သီးခြားအကွက်ခွဲစိတ်ခွင့်မပြုထားသော်လည်း တရားဝင်ပိုင်ဆိုင်မှုရရှိအောင်ဆောင်ရွက်နိုင်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
811 Views

သီးခြားအကွက်ခွဲစိတ်ခွင့်မပြုထားသော်လည်း တရားဝင်ပိုင်ဆိုင်မှုရရှိအောင်ဆောင်ရွက်နိုင်ခြင်း

Knowledge | Posted by Si Thu Aung

[Unicode]

ဂရန်မြေကွက်မှ တရားဝင်မခွဲစိတ်ရသေးတဲ့ ၁၀ပေ × ပေ၆၀ ရှိသည့် မြေကွက်ကို ဝယ်လျှင် တရားဝင် ပိုင်ဆိုင်မှုဆောင်ရွက်လိုရပါသည်။ သီးခြားအကွက်ခွဲစိတ်ခွင့်တော့ ခွင့်မပြုထားပါဘူး။

မြေကွက်ကို အမည်ပြောင်းလျှောက်ထား၍ မရနိုင်ပါဘူး။ တရားဝင်ပိုင်ဆိုင်မှုခိုင်မာရန် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုလို့ရပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေယာလုပ်ထုံး လုပ်နည်းများအရ ခွဲစိတ်ရန်လျှောက်ထားသည့် မြေကွက်သည့် ခွဲစိတ်ပြီး မြေကွက်အတိုင်းအတာသည် အနည်းဆုံး စတုရမ်းပေ ၁၂၀၀ (ပေ၂၀ × ပေ၆၀) ရှိရမည်လို သတ်မှတ်ပြဌာန်းထားပါသည်။ ခွဲစိတ်ပြီးတဲ့ မြေ ကွက်သို့ ဝင်ထွက်သွားလာနိုင်တဲ့ လမ်းရှိရမှာဖြစ်ပါသည်။ ထို့ကြောင့် ၁၀ပေ× ပေ၆၀ မြေကွက်သည် ခွဲစိတ်လို့ မရပါဘူး။

မှတ်ပုံတင်စာချုပ်ဖြင့် တရားဝင်ဝယ်ယူရန်အတွက် မြေငှားစာချုပ်ဂရန်တွင် ရောင်းသူအမည်ပေါက် ဖြစ်နေရန်လိုအပ်ပါမည်။ ရောင်းသူက အရပ်စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့သူဆိုလျှင် မှတ်ပုံတင်စာချုပ် ချုပ်လို့ရမှာမဟုတ်ဘူး။

အကယ်၍ မြေအမည်ပေါက်ထံမှမဟုတ်ဘဲ အရပ်စာချုပ်နဲ့ အဆင့်ဆင့်ဝယ်ထားတဲ့မြေဆိုရင် မိမိ ဝယ်ယူထားသည့်မြေကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် အခက်အခဲအနည်းငယ်ရှိပါသည်။ မြေအမည် ပေါက်သူကို ရှာဖွေပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဖို့ဆောင်ရွက်ရန် (သို့မဟုတ်) မူလဂရန်အမည်ပေါက်သူ ရှာမတွေ့ပါက ဝယ်သူက မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးရန် တရားရုံးတွင် တရားမမှုစွဲဆိုရမှာ ဖြစ်ပါသည်။

ထိုသို့တရားစွဲဆိုသောအခါ ဂရန်အမည်ပေါက်သူက တရားရုံးသို့မလာဘူးဆိုလျှင် တရားရုံးမှ ရောင်းသူ ကိုယ်စား တာဝန်ပေးအပ်ခန့်ထားသည့် ဘိလစ်မှ တာဝန်ယူ လက်မှတ်ရေးထိုးကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဝယ်ယူသူမှ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါသည်။

ထို့ကြောင့် ဂရန်မြေမှ ခွဲစိတ်ရောင်းတဲ့ ၁၀ပေ × ပေ၆၀ မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် တရားဝင် ပိုင်ဆိုင်မှုခိုင်မာအောင်ဆောင် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ရပါသည်။ သီးခြားအကွက်ခွဲစိတ်ပြီး ဂရန်အမည်ပေါက် လျှောက်ထား၍တော့ရမည်မဟုတ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သီးျခားအကြက္ခြဲစိတ္ခြင့္မျပဳထားေသာ္လည္း တရားဝင္ပိုင္ဆိုင္မႈရရွိေအာင္ေဆာင္ရြက္ႏိုင္ျခင္း

ဂရန္ေျမကြက္မွ တရားဝင္မခြဲစိတ္ရေသးတဲ့ ၁၀ေပ × ေပ၆၀ ရွိသည့္ ေျမကြက္ကို ဝယ္လွ်င္ တရားဝင္ ပိုင္ဆုိင္မႈေဆာင္ရြက္လိုရပါသည္။ သီးျခားအကြက္ခြဲစိတ္ခြင့္ေတာ့ ခြင့္မျပဳထားပါဘူး။

ေျမကြက္ကို အမည္ေျပာင္းေလွ်ာက္ထား၍ မရႏုိင္ပါဘူး။ တရားဝင္ပိုင္ဆိုင္မႈခိုင္မာရန္ မွတ္ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုလို႔ရပါသည္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေျမယာလုပ္ထုံး လုပ္နည္းမ်ားအရ ခြဲစိတ္ရန္ေလွ်ာက္ထားသည့္ ေျမကြက္သည့္ ခြဲစိတ္ၿပီး ေျမကြက္အတုိင္းအတာသည္ အနည္းဆံုး စတုရမ္းေပ ၁၂၀၀ (ေပ၂၀ × ေပ၆၀) ရွိရမည္လို သတ္မွတ္ျပဌာန္းထားပါသည္။ ခြဲစိတ္ၿပီးတဲ့ ေျမ ကြက္သို႔ ဝင္ထြက္သြားလာႏိုင္တဲ့ လမ္း႐ွိရမွာျဖစ္ပါသည္။ ထို႔ေၾကာင့္ ၁၀ေပ× ေပ၆၀ ေျမကြက္သည္ ခြဲစိတ္လို႔ မရပါဘူး။

မွတ္ပံုတင္စာခ်ဳပ္ျဖင့္ တရားဝင္ဝယ္ယူရန္အတြက္ ေျမငွားစာခ်ဳပ္ဂရန္တြင္ ေရာင္းသူအမည္ေပါက္ ျဖစ္ေနရန္လိုအပ္ပါမည္။ ေရာင္းသူက အရပ္စာခ်ဳပ္အဆင့္ဆင့္နဲ႔ ဝယ္ထားတဲ့သူဆိုလွ်င္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္လို႔ရမွာမဟုတ္ဘူး။

အကယ္၍ ေျမအမည္ေပါက္ထံမွမဟုတ္ဘဲ အရပ္စာခ်ဳပ္နဲ႔ အဆင့္ဆင့္ဝယ္ထားတဲ့ေျမဆိုရင္ မိမိ ဝယ္ယူထားသည့္ေျမကို မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ အခက္အခဲအနည္းငယ္ရွိပါသည္။ ေျမအမည္ ေပါက္သူကို ရွာေဖြၿပီး မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေဆာင္ရြက္ရန္ (သို႔မဟုတ္) မူလဂရန္အမည္ေပါက္သူ ရွာမေတြ႔ပါက ဝယ္သူက မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုေပးရန္ တရား႐ုံးတြင္ တရားမမႈစြဲဆိုရမွာ ျဖစ္ပါသည္။

ထုိသို႔တရားစြဲဆိုေသာအခါ ဂရန္အမည္ေပါက္သူက တရားရံုးသို႔မလာဘူးဆိုလွ်င္ တရားရံုးမွ ေရာင္းသူ ကိုယ္စား တာဝန္ေပးအပ္ခန္႔ထားသည့္ ဘိလစ္မွ တာဝန္ယူ လက္မွတ္ေရးထိုးကာ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ဝယ္ယူသူမွ ဆက္လက္ေဆာင္ရြက္ရမွာျဖစ္ပါသည္။

ထို႔ေၾကာင့္ ဂရန္ေျမမွ ခြဲစိတ္ေရာင္းတဲ့ ၁၀ေပ × ေပ၆၀ ေျမကြက္ကို ဝယ္ယူမည္ဆိုလွ်င္ တရားဝင္ ပိုင္ဆိုင္မႈခိုင္မာေအာင္ေဆာင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆို၍ရပါသည္။ သီးျခားအကြက္ခြဲစိတ္ၿပီး ဂရန္အမည္ေပါက္ ေလွ်ာက္ထား၍ေတာ့ရမည္မဟုတ္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service