“ဆပ်ပြာရည်” နှင့် “ဆပ်ပြာမှုန့်” - မည်သည်က အသုံးပြုရန် ပိုကောင်းသနည်း? - Property Knowledge in Myanmar from iMyanmarHouse.com
2773 Views

“ဆပ်ပြာရည်” နှင့် “ဆပ်ပြာမှုန့်” - မည်သည်က အသုံးပြုရန် ပိုကောင်းသနည်း?

Knowledge | Posted by Si Thu Aung

[Unicode]

ဆပ်ပြာမှုန့်ကို အရင်ဆုံးသုံးခဲ့ကြတာဆိုပေမဲ့လည်း အခုနောက်ပိုင်းနှစ်တွေမှာ ဆပ်ပြာရည်က ပိုပြီးရေပန်းစားလာတာ အားလုံးအသိပါပဲ။ ဆပ်ပြာရည်က ပိုပြီးတော့ပဲ အသုံးပြုရကောင်းနေလို့လား? ဒါမှမဟုတ် ဆပ်ပြာမှုန့်ကပဲ ပိုကောင်းတာလား?

အဝတ်လျှော်တယ်ဆိုတာ စိတ်ထဲမှတ်ထားဖို့ ထည့်သွင်းစဉ်းစားစရာတွေ များစွာရှိတဲ့ အိမ်အလုပ်တစ်ခုပါ။ အပူလျှော်သင့်လား အအေးလျှော်သင့်လား? ကိုယ်သုတ်ပဝါ မျက်နှာသုတ်ပဝါ တဘက်တွေကို အခြားအဝတ်တွေနဲ့မရောဘဲ သီးခြားလျှော်သင့်လား?

လျှော်စက်ထဲ အဝတ်တွေအကုန်လုံးကို အမျိုးအစားမခွဲဘဲ တစ်ခါတည်းအတူတူတွဲလျှော်တယ်ဆိုရင်တော့ မှားယွင်းနေပါပြီ။ ဘယ်လိုလျှော်မယ်ဆိုတာ အရေးကြီးသလိုပဲ ဘာတွေတွဲလျှော်တယ်ဆိုတာကလည်း အရေးကြီးတာပါပဲ။ ဆပ်ပြာမှုန့်လား ဆပ်ပြာရည်လားဆိုတာဟာ လျှော်မယ့်အဝတ်အပေါ်မူတည်ပြီး ချင့်ချိန်အသုံးပြုရတာပါပဲဖြစ်ပါတယ်။ အဲဒီလိုချင့်ချိန်နိုင်ဖို့အတွက် အောက်ပါတို့ကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။

ဆပ်ပြာမှုန့်က ဈေးပိုသက်သာ

ဆပ်ပြာမှုန့်ကို ရွေးဝယ်၊ အသုံးပြုစေဖို့ အဆွဲဆောင်ဆုံးအချက်ကတော့ သူ့ရဲ့ဈေးနှုန်းပါ။ ဆပ်ပြာရည်ဖြစ်ဖို့ ဓာတုဗေဒပစ္စည်းပိုမိုအသုံးပြုရတာမို့ ယေဘုယျအားဖြင့် ဆပ်ပြာမှုန့်က ဆပ်ပြာရည်ထက် ဈေးပိုသက်သာတာပဲဖြစ်ပါတယ်။

ဆပ်ပြာမှုန့်က နေအိမ်ပြင်ပအစွန်းအထင်းများနှင့်ပတ်သက်၍ ပိုမိုအလုပ်ဖြစ်

ဆပ်ပြာမှုန့်မှာ ပါဝင်တဲ့ အဓိကကြေးချွတ်သန့်စင်ပစ္စည်းက ရွှံ့၊ ရွှံ့စေး၊ မြက် လိုမျိုး နေအိမ်ပြင်ပ အစွန်းအထင်းတွေကို ကောင်းကောင်းချွတ်ပေးနိုင်တဲ့ linear alkylbenzene sulfonate ဖြစ်ပါတယ်။

ဆပ်ပြာရည်က ကျိချွဲသော၊ ဆီပေကျံသော အစွန်းအထင်းများအတွက် ပိုမိုကောင်းမွန်

ဆပ်ပြာရည်အများစုမှာ ကျိချွဲ၊ ဆီပေကျံတဲ့ အစွန်းအထင်းတွေအတွက် အစွမ်းထက်တဲ့ alcohol ethoxylates ပါဝင်ပါတယ်။

ဆပ်ပြာရည်က ပိုမိုလွယ်ကူအဆင်ပြေ

ဆပ်ပြာမှုန့်ကိုခပ်ပြီး လျှော်စက်ထဲထည့်ရတာထက် ဆပ်ပြာရည်အနည်းငယ်ကို စက်ထဲလောင်းထည့်ရတာဟာ ပိုလွယ်တယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဆပ်ပြာမှုန့်ခပ်ထည့်ရတာ မကျွမ်းဘူးဆိုရင် ဖိတ်ကျတဲ့ဆပ်ပြာမှုန့်တွေကို ရှင်းရတာစိတ်ရှုပ်စရာကောင်းပါတယ်။ အထုပ်နဲ့လာတာဆိုတော့ အထုပ်ထဲကနေ တိုက်ရိုက်ခပ်ထည့်တာဖြစ်စေ၊ အထုပ်ထဲကဆပ်ပြာမှုန့်တွေကို ဘူးထဲပြန်ထည့်ပြီးမှ ဇွန်းနဲ့ခပ်တာဖြစ်စေ အနည်းငယ်စိတ်ရှုပ်ရာတော့ ရှိနေနိုင်ပါတယ်။

ဆပ်ပြာရည်က လေထုကို ညစ်ညမ်းစေ

ဆပ်ပြာရည်မှာ ရေအများကြီးပါဝင်တာကြောင့် လေထုထဲကို ဓာတ်ငွေ့တွေ အများကြီးပိုထွက်စေပါတယ်။

ဆပ်ပြာမှုန့်က (အရည်အသွေးမကျဘဲ) ထားသိုနိုင်သည့်သက်တမ်းပိုကြာ

ရေနဲ့‌ရောလိုက်လည်း ဆပ်ပြာမှုန့်တွေဟာ တခြားပြိုင်ဘက်တွေထက် ပိုတည်ငြိမ်စွာပဲ သူတို့ရဲ့သန့်စင်နိုင်စွမ်းကို အချိန်ပိုကြာကြာထိန်းထားနိုင်ပါတယ်။ ဆပ်ပြာရည်တွေကျတော့ ‌ရေနဲ့ရောလိုက်တာနဲ့ အစွမ်းတွေကျတော့တာပါပဲ။ ပေါပေါများများဝယ်ရတာကြိုက်တဲ့သူတွေအတွက်ကတော့ ဆပ်ပြာမှုန့်ကို ပိုရွေးချယ်သင့်ပါတယ်။

ဆပ်ပြာရည်က ရေနှင့် ပို၍သမ

ဆပ်ပြာမှုန့်က ရေအပူချိန်နဲ့ ဇီဇာကြောင်ပါတယ်။ တချို့အမှတ်တံဆိပ်တွေဆို ရေအေးမှာ မပျော်ဝင်ကြပါဘူး။ ရေအေးနဲ့ပဲလျှော်မှာဆိုရင် ဆပ်ပြာရည်က ပိုသင့်တော်ပါတယ်။ ရေအေးနဲ့ကိုပဲ ဆပ်ပြာမှုန့်နဲ့ပဲလျှော်ဖို့ ရွေးတယ်ဆိုရင်တော့ လျှော်ချိန်ပိုပေးဖို့ လိုပါတယ်။ မပျော်ဝင်တဲ့ဆပ်ပြာမှုန့်အကြွင်းအကျန်တွေ သင့်အဝတ်တွေမှာ ကပ်ညိမနေအောင်ပဲဖြစ်ပါတယ်။

ဆပ်ပြာရည်ကတော့ ရေအပူချိန်ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အဝတ်အရောင်မှိန်တာတို့ ကျုံ့သွားတာမျိုးတို့ စတဲ့ အဝတ်အမျိုးအစား၊ ဆပ်ပြာမှုန့်နဲ့ ရေအပူချိန်မကိုက်လို့ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေရှိမှာ မဟုတ်ပါဘူး။

ကဲ အခုဆိုရင် ဆပ်ပြာမှုန့်နဲ့ ဆပ်ပြာရည်တို့ရဲ့ ဆိုးကျိုးနဲ့ကောင်းကျိုးတွေကို ဖော်ပြပေးပြီးပြီမို့ iMyanmarHouse.com ကို ယုံကြည်အားပေးသူ၊ စာချစ်သူအားလုံး သင့်လျော်စွာအသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်လျက်....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: liquid-vs-powder-detergent

 

[Zawgyi]

“ဆပ္ျပာရည္” ႏွင့္ “ဆပ္ျပာမႈန္႔” - မည္သည္က အသုံးျပဳရန္ ပိုေကာင္းသနည္း?

ဆပ္ျပာမႈန္႔ကို အရင္ဆုံးသုံးခဲ့ၾကတာဆိုေပမဲ့လည္း အခုေနာက္ပိုင္းႏွစ္ေတြမွာ ဆပ္ျပာရည္က ပိုၿပီးေရပန္းစားလာတာ အားလုံးအသိပါပဲ။ ဆပ္ျပာရည္က ပိုၿပီးေတာ့ပဲ အသုံးျပဳရေကာင္းေနလို႔လား? ဒါမွမဟုတ္ ဆပ္ျပာမႈန္႔ကပဲ ပိုေကာင္းတာလား?

အဝတ္ေလွ်ာ္တယ္ဆိုတာ စိတ္ထဲမွတ္ထားဖို႔ ထည့္သြင္းစဥ္းစားစရာေတြ မ်ားစြာ႐ွိတဲ့ အိမ္အလုပ္တစ္ခုပါ။ အပူေလွ်ာ္သင့္လား အေအးေလွ်ာ္သင့္လား? ကိုယ္သုတ္ပဝါ မ်က္ႏွာသုတ္ပဝါ တဘက္ေတြကို အျခားအဝတ္ေတြနဲ႔မေရာဘဲ သီးျခားေလွ်ာ္သင့္လား?

ေလွ်ာ္စက္ထဲ အဝတ္ေတြအကုန္လုံးကို အမ်ိဳးအစားမခြဲဘဲ တစ္ခါတည္းအတူတူတြဲေလွ်ာ္တယ္ဆိုရင္ေတာ့ မွားယြင္းေနပါၿပီ။ ဘယ္လိုေလွ်ာ္မယ္ဆိုတာ အေရးႀကီးသလိုပဲ ဘာေတြတြဲေလွ်ာ္တယ္ဆိုတာကလည္း အေရးႀကီးတာပါပဲ။ ဆပ္ျပာမႈန္႔လား ဆပ္ျပာရည္လားဆိုတာဟာ ေလွ်ာ္မယ့္အဝတ္အေပၚမူတည္ၿပီး ခ်င့္ခ်ိန္အသုံးျပဳရတာပါပဲျဖစ္ပါတယ္။ အဲဒီလိုခ်င့္ခ်ိန္ႏိုင္ဖို႔အတြက္ ေအာက္ပါတို႔ကို ဆက္လက္ဖတ္႐ႈလိုက္ပါဦး။

ဆပ္ျပာမႈန္႔က ေဈးပိုသက္သာ

ဆပ္ျပာမႈန္႔ကို ေ႐ြးဝယ္၊ အသုံးျပဳေစဖို႔ အဆြဲေဆာင္ဆုံးအခ်က္ကေတာ့ သူ႕ရဲ႕ေဈးႏႈန္းပါ။ ဆပ္ျပာရည္ျဖစ္ဖို႔ ဓာတုေဗဒပစၥည္းပိုမိုအသုံးျပဳရတာမို႔ ေယဘုယ်အားျဖင့္ ဆပ္ျပာမႈန္႔က ဆပ္ျပာရည္ထက္ ေဈးပိုသက္သာတာပဲျဖစ္ပါတယ္။

ဆပ္ျပာမႈန္႔က ေနအိမ္ျပင္ပအစြန္းအထင္းမ်ားႏွင့္ပတ္သက္၍ ပိုမိုအလုပ္ျဖစ္

ဆပ္ျပာမႈန္႔မွာ ပါဝင္တဲ့ အဓိကေၾကးခြၽတ္သန္႔စင္ပစၥည္းက ႐ႊံ႕၊ ႐ႊံ႕ေစး၊ ျမက္ လိုမ်ိဳး ေနအိမ္ျပင္ပ အစြန္းအထင္းေတြကို ေကာင္းေကာင္းခြၽတ္ေပးႏိုင္တဲ့ linear alkylbenzene sulfonate ျဖစ္ပါတယ္။

ဆပ္ျပာရည္က က်ိခြၽဲေသာ၊ ဆီေပက်ံေသာ အစြန္းအထင္းမ်ားအတြက္ ပိုမိုေကာင္းမြန္

ဆပ္ျပာရည္အမ်ားစုမွာ က်ိခြၽဲ၊ ဆီေပက်ံတဲ့ အစြန္းအထင္းေတြအတြက္ အစြမ္းထက္တဲ့ alcohol ethoxylates ပါဝင္ပါတယ္။

ဆပ္ျပာရည္က ပိုမိုလြယ္ကူအဆင္ေျပ

ဆပ္ျပာမႈန္႔ကိုခပ္ၿပီး ေလွ်ာ္စက္ထဲထည့္ရတာထက္ ဆပ္ျပာရည္အနည္းငယ္ကို စက္ထဲေလာင္းထည့္ရတာဟာ ပိုလြယ္တယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ယူဆၾကပါတယ္။ ဆပ္ျပာမႈန္႔ခပ္ထည့္ရတာ မကြၽမ္းဘူးဆိုရင္ ဖိတ္က်တဲ့ဆပ္ျပာမႈန္႔ေတြကို ႐ွင္းရတာစိတ္႐ႈပ္စရာေကာင္းပါတယ္။ အထုပ္နဲ႔လာတာဆိုေတာ့ အထုပ္ထဲကေန တိုက္႐ိုက္ခပ္ထည့္တာျဖစ္ေစ၊ အထုပ္ထဲကဆပ္ျပာမႈန္႔ေတြကို ဘူးထဲျပန္ထည့္ၿပီးမွ ဇြန္းနဲ႔ခပ္တာျဖစ္ေစ အနည္းငယ္စိတ္႐ႈပ္ရာေတာ့ ႐ွိေနႏိုင္ပါတယ္။

ဆပ္ျပာရည္က ေလထုကို ညစ္ညမ္းေစ

ဆပ္ျပာရည္မွာ ေရအမ်ားႀကီးပါဝင္တာေၾကာင့္ ေလထုထဲကို ဓာတ္ေငြ႕ေတြ အမ်ားႀကီးပိုထြက္ေစပါတယ္။

ဆပ္ျပာမႈန္႔က (အရည္အေသြးမက်ဘဲ) ထားသိုႏိုင္သည့္သက္တမ္းပိုၾကာ

ေရနဲ႔‌ေရာလိုက္လည္း ဆပ္ျပာမႈန္႔ေတြဟာ တျခားၿပိဳင္ဘက္ေတြထက္ ပိုတည္ၿငိမ္စြာပဲ သူတို႔ရဲ႕သန္႔စင္ႏိုင္စြမ္းကို အခ်ိန္ပိုၾကာၾကာထိန္းထားႏိုင္ပါတယ္။ ဆပ္ျပာရည္ေတြက်ေတာ့ ‌ေရနဲ႔ေရာလိုက္တာနဲ႔ အစြမ္းေတြက်ေတာ့တာပါပဲ။ ေပါေပါမ်ားမ်ားဝယ္ရတာႀကိဳက္တဲ့သူေတြအတြက္ကေတာ့ ဆပ္ျပာမႈန္႔ကို ပိုေ႐ြးခ်ယ္သင့္ပါတယ္။

ဆပ္ျပာရည္က ေရႏွင့္ ပို၍သမ

ဆပ္ျပာမႈန္႔က ေရအပူခ်ိန္နဲ႔ ဇီဇာေၾကာင္ပါတယ္။ တခ်ိဳ႕အမွတ္တံဆိပ္ေတြဆို ေရေအးမွာ မေပ်ာ္ဝင္ၾကပါဘူး။ ေရေအးနဲ႔ပဲေလွ်ာ္မွာဆိုရင္ ဆပ္ျပာရည္က ပိုသင့္ေတာ္ပါတယ္။ ေရေအးနဲ႔ကိုပဲ ဆပ္ျပာမႈန္႔နဲ႔ပဲေလွ်ာ္ဖို႔ ေ႐ြးတယ္ဆိုရင္ေတာ့ ေလွ်ာ္ခ်ိန္ပိုေပးဖို႔ လိုပါတယ္။ မေပ်ာ္ဝင္တဲ့ဆပ္ျပာမႈန္႔အႂကြင္းအက်န္ေတြ သင့္အဝတ္ေတြမွာ ကပ္ညိမေနေအာင္ပဲျဖစ္ပါတယ္။

ဆပ္ျပာရည္ကေတာ့ ေရအပူခ်ိန္ဘယ္လိုပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္။ အဝတ္အေရာင္မွိန္တာတို႔ က်ံဳ႕သြားတာမ်ိဳးတို႔ စတဲ့ အဝတ္အမ်ိဳးအစား၊ ဆပ္ျပာမႈန္႔နဲ႔ ေရအပူခ်ိန္မကိုက္လို႔ ၾကဳံေတြ႕ရႏိုင္တဲ့ ျပႆနာေတြ႐ွိမွာ မဟုတ္ပါဘူး။

ကဲ အခုဆိုရင္ ဆပ္ျပာမႈန္႔နဲ႔ ဆပ္ျပာရည္တို႔ရဲ႕ ဆိုးက်ိဳးနဲ႔ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးၿပီးၿပီမို႔ iMyanmarHouse.com ကို ယုံၾကည္အားေပးသူ၊ စာခ်စ္သူအားလုံး သင့္ေလ်ာ္စြာအသုံးျပဳႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္လ်က္....

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: liquid-vs-powder-detergent

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service