ဘဝလက်တွဲဖော် အရွေးမမှားဖို့ ဥပဒေလေ့လာပါ - Property Knowledge in Myanmar from iMyanmarHouse.com
5355 Views

ဘဝလက်တွဲဖော် အရွေးမမှားဖို့ ဥပဒေလေ့လာပါ

Knowledge | Posted by Si Thu Aung

[Unicode]

ဥစ္စာဓန ရှာဖွေကြရာတွင် ကျား/မ မခွဲခြားပဲ မိမိတတ်နိုင်သလောက် ဝန်ကိုထမ်းကြရသည်။ ယင်းသို့ရှာဖွေလုပ်ကိုင်ရင်း စီးပွားရေး၊နယ်ပယ်အတွင်း မိမိနှင့်စိတ်တူသဘောတူ မိတ်ဆွေများရလာကြသည်။ အပျို၊ လူပျိုအရွယ်မို့ ခင်မင်ရင်းနှီးရာက ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီး အိမ်ထောင်ကျသူများရှိသည်။

မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာအတူနေကြသူချင်းအတူတူ အခွင့်အရေးလည်းတူကြသည်။ ပိုင်ဆိုင်မှုလည်း တူကြသည်ဟု ထင်ကြသည်။ ပိုင်ဆိုင်မှုလည်းတူကြသည်ဟု ထင်ကြသည်။ ဥပဒေစာမဖတ်တော့ မသိဘူးပေါ့၊ တရုတ်၊ ကုလား၊ ကိုရီးယား၊ ဂျပန်၊ နိုင်ငံသားလား၊ နိုင်ငံခြားမှတ်ပုံတင် ကိုင်ဆောင်ထားသူလား မလေ့လာကြ။ ဗုဒ္ဓဘာသာမှန်လျှင် မြန်မာလိုပဲ အမွေဆက်ခံခွင့်တွေလည်း အတူတူပဲဟု မှတ်ယူပြီး ပေါ့ပေါ့ဆဆ အလေး မထားပဲ အလွယ်တကူပင် အိမ်ထောင်ပြုတတ်ကြသည်။

လင်ရယ် မယားရယ် ဖြစ်လာပြန်တော့လည်း ဘ၀နောင်ရေးအေးဖို့ ကြိုးစားရှာဖွေကြရပြန်သည်။ ရှာဖွေစုဆောင်းရာက ပိုလျှံလာသည့် ငွေကြေးဖြင့် မြေဝယ်၊ အိမ်ဝယ်ကြသည်။ လင်မယားဖြစ်တော့ ဘယ်သူ့နာမည်နဲ့ပဲဝယ်ဝယ် ဗုဒ္ဓဘာသာဝင်များအဖို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်သေလျှင် မယားအမွေဆက်ခံရမည်။ မယားသေလျှင် လင်ကအမွေဆက်ခံမည်ဟု ယုံကြည်ထားကြသည်။

နောင်တ နောင်မှ မရကြစေလို

မမျှော်လင့်ပဲ မယားဖြစ်သူက အရင်သေသွားသည်။ ဝယ်ထားသည့်မြေနှင့် အိမ်က ဇနီးအမည်ပေါက်၊ ဇနီးက နိုင်ငံသား၊ ကျန်ရစ်သူခင်ပွန်းက နိုင်ငံခြားသားမှတ်ပုံတင်ကိုင်ဆောင်သူတစ်ဦးဖြစ်သဖြင့် မိမိပိုင်ဆိုင်သည့် အိမ်နှင့် မြေကို စွန့်လွှတ်လိုက်ရသည့် (ခူဇူးဖောက်-ပါ (၂)နှင့် ဒေါ်ပန် ၁၉၉၂ မတစ -၁၆)စီရင်ထုံးကို တင်ပြလိုက် ပါသည်။

အချင်းဖြစ် အိမ်ခန်းများ အပါအဝင် အဆောက်အအုံနှင့် မြေကွက်ကို ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးဘိုးလှနှင့် ဒေါ်သိန်းခင်တို့ ပေါင်းသင်းနေထိုင်ကြစဉ် ဝယ်ယူခဲ့၍ အကြောင်းထူးမရှိလျှင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိုအဆောက်အအုံနှင့် မြေကို ဦးဘိုးလှနှင့် ဒေါ်သိန်းခင်တို့နှစ်ဦး အတူပိုင်ဆိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် ထိုအဆောက်အအုံနှင့်မြေကို ဝယ်ယူစဉ်က ဦးဘိုးလှမှာ နိုင်ငံခြားသား မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်၍ ၁၉၄၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်း ကန့်သတ်မှုအက်ဥပဒေပုဒ်မ(၃)အရ ထိုအဆောက်အအုံနှင့်မြေကို ဦးဘိုးလှအနေနှင့် ပိုင်ဆိုင်အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရရှိနိုင်ပေ ဟုလမ်းညွှန်ပြသထားပါသည်။

ထို့ကြောင့် အရင်းအနှီးများ ရှာဖွေစုဆောင်းရာတွင် ရတနာရွှေငွေကျောက်၊စိန်၊ ကားစသည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများမှာ မည်သည့်အချိန်တွင်မဆိုရောင်းခြင်း၊ ဝယ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြုလုပ်ရန်လွယ်ကူသော်လည်း မရွှေ့မပြောင်းနိုင်သည့် အဆောက်အအုံနှင့် မြေတို့မှာ အလွယ်တကူသင်ယူရန် မဖြစ်နိုင်ပေ။

မိမိဝယ်ယူသည့်အချိန်မှစ၍ မိမိအမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ရခြင်း၊ စာရွက်စာတမ်းများခိုင်မာစေရန် လိုအပ်ခြင်း၊ လက်ရောက်ရရှိထားလျှင် သားစဉ်မြေးဆက် စိတ်ချရပြီဟု အေး…မနေပါနှင့်။ မြေအမည်ပေါက်သူနှင့် အမွေဆက်ခံသူတို့သည် နိုင်ငံသား/(ဧည့်)နိုင်ငံသား/ နိုင်ငံသား (ပြုခွင့်ရသူ)များဖြစ်နေမှသာလျှင် (ကန့်သတ်မှု) ဥပဒေပုဒ်မ(၃) စက်ကွင်းက လွတ်ကင်းနိုင်မည်ဖြစ်ကြောင်း စေတနာသတင်းကောင်းပါးလိုက်ရပါသည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၏ အိမ်ခြံမြေ ရောင်းဝယ်ငှား သိထားရမည့်အချက်များစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဘ၀လက္တြဲေဖာ္ အေရြးမမွားဖို႔ ဥပေဒေလ့လာပါ

ဥစၥာဓန ရွာေဖြၾကရာတြင္ က်ား/မ မခြဲျခားပဲ မိမိတတ္ႏိုင္သေလာက္ ၀န္ကိုထမ္းၾကရသည္။ ယင္းသို႔ရွာေဖြလုပ္ကိုင္ရင္း စီးပြားေရး၊နယ္ပယ္အတြင္း မိမိႏွင့္စိတ္တူသေဘာတူ မိတ္ေဆြမ်ားရလာၾကသည္။ အပ်ိဳ၊ လူပ်ိဳအရြယ္မို႔ ခင္မင္ရင္းႏွီးရာက ဘ၀လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ၿပီး အိမ္ေထာင္က်သူမ်ားရွိသည္။

ျမန္မာျပည္မွာေမြးၿပီး ျမန္မာျပည္မွာအတူေနၾကသူခ်င္းအတူတူ အခြင့္အေရးလည္းတူၾကသည္။ ပိုင္ဆိုင္မႈလည္း တူၾကသည္ဟု ထင္ၾကသည္။ ပိုင္ဆိုင္မႈလည္းတူၾကသည္ဟု ထင္ၾကသည္။ ဥပေဒစာမဖတ္ေတာ့ မသိဘူးေပါ့၊ တ႐ုတ္၊ ကုလား၊ ကိုရီးယား၊ ဂ်ပန္၊ ႏိုင္ငံသားလား၊ ႏိုင္ငံျခားမွတ္ပုံတင္ ကိုင္ေဆာင္ထားသူလား မေလ့လာၾက။ ဗုဒၶဘာသာမွန္လွ်င္ ျမန္မာလိုပဲ အေမြဆက္ခံခြင့္ေတြလည္း အတူတူပဲဟု မွတ္ယူၿပီး ေပါ့ေပါ့ဆဆ အေလး မထားပဲ အလြယ္တကူပင္ အိမ္ေထာင္ျပဳတတ္ၾကသည္။

လင္ရယ္ မယားရယ္ ျဖစ္လာျပန္ေတာ့လည္း ဘ၀ေနာင္ေရးေအးဖို႔ ႀကိဳးစားရွာေဖြၾကရျပန္သည္။ ရွာေဖြစုေဆာင္းရာက ပိုလွ်ံလာသည့္ ေငြေၾကးျဖင့္ ေျမ၀ယ္၊ အိမ္၀ယ္ၾကသည္။ လင္မယားျဖစ္ေတာ့ ဘယ္သူ႔နာမည္နဲ႔ပဲ၀ယ္၀ယ္ ဗုဒၶဘာသာ၀င္မ်ားအဖို႔ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လင္ေသလွ်င္ မယားအေမြြဆက္ခံရမည္။ မယားေသလွ်င္ လင္ကအေမြဆက္ခံမည္ဟု ယုံၾကည္ထားၾကသည္။

ေနာင္တ ေနာင္မွ မရၾကေစလို

မေမွ်ာ္လင့္ပဲ မယားျဖစ္သူက အရင္ေသသြားသည္။ ၀ယ္ထားသည့္ေျမႏွင့္ အိမ္က ဇနီးအမည္ေပါက္၊ ဇနီးက ႏိုင္ငံသား၊ က်န္ရစ္သူခင္ပြန္းက ႏိုင္ငံျခားသားမွတ္ပုံတင္ကိုင္ေဆာင္သူတစ္ဦးျဖစ္သျဖင့္ မိမိပိုင္ဆိုင္သည့္ အိမ္ႏွင့္ ေျမကို စြန္႔လႊတ္လိုက္ရသည့္ (ခူဇူးေဖာက္-ပါ (၂)ႏွင့္ ေဒၚပန္ ၁၉၉၂ မတစ -၁၆)စီရင္ထုံးကို တင္ျပလိုက္ ပါသည္။

အခ်င္းျဖစ္ အိမ္ခန္းမ်ား အပါအ၀င္ အေဆာက္အအုံႏွင့္ ေျမကြက္ကို ဗုဒၶဘာသာ၀င္မ်ားျဖစ္ၾကေသာ ဦးဘိုးလွႏွင့္ ေဒၚသိန္းခင္တို႔ ေပါင္းသင္းေနထိုင္ၾကစဥ္ ၀ယ္ယူခဲ့၍ အေၾကာင္းထူးမရွိလွ်င္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ထိုုအေဆာက္အအုံႏွင့္ ေျမကို ဦးဘိုးလွႏွင့္ ေဒၚသိန္းခင္တို႔ႏွစ္ဦး အတူပိုင္ဆိုင္ၾကမည္ျဖစ္သည္။ သို႔ရာတြင္ ထိုအေဆာက္အအုံႏွင့္ေျမကို ၀ယ္ယူစဥ္က ဦးဘိုးလွမွာ ႏိုင္ငံျခားသား မွတ္ပုံတင္ကို ကိုင္ေဆာင္ထားသူျဖစ္၍ ၁၉၄၇ခုႏွစ္၊ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းလႊဲေျပာင္းျခင္း ကန္႔သတ္မႈအက္ဥပေဒပုဒ္မ(၃)အရ ထိုအေဆာက္အအုံႏွင့္ေျမကို ဦးဘိုးလွအေနႏွင့္ ပိုင္ဆိုင္အက်ိဳးခံစားခြင့္ တစ္စုံတစ္ရာ မရရွိႏိုင္ေပ ဟုလမ္းၫႊန္ျပသထားပါသည္။

ထို႔ေၾကာင့္ အရင္းအႏွီးမ်ား ရွာေဖြစုေဆာင္းရာတြင္ ရတနာေရႊေငြေက်ာက္၊စိန္၊ ကားစသည့္ ေရႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းမ်ားမွာ မည္သည့္အခ်ိန္တြင္မဆိုေရာင္းျခင္း၊ ၀ယ္ျခင္း၊ ခြဲျခမ္းစိတ္ျဖာျခင္း၊ ျပဳလုပ္ရန္လြယ္ကူေသာ္လည္း မေရႊ႕မေျပာင္းႏိုင္သည့္ အေဆာက္အအုံႏွင့္ ေျမတို႔မွာ အလြယ္တကူသင္ယူရန္ မျဖစ္ႏိုင္ေပ။

မိမိ၀ယ္ယူသည့္အခ်ိန္မွစ၍ မိမိအမည္ေပါက္ျဖစ္ေအာင္ ေဆာင္ရြက္ရျခင္း၊ စာရြက္စာတမ္းမ်ားခိုင္မာေစရန္ လိုအပ္ျခင္း၊ လက္ေရာက္ရရွိထားလွ်င္ သားစဥ္ေျမးဆက္ စိတ္ခ်ရၿပီဟု ေအး…မေနပါႏွင့္။ ေျမအမည္ေပါက္သူႏွင့္ အေမြဆက္ခံသူတို႔သည္ ႏိုင္ငံသား/(ဧည့္)ႏိုင္ငံသား/ ႏိုင္ငံသား (ျပဳခြင့္ရသူ)မ်ားျဖစ္ေနမွသာလွ်င္ (ကန္႔သတ္မႈ) ဥပေဒပုဒ္မ(၃) စက္ကြင္းက လြတ္ကင္းႏိုင္မည္ျဖစ္ေၾကာင္း ေစတနာသတင္းေကာင္းပါးလိုက္ရပါသည္။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ၏ အိမ္ျခံေျမ ေရာင္း၀ယ္ငွား သိထားရမည့္အခ်က္မ်ားစာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service