မှတ်ပုံတင်ထားခြင်းမရှိသော်လည်း တရားဝင်သည့်စာချုပ်စာတမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1062 Views

မှတ်ပုံတင်ထားခြင်းမရှိသော်လည်း တရားဝင်သည့်စာချုပ်စာတမ်းများ

Knowledge | Posted by Si Thu Aung

[Unicode]

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ စာချုပ်စာတမ်းဥပဒေမှတ်ပုံတင်ဥပဒေပုဒ်မ-၁၇ အရ အောက်ပါစာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းအမျိုးအစားအဖြစ် သတ်မှတ်ထားပါသည်။

(က) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ်တစ်သိန်းအောက် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့်အကျိုးစီးပွားတစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို မျက်မောက်ကာလအတွက် သော်လည်းကောင်း၊ နောင်ကာလအတွက်သော်လည်းကောင်း၊ ဖြစ်မြောက်စေရန် ပြုလုပ်သည့် ငွေလက်ခံ ရရှိခြင်း သို့မဟုတ် ပေးအပ်ခြင်း ဝန်ခံသည့်စာချုပ်စာတမ်းများ၊

(ခ) အပေါင်တန်ဖိုး ငွေကျပ်တစ်သိန်းအောင်ဖြင့် ပေါင်နှံသည့်စာချုပ်စာတမ်းများ၊

(ဂ) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်နှစ်ထက်မပိုသောကာလအတွက် ငှားရမ်းသည့် အငှားစာချုပ် စာတမ်းများ၊

(ဃ) ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများပေါ်တွင် ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွားတစ်စုံတစ်ရာ ဖြစ်ပေါ်စေရေး အတွက် ကြေညာခြင်း၊ လွှဲပြောင်းခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွတ်ခြင်း၊ ဖျက်သိမ်းခြင်းတို့နှင့် သက်ဆိုင်သော စာချုပ်စာတမ်းများ၊

(င) သေတမ်းစာများ၊

(စ) မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းများ၊

(ဆ) တရားရုံးကချမှတ်သည့် ဒီကရီများ သို့မဟုတ် အမိန့်များနှင့် အနုညာတခုံလူကြီးတို့၏ ဆုံးဖြတ်ချက်များ၊

(ဇ) တရားရုံးကဖြစ်စေ၊ အခွန်အရာရှိ သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းတစ်ခုခုကို လေလံတင်ရောင်းချပြီးနောက် ဝယ်ယူသူအား ထုတ်ပေးသည့် အရောင်းသက်သေခံလက်မှတ်၊

(ဈ) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ထုတ်ဝေသည့်ဂရန်စာချုပ် သို့မဟုတ် ခွဲဝေပေးသည့် စာချုပ်စာတမ်းများ၊

(ည) အထက်ဖော်ပြပါ စာချုပ်စာတမ်းများအပြင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆အရ မှတ်ပုံမတင်မနေရစာချုပ်စာတမ်းများအဖြစ် သတ်မှတ်ထားသည့် စာချုပ်စာတမ်းများမှတစ်ပါး အခြားစာချုပ်စာတမ်းများ၊

အထက်တွင်ဖော်ပြထားသည့် စာချုပ်စာတမ်းများသည် မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်စာတမ်း များဖြစ်ပြီး မှတ်ပုံမတင်လိုက မတင်ဘဲနေနိုင်သည်။ မှတ်ပုံတင်ထားခြင်းမရှိလျှင်လည်း စာချုပ်စာတမ်းသည် စာချုပ်ပါသဘောတူညီချက်အတိုင်း အကျိုးသက်ရောက်မှုရှိပြီး ဆုံးရှုံးမှုတစ်စုံတစ်ရာ မဖြစ်ပွားဘဲ တရားဝင် စာချုပ်စာတမ်းအဖြစ်သာတည်ရှိပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မွတ္ပံုတင္ထားျခင္းမရွိေသာ္လည္း တရားဝင္သည့္စာခ်ဳပ္စာတမ္းမ်ား

၂၀၁၈ ခုႏွစ္၊ ျပည္ေထာင္စုလႊတ္ေတာ္ကျပ႒ာန္းလိုက္တဲ့ စာခ်ဳပ္စာတမ္းဥပေဒမွတ္ပံုတင္ဥပေဒပုဒ္မ-၁၇ အရ ေအာက္ပါစာခ်ဳပ္စာတမ္းမ်ားကို မွတ္ပံုတင္လိုက တင္ႏိုင္ေသာ စာခ်ဳပ္စာတမ္းအမ်ိဳးအစားအျဖစ္ သတ္မွတ္ထားပါသည္။

(က) မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္း၌ျဖစ္ေစ၊ ယင္းႏွင့္စပ္လ်ဥ္း၍ျဖစ္ေစ တန္ဖိုးေငြက်ပ္တစ္သိန္းေအာက္ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းမ်ားေရာင္းခ်ျခင္း၊ ဆိုင္ရာဆိုင္ခြင့္အက်ိဳးစီးပြားတစ္စံုတစ္ရာျဖစ္ေစေရးအတြက္ ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လြတ္ျခင္းႏွင့္ ဖ်က္သိမ္းျခင္းတို႔ကို မ်က္ေမာက္ကာလအတြက္ ေသာ္လည္းေကာင္း၊ ေနာင္ကာလအတြက္ေသာ္လည္းေကာင္း၊ ျဖစ္ေျမာက္ေစရန္ ျပဳလုပ္သည့္ ေငြလက္ခံ ရရွိျခင္း သို႔မဟုတ္ ေပးအပ္ျခင္း ဝန္ခံသည့္စာခ်ဳပ္စာတမ္းမ်ား၊

(ခ) အေပါင္တန္ဖိုး ေငြက်ပ္တစ္သိန္းေအာင္ျဖင့္ ေပါင္ႏွံသည့္စာခ်ဳပ္စာတမ္းမ်ား၊

(ဂ) မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို တစ္ႏွစ္ထက္မပိုေသာကာလအတြက္ ငွားရမ္းသည့္ အငွားစာခ်ဳပ္ စာတမ္းမ်ား၊

(ဃ) ေရႊ႕ေျပာင္းႏိုင္သည့္ပစၥည္းမ်ားေပၚတြင္ ဆုိင္ရာဆုိင္ခြင့္ အက်ိဳးစီးပြားတစ္စံုတစ္ရာ ျဖစ္ေပၚေစေရး အတြက္ ေၾကညာျခင္း၊ လႊဲေျပာင္းျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လြတ္ျခင္း၊ ဖ်က္သိမ္းျခင္းတို႔ႏွင့္ သက္ဆိုင္ေသာ စာခ်ဳပ္စာတမ္းမ်ား၊

(င) ေသတမ္းစာမ်ား၊

(စ) မိသားစုစီမံခန္႔ခြဲမႈ စာခ်ဳပ္စာတမ္းမ်ား၊

(ဆ) တရားရံုးကခ်မွတ္သည့္ ဒီကရီမ်ား သို႔မဟုတ္ အမိန္႔မ်ားႏွင့္ အနုညာတခံုလူႀကီးတို႔၏ ဆံုးျဖတ္ခ်က္မ်ား၊

(ဇ) တရားရံုးကျဖစ္ေစ၊ အခြန္အရာရွိ သို႔မဟုတ္ သက္ဆိုင္ရာအစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းကျဖစ္ေစ၊ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းတစ္ခုခုကို ေလလံတင္ေရာင္းခ်ၿပီးေနာက္ ဝယ္ယူသူအား ထုတ္ေပးသည့္ အေရာင္းသက္ေသခံလက္မွတ္၊

(ဈ) မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို အစုိးရဌာန၊ အစိုးရအဖြဲ႕အစည္းမ်ားက ထုတ္ေဝသည့္ဂရန္စာခ်ဳပ္ သို႔မဟုတ္ ခြဲေဝေပးသည့္ စာခ်ဳပ္စာတမ္းမ်ား၊

(ည) အထက္ေဖာ္ျပပါ စာခ်ဳပ္စာတမ္းမ်ားအျပင္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ဥပေဒပုဒ္မ-၁၆အရ မွတ္ပံုမတင္မေနရစာခ်ဳပ္စာတမ္းမ်ားအျဖစ္ သတ္မွတ္ထားသည့္ စာခ်ဳပ္စာတမ္းမ်ားမွတစ္ပါး အျခားစာခ်ဳပ္စာတမ္းမ်ား၊

အထက္တြင္ေဖာ္ျပထားသည့္ စာခ်ဳပ္စာတမ္းမ်ားသည္ မွတ္ပံုတင္လိုက တင္ႏိုင္ေသာစာခ်ဳပ္စာတမ္း မ်ားျဖစ္ၿပီး မွတ္ပံုမတင္လိုက မတင္ဘဲေနႏိုင္သည္။ မွတ္ပံုတင္ထားျခင္းမရွိလွ်င္လည္း စာခ်ဳပ္စာတမ္းသည္ စာခ်ဳပ္ပါသေဘာတူညီခ်က္အတုိင္း အက်ိဳးသက္ေရာက္မႈရွိၿပီး ဆံုးရႈံးမႈတစ္စံုတစ္ရာ မျဖစ္ပြားဘဲ တရားဝင္ စာခ်ဳပ္စာတမ္းအျဖစ္သာတည္ရွိပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service