မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓါတ်များ - Property Knowledge in Myanmar from iMyanmarHouse.com
1494 Views

မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓါတ်များ

Knowledge | Posted by Si Thu Aung

[Unicode]

မျက်စိ ဆိုတာ ခန္ဓါကိုယ်မှာ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲပါဝင်ပါတယ်။ အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းရသလို ထိခိုက်မှုအန္တရာယ်တွေလည်း မကာကွယ်နိုင်တော့ပါဘူး။

ဒါ့ကြောင့် အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်ေတွအလုံအလောက်ရဖို့က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ မျက်စိနဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့အာဟာရဓါတ်တွေကတော့ –

ဗီတာမင် C

ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီး၊ ကီဝီ ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊ အသက်အရွယ်ကြောင့်အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ဗီတာမင်ဓါတ်တွေကိုထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီး မျက်စိအတွင်းတိမ်ြဖစ်ခြင်းနဲ့အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့ တို့လို အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ဟာ ညဘက်မြင်နိုင်စွမ်း၊ အနာကျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့အာဟာရဓါတ်ဖြစ်ပါတယ်။ ဗီတာမင် A က အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်ခြင်းြဖစ်စဉ်ကိုနှေးကွေးစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ခရမ်းချဉ်သီးတို့မှာပါဝင်တတ်တဲ့ ဗီတာမင် A ကို မျက်စိအားဆေးပုံစံနဲ့လည်းသောက်သုံးကြပါတယ်။

ဗီတာမင် Bcomplex

Burplex လို့သိထားကြတဲ့ ဗီတာမင် B complex ဆိုတာ ဗီတာမင်B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ့ choline တို့ပါဝင်တာဖြစ်ပါတယ်။B complex အုပ်စုဝင် ဗီတာမင်တွေဟာ နာတာရှည်ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီးသွေးတွင်းhomocysteine ပမာဏများနေခြင်းကို ကာကွယ်ပေးပါတယ်။homocysteine က မျက်ကြည်လွှာကိုထိခိုက်စေတဲ့သွေးကြောဆိုင်ရာပြဿနာတွေကိုဖြစ်စေပါတယ်။ ဗီတာမင် Bတွေဟာ မျက်စိမှုန်ခြင်းနဲ့ မျက်စိရောဂါေတွကို အန္တရာယ်လျော့နည်းစေဖို့ ကူညီပေးပါတယ်။

Lutein

Lutein က ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ မျက်ကြည်လွှာအတွက် အကျိုးပြုတဲ့ ဒီဓါတ်က အမြင်အာရုံအတွက်တော်တော်ကို အရေးပါပါတယ်။lutein နဲ့zeaxanthin တို့လို ဓါတ်တွေဆီက ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွရရှိနိုင်ပြီး အတွင်းတိမ်နဲ့ အမြင်မှုန်ဝါးခြင်းလိုမျိုး ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Zeaxanthin

Carotenoids ဓါတ်အမျိုးအစားပေါင်း ၆၀၀ကျော်ရှိပေမယ့် ၂၀ ခန့်ကပဲ မျက်စိကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ Lutein နဲ့ zeaxanthin က မြင်လွှာရဲ့အလယ်ကmacula အစိတ်အပိုင်းကို နူးညံ့စေပြီး မျက်စိတစ်ရှူး၊ မှန်ဘီလူးနဲ့macula အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်။မြင်ကွင်းရှင်းလင်းစေပြီး ရုတ်တရက်မှုန်ဝါးခြင်း။ အလင်းရောင်မခံနိုင်ခြင်း၊နဲ့ အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေကို ကာကွယ်ပေးပါတယ်။

Omega-3 Fatty Acids

Omega-3 Fatty Acids ဟာ ခန္ဓါကိုယ်အနှံ့က တစ်ရှူးတွေအတွက်ကောင်းမွန်တဲ့အကျိုးပြုအဆီေတွဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ပေးပါတယ်။

မျက်စိအားကောင်းစေတဲ့ ဒီလိုဗီတာမင်နဲ့အာဟာရဓါတ်တွေကို ဘယ်ကအများဆုံးရနိုင်မလဲ –

-မုန်လာဥနီ

-အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ (ဥပမာ – ကိုက်လန်၊ ဟင်းနုနွယ်)

-ဂေါ်ဖီထုပ်မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ)

-ချိုချဉ်အသီးတွေ(လိမ္မော်သီး၊ဂရိတ်ဖရု၊ သံပရာသီး)

-ကန်စွန်းဥ

-ပဲစိမ်း

-ကြက်ဥ

-ဘယ်ရီသီးတွေ

-သင်္ဘောသီး၊သရက်သီး၊ ကီဝီသီး၊ဖရဲသီးနဲ့ မာလကာသီး

-ပြောင်းဖူး

-အစေ့အဆန် (နေကြာစေ့၊နှမ်း၊ဟေဇယ်သီး၊ဗာဒံစေ့)

-ပင်လယ်စာတွေ၊omega-3 နဲ့zinc ပါဝင်မှုများတဲ့ အစားအစာတွေ(ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းနဲ့ တူနာငါး)တို့ကနေ ရရှိနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

မ်က္စိ က်န္းမာေရး အတြက္ အေကာင္းဆုံးဗီတာမင္နဲ႔ အာဟာရဓါတ္မ်ား

မ်က္စိ ဆိုတာ ခႏၶါကိုယ္မွာ အေရးႀကီးဆုံးအစိတ္အပိုင္းေတြထဲပါဝင္ပါတယ္။ အျမင္အာ႐ုံမေကာင္းရင္ လူရဲ႕လုပ္ေဆာင္ႏိုင္စြမ္းက်ဆင္းရသလို ထိခိုက္မႈအႏၲရာယ္ေတြလည္း မကာကြယ္ႏိုင္ေတာ့ပါဘူး။

ဒါ့ေၾကာင့္ အျမင္အာ႐ုံအတြက္ လိုအပ္တဲ့ဗီတာမေင္တြအလုံအေလာက္ရဖို႔က ဘယ္အသက္အ႐ြယ္မွာပဲျဖစ္ျဖစ္ အေရးႀကီးပါတယ္။ မ်က္စိနဲ႔အျမင္အာ႐ုံအတြက္ အေရးႀကီးတဲ့ ဗီတာမင္နဲ႔အာဟာရဓါတ္ေတြကေတာ့ –

ဗီတာမင္ C

ဗီတာမင္ C ဟာ က်န္းမာေရးအတြက္ ဘက္ေပါင္းစုံက အေရးပါတဲ့အရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ လိေမၼာ္သီး၊ ကီဝီ ၊စေတာ္ဘယ္ရီလို သီးႏွံေတြနဲ႔ ပန္းေဂၚဖီစိမ္း၊ င႐ုတ္သီး စတဲ့ ဟင္းသီးဟင္း႐ြက္ေတြမွာပါဝင္ေလ့႐ွိပါတယ္။ ဓါတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြအျပင္ မ်က္စိအတြင္းတိမ္မျဖစ္ေစဖို႔ကာကြယ္ေပးႏိုင္တယ္၊ အသက္အ႐ြယ္ေၾကာင့္အျမင္အာ႐ုံခ်ိဳ႕ယြင္းမႈအတြက္ လိုအပ္တဲ့ဗီတာမင္ဓါတ္ေတြကိုေထာက္ပံ့ေပးႏိုင္ပါတယ္။

ဗီတာမင္ E

ဗီတာမင္ E ကလည္း ဓါတ္တိုးဆန္႔က်င္ပစၥည္းတစ္ခုလို လုပ္ေဆာင္ေပးၿပီး မ်က္စိအတြင္းတိၿမ္ဖစ္ျခင္းနဲ႔အသက္အ႐ြယ္ေၾကာင့္ မ်က္စိမႈန္ျခင္းကို ကာကြယ္ေပးပါတယ္။ ဗီတာမင္ E ကို ဗာဒံေစ့၊ ေျမပဲ၊ ေနၾကာေစ့ တို႔လို အေစ့အဆန္ေတြကေန ရ႐ွိႏိုင္ပါတယ္။

ဗီတာမင္ A

ဗီတာမင္ A ဟာ ညဘက္ျမင္ႏိုင္စြမ္း၊ အနာက်က္ျခင္းနဲ႔ ကိုယ္ခံအားစနစ္ရဲ႕လုပ္ေဆာင္ခ်က္အတြက္ လိုအပ္တဲ့အာဟာရဓါတ္ျဖစ္ပါတယ္။ ဗီတာမင္ A က အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့မ်က္စိမႈန္ျခင္းျဖစ္စဥ္ကိုေႏွးေကြးေစပါတယ္။ မုန္လာဥနီ၊ ကန္စြန္းဥနဲ႔ ခရမ္းခ်ဥ္သီးတို႔မွာပါဝင္တတ္တဲ့ ဗီတာမင္ A ကို မ်က္စိအားေဆးပုံစံနဲ႔လည္းေသာက္သုံးၾကပါတယ္။

ဗီတာမင္ Bcomplex

Burplex လို႔သိထားၾကတဲ့ ဗီတာမင္ B complex ဆိုတာ ဗီတာမင္B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ႔ choline တို႔ပါဝင္တာျဖစ္ပါတယ္။B complex အုပ္စုဝင္ ဗီတာမင္ေတြဟာ နာတာ႐ွည္ေရာင္ရမ္းမႈေတြကို သက္သာေလ်ာ့ပါးေစၿပီးေသြးတြင္းhomocysteine ပမာဏမ်ားေနျခင္းကို ကာကြယ္ေပးပါတယ္။homocysteine က မ်က္ၾကည္လႊာကိုထိခိုက္ေစတဲ့ေသြးေၾကာဆိုင္ရာျပႆနာေတြကိုျဖစ္ေစပါတယ္။ ဗီတာမင္ Bေတြဟာ မ်က္စိမႈန္ျခင္းနဲ႔ မ်က္စိေရာဂါေတြကို အႏၲရာယ္ေလ်ာ့နည္းေစဖို႔ ကူညီေပးပါတယ္။

Lutein

Lutein က ကိုက္လန္၊ ဟင္းႏုႏြယ္စတဲ့ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ေတြမွာေတြ႕ရတဲ့ အာဟာရဓါတ္တစ္မ်ိဳးပါ။ မ်က္ၾကည္လႊာအတြက္ အက်ိဳးျပဳတဲ့ ဒီဓါတ္က အျမင္အာ႐ုံအတြက္ေတာ္ေတာ္ကို အေရးပါပါတယ္။lutein နဲ႔zeaxanthin တို႔လို ဓါတ္ေတြဆီက ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြရ႐ွိႏိုင္ၿပီး အတြင္းတိမ္နဲ႔ အျမင္မႈန္ဝါးျခင္းလိုမ်ိဳး ေရာဂါျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

Zeaxanthin

Carotenoids ဓါတ္အမ်ိဳးအစားေပါင္း ၆၀၀ေက်ာ္႐ွိေပမယ့္ ၂၀ ခန္႔ကပဲ မ်က္စိက်န္းမာေရးအတြက္ အက်ိဳးျပဳႏိုင္ပါတယ္။ Lutein နဲ႔ zeaxanthin က ျမင္လႊာရဲ႕အလယ္ကmacula အစိတ္အပိုင္းကို ႏူးညံ့ေစၿပီး မ်က္စိတစ္႐ွဴး၊ မွန္ဘီလူးနဲ႔macula အပိုင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ျမင္ကြင္း႐ွင္းလင္းေစၿပီး ႐ုတ္တရက္မႈန္ဝါးျခင္း။ အလင္းေရာင္မခံႏိုင္ျခင္း၊နဲ႔ အတြင္းတိမ္လိုမ်ိဳး မ်က္စိေရာဂါေတြကို ကာကြယ္ေပးပါတယ္။

Omega-3 Fatty Acids

Omega-3 Fatty Acids ဟာ ခႏၶါကိုယ္အႏွံ႔က တစ္႐ွဴးေတြအတြက္ေကာင္းမြန္တဲ့အက်ိဳးျပဳအဆီေတြျဖစ္ပါတယ္။ ဆီးခ်ိဳ႐ွိသူေတြမွာ အျဖစ္မ်ားတဲ့ အျမင္အာ႐ုံထိခိုက္မႈကို ကာကြယ္ေပးပါတယ္။

မ်က္စိအားေကာင္းေစတဲ့ ဒီလိုဗီတာမင္နဲ႔အာဟာရဓါတ္ေတြကို ဘယ္ကအမ်ားဆုံးရႏိုင္မလဲ –

-မုန္လာဥနီ

-အစိမ္းေရာင္႐ွိတဲ့အသီးအ႐ြက္ေတြ (ဥပမာ – ကိုက္လန္၊ ဟင္းႏုႏြယ္)

-ေဂၚဖီထုပ္မ်ိဳးႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ေတြ (ပန္းေဂၚဖီစိမ္း၊ေဂၚဖီထုပ္၊ ပန္းေဂၚဖီ)

-ခ်ိဳခ်ဥ္အသီးေတြ(လိေမၼာ္သီး၊ဂရိတ္ဖ႐ု၊ သံပရာသီး)

-ကန္စြန္းဥ

-ပဲစိမ္း

-ၾကက္ဥ

-ဘယ္ရီသီးေတြ

-သေဘၤာသီး၊သရက္သီး၊ ကီဝီသီး၊ဖရဲသီးနဲ႔ မာလကာသီး

-ေျပာင္းဖူး

-အေစ့အဆန္ (ေနၾကာေစ့၊ႏွမ္း၊ေဟဇယ္သီး၊ဗာဒံေစ့)

-ပင္လယ္စာေတြ၊omega-3 နဲ႔zinc ပါဝင္မႈမ်ားတဲ့ အစားအစာေတြ(ေဆာ္လမြန္ငါး၊ မက္ကရယ္ငါး၊ ဆာဒင္းနဲ႔ တူနာငါး)တို႔ကေန ရ႐ွိႏိုင္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service