အရည်ရွှမ်းပြီး ဆေးဖက်ဝင်တဲ့ သလဲသီး - Property Knowledge in Myanmar from iMyanmarHouse.com
1616 Views

အရည်ရွှမ်းပြီး ဆေးဖက်ဝင်တဲ့ သလဲသီး

Knowledge | Posted by Shwe Zin Win

[Unicode]

သလဲသီးသည် အရည်ရွှမ်းပြီး နှစ်သက်ဖွယ်ကောင်းသော ချဉ်ဖြုံဖြုံအရသာနှင့် ပြည့်စုံသော အသီးတစ်မျိုးဖြစ်သည်။ သလဲပင်ကို ချုံပင်အနေနှင့် လည်းကောင်း၊ အပင်အနေနှင့်လည်းကောင်း တွေ့ရသည်။ သလဲပင်သည် ရာသီအလိုက်အရွက်ကြွေသော အပင်(သို့)ချုံပင် ဖြစ်သည်။ အမြင့် (၁၅-၂၅)ပေ ထိရှိကြသည်။ အလျား(၃)လက်မခန့်ရှိသည်။

သလဲသီးသည် အရွယ်အားဖြင့် လိမ္မော်သီးမျှသာရှိသည်။ သို့သော် လိမ္မော်သီးထက် အလုံးထွားသည်ကိုသာ အများအားဖြင့် တွေ့ရသည်။

အချင်း(၃-၄)လက်မထိရှိ၍ ထင်ရှားသော အမြှောင်း(၆)မြှောင်း ပါရှိသည်။ အခွံသည် မာ၍ ချောမွတ်သည့်အပြင် အဝါ၊ အနီနှင့် ရွှေဖလားရောင်ဟူ၍ အရောင်အမျိုးမျိုးရှိကြသည်။

သလဲသီးအတွင်း၌ အခန်းအများအပြားရှိသည်။ ထိုအခန်းများ၌ အနားများရှိသည့် ရှည်လျားလျားအစေ့များစွာ ပါရှိသည်။ ထိုအစေ့များကို အနီရောင်ရှိသည့် အပေါ်ယံအသားများက ဖုံးနေသည်။ ထိုအပေါ်ယံ အသား၏ အရောင်မှာ အဖြူရောင်လည်း ဖြစ်နိုင်ပါသည်။

သလဲပင်သည် မူလက ချုံပင်မျှသာ ဖြစ်သော်လည်း လူတို့ပြုပြင်စိုက်ပျိုးသဖြင့် (၁၅-၂၅)ပေအထိ မြင့်သော အပင်ဖြစ်လာသည်။ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ နိုင်ငံများတွင်လည်း သလဲပင်ကို စိုက်ပျိုးကြသည်။ နုန်းမြေထူထပ်သည့် မြေဆီလွှာတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယမှတစ်ဆင့် ပျံ့ပွားလာရာ ရှမ်းကုန်းပြင်မြင့်၊ မိုးခေါင်ရေရှားရပ်ဝန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ အချို့ဒေသများတွင်လည်း ခြံဥယျာဉ်၌ စိုက်ပျိုးကြသည်။

သလဲသီးတွင် ပါရှိသည့် အစေ့များကို ဖုံးအုပ်နေသော အပေါ်ယံအသားသည် အရသာရှိသော်လည်း ပါးလွှာသောကြောင့် ယခုအခါသလဲသီးကို အသီးမှည့်အတိုင်းစားသုံးခြင်းနည်းပါးလာပြီး သလဲသီးမှ အရည်ကို ညှစ်ယူ၍ ဖျော်ရည်ပြုလုပ်ကြပါသည်။ သလဲသီးမှာ အရည်ရွှမ်းပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါသည်။

အီရန်နိုင်ငံတွင် သလဲသီး၏ အပေါ်ယံအသားကို ဝိုင်အရက်ချက်လုပ်ရာတွင် အသုံးပြုကြသည်။ သလဲသီးအခွံ၊ အပင်၏ အခေါက်နှင့် အမြစ်တို့မှ သားရေနယ်ရာ၌ အသုံးချနိုင်သော ဖန်ရည်ကို ထုတ်ယူကြသည်။ ထိုဖန်ရည်ကို ဘယဆေးဖေါ်စပ်ရာ၌လည်း အသုံးချသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]

အရည္႐ႊမ္းၿပီး ေဆးဖက္ဝင္တဲ့ သလဲသီး

သလဲသီးသည္ အရည္႐ႊမ္းၿပီး ႏွစ္သက္ဖြယ္ေကာင္းေသာ ခ်ဥ္ျဖဳံျဖဳံအရသာႏွင့္ ျပည့္စုံေသာ အသီးတစ္မ်ိဳးျဖစ္သည္။ သလဲပင္ကို ခ်ံဳပင္အေနႏွင့္ လည္းေကာင္း၊ အပင္အေနႏွင့္လည္းေကာင္း ေတြ႕ရသည္။ သလဲပင္သည္ ရာသီအလိုက္အ႐ြက္ေႂကြေသာ အပင္(သို႔)ခ်ံဳပင္ ျဖစ္သည္။ အျမင့္ (၁၅-၂၅)ေပ ထိ႐ွိၾကသည္။ အလ်ား(၃)လက္မခန္႔႐ွိသည္။

သလဲသီးသည္ အ႐ြယ္အားျဖင့္ လိေမၼာ္သီးမွ်သာ႐ွိသည္။ သို႔ေသာ္ လိေမၼာ္သီးထက္ အလုံးထြားသည္ကိုသာ အမ်ားအားျဖင့္ ေတြ႕ရသည္။

အခ်င္း(၃-၄)လက္မထိ႐ွိ၍ ထင္႐ွားေသာ အေျမႇာင္း(၆)ေျမႇာင္း ပါ႐ွိသည္။ အခြံသည္ မာ၍ ေခ်ာမြတ္သည့္အျပင္ အဝါ၊ အနီႏွင့္ ေ႐ႊဖလားေရာင္ဟူ၍ အေရာင္အမ်ိဳးမ်ိဳး႐ွိၾကသည္။

သလဲသီးအတြင္း၌ အခန္းအမ်ားအျပား႐ွိသည္။ ထိုအခန္းမ်ား၌ အနားမ်ား႐ွိသည့္ ႐ွည္လ်ားလ်ားအေစ့မ်ားစြာ ပါ႐ွိသည္။ ထိုအေစ့မ်ားကို အနီေရာင္႐ွိသည့္ အေပၚယံအသားမ်ားက ဖုံးေနသည္။ ထိုအေပၚယံ အသား၏ အေရာင္မွာ အျဖဴေရာင္လည္း ျဖစ္ႏိုင္ပါသည္။

သလဲပင္သည္ မူလက ခ်ံဳပင္မွ်သာ ျဖစ္ေသာ္လည္း လူတို႔ျပဳျပင္စိုက္ပ်ိဳးသျဖင့္ (၁၅-၂၅)ေပအထိ ျမင့္ေသာ အပင္ျဖစ္လာသည္။ အပူပိုင္းႏွင့္ အပူေလ်ာ့ပိုင္းေဒသမ်ား႐ွိ ႏိုင္ငံမ်ားတြင္လည္း သလဲပင္ကို စိုက္ပ်ိဳးၾကသည္။ ႏုန္းေျမထူထပ္သည့္ ေျမဆီလႊာတြင္ ေကာင္းစြာျဖစ္ထြန္းသည္။ ျမန္မာႏိုင္ငံသို႔ အိႏၵိယမွတစ္ဆင့္ ပ်ံ႕ပြားလာရာ ႐ွမ္းကုန္းျပင္ျမင့္၊ မိုးေခါင္ေရ႐ွားရပ္ဝန္းႏွင့္ ျမန္မာႏိုင္ငံေအာက္ပိုင္း႐ွိ အခ်ိဳ႕ေဒသမ်ားတြင္လည္း ျခံဥယ်ာဥ္၌ စိုက္ပ်ိဳးၾကသည္။

သလဲသီးတြင္ ပါ႐ွိသည့္ အေစ့မ်ားကို ဖုံးအုပ္ေနေသာ အေပၚယံအသားသည္ အရသာ႐ွိေသာ္လည္း ပါးလႊာေသာေၾကာင့္ ယခုအခါသလဲသီးကို အသီးမွည့္အတိုင္းစားသုံးျခင္းနည္းပါးလာၿပီး သလဲသီးမွ အရည္ကို ညႇစ္ယူ၍ ေဖ်ာ္ရည္ျပဳလုပ္ၾကပါသည္။ သလဲသီးမွာ အရည္႐ႊမ္းၿပီး အမွ်င္ဓာတ္လည္း ႂကြယ္ဝပါသည္။

အီရန္ႏိုင္ငံတြင္ သလဲသီး၏ အေပၚယံအသားကို ဝိုင္အရက္ခ်က္လုပ္ရာတြင္ အသုံးျပဳၾကသည္။ သလဲသီးအခြံ၊ အပင္၏ အေခါက္ႏွင့္ အျမစ္တို႔မွ သားေရနယ္ရာ၌ အသုံးခ်ႏိုင္ေသာ ဖန္ရည္ကို ထုတ္ယူၾကသည္။ ထိုဖန္ရည္ကို ဘယေဆးေဖၚစပ္ရာ၌လည္း အသုံးခ်သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: အစိမ္းေရာင္လမ္း

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service