ခြံဝန်းတွင်း ခြုံပင်ပေါက်နေသောအိမ်ရှင် ရထားကုမ္ပဏီထံမှ ပေါင် ၆၀၀၀ လျော်ကြေးရ

ခြံဝန်းတွင်း ခြုံပင်ပေါက်နေသောအိမ်ရှင် ရထားကုမ္ပဏီထံမှ ပေါင် ၆၀၀၀ လျော်ကြေးရ - Property News in Myanmar from iMyanmarHouse.com
20 Jul 2022 10:20 am တွင် တင်ခဲ့သည်
1410 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်တောင်ပိုင်းတွင် နေအိမ်ခြံဝန်းအတွင်းရှိ ပန်းဥယျာဉ်တွင် ပေါင်းခြုံပင်တစ်မျိုး (Japanese knotweed) တောထနေသော အိမ်ရှင်တစ်ဦးသည် လျော်ကြေးအဖြစ် ပေါင်ငွေ ထောင်နှင့်ချီကာ ရရှိသွားသည်။

တောင်ပိုင်းဝေလပြည်နယ်တွင် မိသားစုနှင့်အတူ နေထိုင်သူ ခရစ္စ ဒေးဗစ် (Chris Davis) သည် သူ၏ပန်းဥယျာဉ်အတွင်း ပေါင်းပင်ခြုံပင်များ ဝင်ရောက်ကျူးကျော်ခံရမှုအတွက် ပေါင် ၆၀၀၀ (မြန်မာကျပ်ငွေအားဖြင့် ၁၃၃ သိန်းကျော်) လျော်ကြေးရခဲ့ခြင်း ဖြစ်သည်။

အဆိုပါခြုံပင်မျိုးသည် နေအိမ်ခြံဝန်းများအတွင်း လျင်မြန်စွာပျံ့နှံ့တောထနိုင်သည့်အပင်မျိုးဖြစ်သည်။ နေအိမ်ပိုင်ရှင်တို့အနေဖြင့် ထိုအပင်များ ပေါက်နေပါက ရောင်းချရန်မလွယ်သည့်နည်းတူ ဝယ်လက်များအနေဖြင့်လည်း ထိုနေအိမ်ဝယ်ရန်အတွက် အရစ်ကျချေးငွေ ရရန် မလွယ်ချေ။

(အိမ်ရှင်တို့ ခေါင်းခဲစေမည့် Japanese Knotweed ပေါင်းပင်)

ထိုပေါင်းပင်များကို မီးရထားလမ်းတစ်လျှောက်တွင် ပေါများစွာတွေ့နိုင်ပြီး ရေကာတာများပတ်လည်တွင်လည်း မြေသားထိန်းရန် တကူးတက စိုက်လေ့ရှိကြသည်။

မစ္စတာ ဒေးဗစ်၏ ဖြစ်ရပ်တွင်မူ သူ့အိမ်နောက်ဘက်တွင် တည်ရှိသော Network Rail ကုမ္ပဏီ၏ မီးရထားလမ်းတွင် ပေါက်ရောက်နေသော ပေါင်းပင်များက သူ၏နေအိမ်ခြံဝန်းတွင်းထိ ကျူးကျော်လာခြင်းလည်း ဖြစ်သည်။

ထိုအပင်ကို မစ္စတာဒေးဗစ်က ၂၀၁၉ ခုနှစ်တွင် စတင်သတိထားမိခဲ့သည်။ ယခုအခါတွင် ထိုပေါင်းပင်များမှာ ခြံဝန်းတွင်းရှိ အဆောက်အအုံများအနီးထိ နီးကပ်ချဉ်းနင်းလာနေပြီး အဆောက်အအုံ၏ ဖောင်ဒေးရှင်းအား ပျက်စီးစေဖွယ်ရာ ဖြစ်လာသည်။

မစ္စတာ ဒေးဗစ်က လီဗာပူးမြို့အခြေစိုက် High Street Solicitors ဥပဒေအကြံပေးအဖွဲ့ထံမှ ၂၀၁၉ ခုနှစ်အတွင်း အကြံဉာဏ်ရယူခဲ့ရာ ထိုအဖွဲ့က ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ကွင်းဆင်းလေ့လာတွေ့ရှိချက်အရ ထိုပေါင်းပင်များသည် မစ္စတာဒေးဗစ်၏ နေအိမ်အနီး ပေါက်ရောက်နေကာ အမြင့် ၂ မီတာခန့်ရှိပြီး မြေအကျယ်အဝန်း စတုရန်း ၃၆ မီတာခန့်အား ဖြန့်ကျက်တောထနေသည်ကို တွေ့ခဲ့ရသည်။

ယင်းပေါင်းပင်များ ပျံ့ပွားနေသည်မှာ နှစ်ပေါင်း ၂၀ ဝန်းကျင်ရှိပြီဟု ယူဆရပြီး မစ္စတာဒေးဗစ်၏ ခြံဝန်းအတွင်း ဝင်ရောက်ပျံ့ပွားနေသည်မှာမူ ၄ နှစ်မှ ၅ နှစ်ကြားရှိပြီဖြစ်သည်။

လေ့လာတွေ့ရှိချက်အရ Network Rail Infrastructure မီးရထားကုမ္ပဏီသည် ၎င်းတို့၏ ပိုင်နက်အတွင်း ပေါက်ရောက်နေသော ပေါင်းပင်များကို ရှင်းလင်းလုပ်ဆောင်ခဲ့မှု အထောက်အထားမတွေ့ရချေ။

(ကွင်းဆင်းလေ့လာချက်အရ ပေါင်းပင်များသည် မစ္စတာဒေးဗစ်၏ ခြံဝန်းအတွင်း စတုရန်း ၃၆ မီတာခန့် ပျံ့ပွားတောထနေသည်ကို တွေ့ရသည်)

မစ္စတာဒေးဗစ်သည် ရထားကုမ္ပဏီထံမှ လျော်ကြေးရခဲ့ပြီး ပေါင်းပင်များအား ရှင်းလင်းရေးအတွက် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်။

“ဒီပေါင်းပင်တွေကို ကျွန်တော်သတိထားမိခဲ့ပါတယ်။ ဒါက မရှင်းလင်းဘဲထားမယ်ဆိုရင် ဘေးက အဆောက်အအုံတွေကို ထိခိုက်လာနိုင်တယ်ဆိုတာ သုံးသပ်မိတယ်”

“ကျွန်တော်တို့မိသားစု လျော်ကြေးရခဲ့တဲ့အပေါ် ဝမ်းသာမိပါတယ်။ ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်မလာအောင် ကျူးကျော်ချဉ်းနင်းလာတဲ့အပင်တွေကို ရှင်းလင်းရမှာ ဖြစ်ပါတယ်”

High Street Solicitors ဥပဒေအကြံပေးအဖွဲ့မှ Christopher Eccles က “နွေရာသီကတော့ Japanese Knotweed ပေါင်းပင်တွေရဲ့ ရာသီပါပဲ။ ဒီရာသီမှာ ဒီအပင်တွေ ကြောက်စရာကောင်းအောင် ပွားပါတယ်။ ဒီအပင်ဟာ အဆောက်အအုံတွေကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အပင်တွေပါ။ အပင်တွေကြီးလာပြီး အိမ်တွေရဲ့ ဖောင်ဒေးရှင်တွေကို ဖျက်စီးနိုင်တဲ့ အန္တရာယ်ရှိပါတယ်”ဟု ပြောကြားသည်။

(Japanese knotweed ပေါင်းပင်တွေကို ဘယ်လိုနှိမ်နင်းမလဲ)

ကြောက်မက်ဖွယ် ထိုပေါင်းပင်များကို အများအပြားမပျံ့ပွားမီကတည်းက ရှင်းနိုင်ခဲ့လျှင် ၎င်းတို့ကို အောင်နိုင်မည်ဖြစ်သည်။

Royal Horticultural Society မှ ပြောသည်မှာ ထိုပေါင်းပင်များ ပျံ့ပွားမှုကို ထိန်းချုပ်ရန် အထိရောက်ဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းမှာ glyphosate ကို အခြေခံထုတ်လုပ်ထားသည့် ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းရန် ဖြစ်သည်ဟု ဆိုသည်။

နွေကာလများတွင် ထိုပေါင်းပင်များကို မြေပေါ် ၈ လက်မ ချန်ကာ ခုတ်ဖြတ်ပစ်ရမည်ဖြစ်သည်။

ထိုအပင်များသည် အခေါင်းပေါက်ပါသော ခေါင်းပွအပင်မျိုးဖြစ်ရာ အပင်များခုတ်ဖြတ်ပြီးလျှင် အခေါင်းပေါက်များအတွင်းသို့ ပေါင်းသတ်ဆေးများ ဖြန်းပေးရမည်ဖြစ်သည်။

ပေါင်းသတ်ဆေးသည် အပင်ခေါင်းမှတဆင့် စိမ့်ဝင်ကာ မြေအောက်အမြစ်များကို ချေမှုန်းနိုင်မည်လည်း ဖြစ်သည်။

သို့သော် ထိုသို့ အနည်းဆုံး ၃ ကြိမ်မှ ၄ ကြိမ်အထိ ပြုလုပ်မှသာ အပြီးသတ်နှိမ်နင်းနိုင်လေ့ရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeowner in South Wales receives £6k compensation from Network Rail after finding Japanese knotweed in his garden (dailymail)

 

 

 

[Zawgyi]

ျခံဝန္းတြင္း ျခံဳပင္ေပါက္ေနေသာအိမ္ရွင္ ရထားကုမၸဏီထံမွ ေပါင္ ၆၀၀၀ ေလ်ာ္ေၾကးရ

 

အဂၤလန္ႏိုင္ငံ၊ ေဝလျပည္ေတာင္ပိုင္းတြင္ ေနအိမ္ျခံဝန္းအတြင္းရွိ ပန္းဥယ်ာဥ္တြင္ ေပါင္းျခံဳပင္တစ္မ်ဳိး (Japanese knotweed) ေတာထေနေသာ အိမ္ရွင္တစ္ဦးသည္ ေလ်ာ္ေၾကးအျဖစ္ ေပါင္ေငြ ေထာင္ႏွင့္ခ်ီကာ ရရွိသြားသည္။

ေတာင္ပိုင္းေဝလျပည္နယ္တြင္ မိသားစုႏွင့္အတူ ေနထိုင္သူ ခရစၥ ေဒးဗစ္ (Chris Davis) သည္ သူ၏ပန္းဥယ်ာဥ္အတြင္း ေပါင္းပင္ျခံဳပင္မ်ား ဝင္ေရာက္က်ဴးေက်ာ္ခံရမႈအတြက္ ေပါင္ ၆၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၁၃၃ သိန္းေက်ာ္) ေလ်ာ္ေၾကးရခဲ့ျခင္း ျဖစ္သည္။

အဆိုပါျခံဳပင္မ်ဳိးသည္ ေနအိမ္ျခံဝန္းမ်ားအတြင္း လ်င္ျမန္စြာပ်ံ႕ႏွံ႔ေတာထႏိုင္သည့္အပင္မ်ဳိးျဖစ္သည္။ ေနအိမ္ပိုင္ရွင္တို႔အေနျဖင့္ ထိုအပင္မ်ား ေပါက္ေနပါက ေရာင္းခ်ရန္မလြယ္သည့္နည္းတူ ဝယ္လက္မ်ားအေနျဖင့္လည္း ထိုေနအိမ္ဝယ္ရန္အတြက္ အရစ္က်ေခ်းေငြ ရရန္ မလြယ္ေခ်။

(အိမ္ရွင္တို႔ ေခါင္းခဲေစမည့္ Japanese Knotweed ေပါင္းပင္)

ထိုေပါင္းပင္မ်ားကို မီးရထားလမ္းတစ္ေလွ်ာက္တြင္ ေပါမ်ားစြာေတြ႔ႏိုင္ျပီး ေရကာတာမ်ားပတ္လည္တြင္လည္း ေျမသားထိန္းရန္ တကူးတက စိုက္ေလ့ရွိၾကသည္။

မစၥတာ ေဒးဗစ္၏ ျဖစ္ရပ္တြင္မူ သူ႔အိမ္ေနာက္ဘက္တြင္ တည္ရွိေသာ Network Rail ကုမၸဏီ၏ မီးရထားလမ္းတြင္ ေပါက္ေရာက္ေနေသာ ေပါင္းပင္မ်ားက သူ၏ေနအိမ္ျခံဝန္းတြင္းထိ က်ဴးေက်ာ္လာျခင္းလည္း ျဖစ္သည္။

ထိုအပင္ကို မစၥတာေဒးဗစ္က ၂၀၁၉ ခုႏွစ္တြင္ စတင္သတိထားမိခဲ့သည္။ ယခုအခါတြင္ ထိုေပါင္းပင္မ်ားမွာ ျခံဝန္းတြင္းရွိ အေဆာက္အအံုမ်ားအနီးထိ နီးကပ္ခ်ဥ္းနင္းလာေနျပီး အေဆာက္အအံု၏ ေဖာင္ေဒးရွင္းအား ပ်က္စီးေစဖြယ္ရာ ျဖစ္လာသည္။

မစၥတာ ေဒးဗစ္က လီဗာပူးျမိဳ႕အေျခစိုက္ High Street Solicitors ဥပေဒအၾကံေပးအဖြဲ႔ထံမွ ၂၀၁၉ ခုႏွစ္အတြင္း အၾကံဥာဏ္ရယူခဲ့ရာ ထိုအဖြဲ႔က ကြင္းဆင္းေလ့လာမႈမ်ား ျပဳလုပ္ခဲ့သည္။

ကြင္းဆင္းေလ့လာေတြ႔ရွိခ်က္အရ ထိုေပါင္းပင္မ်ားသည္ မစၥတာေဒးဗစ္၏ ေနအိမ္အနီး ေပါက္ေရာက္ေနကာ အျမင့္ ၂ မီတာခန္႔ရွိျပီး ေျမအက်ယ္အဝန္း စတုရန္း ၃၆ မီတာခန္႔အား ျဖန္႔က်က္ေတာထေနသည္ကို ေတြ႔ခဲ့ရသည္။

ယင္းေပါင္းပင္မ်ား ပ်ံ႕ပြားေနသည္မွာ ႏွစ္ေပါင္း ၂၀ ဝန္းက်င္ရွိျပီဟု ယူဆရျပီး မစၥတာေဒးဗစ္၏ ျခံဝန္းအတြင္း ဝင္ေရာက္ပ်ံ႕ပြားေနသည္မွာမူ ၄ ႏွစ္မွ ၅ ႏွစ္ၾကားရွိျပီျဖစ္သည္။

ေလ့လာေတြ႔ရွိခ်က္အရ Network Rail Infrastructure မီးရထားကုမၸဏီသည္ ၎တို႔၏ ပိုင္နက္အတြင္း ေပါက္ေရာက္ေနေသာ ေပါင္းပင္မ်ားကို ရွင္းလင္းလုပ္ေဆာင္ခဲ့မႈ အေထာက္အထားမေတြ႔ရေခ်။

(ကြင္းဆင္းေလ့လာခ်က္အရ ေပါင္းပင္မ်ားသည္ မစၥတာေဒးဗစ္၏ ျခံဝန္းအတြင္း စတုရန္း ၃၆ မီတာခန္႔ ပ်ံ႕ပြားေတာထေနသည္ကို ေတြ႔ရသည္)

မစၥတာေဒးဗစ္သည္ ရထားကုမၸဏီထံမွ ေလ်ာ္ေၾကးရခဲ့ျပီး ေပါင္းပင္မ်ားအား ရွင္းလင္းေရးအတြက္ အစီအစဥ္တစ္ခု ျပဳလုပ္ႏိုင္ခဲ့သည္။

“ဒီေပါင္းပင္ေတြကို ကၽြန္ေတာ္သတိထားမိခဲ့ပါတယ္။ ဒါက မရွင္းလင္းဘဲထားမယ္ဆိုရင္ ေဘးက အေဆာက္အအံုေတြကို ထိခုိက္လာႏိုင္တယ္ဆိုတာ သံုးသပ္မိတယ္”

“ကၽြန္ေတာ္တို႔မိသားစု ေလ်ာ္ေၾကးရခဲ့တဲ့အေပၚ ဝမ္းသာမိပါတယ္။ ၾကီးမားတဲ့ထိခိုက္မႈေတြျဖစ္မလာေအာင္ က်ဴးေက်ာ္ခ်ဥ္းနင္းလာတဲ့အပင္ေတြကို ရွင္းလင္းရမွာ ျဖစ္ပါတယ္”

High Street Solicitors ဥပေဒအၾကံေပးအဖြဲ႔မွ Christopher Eccles က “ေႏြရာသီကေတာ့ Japanese Knotweed ေပါင္းပင္ေတြရဲ႕ ရာသီပါပဲ။ ဒီရာသီမွာ ဒီအပင္ေတြ ေၾကာက္စရာေကာင္းေအာင္ ပြားပါတယ္။ ဒီအပင္ဟာ အေဆာက္အအံုေတြကို ထိခိုက္ေစႏိုင္တဲ့ အႏၱရာယ္ရွိ အပင္ေတြပါ။ အပင္ေတြၾကီးလာျပီး အိမ္ေတြရဲ႕ ေဖာင္ေဒးရွင္ေတြကို ဖ်က္စီးႏိုင္တဲ့ အႏၱရာယ္ရွိပါတယ္”ဟု ေျပာၾကားသည္။

(Japanese knotweed ေပါင္းပင္ေတြကို ဘယ္လိုႏွိမ္နင္းမလဲ)

ေၾကာက္မက္ဖြယ္ ထိုေပါင္းပင္မ်ားကို အမ်ားအျပားမပ်ံ႕ပြားမီကတည္းက ရွင္းႏိုင္ခဲ့လွ်င္ ၎တို႔ကို ေအာင္ႏိုင္မည္ျဖစ္သည္။

Royal Horticultural Society မွ ေျပာသည္မွာ ထိုေပါင္းပင္မ်ား ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ရန္ အထိေရာက္ဆံုးႏွင့္ အရိုးရွင္းဆံုးနည္းလမ္းမွာ glyphosate ကို အေျခခံထုတ္လုပ္ထားသည့္ ေပါင္းသတ္ေဆးျဖင့္ ႏွိမ္နင္းရန္ ျဖစ္သည္ဟု ဆိုသည္။

ေႏြကာလမ်ားတြင္ ထိုေပါင္းပင္မ်ားကို ေျမေပၚ ၈ လက္မ ခ်န္ကာ ခုတ္ျဖတ္ပစ္ရမည္ျဖစ္သည္။

ထိုအပင္မ်ားသည္ အေခါင္းေပါက္ပါေသာ ေခါင္းပြအပင္မ်ဳိးျဖစ္ရာ အပင္မ်ားခုတ္ျဖတ္ျပီးလွ်င္ အေခါင္းေပါက္မ်ားအတြင္းသို႔ ေပါင္းသတ္ေဆးမ်ား ျဖန္းေပးရမည္ျဖစ္သည္။

ေပါင္းသတ္ေဆးသည္ အပင္ေခါင္းမွတဆင့္ စိမ့္ဝင္ကာ ေျမေအာက္အျမစ္မ်ားကို ေခ်မႈန္းႏိုင္မည္လည္း ျဖစ္သည္။

သို႔ေသာ္ ထိုသို႔ အနည္းဆံုး ၃ ၾကိမ္မွ ၄ ၾကိမ္အထိ ျပဳလုပ္မွသာ အျပီးသတ္ႏွိမ္နင္းႏိုင္ေလ့ရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Homeowner in South Wales receives £6k compensation from Network Rail after finding Japanese knotweed in his garden (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service