ကြက်သွန်နီ လေးရဲ့ အလှအပကောင်းကျိုးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
5666 Views

ကြက်သွန်နီ လေးရဲ့ အလှအပကောင်းကျိုးတွေ

Knowledge | Posted by Si Thu Aung

[Unicode]

ဘယ်အိမ်ရဲ့ မီးဖိုချောင်ထဲကိုပဲ ဝင်ဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ မရှိတဲ့အိမ်ဆိုတာ အရှားသား။ အသုတ်လေးတွေ သုတ်စား၊ ဆီပြန်ဟင်းလေးတွေ ချက်စားလေ့ရှိတဲ့အတွက် ကြက်သွန်နီဟာ အခြေခံစားသောက်ကုန်ပါပဲ။ ကြက်သွန်နီဟာ စူးရှမွှန်ထူတဲ့ အနံ့ရှိပေမယ့် သူ့မှာပါတဲ့ အာဟာရဓာတ်တွေ၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အံ့မခန်းပါပဲ။ ဒီထဲမှာ ဘယ်သူမှ သတိမထားကြတာကတော့ ကြက်သွန်နီဟာ အလှအပအတွက် သုံးနိုင်တယ်ဆိုတာပါပဲ။ ဒီအနံ့ပြင်းတဲ့ ကြက်သွန်နီက ဟုတ်ပါ့မလားလို့ ယူဆရင် အောက်ကဆောင်းပါးလေးကို ကြည့်ကြည့်ကြရအောင်။

ကြက်သွန်နီ ရဲ့ အလှအပကောင်းကျိုးများ

အရေးအကြောင်းတွေကို သက်သာစေတယ်။

လတ်ဆတ်တဲ့ ကြက်သွန်နီ အရွယ်တော်လေး တစ်လုံးကို ထက်ဝက်ခြမ်းပြီး အရည်ရအောင် ညှစ်ပါ။ ဒီအရည်ကို ဂွမ်းလုံးလေးနဲ့ တို့တို့ပြီး မျက်နှာ အနံ့လိမ်းပေးပါ။ ခဏကြာရင် ရေနွေးလေးနဲ့ ပြန်ဆေးချပါ။ ကြက်သွန်နီမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီး အရေးကြောင်းကို ကင်းစေတယ်။ ငယ်ရွယ်နုပျိုတဲ့ အသားရေကို ပိုင်ဆိုင်ရမှာပါ။

ဝက်ခြံကို ကုသပေးနိုင်တယ်။

လွယ်လွယ်ကူကူပဲ ကြက်သွန်နီကို အရည်ညှစ် မျက်နှာပေါ်မှာလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ဒါမှမဟုတ် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို ရောပြီး မျက်နှာမှာ လိမ်းထားပါ။ ၁၅မိနစ်နေရင် ရေနဲ့ ပြန်ဆေးချပါ။ သူ့မှာပါတဲ့ ပိုးသေစေတဲ့ သတ္တိနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ သတ္တိကြောင့် ဝက်ခြံတွေကို သက်သာစေမှာပါ။

အသားအရောင် မညီတာတွေ၊ အစက်အပြောက်တွေကို သက်သာစေပါတယ်။

ကြက်သွန်နီမှာပါတဲ့ ဗီတာမင်စီက အမည်းစက်တွေ၊ တင်းတိပ်တွေ၊ အသားအရောင်မညီတာတွေကို ကုသပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့

- ဒိန်ချဉ်အလွတ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောပါ။ အမွှေးဆီ (လာဗင်ဒါအဆီ) ၄၊ ၅စက်လောက်ရောပါ။ မျက်နှာမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံနှိပ်ပေးပါ။

- သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပါ။ ဂွမ်းလုံးနဲ့တို့ပြီး မျက်နှာမှာ လိမ်းပေးပါ။ ၁၀မိနစ် ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ ဆေးချပါ။

-ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းမှာ နနွင်းမှုန့် နည်းနည်း ထည့်ပြီး ရောပါ။ မျက်နှာမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ခဏနေရင် ရေဆေးချပါ။

အသားအရေကို ဝင်းလက်စေတယ်။

ရေဓာတ်ပြည့်ဝပြီး glow skin ဖြစ်ဖို့ ကြက်သွန်နီက ကူညီပေးနိုင်ပါတယ်။ သူ့မှာပါတဲ့ antioxidants တွေ၊ ဗီတာမင်တွေက မျက်နှာ အသားအရေ ညစ်နွမ်းတာကို သက်သာစေပြီး ကျန်းမာပြီး ဝင်းလက်တဲ့ အသားအရည်ကို ပိုင်ဆိုင်စေမှာပါ။ ပြုလုပ်နည်းကတော့ ကြက်သွန်နီကို အရည်ညှစ်ပြီး မျက်နှာမှာ လိမ်း၊ ခဏနေရင် ရေပြန်ဆေးရုံပါပဲ။

အသားအရေကို ကြည်စေတယ်။

ကြက်သွန်နီက သွေးသန့်စေတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အသားအရေလေးက ကြည်နေတာပေါ့။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ gram flour တစ်ဇွန်း၊ နို့ တစ်ဇွန်း၊ မြေပဲအခွံမာ တစ်ဇွန်းကို ရောပါ။ ဒီအနှစ်ကို မျက်နှာအပါအဝင် လက်တွေ၊ ခြေထောက်တွေ၊ လည်ပင်းတွေမှာပါ လိမ်းလို့ရပါတယ်။ ၁၅မိနစ်နေရင်တော့ ရေဆေးချလိုက်ပါ။

နှုတ်ခမ်းသားကို နူးညံ့စေတယ်။

ကြက်သွန်နီအရည်ကို နှုတ်ခမ်းသားမှာ လိမ်းပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ကွာကျစေတာကြောင့် နူးညံ့တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ရမှာပါ။

ဆံပင်တွေကို ကျန်းမာစေတယ်။

ကြက်သွန်နီကို အနှစ်ရအောင် ကြိတ်ပြီး ခေါင်းမှာ နှံ့နေအောင်လိမ်း၊ ပြီးရင် ခေါင်းစွပ်လေးစွပ်ပြီး တစ်ညထားလိုက်ပါ။ မနက်မိုးလင်းရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပြီး ပျော့ဆေးသုံးပါ။ တစ်ပတ် တစ်ခေါက်လောက် ပုံမှန်လုပ်မယ်ဆိုရင်တောင် ဆံပင်ကျွတ်တာသက်သာပြီး ဗောက်တွေလည်း ပျောက်သွားမှာပါ။

ဒါတွေက ကြက်သွန်နီရဲ့ အလှအပနဲ့ ပတ်သတ်ပြီး ကောင်းကျိုးလေးတွေပါ။ ဒါပေမယ့် တချို့တွေမှာ ဓာတ်မတည့်မျိုးလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားလာတာဆို ဆက်မသုံးဖို့ အကြံပေးချင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ အိမ်မှာတင် အလွယ်ရှိနေတာမို့လို့ ပုံမှန်လုပ်ဖြစ်ဖို့ ပိုများပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ၾကက္သြန္နီ ေလးရဲ႕ အလွအပေကာင္းက်ိဳးေတြ

ဘယ္အိမ္ရဲ႕ မီးဖိုေခ်ာင္ထဲကိုပဲ ဝင္ဝင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ မ႐ွိတဲ့အိမ္ဆိုတာ အ႐ွားသား။ အသုတ္ေလးေတြ သုတ္စား၊ ဆီျပန္ဟင္းေလးေတြ ခ်က္စားေလ့႐ွိတဲ့အတြက္ ၾကက္သြန္နီဟာ အေျခခံစားေသာက္ကုန္ပါပဲ။ ၾကက္သြန္နီဟာ စူး႐ွမႊန္ထူတဲ့ အနံ႔႐ွိေပမယ့္ သူ႕မွာပါတဲ့ အာဟာရဓာတ္ေတြ၊ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြကေတာ့ အံ့မခန္းပါပဲ။ ဒီထဲမွာ ဘယ္သူမွ သတိမထားၾကတာကေတာ့ ၾကက္သြန္နီဟာ အလွအပအတြက္ သုံးႏိုင္တယ္ဆိုတာပါပဲ။ ဒီအနံ႔ျပင္းတဲ့ ၾကက္သြန္နီက ဟုတ္ပါ့မလားလို႔ ယူဆရင္ ေအာက္ကေဆာင္းပါးေလးကို ၾကည့္ၾကည့္ၾကရေအာင္။

ၾကက္သြန္နီ ရဲ႕ အလွအပေကာင္းက်ိဳးမ်ား

အေရးအေၾကာင္းေတြကို သက္သာေစတယ္။

လတ္ဆတ္တဲ့ ၾကက္သြန္နီ အ႐ြယ္ေတာ္ေလး တစ္လုံးကို ထက္ဝက္ျခမ္းၿပီး အရည္ရေအာင္ ညႇစ္ပါ။ ဒီအရည္ကို ဂြမ္းလုံးေလးနဲ႔ တို႔တို႔ၿပီး မ်က္ႏွာ အနံ႔လိမ္းေပးပါ။ ခဏၾကာရင္ ေရေႏြးေလးနဲ႔ ျပန္ေဆးခ်ပါ။ ၾကက္သြန္နီမွာ ေသြးလည္ပတ္မႈကို ေကာင္းေစတဲ့အတြက္ အေရျပားကို တင္းရင္းၿပီး အေရးေၾကာင္းကို ကင္းေစတယ္။ ငယ္႐ြယ္ႏုပ်ိဳတဲ့ အသားေရကို ပိုင္ဆိုင္ရမွာပါ။

ဝက္ျခံကို ကုသေပးႏိုင္တယ္။

လြယ္လြယ္ကူကူပဲ ၾကက္သြန္နီကို အရည္ညႇစ္ မ်က္ႏွာေပၚမွာလိမ္းၿပီး ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ ဒါမွမဟုတ္ ၾကက္သြန္နီအရည္ စားပြဲတင္ဇြန္း တစ္ဇြန္းနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း တစ္ဇြန္းကို ေရာၿပီး မ်က္ႏွာမွာ လိမ္းထားပါ။ ၁၅မိနစ္ေနရင္ ေရနဲ႔ ျပန္ေဆးခ်ပါ။ သူ႕မွာပါတဲ့ ပိုးေသေစတဲ့ သတၱိနဲ႔ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတဲ့ သတၱိေၾကာင့္ ဝက္ျခံေတြကို သက္သာေစမွာပါ။

အသားအေရာင္ မညီတာေတြ၊ အစက္အေျပာက္ေတြကို သက္သာေစပါတယ္။

ၾကက္သြန္နီမွာပါတဲ့ ဗီတာမင္စီက အမည္းစက္ေတြ၊ တင္းတိပ္ေတြ၊ အသားအေရာင္မညီတာေတြကို ကုသေပးႏိုင္ပါတယ္။ ျပဳလုပ္နည္းကေတာ့

- ဒိန္ခ်ဥ္အလြတ္ စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ ၾကက္သြန္နီအရည္ စားပြဲတင္ဇြန္းတစ္ဇြန္းကို ေရာပါ။ အေမႊးဆီ (လာဗင္ဒါအဆီ) ၄၊ ၅စက္ေလာက္ေရာပါ။ မ်က္ႏွာမွာလိမ္းၿပီး လက္ေခ်ာင္းေလးေတြနဲ႔ စက္ဝိုင္းပုံႏွိပ္ေပးပါ။

- သံပုရာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ၾကက္သြန္နီအရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရာပါ။ ဂြမ္းလုံးနဲ႔တို႔ၿပီး မ်က္ႏွာမွာ လိမ္းေပးပါ။ ၁၀မိနစ္ ၁၅မိနစ္ေလာက္ေနရင္ ေရေႏြးေလးနဲ႔ ေဆးခ်ပါ။

-ၾကက္သြန္နီအရည္ စားပြဲတင္ဇြန္းတစ္ဇြန္းမွာ နႏြင္းမႈန္႔ နည္းနည္း ထည့္ၿပီး ေရာပါ။ မ်က္ႏွာမွာ လိမ္းၿပီး ႏွိပ္နယ္ေပးပါ။ ခဏေနရင္ ေရေဆးခ်ပါ။

အသားအေရကို ဝင္းလက္ေစတယ္။

ေရဓာတ္ျပည့္ဝၿပီး glow skin ျဖစ္ဖို႔ ၾကက္သြန္နီက ကူညီေပးႏိုင္ပါတယ္။ သူ႕မွာပါတဲ့ antioxidants ေတြ၊ ဗီတာမင္ေတြက မ်က္ႏွာ အသားအေရ ညစ္ႏြမ္းတာကို သက္သာေစၿပီး က်န္းမာၿပီး ဝင္းလက္တဲ့ အသားအရည္ကို ပိုင္ဆိုင္ေစမွာပါ။ ျပဳလုပ္နည္းကေတာ့ ၾကက္သြန္နီကို အရည္ညႇစ္ၿပီး မ်က္ႏွာမွာ လိမ္း၊ ခဏေနရင္ ေရျပန္ေဆး႐ုံပါပဲ။

အသားအေရကို ၾကည္ေစတယ္။

ၾကက္သြန္နီက ေသြးသန္႔ေစတဲ့ သတၱိ႐ွိပါတယ္။ ဒါေၾကာင့္ အသားအေရေလးက ၾကည္ေနတာေပါ့။ ဒီလိုျဖစ္ဖို႔အတြက္ဆိုရင္ ၾကက္သြန္နီအရည္ စားပြဲတင္ဇြန္း ႏွစ္ဇြန္းနဲ႔ gram flour တစ္ဇြန္း၊ ႏို႔ တစ္ဇြန္း၊ ေျမပဲအခြံမာ တစ္ဇြန္းကို ေရာပါ။ ဒီအႏွစ္ကို မ်က္ႏွာအပါအဝင္ လက္ေတြ၊ ေျခေထာက္ေတြ၊ လည္ပင္းေတြမွာပါ လိမ္းလို႔ရပါတယ္။ ၁၅မိနစ္ေနရင္ေတာ့ ေရေဆးခ်လိုက္ပါ။

ႏႈတ္ခမ္းသားကို ႏူးညံ့ေစတယ္။

ၾကက္သြန္နီအရည္ကို ႏႈတ္ခမ္းသားမွာ လိမ္းေပးမယ္ဆိုရင္ ဆဲလ္အေသေတြကို ကြာက်ေစတာေၾကာင့္ ႏူးညံ့တဲ့ ႏႈတ္ခမ္းသားေလးကို ပိုင္ဆိုင္ရမွာပါ။

ဆံပင္ေတြကို က်န္းမာေစတယ္။

ၾကက္သြန္နီကို အႏွစ္ရေအာင္ ႀကိတ္ၿပီး ေခါင္းမွာ ႏွံ႔ေနေအာင္လိမ္း၊ ၿပီးရင္ ေခါင္းစြပ္ေလးစြပ္ၿပီး တစ္ညထားလိုက္ပါ။ မနက္မိုးလင္းရင္ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ၿပီး ေပ်ာ့ေဆးသုံးပါ။ တစ္ပတ္ တစ္ေခါက္ေလာက္ ပုံမွန္လုပ္မယ္ဆိုရင္ေတာင္ ဆံပင္ကြၽတ္တာသက္သာၿပီး ေဗာက္ေတြလည္း ေပ်ာက္သြားမွာပါ။

ဒါေတြက ၾကက္သြန္နီရဲ႕ အလွအပနဲ႔ ပတ္သတ္ၿပီး ေကာင္းက်ိဳးေလးေတြပါ။ ဒါေပမယ့္ တခ်ိဳ႕ေတြမွာ ဓာတ္မတည့္မ်ိဳးလည္း ျဖစ္ႏိုင္လို႔ သုံးေနရင္းနဲ႔ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ ယားလာတာဆို ဆက္မသုံးဖို႔ အၾကံေပးခ်င္ပါတယ္။ ေကာင္းတဲ့အခ်က္ကေတာ့ အိမ္မွာတင္ အလြယ္႐ွိေနတာမို႔လို႔ ပုံမွန္လုပ္ျဖစ္ဖို႔ ပိုမ်ားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service