူတို့၏ခွေးကလေးနှင့်အတူ ထိုင်နေကြစဉ်)

(ရီသစ်ရိုရှန်နှင့် သူ၏အချစ်တော်ခွေးကလေး)

(လသာဆောင်မှမြင်ရသော မှော်ဆန်လှသည့် ပင်လယ်ရှုခင်း)

(လသာဆောင်တွင် အလုပ်လုပ်နေသော Sussanne)

 

(ရီသစ်ရိုရှန်က သူ၏နေအိမ်အတွင်း ဓာတ်ပုံရိုက်တင်ခဲ့သော ပို့စ်တစ်ခုမှာ လူမှုကွန်ရက်တွင် များစွာပျံ့နှံ့ခဲ့)

ရီသစ်ရိုရှန်သည် သူ၏မိခင်ကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်တွင် တင်ခဲ့ရာ သူ၏ပို့စ်မှာ လူမှုကွန်ရက်တွင် အကြီးအကျယ်ပျံ့နှံ့ကာ အများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

လသာဆောင်တွင် မတ်တပ်ရပ်နေသော မိခင်ကို ရီသစ်ရိုရှန်က ဓာတ်ပုံရိုက်ခဲ့ရာတွင် နံရံရှိ စိုထိုင်းထိုင်းဖြစ်ကာ ဆေးသားများ ကွာကျလုဖြစ်နေသော အကွက်ကြီးအား ပရိသတ်တို့ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

ဖော်ပြပါ ဓာတ်ပုံမှာ မိခင်နှင့်အတူ မနက်စာစားနေစဉ် ရီသစ်ရိုရှန်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး အကြီးအကျယ်ပျံ့နှံ့ကာ Like ပေးသူ သန်း ၂၀ ကျော်အထိရှိခဲ့သည်။

(ရီသစ်ရိုရှန်၏ ဝယ်ယူလိုက်သော နေအိမ်)

ရီသစ်ရိုရှန်သည် ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းကာလအတွင်းတွင်ပင် မွန်ဘိုင်းမြို့ကမ်းခြေဒေသရှိ Duplex Penthouse ခန်းတစ်ခုကို ရူပီး သန်း ၉၇၀ ကျော်ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါ Duplex Penthouse ခန်း၏ အကျယ်အဝန်းမှာ ၂၇၅၃၄ စတုရန်းပေအထိ ကျယ်ဝန်းသည်ဟု ဆိုသည်။

ထို့အပြင် စတုရန်းပေ ၁၁၁၆၅ ကျယ်ဝန်းသည့် တစ်ထပ်အိမ်တစ်လုံးကိုလည်း ဝယ်ယူထားသေးသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hrithik Roshan’s House – Exclusive Inside Pictures, Address, Price & Tour (magicbricks)

 

 

 

[Zawgyi]

ခ်စ္သူသစ္ႏွင့္ တြဲေနသူ ေဘာလိဝုဒ္ၾကယ္ပြင့္ ရီသစ္ ရိုရွန္၏ စံအိမ္

အိႏိၵယ၏ ဂရိနတ္ဘုရားဟု တင္စားေခၚေဝၚျခင္းခံရသူ ေဘာလိဝုဒ္ထိပ္သီးၾကယ္ပြင့္ ရီသစ္ ရိုရွန္သည္ သူ၏ခ်စ္သူ မိန္းကေလး Saba Azad ႏွင့္အတူ လန္ဒန္သို႔ အလည္အပတ္ခရီးထြက္ခဲ့ျပီးေနာက္ ျပီးခဲ့ေသာ စေနေန႔ညက မြန္ဘိုင္းေလဆိပ္တြင္ ျပန္လည္ေရာက္ရွိလာသည္ကို ေတြ႔လိုက္ရသည္။

ရီသစ္ရိုရွန္၏ ခရီးစဥ္တြင္ သူ၏မိခင္ ပင္ကီ ရိုရွန္၊ သားျဖစ္သူ Hrehaan ႏွင့္ ညီမ Sunaina Roshan တုိ႔လည္း လိုက္ပါခဲ့သည္ဟု သိရသည္။

ရီသစ္ရုိရွန္ႏွင့္ ခ်စ္သူမိန္းကေလး Saba တို႔သည္ ယခုႏွစ္ ဧျပီလတြင္ လူသိရွင္ၾကား တြဲခဲ့ၾကျခင္း ျဖစ္သည္။

(ရီသစ္ရိုရွန္း ဘယ္သူလဲ)

ရီသစ္ရိုရွန္ (ေမြး ၁၉၇၄) သည္ အိႏိၵယရုပ္ရွင္မင္းသားတစ္ဦးျဖစ္ျပီး ဟင္ဒီဘာသာစကားေျပာ ရုပ္ရွင္မ်ားတြင္ သရုပ္ေဆာင္သည္။

ဇာတ္ေကာင္စရိုက္မ်ဳိးစံု သရုပ္ေဆာင္ခဲ့ျပီးျဖစ္ကာ အကေကာင္းျခင္းျဖင့္လည္း နာမည္ေက်ာ္သည္။

ရီသစ္ရိုရွန္သည္ ေဘာလိဝုဒ္၏ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ဆုေပါင္းမ်ားစြာ ခ်ီးျမွင့္ခံခဲ့ရျပီး Filmfare Award ၆ ဆု ( ၄ ဆုမွာ အေကာင္းဆံုး သရုပ္ေဆာင္ဆုမ်ား ျဖစ္သည္) လည္း အပါအဝင္ ျဖစ္သည္။

သူ၏ ဝင္ေငြႏွင့္ ေက်ာ္ၾကားမႈတုိ႔ေၾကာင့္ Forbes မဂၢဇင္းၾကီး၏ အိႏိၵယအေက်ာ္အေမာ္ ၁၀၀ ဦးစာရင္းတြင္ ၂၀၁၂ ခုႏွစ္မွစတင္ကာ မၾကာခဏ ေဖာ္ျပခံရသည္။

(ရီသစ္ရိုရွန္ အခ်စ္ေရး၊ အိမ္ေထာင္ေရး)

၂၀၀၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္တြင္ ရိုရွန္သည္ Sussanne Khan ႏွင့္ ဘန္ဂေလာျမိဳ႕တြင္ လက္ထပ္ခဲ့သည္။

ဘာသာခ်င္းမတူေသာ္လည္း ( ရိုရွန္မွာ ဟိႏၵဴျဖစ္ျပီး Sussanne မွာ မြတ္စလင္ျဖစ္) ဇနီး၏ ကိုးကြယ္ယံုၾကည္မႈအေပၚ ထပ္တူတန္ဖိုးထားေၾကာင္း ရိုရွန္ေျပာဖူးသည္။

၎တုိ႔ ဇနီးေမာင္ႏွံတြင္ သား ၂ ဦးထြန္းကားရာ Hrehaan (ေမြး ၂၀၀၆) ႏွင့္ Hridhaan (ေမြး ၂၀၀၈) တို႔ ျဖစ္သည္။

၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဇနီးေမာင္ႏွံ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

လက္ရွိတြင္ ခ်စ္သူမိန္းကေလး Saba ႏွင့္ တြဲေနသည္။

(ရီသစ္ ရိုရွန္၏ မြန္ဘိုင္းစံအိမ္)

ကမၻာေက်ာ္ ၾကယ္ပြင့္တို႔၏ စံအိမ္ဆိုသည္ႏွင့္ အိမ္တြင္းပိုင္းမြမ္းမံမႈတြင္ Minimalism မြမ္းမံမႈ၊ အေရာင္ေဖ်ာ့ နံရံမ်ား၊ ေငြသန္းခ်ီ တန္ေၾကးရွိသည့္ နံရံေဆးသုတ္မြမ္းမံမႈမ်ား ေတြ႔ရမည္ျဖစ္ေသာ္လည္း ရီသစ္ရိုရွန္၏ မြန္ဘိုင္းျမိဳ႕၊ Juhu ရွိ စံအိမ္မွာမူ အဆိုပါအရာမ်ား တခုမွ်မေတြ႔ရဘဲ သူ၏ ကိုယ္ပိုင္ဟန္ျဖင့္သာ ရပ္တည္ေနသည္။

ယခုအိမ္မွာ ငွားရမ္းေနထိုင္ေသာစံအိမ္ျဖစ္ျပီး တစ္လလွ်င္ ရူပီး ၈ သိန္းခြဲေပးရသည္ဟု ဆိုသည္။

ပင္လယ္ကို မ်က္ႏွာမူသည့္ ဘန္ဂလိုအိမ္ျဖစ္ျပီး သူ၏ဧည့္ခန္းအတြင္းမွတဆင့္ ပင္လယ္၏ ေမွာ္ဆန္ေသာ ရႈေမွ်ာ္ခင္းမ်ား ျမင္ေတြ႔ေနရသည့္အျပင္ အနားယူရန္ ေနရာမ်ားစြာပါဝင္ရာ ေပးလိုက္ရေသာ ေငြတစ္ျပားစီတိုင္း အတြက္ ထိုက္တန္မႈရွိသည္။

ရီသစ္ ရိုရွန္သည္ ယခုစံအိမ္တြင္ သား ၂ ဦးျဖစ္သူ Hridaan ၊ Hrehaan တို႔ႏွင့္အတူ ေနထုိင္လ်က္ ရွိသည္။

(ပင္လယ္အေငြ႔အသက္ႏွင့္ လိုက္ဖက္ေစမည့္ အျပာ၊ အျဖဴေရာင္မ်ားလႊမ္းေနေသာ ဧည့္ခန္း)

(ပင္လယ္ႏွင့္ လိုက္ဖက္သည့္အတြင္းပိုင္း ျမင္ကြင္းမ်ား)

Grand ပီယာႏိုၾကီးတစ္ခုအျပင္ ပင္လယ္အရသာရေစမည့္ အေရာင္အတြဲအစပ္ ခင္းက်င္းမႈမ်ားကား ရီသစ္ရိုရွန္၏ စိတ္ၾကိဳက္ေရြးခ်ယ္မႈမ်ား ျဖစ္သည္။ သစ္သားၾကမ္းခင္းထားေသာ စံအိမ္မွာ ေႏြးေထြးေဖာ္ေရြသည့္ အေငြ႔အသက္မ်ဳိး ခံစားရမည္ျဖစ္ျပီး စစ္တုရင္ ကစားသည့္ စားပြဲတစ္လံုးလည္းရွိကာ ထိုေနရာတြင္ ရီသစ္ရိုရွန္က သူ၏ ကေလးမ်ားႏွင့္ စစ္တုရင္ကစားေလ့ ရွိသည္။ သက္ေတာင့္သက္သာရွိေစမည့္ ကူရွင္မ်ားႏွင့္ ခံုတန္းနိမ့္တစ္လံုး၊ အာေရးဗီးယန္းပင္လယ္၏ ဆိတ္ျငိမ္ေသာ ရႈေမွ်ာ္ခင္းတို႔က မြန္းၾကပ္မႈမ်ားေျဖေလ်ာ့ရန္ အေကာင္းဆံုးေနရာတစ္ခုပင္။

(ရီသစ္ရိုရွန္ႏွင့္ သူ၏သား စစ္တုရင္ကစားေနပံု- ရီသစ္ရိုရွန္၏ အင္စတာဂရမ္ပို႔စ္မွ)

(ရီသစ္ရိုရွန္ ပီယာႏိုတီးခတ္ေနပံု- အင္စတာဂရမ္တြင္ တင္ခဲ့ေသာဗြီဒီယို)

တစ္ႏိုင္ငံလံုး ေလာ့ေဒါင္းခ်ထားစဥ္ကာလအတြင္း ရီသစ္ရိုရွန္၏ ဇနီးေဟာင္း Sussanne သည္ ကေလးမ်ားႏွင့္အတူ ေခတၱလာေရာက္ေနထိုင္ခဲ့စဥ္ ရီသစ္ရိုရွန္က ေက်းဇူးတင္ေၾကာင္း အထိမ္းအမွတ္ျဖင့္ အင္စတာဂရမ္တြင္ ပို႔စ္တစ္ခု တင္ခဲ့သည္။

(ဧည့္ခန္းအတြင္း Sussanne လဘက္ရည္ေသာက္ေနပံုကို ရီသစ္ရိုရွန္က ဓာတ္ပံုရိုက္ကာ အင္စတာဂရမ္တြင္ တင္ခဲ့ျခင္း ျဖစ္သည္)

(ရီသစ္ရိုရွန္ႏွင့္ သားမ်ား ဝရန္တာမွတဆင့္ ရႈေမွ်ာ္ခင္းမ်ား ၾကည့္ေနၾကပံု) ရီသစ္ရိုရွန္က သူ၏ေနအိမ္နံရံမ်ားတြင္ စိတ္ခြန္အားျဖစ္ေစမည့္ ဆိုရိုးမ်ားကို မွန္ေဘာင္သြင္းခ်ိတ္ဆြဲထားသည္။

သူ၏ စံအိမ္အတြင္း ရီသစ္ရိုရွန္က လန္ဒန္စတိုင္ ဖုန္းဆက္သြယ္ရာ အနီေရာင္ရံုကေလးတစ္ခု ထားရွိသည့္အျပင္ ကေလးကစားရာ ဘားခို monkey bar တစ္ခုလည္း ရွိသည္။

(ရီသစ္ရိုရွန္၏သားမ်ား လသာေဆာင္တြင္ သူတုိ႔၏ေခြးကေလးႏွင့္အတူ ထိုင္ေနၾကစဥ္)

(ရီသစ္ရိုရွန္ႏွင့္ သူ၏အခ်စ္ေတာ္ေခြးကေလး)

(လသာေဆာင္မွျမင္ရေသာ ေမွာ္ဆန္လွသည့္ ပင္လယ္ရႈခင္း)

(လသာေဆာင္တြင္ အလုပ္လုပ္ေနေသာ Sussanne)

(ရီသစ္ရိုရွန္က သူ၏ေနအိမ္အတြင္း ဓာတ္ပံုရိုက္တင္ခဲ့ေသာ ပို႔စ္တစ္ခုမွာ လူမႈကြန္ရက္တြင္ မ်ားစြာပ်ံ႕ႏွံ႔ခဲ့)

ရီသစ္ရိုရွန္သည္ သူ၏မိခင္ကို ဓာတ္ပံုရိုက္ကာ အင္စတာဂရမ္တြင္ တင္ခဲ့ရာ သူ၏ပို႔စ္မွာ လူမႈကြန္ရက္တြင္ အၾကီးအက်ယ္ပ်ံ႕ႏွံ႔ကာ အမ်ား၏ အာရံုစိုက္ျခင္း ခံခဲ့ရသည္။

လသာေဆာင္တြင္ မတ္တပ္ရပ္ေနေသာ မိခင္ကို ရီသစ္ရိုရွန္က ဓာတ္ပံုရိုက္ခဲ့ရာတြင္ နံရံရွိ စိုထိုင္းထိုင္းျဖစ္ကာ ေဆးသားမ်ား ကြာက်လုျဖစ္ေနေသာ အကြက္ၾကီးအား ပရိသတ္တို႔ စိတ္ဝင္စားခဲ့ျခင္း ျဖစ္သည္။

ေဖာ္ျပပါ ဓာတ္ပံုမွာ မိခင္ႏွင့္အတူ မနက္စာစားေနစဥ္ ရီသစ္ရိုရွန္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္ျပီး အၾကီးအက်ယ္ပ်ံ႕ႏွံ႔ကာ Like ေပးသူ သန္း ၂၀ ေက်ာ္အထိရွိခဲ့သည္။

(ရီသစ္ရိုရွန္၏ ဝယ္ယူလိုက္ေသာ ေနအိမ္)

ရီသစ္ရိုရွန္သည္ ကိုရိုနာဗိုင္းရပ္စ္ေလာ့ေဒါင္းကာလအတြင္းတြင္ပင္ မြန္ဘိုင္းျမိဳ႕ကမ္းေျခေဒသရွိ Duplex Penthouse ခန္းတစ္ခုကို ရူပီး သန္း ၉၇၀ ေက်ာ္ျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါ Duplex Penthouse ခန္း၏ အက်ယ္အဝန္းမွာ ၂၇၅၃၄ စတုရန္းေပအထိ က်ယ္ဝန္းသည္ဟု ဆိုသည္။

ထို႔အျပင္ စတုရန္းေပ ၁၁၁၆၅ က်ယ္ဝန္းသည့္ တစ္ထပ္အိမ္တစ္လံုးကိုလည္း ဝယ္ယူထားေသးသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hrithik Roshan’s House – Exclusive Inside Pictures, Address, Price & Tour (magicbricks)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service