အချုပ်ခန်း ၂ ခန်းပါသောနေအိမ်နှင့် အမေရိက ဘုံရန်သူ ရာဇဝင်လူဆိုးကြီး ဒီလင်ဂျာ

အချုပ်ခန်း ၂ ခန်းပါသောနေအိမ်နှင့် အမေရိက ဘုံရန်သူ ရာဇဝင်လူဆိုးကြီး ဒီလင်ဂျာ - Property News in Myanmar from iMyanmarHouse.com
11 Jul 2022 10:21 am တွင် တင်ခဲ့သည်
2725 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(နေအိမ်တွင် အချုပ်ခန်း ၂ ခန်းပါနေခြင်းမှာ အရောင်းထိုင်းစေလိမ့်မည်ဟု သင်ယူဆဖွယ်ရှိသည်။ သို့သော် အိုဟိုင်းအိုးပြည်နယ်ရှိ ယခုနေအိမ်မှာ အရောင်းဈေးကွက်တင်ပြီး လျင်မြန်စွာပင် ဝယ်လက်တစ်ဦးနှင့် ရောင်းချရန် သဘောတူပြီး ဖြစ်သည်)

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ Celina မြို့၊ N.Brandon Ave ၊ အမှတ် ၁၁၇ တွင် တည်ရှိသော ယခုစံအိမ်မှာ ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်လေ့ရှိသော ဒီဇိုင်းဟန်မျိုးဖြစ်သော်လည်း နေအိမ်အတွင်းမှာကား အကျဉ်းထောင်သဖွယ် ပြုလုပ်ထားမှုများ ရှိသည်။

မကြာသေးမီက ဈေးကွက်တင်လာခဲ့သည့် အဆိုပါစံအိမ်တွင် အချုပ်ခန်း ၂ ခန်းပါဝင်နေပြီး လက်ရှိလူနေထိုင်ခြင်း မရှိချေ။

ယခုအချိန်တွင် အဆိုပါအိမ်ကို ရောင်းချရန် ဝယ်လက်တစ်ဦးနှင့် သဘောတူထားပြီဖြစ်ပြီး ပိုင်ရှင်သစ်မှ ဆက်ခံပိုင်ဆိုင်တော့မည် ဖြစ်သည်။

“ကျွန်တော့်ရဲ့ အလုပ်အကိုင်သက်တမ်းတစ်လျှောက် ဒီလိုအိမ်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး” ဟု အရောင်းဈေးကွက်တင်ပေးသည့် Superior Plus Realtors အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Ryan Stackhouse က ပြောသည်။

ထိုနေအိမ်ကို အရောင်းဈေးကွက်တင်လိုက်ပြီးနောက်ပိုင်း သူ့ထံ ဖုန်းခေါ်ဆိုမှုများ မရပ်မနား ဝင်ရောက်လာခဲ့သည်။

“အိမ်ကိုပြပေးဖို့ တောင်းဆိုလာတဲ့သူတွေ အပြည့်ဖြစ်သွားတယ်”

နေအိမ်၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၇၅၀၀၀ ဖြစ်သည်။

နေအိမ်တွင်းရှိ အချုပ်ခန်းများမှာ အနီးရှိ Allen County အကျဉ်းထောင်ကြီးမှ အခြားနည်းလမ်းဖြင့် ပြန်လည်အသုံးပြုရန် ရယူထားသော နွားသိုးလှောင်အိမ်များဖြစ်သည်ဟု ဆိုသည်။

ထိုအကျဉ်းထောင်တွင် တစ်ချိန်က မဟာစီးပွားပျက်ကပ်ကာလ လူဆိုးဂိုဏ်းခေါင်းဆောင် ဂျွန် ဒီလင်ဂျာ (John Dillinger) ကို ထိန်းသိမ်းထားရှိခဲ့ဖူးသည်။

ထိုလူမိုက်ကြီးအကြောင်း ဤအတိုင်းပြောလျှင် သင်တို့သိမည်မဟုတ်ချေ။

သူ၏ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားသည့် ရုပ်ရှင်တစ်ခုရှိသည်။ ရုပ်ရှင်၏ အမည်မှာ Public Enemies ဟု အမည်ရပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့ခြင်းဖြစ်ကာ Johnny Depp ပါဝင်သရုပ်ဆောင်ထားသည်။

(အနီးရှိ အကျဉ်းထောင်တွင် တချိန်က အသုံးပြုခဲ့သည်။)

 

(တောင့်တင်းခိုင်မာသော ကုတင်များ)

 

(ခွေးလှောင်အိမ်၏ ၂ ဆခန့် အကျယ်အဝန်းရှိသည်)

 

(အချုပ်ခန်းများကို မြေအောက်ခန်းတွင် ထားရှိခြင်းမဟုတ်ချေ။ မီးဖိုဆောင်တစ်ခုအနီး ကြီးမားသည့် ပြတင်းပေါက်ကြီး ရှေ့တွင် ထားရှိသည်)

 

(အိမ်တွင်းမှ အချုပ်ခန်းများနည်းတူ နေအိမ်အပြင်ဖက်မှာလည်း ရင်သပ်ရှုမောဖွယ် လက်ရာကို တွေ့ရမည် ဖြစ်သည်)

 

ဤစံအိမ်၏ မူလပိုင်ရှင်သည် လူဆိုးဂိုဏ်းခေါင်းဆောင် John Dilinger ကို အလွန်စိတ်ဝင်စားခဲ့သူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် Dilinger အား ထိန်းသိမ်းထားရှိခဲ့သည့် အကျဉ်းခန်းများကို နောင်အခါတွင် အကျဉ်းထောင်ထံမှ ပြန်လည်ဝယ်ယူခဲ့ကာ သူ၏နေအိမ်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

Dillinger သည် ၁၉၃၃ ခုနှစ်တွင် အကျဉ်းထောင်သို့ ရောက်ရှိပြီး တစ်လအကြာတွင်ပင် Allen County ထောင်ကို ထောင်ဖောက်ကာ လွတ်မြောက်သွားခဲ့သည်။

လွတ်မြောက်သွားပြီး တစ်နှစ်အတွင်း ဘဏ် ၁၁ ခုကို ဓားပြတိုက်ခဲ့ကာ ရဲအရာရှိ ၇ ဦး၊ ထောက်လှမ်းရေးအရာရှိ ၃ ဦးကို သတ်ဖြတ်ခဲ့သည်။

အမေရိက၏ ပြည်နယ် ၄ ခုတွင် လှည့်လည်ထွက်ပြေးတိမ်းရှောင်နေရင်း ဒဏ်ရာရခဲ့ပြီး ဖခင်၏ အိမ်တွင် ဆေးကုသခဲ့သည်။

ယင်းနောက် ၁၉၃၄ ခုနှစ်၊ ဇူလိုင်လတွင် ချီကာဂိုသို့ ပြန်လာကာ ပြည့်တန်ဆာဂေဟာတစ်ခုတွင် ပုန်းအောင်း နေခဲ့သည်။

နောက်ပိုင်းတွင်မူ ပြည့်တန်ဆာဂေဟာပိုင်ရှင်က Dillinger ၏အကြောင်းကို သတင်းပေးလိုက်၏။ ၁၉၃၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် Dillinger သည် ဇာတ်ရုံတစ်မှအထွက်၌ FBI က ဖမ်းဆီးရာ ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ နောက်ကျောကို ကျည်ထိပြီး သေဆုံးသွားသည်။

သေဆုံးချိန်တွင် အသက် ၃၁ နှစ်သာ ရှိသေးသည်။

“ဒီအိမ်ကို ကျွန်တော်ရောက်သွားတိုင်း အိမ်ရှင်တွေက အချုပ်ခန်းတွေထဲ ထည့်ထားတဲ့ သူတို့ခွေးတွေကို တုတ်နဲ့ ဟန့်နေတာ တွေ့ရပါတယ်။ ခွေးတွေက ကျွန်တော့်ကို ဟောင်ကြ၊ ခုန်ဟပ်က လုပ်တာကြောင့်ပါ” ဟု Stackhouse က ပြောသည်။

 

(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်း)

 

(ပုံမှန်ထက် မျက်နှာကြက် ၂ ဆမြင့်မားသည့် ခန်းမ)

 

(မီးဖိုဆောင် ၂ ခုအနက်မှ တစ်ခု)

 

(အခြားမီးဖိုဆောင်တစ်ခု)

(အခြားမီးဖိုဆောင်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများရှိသည်)

 

နေအိမ်၏ မူလပိုင်ရှင်မှာ မျက်စိဆရာဝန်တစ်ဦးဖြစ်ပြီး ကပ်လျက်တည်ရှိသော 117 N. Brandon Ave တွင် နေထိုင်ခဲ့သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside an Ohio home with not one, but two jail cells (nypost)

 

 

 

[Zawgyi]

အခ်ဳပ္ခန္း ၂ ခန္းပါေသာေနအိမ္ႏွင့္ အေမရိက ဘံုရန္သူ ရာဇဝင္လူဆိုးၾကီး ဒီလင္ဂ်ာ

 

(ေနအိမ္တြင္ အခ်ဳပ္ခန္း ၂ ခန္းပါေနျခင္းမွာ အေရာင္းထိုင္းေစလိမ့္မည္ဟု သင္ယူဆဖြယ္ရွိသည္။ သို႔ေသာ္ အုိဟုိင္းအိုးျပည္နယ္ရွိ ယခုေနအိမ္မွာ အေရာင္းေစ်းကြက္တင္ျပီး လ်င္ျမန္စြာပင္ ဝယ္လက္တစ္ဦးႏွင့္ ေရာင္းခ်ရန္ သေဘာတူျပီး ျဖစ္သည္)

အေမရိကန္ျပည္ေထာင္စု၊ အိုဟိုင္းအိုးျပည္နယ္၊ Celina ျမိဳ႕၊ N.Brandon Ave ၊ အမွတ္ ၁၁၇ တြင္ တည္ရွိေသာ ယခုစံအိမ္မွာ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ေလ့ရွိေသာ ဒီဇိုင္းဟန္မ်ဳိးျဖစ္ေသာ္လည္း ေနအိမ္အတြင္းမွာကား အက်ဥ္းေထာင္သဖြယ္ ျပဳလုပ္ထားမႈမ်ား ရွိသည္။

မၾကာေသးမီက ေစ်းကြက္တင္လာခဲ့သည့္ အဆိုပါစံအိမ္တြင္ အခ်ဳပ္ခန္း ၂ ခန္းပါဝင္ေနျပီး လက္ရွိလူေနထိုင္ျခင္း မရွိေခ်။

ယခုအခ်ိန္တြင္ အဆိုပါအိမ္ကို ေရာင္းခ်ရန္ ဝယ္လက္တစ္ဦးႏွင့္ သေဘာတူထားၿပီျဖစ္ၿပီး ပိုင္ရွင္သစ္မွ ဆက္ခံပိုင္ဆိုင္ေတာ့မည္ ျဖစ္သည္။

“ကၽြန္ေတာ့္ရဲ႕ အလုပ္အကိုင္သက္တမ္းတစ္ေလွ်ာက္ ဒီလိုအိမ္မ်ဳိး တစ္ခါမွ မေတြ႔ခဲ့ဖူးပါဘူး” ဟု အေရာင္းေစ်းကြက္တင္ေပးသည့္ Superior Plus Realtors အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Ryan Stackhouse က ေျပာသည္။

ထိုေနအိမ္ကို အေရာင္းေစ်းကြက္တင္လိုက္ျပီးေနာက္ပိုင္း သူ႔ထံ ဖုန္းေခၚဆိုမႈမ်ား မရပ္မနား ဝင္ေရာက္လာခဲ့သည္။

“အိမ္ကိုျပေပးဖို႔ ေတာင္းဆိုလာတဲ့သူေတြ အျပည့္ျဖစ္သြားတယ္”

ေနအိမ္၏ ေခၚေစ်းမွာ ကန္ေဒၚလာ ၂၇၅၀၀၀ ျဖစ္သည္။

ေနအိမ္တြင္းရွိ အခ်ဳပ္ခန္းမ်ားမွာ အနီးရွိ Allen County အက်ဥ္းေထာင္ၾကီးမွ အျခားနည္းလမ္းျဖင့္ ျပန္လည္အသံုးျပဳရန္ ရယူထားေသာ ႏြားသိုးေလွာင္အိမ္မ်ားျဖစ္သည္ဟု ဆိုသည္။

ထိုအက်ဥ္းေထာင္တြင္ တစ္ခ်ိန္က မဟာစီးပြားပ်က္ကပ္ကာလ လူဆိုးဂိုဏ္းေခါင္းေဆာင္ ဂၽြန္ ဒီလင္ဂ်ာ (John Dillinger) ကို ထိန္းသိမ္းထားရွိခဲ့ဖူးသည္။

ထိုလူမိုက္ၾကီးအေၾကာင္း ဤအတိုင္းေျပာလွ်င္ သင္တို႔သိမည္မဟုတ္ေခ်။

သူ၏ ဘဝဇာတ္ေၾကာင္းကို ျပန္လည္ရိုက္ကူးထားသည့္ ရုပ္ရွင္တစ္ခုရွိသည္။ ရုပ္ရွင္၏ အမည္မွာ Public Enemies ဟု အမည္ရျပီး ၂၀၀၉ ခုႏွစ္တြင္ ရံုတင္ခဲ့ျခင္းျဖစ္ကာ Johnny Depp ပါဝင္သရုပ္ေဆာင္ထားသည္။

(အနီးရွိ အက်ဥ္းေထာင္တြင္ တခ်ိန္က အသံုးျပဳခဲ့သည္။)

(ေတာင့္တင္းခိုင္မာေသာ ကုတင္မ်ား)

(ေခြးေလွာင္အိမ္၏ ၂ ဆခန္႔ အက်ယ္အဝန္းရွိသည္)

(အခ်ဳပ္ခန္းမ်ားကို ေျမေအာက္ခန္းတြင္ ထားရွိျခင္းမဟုတ္ေခ်။ မီးဖိုေဆာင္တစ္ခုအနီး ၾကီးမားသည့္ ျပတင္းေပါက္ၾကီး ေရွ႕တြင္ ထားရွိသည္)

(အိမ္တြင္းမွ အခ်ဳပ္ခန္းမ်ားနည္းတူ ေနအိမ္အျပင္ဖက္မွာလည္း ရင္သပ္ရႈေမာဖြယ္ လက္ရာကို ေတြ႔ရမည္ ျဖစ္သည္)

ဤစံအိမ္၏ မူလပိုင္ရွင္သည္ လူဆိုးဂိုဏ္းေခါင္းေဆာင္ John Dilinger ကို အလြန္စိတ္ဝင္စားခဲ့သူတစ္ဦး ျဖစ္သည္။

ထို႔ေၾကာင့္ Dilinger အား ထိန္းသိမ္းထားရွိခဲ့သည့္ အက်ဥ္းခန္းမ်ားကုိ ေနာင္အခါတြင္ အက်ဥ္းေထာင္ထံမွ ျပန္လည္ဝယ္ယူခဲ့ကာ သူ၏ေနအိမ္တြင္ ထားရွိခဲ့ျခင္း ျဖစ္သည္။

Dillinger သည္ ၁၉၃၃ ခုႏွစ္တြင္ အက်ဥ္းေထာင္သို႔ ေရာက္ရွိျပီး တစ္လအၾကာတြင္ပင္ Allen County ေထာင္ကို ေထာင္ေဖာက္ကာ လြတ္ေျမာက္သြားခဲ့သည္။

လြတ္ေျမာက္သြားျပီး တစ္ႏွစ္အတြင္း ဘဏ္ ၁၁ ခုကို ဓားျပတိုက္ခဲ့ကာ ရဲအရာရွိ ၇ ဦး၊ ေထာက္လွမ္းေရးအရာရွိ ၃ ဦးကို သတ္ျဖတ္ခဲ့သည္။

အေမရိက၏ ျပည္နယ္ ၄ ခုတြင္ လွည့္လည္ထြက္ေျပးတိမ္းေရွာင္ေနရင္း ဒဏ္ရာရခဲ့ျပီး ဖခင္၏ အိမ္တြင္ ေဆးကုသခဲ့သည္။

ယင္းေနာက္ ၁၉၃၄ ခုႏွစ္၊ ဇူလိုင္လတြင္ ခ်ီကာဂိုသို႔ ျပန္လာကာ ျပည့္တန္ဆာေဂဟာတစ္ခုတြင္ ပုန္းေအာင္း ေနခဲ့သည္။

ေနာက္ပိုင္းတြင္မူ ျပည့္တန္ဆာေဂဟာပိုင္ရွင္က Dillinger ၏အေၾကာင္းကို သတင္းေပးလိုက္၏။ ၁၉၃၄ ခုႏွစ္၊ ဇူလိုင္လ ၂၂ ရက္တြင္ Dillinger သည္ ဇာတ္ရံုတစ္မွအထြက္၌ FBI က ဖမ္းဆီးရာ ထြက္ေျပးရန္ ၾကိဳးစားေသာေၾကာင့္ ပစ္ခတ္ဖမ္းဆီးရာ ေနာက္ေက်ာကို က်ည္ထိျပီး ေသဆံုးသြားသည္။

ေသဆံုးခ်ိန္တြင္ အသက္ ၃၁ ႏွစ္သာ ရွိေသးသည္။

“ဒီအိမ္ကို ကၽြန္ေတာ္ေရာက္သြားတုိင္း အိမ္ရွင္ေတြက အခ်ဳပ္ခန္းေတြထဲ ထည့္ထားတဲ့ သူတို႔ေခြးေတြကို တုတ္နဲ႔ ဟန္႔ေနတာ ေတြ႔ရပါတယ္။ ေခြးေတြက ကၽြန္ေတာ့္ကို ေဟာင္ၾက၊ ခုန္ဟပ္က လုပ္တာေၾကာင့္ပါ” ဟု Stackhouse က ေျပာသည္။

(အိပ္ခန္း ၄ ခန္းအနက္မွ တစ္ခန္း)

(ပံုမွန္ထက္ မ်က္ႏွာၾကက္ ၂ ဆျမင့္မားသည့္ ခန္းမ)

(မီးဖိုေဆာင္ ၂ ခုအနက္မွ တစ္ခု)

(အျခားမီးဖိုေဆာင္တစ္ခု)

(အျခားမီးဖိုေဆာင္တြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ားရွိသည္)

ေနအိမ္၏ မူလပိုင္ရွင္မွာ မ်က္စိဆရာဝန္တစ္ဦးျဖစ္ျပီး ကပ္လ်က္တည္ရွိေသာ 117 N. Brandon Ave တြင္ ေနထိုင္ခဲ့သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside an Ohio home with not one, but two jail cells (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service