ကမ္ဘာ့အထီးကျန်ဆုံးနေအိမ်

ကမ္ဘာ့အထီးကျန်ဆုံးနေအိမ် - Property News in Myanmar from iMyanmarHouse.com
18 Jul 2022 10:29 am တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ အရှေ့မြောက်ဖျားစွန်းရှိ Maine ပြည်နယ်တွင် ကမ္ဘာ့အထီးကျန်ဆုံးအိမ် တည်ရှိသည့် ဘဲငူကျွန်း (Duck Ledges island) အမည်ရှိ ကျွန်းတစ်ကျွန်း လွန်ခဲ့သော ဇွန်လကတည်းက အရောင်းဈေးကွက် ရောက်ရှိကာ ပိုင်ရှင်သစ်ကို ရှာဖွေလျက်ရှိသည်။

ကျွန်း၏ ပိုင်ရှင်မှာ Billy Milliken ဟုအမည်ရပြီး Bold Coast Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးလည်း ဖြစ်သည်။

အဆိုပါ အထီးကျန်စံအိမ်သို့ လှေဖြင့် ၁၀ မိနစ်ခရီးဖြင့်သာ ရောက်ရှိနိုင်သည်။

အထီးကျန်စံအိမ်တွင် နေထိုင်လိုစိတ်ရှိသူတစ်ဦးဦးကို ရှာဖွေနေကြောင်း Milliken က ပြောသည်။

အသက် ၅၂ နှစ်အရွယ်ရှိ Milliken က ပြောသည်မှာ ဝယ်လက်တစ်ဦးအဖြစ် ရှိရမည့်အရည်အသွေးမှာ ယခုအိမ်တွင် နေထိုင်ရန်လိုအပ်ကြောင်း၊ ပိုင်ရှင်သစ်အား ယခုနေရာ၏ အလှကို မြင်စေလိုကြောင်း ပြောသည်။

သို့သော် ယခုအိမ်တွင် စိတ်ပျက်ဖွယ်အချက်ကား မည်သူနှင့်မှ ထိတွေ့ဆက်ဆံခွင့်ရမည်မဟုတ်ဘဲ လုံးဝ အထီးကျန်နေခြင်း ဖြစ်သည်။

ကန်ဒေါ်လာ ၃၃၉၀၀၀ ဈေးခေါ်ထားသော အထီးကျန်စံအိမ်၏ အခြားအားနည်းချက်တစ်ခုမှာ ရေချိုးခန်း မပါဝင်ချေ။

သို့သော် နေအိမ်နှင့် မလှမ်းမကမ်းတွင်မူ အိမ်သာတစ်ခု ဆောက်လုပ်ထားရှိသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် ရေပိုက်လိုင်းနှင့် အပူပေးစနစ်တို့လည်း မရှိရာ ဆောင်းကာလများတွင် ကျွန်းပေါ်၌ မနေသင့်ချေ။

Milliken ကပြောသည်မှာ ရာသီဥတုဆိုးရွားချိန်များတွင် ၎င်းအနေဖြင့်ကျွန်းပေါ်တွင် မနေထိုင်ကြောင်း၊ ထိုအချိန်များသည် လူတို့အတွက်သာမက တိရ စ္ဆာန်များအတွက်ပင်လျှင် နေထိုင်ရန် မသင့်လျော်ကြောင်း ပြောသည်။

(ပင်လယ်ဖျံများသာ အိမ်နီးချင်းရှိသော Maine ပြည်နယ်ရှိ အထီးကျန်ကျွန်းကို ကန်ဒေါ်လာ ၃၃၉၀၀၀ မျှဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်)

 

(ကျွန်းကို ပင်လယ်ဖျံများက ဝန်းပတ်ကျက်စားလျက်ရှိသည်)

 

(နေအိမ်အကျယ်အဝန်းမှာ ၅၄၀ စတုရန်းပေ ရှိသည်)

“ဆောင်းတွင်း မုန်တိုင်းကာလတစ်ခုမှာ အဲဒီမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နေခဲ့ဖူးတယ်”

၎င်း၏ သူငယ်ချင်းမှာ ငါး၊ ခုံးကောင်၊ ယောက်သွားအစရှိသည်တို့ အပါအဝင် ကျွန်းတွင်ရနိုင်မည့် အရာများဖြင့် အသက်ရှင်နေထိုင်နိုင်မည်လောဆိုသည်ကို သိလိုစိတ်ဖြင့် နေထိုင်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ပင် ကြမ်းတမ်းသည့်ဘဝဖြင့် နေထိုင်ခဲ့ပြီး ၃ ရက်သာနေထိုင်ခဲ့ကာ အိမ်ပြန်ခဲ့သည်ဟု ဆိုသည်။

မိမိ၏ မိသားစု၊ ရင်းနှီးသောမိတ်ဆွေများနှင့် ထိုကျွန်းသို့ သွားရောက်လည်ပတ်လိုကြောင်း၊ ညအိပ်ညနေ နေထိုင်ခြင်းထက် နေ့ချင်းပြန်သာ သွားလိုသေးကြောင်းလည်း Milliken က ဝန်ခံသည်။

ကျွန်း၏ အလှတရားကို နွေရာသီတွင် တွေ့နိုင်ပြီး ပင်လယ်၏ အရသာကို အပြည့်အဝခံစားရမည်ဖြစ်ကာ ပင်လယ်နှင့်တပေါင်းတစည်းဖြစ်သွားမည်ဖြစ်ကြောင်းလည်း Milliken က ပြောသည်။

(ပင်မဧည့်ခန်းနှင့် မီးဖိုဆောင်နေရာ)

 

(နေအိမ်ကို ထုတ်တန်းဖော် မျက်နှာကြက်များဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်းဆောင်များဆီသို့ ဦးတည်ပေးထားသည့် လှေကားတစ်ခု ပါဝင်သည်)

 

(အိပ်ခန်းတစ်ခန်းတွင် လူ ၄ ဦးအထက် အိပ်စက်နိုင်သည်)

ကျွန်းပေါ်တွင် ရာသီဥတု အမြဲဆိုးရွားနေသည်ကားမဟုတ်။

တစ်ခုသော နွေရာသီတွင် ကျွန်းဆီသို့ ရောက်ဖြစ်ခဲ့ပုံအကြောင်း Milliken က ပြန်လည်သတိရမိသည်။

နွေသို့ ရောက်လာသည့်တိုင် ရေမှာမူ အေးစိမ့်နေဆဲ။ ပင်လယ်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေပြေညှင်းမှာ အလွန်အရသာရှိလှကြောင်း၊ ညဘက်များတွင် အိမ်ပြင်ကိုထွက်ကာ ကြိုးပုခက်ဖြင့် အိပ်စက်ကြောင်း၊ မိမိဘဝတစ်လျှောက် အကောင်းဆုံးညများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အလားအလာရှိသော ဝယ်လက် ၂ ဦးက ညအိပ်ညနေ နေထိုင်ကြည့်ခဲ့ကြပြီးဖြစ်ကာ အခြား ၃ ဦးမှာလည်း အလွန်မှောင်မိုက်ကာ တသီးတခြားတည်ရှိသော ကျွန်းပေါ်တွင် နေထိုင်ကြည့်လိုလျက်ရှိကြောင်း Milliken က ပြောသည်။

(သစ်သား ရေအိမ်)

 

(ပင်မနေအိမ်နှင့် ရေအိမ်တို့ကြား အကွာအဝေး)

 

(ကျွန်း၏ ဆည်းဆာချိန်ရှုခင်း)

သတင်းများအရ Milliken သည် ဝယ်လက်တွေ့သွားဟန်ရသည်။ ၁ ဒသမ ၅ ဧက ကျယ်ဝန်းသော ကျွန်းကို ဝယ်လက်တစ်ဦးထံ ရောင်းချရန် သဘောတူထားပြီဟု ဆိုသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Would you dare stay at ‘world’s loneliest home?’ If you do, you can buy it (nypost)

 

 

 

[Zawgyi]

 

ကမၻာ့အထီးက်န္ဆံုးေနအိမ္

 

အေမရိကန္ႏိုင္ငံ အေရွ႕ေျမာက္ဖ်ားစြန္းရွိ Maine ျပည္နယ္တြင္ ကမၻာ့အထီးက်န္ဆံုးအိမ္ တည္ရွိသည့္ ဘဲငူကၽြန္း (Duck Ledges island) အမည္ရွိ ကၽြန္းတစ္ကၽြန္း လြန္ခဲ့ေသာ ဇြန္လကတည္းက အေရာင္းေစ်းကြက္ ေရာက္ရွိကာ ပိုင္ရွင္သစ္ကို ရွာေဖြလ်က္ရွိသည္။

ကၽြန္း၏ ပိုင္ရွင္မွာ Billy Milliken ဟုအမည္ရျပီး Bold Coast Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္တစ္ဦးလည္း ျဖစ္သည္။

အဆိုပါ အထီးက်န္စံအိမ္သို႔ ေလွျဖင့္ ၁၀ မိနစ္ခရီးျဖင့္သာ ေရာက္ရွိႏိုင္သည္။

အထီးက်န္စံအိမ္တြင္ ေနထိုင္လိုစိတ္ရွိသူတစ္ဦးဦးကို ရွာေဖြေနေၾကာင္း Milliken က ေျပာသည္။

အသက္ ၅၂ ႏွစ္အရြယ္ရွိ Milliken က ေျပာသည္မွာ ဝယ္လက္တစ္ဦးအျဖစ္ ရွိရမည့္အရည္အေသြးမွာ ယခုအိမ္တြင္ ေနထိုင္ရန္လိုအပ္ေၾကာင္း၊ ပိုင္ရွင္သစ္အား ယခုေနရာ၏ အလွကို ျမင္ေစလိုေၾကာင္း ေျပာသည္။

သို႔ေသာ္ ယခုအိမ္တြင္ စိတ္ပ်က္ဖြယ္အခ်က္ကား မည္သူႏွင့္မွ ထိေတြ႔ဆက္ဆံခြင့္ရမည္မဟုတ္ဘဲ လံုးဝ အထီးက်န္ေနျခင္း ျဖစ္သည္။

ကန္ေဒၚလာ ၃၃၉၀၀၀ ေစ်းေခၚထားေသာ အထီးက်န္စံအိမ္၏ အျခားအားနည္းခ်က္တစ္ခုမွာ ေရခ်ဳိးခန္း မပါဝင္ေခ်။

သို႔ေသာ္ ေနအိမ္ႏွင့္ မလွမ္းမကမ္းတြင္မူ အိမ္သာတစ္ခု ေဆာက္လုပ္ထားရွိသည္ကိုလည္း ေတြ႔ရသည္။

ထို႔အျပင္ ေရပိုက္လိုင္းႏွင့္ အပူေပးစနစ္တို႔လည္း မရွိရာ ေဆာင္းကာလမ်ားတြင္ ကၽြန္းေပၚ၌ မေနသင့္ေခ်။

Milliken ကေျပာသည္မွာ ရာသီဥတုဆိုးရြားခ်ိန္မ်ားတြင္ ၎အေနျဖင့္ကၽြန္းေပၚတြင္ မေနထုိင္ေၾကာင္း၊ ထိုအခ်ိန္မ်ားသည္ လူတို႔အတြက္သာမက တိရ စၦာန္မ်ားအတြက္ပင္လွ်င္ ေနထိုင္ရန္ မသင့္ေလ်ာ္ေၾကာင္း ေျပာသည္။

(ပင္လယ္ဖ်ံမ်ားသာ အိမ္နီးခ်င္းရွိေသာ Maine ျပည္နယ္ရွိ အထီးက်န္ကၽြန္းကို ကန္ေဒၚလာ ၃၃၉၀၀၀ မွ်ျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည္ျဖစ္သည္)

(ကၽြန္းကို ပင္လယ္ဖ်ံမ်ားက ဝန္းပတ္က်က္စားလ်က္ရွိသည္)

(ေနအိမ္အက်ယ္အဝန္းမွာ ၅၄၀ စတုရန္းေပ ရွိသည္)

“ေဆာင္းတြင္း မုန္တိုင္းကာလတစ္ခုမွာ အဲဒီမွာ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ေနခဲ့ဖူးတယ္”

၎၏ သူငယ္ခ်င္းမွာ ငါး၊ ခံုးေကာင္၊ ေယာက္သြားအစရွိသည္တို႔ အပါအဝင္ ကၽြန္းတြင္ရႏိုင္မည့္ အရာမ်ားျဖင့္ အသက္ရွင္ေနထိုင္ႏိုင္မည္ေလာဆိုသည္ကို သိလိုစိတ္ျဖင့္ ေနထိုင္ခဲ့ျခင္းျဖစ္ျပီး အမွန္တကယ္ပင္ ၾကမ္းတမ္းသည့္ဘဝျဖင့္ ေနထုိင္ခဲ့ျပီး ၃ ရက္သာေနထိုင္ခဲ့ကာ အိမ္ျပန္ခဲ့သည္ဟု ဆိုသည္။

မိမိ၏ မိသားစု၊ ရင္းႏွီးေသာမိတ္ေဆြမ်ားႏွင့္ ထိုကၽြန္းသို႔ သြားေရာက္လည္ပတ္လိုေၾကာင္း၊ ညအိပ္ညေန ေနထုိင္ျခင္းထက္ ေန႔ခ်င္းျပန္သာ သြားလိုေသးေၾကာင္းလည္း Milliken က ဝန္ခံသည္။

ကၽြန္း၏ အလွတရားကို ေႏြရာသီတြင္ ေတြ႔ႏိုင္ျပီး ပင္လယ္၏ အရသာကို အျပည့္အဝခံစားရမည္ျဖစ္ကာ ပင္လယ္ႏွင့္တေပါင္းတစည္းျဖစ္သြားမည္ျဖစ္ေၾကာင္းလည္း Milliken က ေျပာသည္။

(ပင္မဧည့္ခန္းႏွင့္ မီးဖိုေဆာင္ေနရာ)

(ေနအိမ္ကို ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားျဖင့္ ေဆာက္လုပ္ထားျပီး အိပ္ခန္းေဆာင္မ်ားဆီသို႔ ဦးတည္ေပးထားသည့္ ေလွကားတစ္ခု ပါဝင္သည္)

(အိပ္ခန္းတစ္ခန္းတြင္ လူ ၄ ဦးအထက္ အိပ္စက္ႏိုင္သည္)

ကၽြန္းေပၚတြင္ ရာသီဥတု အျမဲဆိုးရြားေနသည္ကားမဟုတ္။

တစ္ခုေသာ ေႏြရာသီတြင္ ကၽြန္းဆီသို႔ ေရာက္ျဖစ္ခဲ့ပံုအေၾကာင္း Milliken က ျပန္လည္သတိရမိသည္။

ေႏြသို႔ ေရာက္လာသည့္တိုင္ ေရမွာမူ ေအးစိမ့္ေနဆဲ။ ပင္လယ္ကို ျဖတ္သန္းတိုက္ခတ္လာသည့္ ေလေျပညွင္းမွာ အလြန္အရသာရွိလွေၾကာင္း၊ ညဘက္မ်ားတြင္ အိမ္ျပင္ကိုထြက္ကာ ၾကိဳးပုခက္ျဖင့္ အိပ္စက္ေၾကာင္း၊ မိမိဘဝတစ္ေလွ်ာက္ အေကာင္းဆံုးညမ်ားျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အလားအလာရွိေသာ ဝယ္လက္ ၂ ဦးက ညအိပ္ညေန ေနထိုင္ၾကည့္ခဲ့ၾကျပီးျဖစ္ကာ အျခား ၃ ဦးမွာလည္း အလြန္ေမွာင္မိုက္ကာ တသီးတျခားတည္ရွိေသာ ကၽြန္းေပၚတြင္ ေနထိုင္ၾကည့္လိုလ်က္ရွိေၾကာင္း Milliken က ေျပာသည္။

(သစ္သား ေရအိမ္)

(ပင္မေနအိမ္ႏွင့္ ေရအိမ္တို႔ၾကား အကြာအေဝး)

(ကၽြန္း၏ ဆည္းဆာခ်ိန္ရႈခင္း)

သတင္းမ်ားအရ Milliken သည္ ဝယ္လက္ေတြ႔သြားဟန္ရသည္။ ၁ ဒသမ ၅ ဧက က်ယ္ဝန္းေသာ ကၽြန္းကို ဝယ္လက္တစ္ဦးထံ ေရာင္းခ်ရန္ သေဘာတူထားျပီဟု ဆိုသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Would you dare stay at ‘world’s loneliest home?’ If you do, you can buy it (nypost)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service