နေပြည်တော်နယ်မြေတွင် ယခုနှစ်ဆန်းပိုင်း မြေကွက်များ အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
784 Views

နေပြည်တော်နယ်မြေတွင် ယခုနှစ်ဆန်းပိုင်း မြေကွက်များ အရောင်းအဝယ်ဖြစ်

[Unicode]

နေပြည်တော်ကောင်စီနယ်မြေတွင် ယခုနှစ်ဆန်းပိုင်း မြေကွက်များ အရောင်းအဝယ်ဖြစ်ကြောင်း၊ စည်ပင်ကရောင်းချပေး နေသည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပေ ၈၀ ပတ်လည် မြေကွက်များ အရောင်းအဝယ်လိုက်လာသည်ကိုတွေ့ရကြောင်း ဇန်နဝါရီ ၁၃ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး၏ လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။

ဒုတိယမြို့တော်ဝန်က ကိုဗစ်-၁၉ ဖြစ်လာပြီး နောက်ပိုင်း နေပြည်တော်သို့ ကပ်ရောဂါရှောင်ရင်း ခေတ္တနေထိုင်လာသူ များနှင့် အခြေချနေထိုင်ဖို့ ကြိုးစားလာသူတွေများလာကြောင်း ပြောထားသည်။

ဒုတိယမြို့တော်ဝန်က နေပြည်တော်တွင် နေထိုင်သူများ တိုးလာလျှင် ဈေးများတိုးချဲ့ဖို့ လိုအပ်လာမှာဖြစ်ကြောင်း၊ လက်ရှိ နေပြည်တော်စည်ပင်သာယာ၏ စီမံခန့်ခွဲမှုအောက်တွင် တရားဝင် ဈေးပေါင်း (၃၅) ဈေးရှိပြီး တရားမဝင် အရပ်ဈေးလေး များက (၁၈) ဈေး ရှိကြောင်း၊နေ့ဈေးများတွင် ညဖက်ဆက်ဖွင့်ကြသည့် ညဈေး (၁၉) ဈေး ရှိကြောင်း၊ ငါးရက်တစ်ဈေးက (၁၂) ခု၊ ကုန်တိုက် (၅) ခု၊ ကား၊မော်တော်ဆိုင်ကယ်နှင့် ဈေးရောင်းချသည်က ရာဂဏန်းရှိကြောင်း၊ နေပြည်တော် (၈) မြို့နယ်အနေနှင့် ယခုဈေးအရေအတွက်သည် သင့်တင့်ကြောင်းပြောထားသည်။

နေထိုင်သူများ တိုးလာလျှင် ဈေးများတိုးချဲ့ဖို့နှင့် ရေဖြန့်ဝေမှုအတွက် လက်ရှိမှာ ဆည် (၁၁) ဆည်မှ တစ်နေ့ကို ရေဂါလံ (၁၅) သန်း ဖြန့်ဝေနေရာမှ နောက်ထပ် ရေဂါလံ (၃၅) သန်းလောက် တိုးချဲ့ ဖြန့်ဝေနိုင်ဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဈေးတည်ဆောက်ရာတွင် အချိန်မြန်နိုင်သော်လည်း ရေပေးဝေရေးအတွက် နှစ်နှင့်ချီ၍ အချိန်ယူကြရမှာ ဖြစ်ကြောင်း ပြောထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 [Zawgyi]

ေနျပည္ေတာ္နယ္ေျမတြင္ ယခုႏွစ္ဆန္းပိုင္း ေျမကြက္မ်ား အေရာင္းအဝယ္ျဖစ္

ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ယခုႏွစ္ဆန္းပိုင္း ေျမကြက္မ်ား အေရာင္းအဝယ္ျဖစ္ေၾကာင္း၊ စည္ပင္ကေရာင္းခ်ေပး ေနသည့္ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ေပ ၈၀ ပတ္လည္ ေျမကြက္မ်ား အေရာင္းအဝယ္လိုက္လာသည္ကိုေတြ႕ရေၾကာင္း ဇန္နဝါရီ ၁၃ ရက္က ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ့ေတာ္ဝန္ဦးရဲမင္းဦး၏ လူမႈကြန္ရက္စာမ်က္ႏွာမွ သိရသည္။

ဒုတိယၿမိဳ့ေတာ္ဝန္က ကိုဗစ္-၁၉ ျဖစ္လာၿပီး ေနာက္ပိုင္း ေနျပည္ေတာ္သို႔ ကပ္ေရာဂါေရွာင္ရင္း ေခတၱေနထိုင္လာသူ မ်ားႏွင့္ အေျခခ်ေနထိုင္ဖို႔ ႀကိဳးစားလာသူေတြမ်ားလာေၾကာင္း ေျပာထားသည္။

ဒုတိယၿမိဳ့ေတာ္ဝန္က ေနျပည္ေတာ္တြင္ ေနထိုင္သူမ်ား တိုးလာလွ်င္ ေဈးမ်ားတိုးခ်ဲ႕ဖို႔ လိုအပ္လာမွာျဖစ္ေၾကာင္း၊ လက္ရွိ ေနျပည္ေတာ္စည္ပင္သာယာ၏ စီမံခန႔္ခြဲမႈေအာက္တြင္ တရားဝင္ ေဈးေပါင္း (၃၅) ေဈးရွိၿပီး တရားမဝင္ အရပ္ေဈးေလး မ်ားက (၁၈) ေဈး ရွိေၾကာင္း၊ေန႔ေဈးမ်ားတြင္ ညဖက္ဆက္ဖြင့္ၾကသည့္ ညေဈး (၁၉) ေဈး ရွိေၾကာင္း၊ ငါးရက္တစ္ေဈးက (၁၂) ခု၊ ကုန္တိုက္ (၅) ခု၊ ကား၊ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ ေဈးေရာင္းခ်သည္က ရာဂဏန္းရွိေၾကာင္း၊ ေနျပည္ေတာ္ (၈) ၿမိဳ႕နယ္အေနႏွင့္ ယခုေဈးအေရအတြက္သည္ သင့္တင့္ေၾကာင္းေျပာထားသည္။

ေနထိုင္သူမ်ား တိုးလာလွ်င္ ေဈးမ်ားတိုးခ်ဲ႕ဖို႔ႏွင့္ ေရျဖန္႔ေဝမႈအတြက္ လက္ရွိမွာ ဆည္ (၁၁) ဆည္မွ တစ္ေန႔ကို ေရဂါလံ (၁၅) သန္း ျဖန္႔ေဝေနရာမွ ေနာက္ထပ္ ေရဂါလံ (၃၅) သန္းေလာက္ တိုးခ်ဲ႕ ျဖန႔္ေဝနိုင္ဖို႔ ေဆာင္ရြက္ၾကရမွာ ျဖစ္ေၾကာင္း၊ ေဈးတည္ေဆာက္ရာတြင္ အခ်ိန္ျမန္နိုင္ေသာ္လည္း ေရေပးေဝေရးအတြက္ ႏွစ္ႏွင့္ခ်ီ၍ အခ်ိန္ယူၾကရမွာ ျဖစ္ေၾကာင္း ေျပာထားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service