ဥရောပတွင် ၁၁၆ ဖာရင်ဟိုက်အထိ ကြောက်မက်ဖွယ်အပူချိန်မြင့်တက် တောမီးများ အကြီးအကျယ် လောင်ကျွမ်းနေ၊ ပြည်သူများနေအိမ်များမှ ထွက်ပြေးနေရ

ဥရောပတွင် ၁၁၆ ဖာရင်ဟိုက်အထိ ကြောက်မက်ဖွယ်အပူချိန်မြင့်တက် တောမီးများ အကြီးအကျယ် လောင်ကျွမ်းနေ၊ ပြည်သူများနေအိမ်များမှ ထွက်ပြေးနေရ - Property News in Myanmar from iMyanmarHouse.com
15 Jul 2022 10:57 am တွင် တင်ခဲ့သည်
1208 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပတိုက်တွင် ကြောက်မက်ဖွယ်အပူလှိုင်းကျရောက်နေကာ အပူချိန်မှာ ၄၇ ဒီဂရီ စင်တီဂရိတ် (၁၁၆ ဒီဂရီ ဖာရင်ဟိုက်) အထိမြင့်တက်နေပြီး ဥရောပနိုင်ငံအများအပြားတွင် တောမီးများ အကြီးအကျယ်လောင်ကျွမ်း လျက်ရှိရာ ပြည်သူများမှာ နေအိမ်များမှ ထွက်ပြေးရလျက်ရှိသည်။

လာမည့်ရက်များတွင် အပူချိန်မှာ ယခုထက်မြင့်တက်လာဖွယ်ရှိနေသည်။ ပေါ်တူဂီနိုင်ငံ၏ လူကုံထံအသိုက်အဝန်းနေရာတစ်ခုဖြစ်သော Quinta do Lago အရပ်သို့ တောမီးလောင်ကျွမ်းမှုကြီး ရောက်ရှိလာသည်။

ထိုဒေသရှိ နေအိမ်များမှာ ပေါင် ၁ သန်းမှ ၉ ဒသမ ၅ သန်းကြား တန်ကြေးရှိသည့် အိမ်များဖြစ်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်သော ရုရှားဘီလျံနာ ရိုမန် အဘရာမိုဗစ်ချ်၊ စကော့လူမျိုး ဘီလျံနာကြီး Duncan Bannatyne ၊ ဘောလုံးဂန္ထဝင်ကြယ်ပွင့်များဖြစ်သော ဂျွန်တယ်ရီ၊ စတီဗင်ဂျရတ်တို့၏ စံအိမ်များ တည်ရှိရာ နေရာလည်း ဖြစ်သည်။

ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ ကြောက်မက်ဖွယ်တောမီးသည် ဇိမ်ခံအပန်းဖြေစခန်းတစ်ခုနှင့် ဂေါက်ကွင်းတို့ကို ဝါးမြိုလောင်ကျွမ်းနေပြီး တုန်လှုပ်ခြောက်ခြားနေသော ကမ္ဘာလှည့်ခရီးသည်များမှာ မော်တော်ကားများဖြင့် ထွက်ပြေးရန် ကြိုးစားနေပုံများကို တွေ့ရသည်။

ပေါ်တူဂီမှ မီးသတ်သမားနှင့် ပရဟိတသမား ထောင်ပေါင်းများစွာသည် နိုင်ငံတစ်ဝန်းလောင်ကျွမ်းနေသော မီးကြီးကို ဝိုင်းဝန်းငြိမ်းသတ်ရန် ကြိုးစားနေကြသည်။

ဥရောပ၏ ကြောက်မက်ဖွယ်မြင့်တက်နေသော အပူချိန်ကြောင့် စပိန်၊ ပြင်သစ်၊ တူရကီနှင့် ခရိုအေးရှားနိုင်ငံများတွင်လည်း တောမီးများ အကြီးအကျယ်လောင်ကျွမ်းနေသည်။

စပိန်နိုင်ငံပိုင် မိုးလေဝသအေဂျင်စီ AEMET ၏ ထုတ်ပြန်ချက်အရ ယနေ့သည် အပူချိန်အမြင့်ဆုံးနေ့ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ကြေညာထားပြီး Seville မြို့တွင် အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက်ရှိသည်ဟု ဆိုသည်။

စပိန်နိုင်ငံ၊ Extremadura ဒေသတွင် မြေဧက ၃၅၀၀ အကျယ်အဝန်းခန့် တောမီးလောင်ကျွမ်းခဲ့ပြီးဖြစ်ကာ မီးသတ်သမားများမှာ မီးငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်သည်။

စပိန်တွင် အမြင့်မားဆုံးအဆင့် တပ်လှန့်ထားပြီး AEMET ၏ ထုတ်ပြန်ချက်အရ စပိန်တောင်ပိုင်း Andalusia ဒေသ၊ အနောက်တောင်ဘက်တွင် Extremadura ဒေသနှင့် အနောက်မြောက်ဘက်တွင် Galicia ဒေသတို့၌ အပူချိန်အလွန်မြင့်မားမှုကြောင့် အသက်ရှုကြပ်ရလျက်ရှိသည်ဟု ဆိုသည်။

 

(ပေါ်တူဂီ၏ လူကုံထံဒေသ Quinta do Lago အား မီးသင့်နေပုံ)

(ပေါ်တူဂီနိုင်ငံ Quinta do Lago ဒေသ)

 

(ပေါ်တူဂီနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေရာ Ourem ဒေသ၊ Lavradio ကျေးရွာ၏ ရေကူးကန်တစ်ခုအနီး မီးလောင်နေပုံ)

(ပေါ်တူဂီနိုင်ငံ၊ Bemposta ဒေသရှိ လူသူမရှိသောနေအိမ်တစ်ခုသို့ တောမီးရောက်လာပုံ)

(ပေါ်တူဂီရှိ နေအိမ်တစ်လုံးနှင့် ပရိဘောဂကုမ္ပဏီတို့မှာ မီးသင့်ခဲ့ပြီး အုတ်ပုံဘဝရောက်သွားသည်။)

 

(ပေါ်တူဂီနိုင်ငံ၊ Gesteira de Baixo ဒေသတွင် Air Tractor AT-802F အမျိုးအစားလေယာဉ်တစ်စီး မီးငြိမ်းသတ်နေသည်ကို တွေ့ရစဉ်)

 

(ပြင်သစ်နိုင်ငံ- Pyla sur mer ကမ်းခြေဒေသတွင် တောမီးလောင်ကျွမ်းနေသည်ကို ကမ်းခြေတွင် ရေကူးနေသူများ တွေ့ကြရပုံ)

 

(တူရကီနိုင်ငံ- Mugla ခရိုင်တွင် လောင်ကျွမ်းနေသော တောမီးကို ငြိမ်းသတ်ရန် မီးသတ်ရဟတ်ယာဉ်ဖြင့် ရေသယ်နေပုံ)

 

(စပိန်နိုင်ငံ- Seville မြို့ရှိ လူသူမရှိသော လမ်းတစ်ခုတွင် အပူချိန် ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီဖာရင်ဟိုက်) ပြသနေသော အပူချိန်တိုင်းကိရိယာကို တွေ့ရပုံ)

 

(ကြောက်မက်ဖွယ်အပူချိန်ကြောင့် စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ တူရကီနှင့် ခရိုအေးရှားနိုင်ငံများတွင် တောမီးများ အကြီးအကျယ်လောင်ကျွမ်းနေသည်)

ပေါ်တူဂီနိုင်ငံမှ အသက် ၆၃ နှစ်အရွယ်ရှိ João Anastácio က ပြောသည်မှာ သူ၏နေအိမ်ဝန်းကျင် တောမီးရောက်ရှိလာရာ ဦးခေါင်းကို ရေစိုဝတ်ဖြင့် ပတ်ထားရကြောင်း ပြောကြားသည်။

(Dragons Den သရုပ်ဆောင် (၇၃ နှစ်) က တွစ်တာတွင် ရေးသားသည်မှာ ၎င်းတို့မိသားစုနေထိုင်ရာ အပန်းဖြေစခန်းသို့ တောမီးရောက်လာသောကြောင့် နေအိမ်မှာထွက်ပြေးခဲ့ကြရကြောင်း ရေးသားထားသည်)

(မိမိအလုပ်လုပ်သော သစ်စက်မီးအား တောမီးလောင်ကျွမ်းမှုကြောင့် အလုပ်သမားတစ်ဦး ထွက်ပြေးနေပုံ)

 

(ပေါ်တူဂီနိုင်ငံရှိ သစ်စက်ကို တောမီးလောင်ကျွမ်းနေမှုတွင် မီးသတ်သမားများ မီးငြိမ်းသတ်ရန် ကြိုးစားနေပုံ)

(ပေါ်တူဂီနှင့် စပိန်အနောက်ပိုင်း နေရာပေါင်း ၂၀ တွင် တောမီးများ လောင်ကျွမ်းနေရာ မီးသတ်သမား ထောင်ပေါင်းများစွာ မီးငြိမ်းသတ်ရန် ကြိုးစားနေရသည်)

(ပေါ်တူဂီနိုင်ငံအလယ်ပိုင်း Bemposta ကျေးရွာတွင် မီးခိုးလုံးများဖြင့် ကောင်းကင်မှာ မဲမှောင်လျက်ရှိချိန် ရေသယ်ဆောင်လာသော ထရပ်ကားတစ်စီး)

(ပေါ်တူဂီနိုင်ငံ၊ Palmela ဒေသတွင် တောမီး နီးကပ်လာနေသော ဓာတ်ဆီဆိုင်တစ်ခုရှေ့ အမျိုးသမီးတစ်ဦး ပြေးလွှားနေပုံ)

(ပေါ်တူဂီတွင် တောမီးကြောင့် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဂေါက်ကွင်းများ မီးဘေးသင့်ခဲ့သည်)

(ပေါ်တူဂီနိုင်ငံတွင် မိမိနေအိမ်ဝန်းကျင်တောအုပ်မီးလောင်နေရာ သစ်ကိုင်းတစ်ခုဖြင့် မီးငြိမ်းရန် ကြိုးစားနေသော ဒေသခံတစ်ဦး)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Flames like the devil': Wildfire rips through luxury Algarve golf resort with Duncan Bannatyne among those forced to flee their mansions as 'suffocating' 47C (116F) heatwave continues to rage across Europe (dailymail)

 

 

[Zawgyi]

 

ဥေရာပတြင္ ၁၁၆ ဖာရင္ဟိုက္အထိ ေၾကာက္မက္ဖြယ္အပူခ်ိန္ျမင့္တက္ ေတာမီးမ်ား အၾကီးအက်ယ္ ေလာင္ကၽြမ္းေန၊ ျပည္သူမ်ားေနအိမ္မ်ားမွ ထြက္ေျပးေနရ

 

ဥေရာပတိုက္တြင္ ေၾကာက္မက္ဖြယ္အပူလႈိင္းက်ေရာက္ေနကာ အပူခ်ိန္မွာ ၄၇ ဒီဂရီ စင္တီဂရိတ္ (၁၁၆ ဒီဂရီ ဖာရင္ဟိုက္) အထိျမင့္တက္ေနျပီး ဥေရာပႏိုင္ငံအမ်ားအျပားတြင္ ေတာမီးမ်ား အၾကီးအက်ယ္ေလာင္ကၽြမ္း လ်က္ရွိရာ ျပည္သူမ်ားမွာ ေနအိမ္မ်ားမွ ထြက္ေျပးရလ်က္ရွိသည္။

လာမည့္ရက္မ်ားတြင္ အပူခ်ိန္မွာ ယခုထက္ျမင့္တက္လာဖြယ္ရွိေနသည္။ ေပၚတူဂီႏိုင္ငံ၏ လူကံုထံအသိုက္အဝန္းေနရာတစ္ခုျဖစ္ေသာ Quinta do Lago အရပ္သို႔ ေတာမီးေလာင္ကၽြမ္းမႈၾကီး ေရာက္ရွိလာသည္။

ထိုေဒသရွိ ေနအိမ္မ်ားမွာ ေပါင္ ၁ သန္းမွ ၉ ဒသမ ၅ သန္းၾကား တန္ေၾကးရွိသည့္ အိမ္မ်ားျဖစ္ျပီး ကမၻာေက်ာ္ပုဂၢိဳလ္မ်ားျဖစ္ေသာ ရုရွားဘီလ်ံနာ ရိုမန္ အဘရာမိုဗစ္ခ်္၊ စေကာ့လူမ်ဳိး ဘီလ်ံနာၾကီး Duncan Bannatyne ၊ ေဘာလံုးဂႏၳဝင္ၾကယ္ပြင့္မ်ားျဖစ္ေသာ ဂၽြန္တယ္ရီ၊ စတီဗင္ဂ်ရတ္တို႔၏ စံအိမ္မ်ား တည္ရွိရာ ေနရာလည္း ျဖစ္သည္။

ဗြီဒီယိုဖိုင္မ်ားတြင္ ေတြ႔ျမင္ရမႈအရ ေၾကာက္မက္ဖြယ္ေတာမီးသည္ ဇိမ္ခံအပန္းေျဖစခန္းတစ္ခုႏွင့္ ေဂါက္ကြင္းတို႔ကို ဝါးျမိဳေလာင္ကၽြမ္းေနျပီး တုန္လႈပ္ေျခာက္ျခားေနေသာ ကမၻာလွည့္ခရီးသည္မ်ားမွာ ေမာ္ေတာ္ကားမ်ားျဖင့္ ထြက္ေျပးရန္ ၾကိဳးစားေနပံုမ်ားကို ေတြ႔ရသည္။

ေပၚတူဂီမွ မီးသတ္သမားႏွင့္ ပရဟိတသမား ေထာင္ေပါင္းမ်ားစြာသည္ ႏိုင္ငံတစ္ဝန္းေလာင္ကၽြမ္းေနေသာ မီးၾကီးကို ဝိုင္းဝန္းျငိမ္းသတ္ရန္ ၾကိဳးစားေနၾကသည္။

ဥေရာပ၏ ေၾကာက္မက္ဖြယ္ျမင့္တက္ေနေသာ အပူခ်ိန္ေၾကာင့္ စပိန္၊ ျပင္သစ္၊ တူရကီႏွင့္ ခရိုေအးရွားႏိုင္ငံမ်ားတြင္လည္း ေတာမီးမ်ား အၾကီးအက်ယ္ေလာင္ကၽြမ္္းေနသည္။

စပိန္ႏိုင္ငံပိုင္ မိုးေလဝသေအဂ်င္စီ AEMET ၏ ထုတ္ျပန္ခ်က္အရ ယေန႔သည္ အပူခ်ိန္အျမင့္ဆံုးေန႔ျဖစ္မည္ဟု ခန္႔မွန္းထားေၾကာင္း ေၾကညာထားျပီး Seville ျမိဳ႕တြင္ အပူခ်ိန္ ၁၂၀ ဒီဂရီဖာရင္ဟိုက္ရွိသည္ဟု ဆိုသည္။

စပိန္ႏိုင္ငံ၊ Extremadura ေဒသတြင္ ေျမဧက ၃၅၀၀ အက်ယ္အဝန္းခန္႔ ေတာမီးေလာင္ကၽြမ္းခဲ့ျပီးျဖစ္ကာ မီးသတ္သမားမ်ားမွာ မီးျငိမ္းသတ္ႏိုင္ရန္ ဆက္လက္ၾကိဳးစားေနဆဲ ျဖစ္သည္။

စပိန္တြင္ အျမင့္မားဆံုးအဆင့္ တပ္လွန္႔ထားျပီး AEMET ၏ ထုတ္ျပန္ခ်က္အရ စပိန္ေတာင္ပိုင္း Andalusia ေဒသ၊ အေနာက္ေတာင္ဘက္တြင္ Extremadura ေဒသႏွင့္ အေနာက္ေျမာက္ဘက္တြင္ Galicia ေဒသတို႔၌ အပူခ်ိန္အလြန္ျမင့္မားမႈေၾကာင့္ အသက္ရႈၾကပ္ရလ်က္ရွိသည္ဟု ဆိုသည္။

(ေပၚတူဂီ- ေပၚတူဂီႏိုင္ငံ၊ Albergaria a Velha ေဒသတြင္ သစ္စက္တစ္ခုအား ေတာမီးေလာင္ကၽြမ္းေနပံု)

(ေပၚတူဂီ၏ လူကံုထံေဒသ Quinta do Lago အား မီးသင့္ေနပံု)

(ေပၚတူဂီႏိုင္ငံ Quinta do Lago ေဒသ)

(ေပၚတူဂီႏိုင္ငံတြင္ ေတာမီးအၾကီးအက်ယ္ေလာင္ကၽြမ္းေနရာ Ourem ေဒသ၊ Lavradio ေက်းရြာ၏ ေရကူးကန္တစ္ခုအနီး မီးေလာင္ေနပံု)

(ေပၚတူဂီႏိုင္ငံ၊ Bemposta ေဒသရွိ လူသူမရွိေသာေနအိမ္တစ္ခုသို႔ ေတာမီးေရာက္လာပံု)

(ေပၚတူဂီရွိ ေနအိမ္တစ္လံုးႏွင့္ ပရိေဘာဂကုမၸဏီတို႔မွာ မီးသင့္ခဲ့ျပီး အုတ္ပံုဘဝေရာက္သြားသည္။)

(ေပၚတူဂီႏိုင္ငံ၊ Gesteira de Baixo ေဒသတြင္ Air Tractor AT-802F အမ်ဳိးအစားေလယာဥ္တစ္စီး မီးျငိမ္းသတ္ေနသည္ကို ေတြ႔ရစဥ္)

(ျပင္သစ္ႏုိင္ငံ- Pyla sur mer ကမ္းေျခေဒသတြင္ ေတာမီးေလာင္ကၽြမ္းေနသည္ကို ကမ္းေျခတြင္ ေရကူးေနသူမ်ား ေတြ႔ၾကရပံု)

(တူရကီႏိုင္ငံ- Mugla ခရိုင္တြင္ ေလာင္ကၽြမ္းေနေသာ ေတာမီးကို ျငိမ္းသတ္ရန္ မီးသတ္ရဟတ္ယာဥ္ျဖင့္ ေရသယ္ေနပံု)

(စပိန္ႏိုင္ငံ- Seville ျမိဳ႕ရွိ လူသူမရွိေသာ လမ္းတစ္ခုတြင္ အပူခ်ိန္ ၄၉ ဒီဂရီစင္တီဂရိတ္ (၁၂၀ ဒီဂရီဖာရင္ဟိုက္) ျပသေနေသာ အပူခ်ိန္တိုင္းကိရိယာကို ေတြ႔ရပံု)

(ေၾကာက္မက္ဖြယ္အပူခ်ိန္ေၾကာင့္ စပိန္၊ ေပၚတူဂီ၊ ျပင္သစ္၊ တူရကီႏွင့္ ခရိုေအးရွားႏိုင္ငံမ်ားတြင္ ေတာမီးမ်ား အၾကီးအက်ယ္ေလာင္ကၽြမ္းေနသည္)

ေပၚတူဂီႏိုင္ငံမွ အသက္ ၆၃ ႏွစ္အရြယ္ရွိ João Anastácio က ေျပာသည္မွာ သူ၏ေနအိမ္ဝန္းက်င္ ေတာမီးေရာက္ရွိလာရာ ဦးေခါင္းကို ေရစိုဝတ္ျဖင့္ ပတ္ထားရေၾကာင္း ေျပာၾကားသည္။

(Dragons Den သရုပ္ေဆာင္ (၇၃ ႏွစ္) က တြစ္တာတြင္ ေရးသားသည္မွာ ၎တို႔မိသားစုေနထိုင္ရာ အပန္းေျဖစခန္းသို႔ ေတာမီးေရာက္လာေသာေၾကာင့္ ေနအိမ္မွာထြက္ေျပးခဲ့ၾကရေၾကာင္း ေရးသားထားသည္)

(မိမိအလုပ္လုပ္ေသာ သစ္စက္မီးအား ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ အလုပ္သမားတစ္ဦး ထြက္ေျပးေနပံု)

(ေပၚတူဂီႏိုင္ငံရွိ သစ္စက္ကို ေတာမီးေလာင္ကၽြမ္းေနမႈတြင္ မီးသတ္သမားမ်ား မီးျငိမ္းသတ္ရန္ ၾကိဳးစားေနပံု)

(ေပၚတူဂီႏွင့္ စပိန္အေနာက္ပိုင္း ေနရာေပါင္း ၂၀ တြင္ ေတာမီးမ်ား ေလာင္ကၽြမ္းေနရာ မီးသတ္သမား ေထာင္ေပါင္းမ်ားစြာ မီးျငိမ္းသတ္ရန္ ၾကိဳးစားေနရသည္)

(ေပၚတူဂီႏိုင္ငံအလယ္ပိုင္း Bemposta ေက်းရြာတြင္ မီးခိုးလံုးမ်ားျဖင့္ ေကာင္းကင္မွာ မဲေမွာင္လ်က္ရွိခ်ိန္ ေရသယ္ေဆာင္လာေသာ ထရပ္ကားတစ္စီး)

(ေပၚတူဂီႏိုင္ငံ၊ Palmela ေဒသတြင္ ေတာမီး နီးကပ္လာေနေသာ ဓာတ္ဆီဆိုင္တစ္ခုေရွ႕ အမ်ဳိးသမီးတစ္ဦး ေျပးလႊားေနပံု)

(ေပၚတူဂီတြင္ ေတာမီးေၾကာင့္ ေနအိမ္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ေဂါက္ကြင္းမ်ား မီးေဘးသင့္ခဲ့သည္)

(ေပၚတူဂီႏိုင္ငံတြင္ မိမိေနအိမ္ဝန္းက်င္ေတာအုပ္မီးေလာင္ေနရာ သစ္ကိုင္းတစ္ခုျဖင့္ မီးျငိမ္းရန္ ၾကိဳးစားေနေသာ ေဒသခံတစ္ဦး)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Flames like the devil': Wildfire rips through luxury Algarve golf resort with Duncan Bannatyne among those forced to flee their mansions as 'suffocating' 47C (116F) heatwave continues to rage across Europe (dailymail)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service