ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2022 12:35 pm တွင် တင်ခဲ့သည်
5295 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိတဲ့ ဆူးပုတ်ရွက် က ဟင်းလျာတွေကို အရသာတိုးစေရုံပဲလား။ ကျန်းမာရေးအတွက်ရော ဘယ်လို အထောက်အကူပြုလဲဆိုတာကို သိချင်နေပြီလား။

ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဆူးပုတ်ရွက် ဆိုတာ

ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ပါ။ အနုအညွှန့်ကိုပဲ စားကြတာ များပါတယ်။ ရိုးတံမှာ အဆူးလေးတွေ ပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင်လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်က အနံ့တော့ နည်းနည်း ပြင်းပါတယ်။

အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာကတော့ နည်းနည်း သက်ပါတယ်။

ဆူးပုတ်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေ..........

ဆူးပုတ်ရွက်မှာ

ဗီတာမင် A

ကယ်လ်ဆီယမ်

ဖော့စဖရိတ်

ဗီတာမင် C

ဗီတာမင် B

အမျှင်ဓာတ်

သံဓာတ်တို့ ပါဝင်နေပါတယ်။

ဆူးပုတ်ရွက်က ကျန်းမာရေး ကောင်းစေသလားဆိုတော့ ကောင်းပါတယ်။ ဆူးပုတ်ရွက်က အရွက်တင်မဟုတ်ပါဘူး။ ပင်စည်၊ အခေါက်တွေကအစ ဆေးဖက်ဝင်တာပါ။

သွားဖုံး ကျန်းမာစေနိုင်တယ်

ဆူးပုတ်က သွားဖုံးသွေးယိုတာတွေကို သက်သာစေပြီး သွားဖုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းထဲက ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သွားတွေ ကြံ့ခိုင်စေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားတွေကို ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းကျန်းမာစေဖို့လညိး ထောက်ကူပေးပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပန်းနာရင်ကျပ် သက်သာစေတယ်

ဆူးပုတ်ကိုင်းက ကြိတ်ပြီး ပန်းနာရင်ကျပ် သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဖျားနာတာ၊ အအေးမိတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်လက်ကိုက်ခဲတာတွေ သက်သာစေနိုင်တယ် ဆူးပုတ်ရွက် နုနုလေးတွေကို စားပေးတာက ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးအားကောင်းစေတယ်

သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားကောင်းအောင် ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ အောက်ဆီဂျင် ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

ခေါင်းကိုက် သက်သာစေတယ်

အနံ့ပြင်းပေမယ့် ဆူးပုတ်ရွက်က ခေါင်းကိုက်သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

ဆူးပုတ်ပင် အခေါက်ကို သောက်ပေးတာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အဆစ်ရောင်တာ သက်သာစေတယ်

ဆူးပုတ်ပင် အခေါက်ကို သွေးပြီး လိမ်းပေးတာ၊ သောက်ပေးတာက အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဆူးပုတ်ရွက်က အစာကြေစေသလို အူတွေကို အာဟာရစုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်

ဆီးချိုရှိသူတွေ

သွေးတိုးရှိသူတွေ

ကလေးငယ်တွေ

ကိုယ်ဝန်ဆောင်မိခင်တွေ

ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုး ရှိလား

ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင်.........

အော့အန်တာ

မအီမသာဖြစ်တာ

စိတ်ခံစားမှု မကောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကဲ ….. ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အ​ကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီ ထင်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဆူးပုတ္႐ြက္ နဲ႔ က်န္းမာေရး

 

ပဲႀကီးဟင္းခ်ိဳထဲ ထည့္ခ်က္ေလ့႐ွိသလို ဘဲဥနဲ႔ ေခါက္ေၾကာ္စားေလ့႐ွိတဲ့ ဆူးပုတ္႐ြက္ က ဟင္းလ်ာေတြကို အရသာတိုးေစ႐ုံပဲလား။ က်န္းမာေရးအတြက္ေရာ ဘယ္လို အေထာက္အကူျပဳလဲဆိုတာကို သိခ်င္ေနၿပီလား။

ဒါဆိုရင္ေတာ့ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ေနာ္။ ဒီတစ္ေခါက္ေတာ့ ေန႔စဥ္စားသုံးေနက် ဟင္းလ်ာေတြထဲက တစ္ခုျဖစ္တဲ့ ဆူးပုတ္႐ြက္ နဲ႔ က်န္းမာေရး အေၾကာင္းေလး ေျပာျပေပးခ်င္ပါတယ္။

ဆူးပုတ္႐ြက္ ဆိုတာ

ဆူးပုတ္႐ြက္ ဆိုတာ ဆူးပုတ္ပင္ရဲ႕ အ႐ြက္ပါ။ အႏုအၫႊန္႔ကိုပဲ စားၾကတာ မ်ားပါတယ္။ ႐ိုးတံမွာ အဆူးေလးေတြ ပါတတ္ၿပီး အ႐ြက္ေလးေတြက ေသးငယ္ၿပီး ႐ြက္ဆိုင္ေလးေတြ ေပါက္တတ္ပါတယ္။ ႐ိုးတံေတြ ျဖာၿပီး ထြက္တတ္ပါတယ္။ အစိမ္းေရာင္ စိုစိုေလးပါ။ အ႐ြက္က အနံ႔ေတာ့ နည္းနည္း ျပင္းပါတယ္။

အ႐ြက္က ႏူးညံ့ၿပီး ႂကြပ္ႂကြပ္ေလးပါ။ အရသာကေတာ့ နည္းနည္း သက္ပါတယ္။

ဆူးပုတ္႐ြက္မွာပါတဲ့ အာဟာရဓာတ္ေတြ..........

ဆူးပုတ္႐ြက္မွာ

ဗီတာမင္ A

ကယ္လ္ဆီယမ္

ေဖာ့စဖရိတ္

ဗီတာမင္ C

ဗီတာမင္ B

အမွ်င္ဓာတ္

သံဓာတ္တို႔ ပါဝင္ေနပါတယ္။

ဆူးပုတ္႐ြက္က က်န္းမာေရး ေကာင္းေစသလားဆိုေတာ့ ေကာင္းပါတယ္။ ဆူးပုတ္႐ြက္က အ႐ြက္တင္မဟုတ္ပါဘူး။ ပင္စည္၊ အေခါက္ေတြကအစ ေဆးဖက္ဝင္တာပါ။

သြားဖုံး က်န္းမာေစႏိုင္တယ္

ဆူးပုတ္က သြားဖုံးေသြးယိုတာေတြကို သက္သာေစၿပီး သြားဖုံးေတြကို က်န္းမာေစႏိုင္ပါတယ္။ ခံတြင္းထဲက ပိုးေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။

သြားေတြ ၾကံ့ခိုင္ေစတယ္

ကယ္လ္ဆီယမ္ ပါဝင္ေနတာေၾကာင့္ သြားေတြကို ၾကံ့ခိုင္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ခံတြင္းက်န္းမာေစဖို႔လညိး ေထာက္ကူေပးပါတယ္။

အ႐ိုးေတြ သန္မာေစႏိုင္တယ္

ကယ္လ္ဆီယမ္ ပါဝင္ေနတာေၾကာင့္ အ႐ိုးေတြကို သန္မာေစၿပီး အ႐ိုးပါးတာ၊ အ႐ိုးပြတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ပန္းနာရင္က်ပ္ သက္သာေစတယ္

ဆူးပုတ္ကိုင္းက ႀကိတ္ၿပီး ပန္းနာရင္က်ပ္ သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

ကိုယ္ခံအား ေကာင္းေစႏိုင္တယ္

ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအား ေကာင္းေစဖို႔ ေထာက္ကူေပးပါတယ္။ ဖ်ားနာတာ၊ အေအးမိတာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္လက္ကိုက္ခဲတာေတြ သက္သာေစႏိုင္တယ္

ဆူးပုတ္႐ြက္ ႏုႏုေလးေတြကို စားေပးတာက ကိုယ္လက္ကိုက္ခဲတာေတြကို သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ေသြးအားေကာင္းေစတယ္

သံဓာတ္ ပါဝင္ေနတာေၾကာင့္ ေသြးနီဥဆဲလ္ေတြကို ျဖစ္ေပၚေစၿပီး ေသြးအားေကာင္းေအာင္ ေထာက္ကူေပးပါတယ္။ ကိုယ္တြင္းမွာ ေအာက္ဆီဂ်င္ ျပည့္ဝေစဖို႔ ေထာက္ကူေပးပါတယ္။

ေခါင္းကိုက္ သက္သာေစတယ္

အနံ႔ျပင္းေပမယ့္ ဆူးပုတ္႐ြက္က ေခါင္းကိုက္သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာ သက္သာေစတယ္

ဆူးပုတ္ပင္ အေခါက္ကို ေသာက္ေပးတာက ဝမ္းပ်က္ဝမ္းေလွ်ာတာကို သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

အဆစ္ေရာင္တာ သက္သာေစတယ္

ဆူးပုတ္ပင္ အေခါက္ကို ေသြးၿပီး လိမ္းေပးတာ၊ ေသာက္ေပးတာက အဆစ္ေရာင္တာကို သက္သာေစႏိုင္ပါတယ္။

အစာေျခစနစ္ က်န္းမာေစတယ္

ဆူးပုတ္႐ြက္က အစာေၾကေစသလို အူေတြကို အာဟာရစုပ္ယူႏိုင္ေစဖို႔နဲ႔ လႈပ္႐ွားမႈ ေကာင္းေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ဘယ္သူေတြမစားသင့္ဘူးလဲ

ဆူးပုတ္႐ြက္က က်န္းမာေရးအတြက္ အက်ိဳးမ်ားတယ္ ဆိုေပမယ့္

ဆီးခ်ိဳ႐ွိသူေတြ

ေသြးတိုး႐ွိသူေတြ

ကေလးငယ္ေတြ

ကိုယ္ဝန္ေဆာင္မိခင္ေတြ

ေရာဂါအခံ တစ္ခုခု ႐ွိသူေတြအေနနဲ႔ ဆရာဝန္နဲ႔ ေသခ်ာ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

ေဘးထြက္ဆိုးက်ိဳး ႐ွိလား

ဆူးပုတ္႐ြက္က က်န္းမာေရးအတြက္ အက်ိဳးမ်ားတာ မွန္ေပမယ့္ အလြန္အကြၽံ စားသုံးမယ္ဆိုရင္.........

ေအာ့အန္တာ

မအီမသာျဖစ္တာ

စိတ္ခံစားမႈ မေကာင္းတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

ကဲ ….. ဆူးပုတ္႐ြက္ နဲ႔ က်န္းမာေရး အ​ေၾကာင္းကို ျပည့္ျပည့္စုံစုံ သိေလာက္ၿပီ ထင္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service